【 အလှအပနှင့်ကျန်းမာရေး 】အသည်းရောင်အသားဝါဘီရောဂါ

【 အလှအပနှင့်ကျန်းမာရေး 】အသည်းရောင်အသားဝါဘီရောဂါ

အသည်းရောင်အသားဝါဘီရောဂါဟာ အသည်းရောင်အသားဝါဘီ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်‌တဲ့ရောဂါဖြစ်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးရှိမရှိဘယ်လိုသိနိုင်ပါသလဲ?

အသည်းရောင်အသားဝါဘီပိုးရှိမရှိကိုသွေးဖောက်

စစ်ဆေးခြင်းကနေသိနိုင်ပါတယ်။

ရောဂါကူးစက်ခံရတဲ့အချို့သောသူတွေမှာရောဂါလက္ခဏာမပြဘဲရှိနေနိုင်ပြီး အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ စတဲ့အခြေအနေရောက်မှသိကြတာမျိုးလဲရှိပါတယ်။

အသည်းရောင်တဲ့ရောဂါလက္ခဏာတွေကတော့

၁- ဗိုက်အောင့်ခြင်း

၂- ဆီးအရောင်ရင့်ခြင်း

၃- ဖျားခြင်း

၄- ကိုယ်လက်အဆစ်များကိုက်ခဲခြင်း

၅- ပျို့အန်ခြင်း

၆- အစားအသောက်ပျက်ခြင်း

၇- ပင်ပန်းနွမ်းနယ်ခြင်း

၈- မျက်လုံးနှင့် အသားဝါခြင်း စတဲ့ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးကဘယ်လိုကူးစက်နိုင်ပါသလဲ?

အသည်းရောင်အသားဝါဘီပိုးဟာ ရောဂါပိုးရှိသူရဲ့ခန္ဓာကိုယ်မှထွက်တဲ့အရည်၊သွေး စတာတွေကနေကူးစက်နိုင်ပါတယ်။

  • အသည်းရောင်အသားဝါဘီပိုးရှိသူနှင့်လိင်ဆက်ဆံခြင်း
  • အသည်းရောင်အသားဝါဘီပိုးရှိသောမိခင်မှသ‌န္ဓေသားသို့ကူးစက်ခြင်း
  • အသည်းရောင်အသားဝါဘီပိုးရှိသောသူ၏သွေးသွင်းမိခြင်း
  • အသည်းရောင်အသားဝါဘီပိုးရှိသောသူနှင့် မူးယစ်ဆေးကို ဆေးထိုးအပ်တစ်ခုထဲမျှ၍သုံးစွဲခြင်း၊ ဘီပိုးရှိသောသူသုံးစွဲထားသောအပ်ဖြင့်တက်တူးထိုးခြင်း၊ ဘလိပ်ဓါးတစ်ခုထဲသုံးစွဲခြင်း၊ နားပေါက်ဖောက်ခြင်း စသဖြင့်ခန္ဓာကိုယ်မှ သွေးထွက်စေနိုင်သောကိရိယာများကို မျှဝေသုံးစွဲခြင်းကနေ ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်လို့ရပါသလား?

-အသည်းရောင်အသားဝါဘီပိုးဟာကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။

-အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် အသည်းရောင်အသားဝါဘီပိုးကိုကာကွယ်နိုင်ပါတယ်။

- အသည်းရောင်အသားဝါဘီပိုးရှိတဲ့မိခင်တွေအနေနဲ့လည်း မိမိကလေးကိုအသည်းရောင်အသားဝါဘီပိုးမကူးစက်အောင် ကလေးမွေးဖွားပြီးပြီးခြင်း‌မွေးကင်းစကလေးကို

အသည်းရောင်အသားဝါဘီပိုးကိုယ်ခံအား‌‌ဆေး (immunoglobulin)နဲ့ဘီပိုးကာကွယ်ဆေးကိုထိုးနှံခြင်းနဲ့ကာကွယ်နိုင်ပါတယ်

