【 အလှအပနှင့်ကျန်းမာရေး 】အရွတ်ရောင်ခြင်း အကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】အရွတ်ရောင်ခြင်း အကြောင်းသိကောင်းစရာ

လူ့ခန္ဓာကိုယ်ရဲ့  ဖွဲ့စည်းပုံမှာ လှုပ်ရှားသွားလာနိုင်ဖို့ အတွက် အရေးကြီးတဲ့ အရိုး၊ အရွတ်၊ အရွတ်တွဲ နှင့် ကြွက်သားဆိုပြီး ( ၄ ) မျိုးရှိပါတယ်။ အရွတ်တွဲ (Ligaments) ကတော့ အရိုးအချင်းချင်း ချိတ်ဆက် ပေးပြီး အရွတ် (Tendon) ကတော့ အရိုးနဲ့ ကြွက်သားတွေကို ချိတ်ဆက်ပေးထားပါတယ်။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်လုပ်ဆောင်လေ့ရှိပါတယ်။အဓိကအားဖြင့် အကျုံ့အဆန့်တွေကိုလုပ်ဆောင်ပေး ပါတယ်။

အရွတ်ဆိုတာ ကော်လာဂျင်အမျှင်ထုံးတွေနဲ့ တည်ဆောက်ထားတဲ့ အဖြူရောင် အကြောတစ်ခု ဖြစ်ပါတယ်။အပြင်ကနေ တစ်ခုခု ပြင်းထန်တဲ့ ဒဏ်ရာမျိုးရရှိခဲ့ရင် နဂိုကလို မလှုပ်ရှားနိုင်တော့ပဲအရွတ် ရောင်တာ၊​အရွတ်ပြဲတာ၊ အရွတ်စုတ်တာလိုမျိုး ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။အရွတ်ရောင်ပြီဆိုတာနဲ့ လူက မလှုပ်ရှားလည်း နာ၊လှုပ်ရှားလည်း နာဖြစ်တတ်ပါတယ်။

 လူတွေ အဖြစ်များဆုံး အရွတ်ရောင်ခြင်း ၆ မျိုးတွေကတော့

၁) ဒူးအရွတ်ရောင်ခြင်း

အထိုင် အထ အကွေး အဆန့်
တွေမှာ နာကျင်ခြင်းကို အဓိက ခံစားရပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ အဖြစ်များပါတယ်။
ဒါ့အပြင် ဘတ်စကတ်ဘော ကစားတဲ့သူတွေ၊အပြေးသမားများ မှာအဖြစ်များတဲ့ အရွတ်ရောင်ခြင်းပါ။

၂) ခြေကျင်းဝတ်အရွတ်ရောင်ခြင်း

အခုန်လေ့ကျင့်သူများ၊ အပြေးလေ့ကျင့်သူများမှာ အဖြစ်များပါတယ်။ ခြေထောက်အတွက် အရမ်းတင်းကြပ်နေတဲ့ ဖိနပ်မျိုးမဝတ်ပဲ ပေါ့ပါးတဲ့ ဖိနပ်မျိုးက ခြေကျင်းဝတ်အရွတ်ရောင်ခြင်းကနေ ကာကွယ်နိုင်ပါတယ်။

၃) ခြေဖနောင့် အရွတ်ရောင်ခြင်း

 ခြေဖနောင့်အနောက်ဘက်မှာ ရောင်ရမ်းလာပြီး အဆစ်ခိုင်သလိုမျိုးဖြစ်နေတတ်ပါတယ်။ ဒီအရွတ်ရောင်ခြင်းမျိုးကို ပုံမှန်အားဖြင့် ပေါ့ပါးသောလေ့ကျင့်ခန်းကို ဖြေးဖြေးချင်းလုပ်ပြီး ရေခဲလေး ကပ်ကပ် ပေးကာ ပျောက်ကင်းအောင်လုပ်နိုင်ပါတယ်။

၄) ပခုံးအရွတ်ရောင်ခြင်း

 လူတွေအဖြစ်များဆုံး အရွတ်ရောင်ခြင်းမျိုးဖြစ်ပါတယ်။ လှည့်လို့မရပဲ ပုခုံးခိုင်နေခြင်း၊အဆစ်နေရာတွေမှာ နာနေခြင်း၊တောင့်တင်းနေခြင်းတွေ ဖြစ်တတ်ပါတယ်။ ရေကူးသမား၊ တင်းနစ်သမား‌၊
အ‌လေးပင်မသူတွေအဖြစ်များကြပါတယ်။

၅) တံတောင်ဆစ် အရွတ်ရောင်ခြင်း

တံတောင်ဆစ်အရွတ်ရောင်တဲ့ သူများအနေနဲ့ သေချာအနားယူပြီး ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးများသောက်ခြင်းတို့ဖြင့် ပျောက်ကင်းအောင်လုပ်နိုင်ပါတယ်။

