【 အလှအပနှင့်ကျန်းမာရေး 】အူကျခြင်း အူကျွံခြင်း (Hernias) အ‌ကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】အူကျခြင်း အူကျွံခြင်း (Hernias) အ‌ကြောင်းသိကောင်းစရာ

အူကျတယ် အူကျွံတယ်ဆိုတာ ဗိုက်ထဲက အူတွေက သူရှိသင့်တဲ့ နေရာမှာ ရှိမနေဘဲ ကြွက်သားတွေ လျော့ရဲမှုကြောင့်ဖြစ်စေ ဗိုက်ထဲက ဖိအားများလို့ဖြစ်စေ အပြင်ဘက်ကို ကျွံထွက်လာတာကို ခေါ်တာပါ။
 
အူကျွံတဲ့ နေရာပေါ်လိုက်ပီး တွေ့ရများတဲ့ အူကျွံခြင်းတွေကတော့ -
-Inguinal hernias (ပေါင်ကျံတွင် အူကျွံခြင်း)
-Femoral hernias (ပေါင်အတွင်းပိုင်းတွင် အူကျွံခြင်း) အထူးသဖြင့် မိန်းကလေးတွေမှာ တွေ့ရတတ်တယ်
-Paraumbilical hernias ( ချက်တဝိုက်တွင် အူကျွံခြင်း)
-Epigastric hernias (ရင်ခေါင်းတဝိုက်တွင် အူကျွံခြင်း)
-Incisional hernias (ချုပ်ရိုးကြောင်းတလျှောက် အူကျွံခြင်း) စတာတွေ ဖြစ်ပါတယ်။
 
အူကျွံခြင်း အဆင့်လေးဆင့် ရှိပါတယ်-
(၁)Irreducible - အပြင်သို့ ကျွံနေတဲ့ အူအစိတ်အပိုင်းကို ပြန်သွင်းမရခြင်း
(၂)Obstructed - ပြန်သွင်းမရတဲ့အပြင် အူပိတ်သွားခြင်း (ဝမ်းမသွားနိုင်ခြင်း အန်ခြင်း ဗိုက်တင်းလာခြင်း စတဲ့ လက္ခဏာတွေ တွေ့ရမှာပါ)
(၃)Strangulated - ကျွံနေတဲ့ အူအစိတ်အပိုင်းဆီ သွေးမရောက်ဘဲ အူပုပ်ခြင်း (အရေးပေါ် ခွဲစိတ်ဖို့ လိုပါတယ်)
(၄)Incarceration - အူကျွံတဲ့ အစိတ်အပိုင်း တခုနဲ့တခု adhesions လို့ခေါ်တဲ့ ပူးကပ်ကုန်ခြင်း
 
အူကျွံတာမှာ တွေ့ရအများဆုံးကတော့ Inguinal hernia လို့ခေါ် တဲ့ ပေါင်ကျံမှာ အူကျွံတာပါ။ ယောကျ်ားလေးတွေမှာ အများဆုံးဖြစ်တာပါ။ ပေါင်ကျံမှာ အလုံးတလုံးပေါ်လာတယ်လို့ သတိထားမိမှာပါ။
ဒီလို ပေါင်ကျံမှာ အူကျွံတဲ့ Inguinal hernia ကို နှစ်မျိုးခွဲနိုင်ပါတယ်။ 
(၁)Indirect hernia - ပေါင်ကျံမှာရှိတဲ့ Inguinal canal လို့ခေါ်တဲ့ လမ်းကြောင်းတလျောက် အူကျွံခြင်း
(၂)Direct hernia - အပေါ်မှာပြောတဲ် Inguinal canal အနောက်ဘက်နံရံမှ အူကျွံခြင်း
 
ဒီအချက်တွေက အူကျွံတာ ပိုဖြစ်စေပါတယ်
-ယောကျ်ားလေးဖြစ်ခြင်း
-ရက်ရှည် ချောင်းဆိုးခြင်း
-ဝမ်းချုပ် ဆီးချုပ်ခြင်း
-အလေးအပင်မခြင်း
-ဗိုက်ခွဲဖူးခြင်း
 
အူကျွံတာက ပုံမှန်အားဖြင့် သူ့အလိုလို ပြန်ဝင်တာ သို့မဟုတ် မိမိလက်ဖြင့် ပြန်သွင်းလို့ ရလေ့ရှိတယ်။ ဒီလို သွင်းမရတဲ့အပြင် ဖြစ်တဲ့နေရာက နာတာ အောင့်တာရှိနေပီဆိုရင်တော့ Irreducible hernia လို့ခေါ်ပါတယ်။ 
 