-မိသားစုဝင်ထဲမှာအသည်းရောင်အသားဝါဘီပိုး

ရှိတဲ့သူတွေအနေနဲ့လည်းအခြားသူများထက်ရောဂါကူးစက်နိုင်ချေများတဲ့အတွက် ဘီပိုးကာကွယ်ဆေးထိုးနှံထားဖို့အရေးကြီးပါတယ်။

- လိင်ဆက်ဆံရာမှာအကာအကွယ်ကွန်ဒုံးအသုံးပြုခြင်းဖြင့်လည်း

အသည်းရောင်အသားဝါဘီပိုးသာမက၊ HIV၊ကာလသားရောဂါစသဖြင့်

လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်။

-ဆေးထိုးအပ်၊ဘလိပ်ဓါးစသဖြင့် သွေးထွက်စေနိုင်တဲ့ကိရိယာတွေကို

မျှဝေသုံးစွဲခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။

ဘီပိုးကာကွယ်ဆေးကိုဘယ်နှကြိမ်ထိုးဖို့လိုပါသလဲ?

  • ဘီပိုးကာကွယ်ဆေးကို ပုံမှန်အားဖြင် ၀-၁-၆ ဆိုပြီး

စစခြင်းတစ်ကြိမ် ၊၁လကြာလျှင် ဒုတိယအကြိမ်၊၆လကြာလျှင်တတိယအကြိမ် ၃ကြိမ်ထိုးဖို့လိုပါတယ်။

  • အားဖြည့် booster အနေနဲ့ ၅နှစ်ကြာလျှင် တစ်ကြိမ်ထပ်ထိုးဖို့လိုပါတယ်။
  • ကာကွယ်ဆေးထိုးပြီးတဲ့သူတွေအနေနဲ့ anti-HBs လို့ခေါ်တဲ့ဘီပိုးကိုယ်ခံအားခန္ဓာကိုယ်ထဲမှာရှိမရှိပြန်လည်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒါမှသာ‌ ဆေးအောင်မအောင်သိနိုင်မှာဖြစ်ပြီး ဆေးမအောင်လျှင်ဆေးထပ်ထိုးဖို့လိုပါတယ်။

အသည်းရောင်အသားဝါဘီရောဂါကိုကုသလို့ရပါသလား?

  • အသည်းရောင်အသားဝါဘီပိုးရှိတဲ့သူတွေအနေနဲ့ အသည်းရောင်အသားဝါဘီပိုးရဲ့ ပိုးကောင်အရေအတွက်၊ ဘီပိုးအခြေအနေ၊အသည်းအင်ဇိုင်းပမာဏစတာတွေပေါ်မူတည်ပြီးကုသမှုခံယူနိုင်ပါတယ်။
  • အသည်းရောင်အသားဝါဘီပိုးမှာကိုယ်ခံအားအ‌‌ခြေအနေပေါ်မူတည်ပြီးရောဂါပျောက်ကင်းသွားတဲ့သူရှိသလို

အချို့လူတွေမှာနာတာရှည်အသည်းရောင်အသားဝါဘီပိုးသယ်ဆောင်သူအဖြစ်‌ပြောင်းလဲသွားနိုင်ပါတယ်။

  • ဘီပိုးရှိတဲ့သူတွေအနေနဲ့ကတော့ မိမိရဲ့အသည်းအခြေအနေကိုပုံမှန်စစ်ဆေးဖို့လိုအပ်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးရဲ့နောက်ဆက်တွဲရောဂါတွေကတော့

  • အသည်းရောင်ခြင်း
  • အသည်းခြောက်ခြင်း
  • အသည်းကင်ဆာ စတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့်အသည်းရောင်အသားဝါဘီပိုးမဖြစ်အောင်ဘီပိုးကာကွယ်ဆေးထိုးနှံကြဖို့နဲ့ အသည်းရောင်အသားဝါဘီပိုးရှိမှန်းသိပါကလည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာထိရောက်စွာကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit- Hep