၆) လက်ကောက်ဝတ် အရွတ်ရောင်ခြင်း

လက်ကောက်ဝတ် ရောင်ရမ်းခြင်းတွေကအလေးပင်မသူများ၊ Gym ကစားသူများ၊ တချို့ ကိုယ်ဝန်ကြောင့်ဖြစ်စေ ဖြစ်တတ်ပါတယ်။

အရွတ်ပြဲတာ၊ ယောင်တာမျိုးရှိခဲ့မယ်ဆိုရင် အရွတ်တွေ ပြန်ကောင်းဖို့ အတွက် အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်ပါတယ်။  အများအားဖြင့် ရက်သတ္တပတ်အနည်းငယ်မှလ အထိကြာမြင့်တတ်ပါတယ်။ အမြန်သက်သာပျောက်ကင်းချင်ရင်တော့ အရွတ်ပြဲ၊ ယောင်တဲ့ နေရာကို လှုပ်ရှားမှု သိပ်မလုပ်ပဲ အနားကောင်းကောင်းယူပေးခြင်း၊ ရေခဲအိတ် (သို့) ရေနွေးအိတ် ကပ်ပေးခြင်း၊အရိုး၊အဆစ်၊ ကြွက်သား၊

အရွတ်တို့အတွက် သက်စောင့်အာဟာရဓာတ်များဖြစ်တဲ့ Collagen type 1, Sodium Hyaluronate, Chondroitin Sulfate ပါဝင်သည့် ဖြည့်စွက်စာများ သောက်သုံးပြီး လျင်မြန်စွာ သက်သာ ကောင်းမွန် စေနိုင်ပါတယ်။ အရွတ်ဆိုတာ လှုပ်ရှားမှု ပြုလုပ်ဖို့ အတွက်လည်း အရေးပါတာမို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံ၊အားကစားလေ့ကျင့်တာ မလွန်ကဲစေရန် သေချာဂရုစိုက်စေချင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး -၁ )

(  Zawgyi  )

 လူ႔ခႏၶာကိုယ္ရဲ႕  ဖြဲ႕စည္းပုံမွာ လႈပ္ရွားသြားလာႏိုင္ဖို႔ အတြက္ အေရးႀကီးတဲ့ အ႐ိုး၊ အ႐ြတ္၊ အ႐ြတ္တြဲ ႏွင့္ ႂကြက္သားဆိုၿပီး ( ၄ ) မ်ိဳးရွိပါတယ္။ အ႐ြတ္တြဲ (Ligaments) ကေတာ့ အ႐ိုးအခ်င္းခ်င္း ခ်ိတ္ဆက္ေပးၿပီး အ႐ြတ္ (Tendon) ကေတာ့ အ႐ိုးနဲ႔ ႂကြက္သားေတြကို ခ်ိတ္ဆက္ေပးထားပါတယ္။ တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္လုပ္ေဆာင္ေလ့ရွိပါတယ္။အဓိကအားျဖင့္ အက်ဳံ႕အဆန႔္ေတြကို
လုပ္ေဆာင္ေပးပါတယ္။

အ႐ြတ္ဆိုတာ ေကာ္လာဂ်င္အမွ်င္ထုံးေတြနဲ႔ တည္ေဆာက္ထားတဲ့ အျဖဴေရာင္ အေၾကာတစ္ခု ျဖစ္ပါတယ္။အျပင္ကေန တစ္ခုခု ျပင္းထန္တဲ့ ဒဏ္ရာမ်ိဳးရရွိခဲ့ရင္ နဂိုကလို မလႈပ္ရွားႏိုင္ေတာ့ပဲ
အ႐ြတ္ေရာင္တာ၊​အ႐ြတ္ၿပဲတာ၊ အ႐ြတ္စုတ္တာလိုမ်ိဳး ဒဏ္ေတြ ျဖစ္သြားႏိုင္ပါတယ္။အ႐ြတ္ေရာင္ၿပီဆိုတာနဲ႔ လူက မလႈပ္ရွားလည္း နာ၊လႈပ္ရွားလည္း နာျဖစ္တတ္ပါတယ္။

 လူေတြ အျဖစ္မ်ားဆုံး အ႐ြတ္ေရာင္ျခင္း ၆ မ်ိဳးေတြကေတာ့

၁) ဒူးအ႐ြတ္ေရာင္ျခင္း

အထိုင္ အထ အေကြး အဆန႔္
ေတြမွာ နာက်င္ျခင္းကို အဓိက ခံစားရပါတယ္။ အသက္အ႐ြယ္ႀကီးရင့္သူေတြ အျဖစ္မ်ားပါတယ္။
ဒါ့အျပင္ ဘတ္စကတ္ေဘာ ကစားတဲ့သူေတြ၊အေျပးသမားမ်ား မွာအျဖစ္မ်ားတဲ့ အ႐ြတ္ေရာင္ျခင္းပါ။