ကုသခြင်း
 
 
ခွဲစိတ်ပြုပြင်မှုမလုပ်ခင် ကိုယ်အလေးချိန်လျော့ချဖို့ နဲ့ ဆေးလိပ်ဖြတ်ဖို့ လိုမှာပါ။ အူကျွံတဲ့ ကြွက်သားနေရာကို လျော့ရဲမှုမဖြစ်အောင် Mesh လို့ခေါ်တဲ့ အစားထိုးပစ္စည်းထည့်လေ့ရှိပါတယ်။ ခုနောက်ပိုင်း ဗိုက်ခွဲစရာမလိုဘဲ Laparoscopic surgery လို့ခေါ်တဲ့ ဗိုက်မှာ အပေါက်လေးတွေဖောက်ပီး မှန်ပြောင်းအသုံးပြုပီး ခွဲစိတ်လာနိုင်ပါပီ။ အူကျွံခြင်းက ခွဲစိတ်ပြုပြင်ပီးတာတောင် နောက်တကြိမ်ပြန်ဖြစ်တတ်ပါသေးတယ်။ အူပိတ်တဲ့ အူပုပ်တဲ့ လက္ခဏာတွေ ရှိလာရင်တော့ ချက်ချင်း ခွဲဖို့လိုပါတယ်။ 
ဗိုက်ခွဲပီး အူကျွံတာ ခွဲစိတ်ထားတဲ့ သူတွေအတွက်တော့ ၄ပတ်က ၈ပတ်အထိ အနားယူဖို့လိုပီး laparoscopic လုပ်ထားတဲ့သူတွေအတွက်တော့ ၂ပတ်လောက် နားပီး ပုံမှန်အလုပ်ပြန်ဝင်နိုင်ပါတယ်။ အလေးအပင် မရတဲ့ အလုပ်တွေကတော့ ရှောင်ဖို့လိုမှာပါ။ 
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ( ဆေး -၁ ) 
 
(  Zawgyi  )
 
 အူက်တယ္ အူကြၽံတယ္ဆိုတာ ဗိုက္ထဲက အူေတြက သူရွိသင့္တဲ့ ေနရာမွာ ရွိမေနဘဲ ႂကြက္သားေတြ ေလ်ာ့ရဲမႈေၾကာင့္ျဖစ္ေစ ဗိုက္ထဲက ဖိအားမ်ားလို႔ျဖစ္ေစ အျပင္ဘက္ကို ကြၽံထြက္လာတာကို ေခၚတာပါ။
 
အူကြၽံတဲ့ ေနရာေပၚလိုက္ပီး ေတြ႕ရမ်ားတဲ့ အူကြၽံျခင္းေတြကေတာ့ -
-Inguinal hernias (ေပါင္က်ံတြင္ အူကြၽံျခင္း)
-Femoral hernias (ေပါင္အတြင္းပိုင္းတြင္ အူကြၽံျခင္း) အထူးသျဖင့္ မိန္းကေလးေတြမွာ ေတြ႕ရတတ္တယ္
-Paraumbilical hernias ( ခ်က္တဝိုက္တြင္ အူကြၽံျခင္း)
-Epigastric hernias (ရင္ေခါင္းတဝိုက္တြင္ အူကြၽံျခင္း)
-Incisional hernias (ခ်ဳပ္႐ိုးေၾကာင္းတေလွ်ာက္ အူကြၽံျခင္း) စတာေတြ ျဖစ္ပါတယ္။
 
အူကြၽံျခင္း အဆင့္ေလးဆင့္ ရွိပါတယ္-
(၁)Irreducible - အျပင္သို႔ ကြၽံေနတဲ့ အူအစိတ္အပိုင္းကို ျပန္သြင္းမရျခင္း
(၂)Obstructed - ျပန္သြင္းမရတဲ့အျပင္ အူပိတ္သြားျခင္း (ဝမ္းမသြားႏိုင္ျခင္း အန္ျခင္း ဗိုက္တင္းလာျခင္း စတဲ့ လကၡဏာေတြ ေတြ႕ရမွာပါ)
(၃)Strangulated - ကြၽံေနတဲ့ အူအစိတ္အပိုင္းဆီ ေသြးမေရာက္ဘဲ အူပုပ္ျခင္း (အေရးေပၚ ခြဲစိတ္ဖို႔ လိုပါတယ္)
(၄)Incarceration - အူကြၽံတဲ့ အစိတ္အပိုင္း တခုနဲ႔တခု adhesions လို႔ေခၚတဲ့ ပူးကပ္ကုန္ျခင္း
 