၂) ေျခက်င္းဝတ္အ႐ြတ္ေရာင္ျခင္း

အခုန္ေလ့က်င့္သူမ်ား၊ အေျပးေလ့က်င့္သူမ်ားမွာ အျဖစ္မ်ားပါတယ္။ ေျခေထာက္အတြက္ အရမ္းတင္းၾကပ္ေနတဲ့ ဖိနပ္မ်ိဳးမဝတ္ပဲ ေပါ့ပါးတဲ့ ဖိနပ္မ်ိဳးက ေျခက်င္းဝတ္အ႐ြတ္ေရာင္ျခင္းကေန ကာကြယ္ႏိုင္ပါတယ္။

၃) ေျခဖေနာင့္ အ႐ြတ္ေရာင္ျခင္း

 ေျခဖေနာင့္အေနာက္ဘက္မွာ ေရာင္ရမ္းလာၿပီး အဆစ္ခိုင္သလိုမ်ိဳးျဖစ္ေနတတ္ပါတယ္။ ဒီအ႐ြတ္ေရာင္ျခင္းမ်ိဳးကို ပုံမွန္အားျဖင့္ ေပါ့ပါးေသာေလ့က်င့္ခန္းကို ေျဖးေျဖးခ်င္းလုပ္ၿပီး ေရခဲေလးကပ္ကပ္ေပးကာ ေပ်ာက္ကင္းေအာင္လုပ္ႏိုင္ပါတယ္။

၄) ပခုံးအ႐ြတ္ေရာင္ျခင္း

 လူေတြအျဖစ္မ်ားဆုံး အ႐ြတ္ေရာင္ျခင္းမ်ိဳးျဖစ္ပါတယ္။ လွည့္လို႔မရပဲ ပုခုံးခိုင္ေနျခင္း၊အဆစ္ေနရာေတြမွာ နာေနျခင္း၊ေတာင့္တင္းေနျခင္းေတြ ျဖစ္တတ္ပါတယ္။ ေရကူးသမား၊ တင္းနစ္သမား‌၊
အ‌ေလးပင္မသူေတြအျဖစ္မ်ားၾကပါတယ္။

၅) တံေတာင္ဆစ္ အ႐ြတ္ေရာင္ျခင္း

တံေတာင္ဆစ္အ႐ြတ္ေရာင္တဲ့ သူမ်ားအေနနဲ႔ ေသခ်ာအနားယူၿပီး ေရခဲကပ္ျခင္း၊ အကိုက္အခဲေပ်ာက္ေဆးမ်ားေသာက္ျခင္းတို႔ျဖင့္ ေပ်ာက္ကင္းေအာင္လုပ္ႏိုင္ပါတယ္။

၆) လက္ေကာက္ဝတ္ အ႐ြတ္ေရာင္ျခင္း

လက္ေကာက္ဝတ္ ေရာင္ရမ္းျခင္းေတြကအေလးပင္မသူမ်ား၊ Gym ကစားသူမ်ား၊ တခ်ိဳ႕ ကိုယ္ဝန္ေၾကာင့္ျဖစ္ေစ ျဖစ္တတ္ပါတယ္။

အ႐ြတ္ၿပဲတာ၊ ေယာင္တာမ်ိဳးရွိခဲ့မယ္ဆိုရင္ အ႐ြတ္ေတြ ျပန္ေကာင္းဖို႔ အတြက္ အခ်ိန္အတိုင္းအတာတစ္ခုအထိ လိုအပ္ပါတယ္။  အမ်ားအားျဖင့္ ရက္သတၱပတ္အနည္းငယ္မွလ အထိၾကာျမင့္တတ္ပါတယ္။ အျမန္သက္သာေပ်ာက္ကင္းခ်င္ရင္ေတာ့ အ႐ြတ္ၿပဲ၊ ေယာင္တဲ့ ေနရာကို လႈပ္ရွားမႈ သိပ္မလုပ္ပဲ အနားေကာင္းေကာင္းယူေပးျခင္း၊ ေရခဲအိတ္ (သို႔) ေရေႏြးအိတ္ ကပ္ေပးျခင္း၊အ႐ိုး၊အဆစ္၊ ႂကြက္သား၊

အ႐ြတ္တို႔အတြက္ သက္ေစာင့္အာဟာရဓာတ္မ်ားျဖစ္တဲ့ Collagen type 1, Sodium Hyaluronate, Chondroitin Sulfate ပါဝင္သည့္ ျဖည့္စြက္စာမ်ား ေသာက္သုံးၿပီး လ်င္ျမန္စြာ သက္သာ ေကာင္းမြန္ ေစႏိုင္ပါတယ္။ အ႐ြတ္ဆိုတာ လႈပ္ရွားမႈ ျပဳလုပ္ဖို႔ အတြက္လည္း အေရးပါတာမို႔ ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈ ပုံစံ၊အားကစားေလ့က်င့္တာ မလြန္ကဲေစရန္ ေသခ်ာဂ႐ုစိုက္ေစခ်င္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး -၁ )