အူကြၽံတာမွာ ေတြ႕ရအမ်ားဆုံးကေတာ့ Inguinal hernia လို႔ေခၚ တဲ့ ေပါင္က်ံမွာ အူကြၽံတာပါ။ ေယာက်္ားေလးေတြမွာ အမ်ားဆုံးျဖစ္တာပါ။ ေပါင္က်ံမွာ အလုံးတလုံးေပၚလာတယ္လို႔ သတိထားမိမွာပါ။
ဒီလို ေပါင္က်ံမွာ အူကြၽံတဲ့ Inguinal hernia ကို ႏွစ္မ်ိဳးခြဲႏိုင္ပါတယ္။ 
(၁)Indirect hernia - ေပါင္က်ံမွာရွိတဲ့ Inguinal canal လို႔ေခၚတဲ့ လမ္းေၾကာင္းတေလ်ာက္ အူကြၽံျခင္း
(၂)Direct hernia - အေပၚမွာေျပာတဲ္ Inguinal canal အေနာက္ဘက္နံရံမွ အူကြၽံျခင္း
 
ဒီအခ်က္ေတြက အူကြၽံတာ ပိုျဖစ္ေစပါတယ္
-ေယာက်္ားေလးျဖစ္ျခင္း
-ရက္ရွည္ ေခ်ာင္းဆိုးျခင္း
-ဝမ္းခ်ဳပ္ ဆီးခ်ဳပ္ျခင္း
-အေလးအပင္မျခင္း
-ဗိုက္ခြဲဖူးျခင္း
 
အူကြၽံတာက ပုံမွန္အားျဖင့္ သူ႔အလိုလို ျပန္ဝင္တာ သို႔မဟုတ္ မိမိလက္ျဖင့္ ျပန္သြင္းလို႔ ရေလ့ရွိတယ္။ ဒီလို သြင္းမရတဲ့အျပင္ ျဖစ္တဲ့ေနရာက နာတာ ေအာင့္တာရွိေနပီဆိုရင္ေတာ့ Irreducible hernia လို႔ေခၚပါတယ္။ 
 
ကုသျခင္း
 
 
ခြဲစိတ္ျပဳျပင္မႈမလုပ္ခင္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔ နဲ႔ ေဆးလိပ္ျဖတ္ဖို႔ လိုမွာပါ။ အူကြၽံတဲ့ ႂကြက္သားေနရာကို ေလ်ာ့ရဲမႈမျဖစ္ေအာင္ Mesh လို႔ေခၚတဲ့ အစားထိုးပစၥည္းထည့္ေလ့ရွိပါတယ္။ ခုေနာက္ပိုင္း ဗိုက္ခြဲစရာမလိုဘဲ Laparoscopic surgery လို႔ေခၚတဲ့ ဗိုက္မွာ အေပါက္ေလးေတြေဖာက္ပီး မွန္ေျပာင္းအသုံးျပဳပီး ခြဲစိတ္လာႏိုင္ပါပီ။ အူကြၽံျခင္းက ခြဲစိတ္ျပဳျပင္ပီးတာေတာင္ ေနာက္တႀကိမ္ျပန္ျဖစ္တတ္ပါေသးတယ္။ အူပိတ္တဲ့ အူပုပ္တဲ့ လကၡဏာေတြ ရွိလာရင္ေတာ့ ခ်က္ခ်င္း ခြဲဖို႔လိုပါတယ္။ 
ဗိုက္ခြဲပီး အူကြၽံတာ ခြဲစိတ္ထားတဲ့ သူေတြအတြက္ေတာ့ ၄ပတ္က ၈ပတ္အထိ အနားယူဖို႔လိုပီး laparoscopic လုပ္ထားတဲ့သူေတြအတြက္ေတာ့ ၂ပတ္ေလာက္ နားပီး ပုံမွန္အလုပ္ျပန္ဝင္ႏိုင္ပါတယ္။ အေလးအပင္ မရတဲ့ အလုပ္ေတြကေတာ့ ေရွာင္ဖို႔လိုမွာပါ။ 
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
 
ဇီဝက ( ေဆး -၁ )