【 အလှအပနှင့်ကျန်းမာရေး 】အရက်သောက်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

【 အလှအပနှင့်ကျန်းမာရေး 】အရက်သောက်ခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ

အရက်ကိုသင့်တင့်တဲ့ပမာဏသောက်သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာသွေးလည်ပတ်မှုကောင်းစေပါတယ်။ဒါပေမယ့် အရက်ကိုအလွန်အကျွံ သောက်မယ်ဆိုရင်တော့ ဆိုးကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်။

အရက်ကိုစွဲလန်းရာကနေ အရက်အလွန်အကျွံသောက်သုံးမိခြင်းကြောင့် အရက်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုခံစားရတာဖြစ်ပါတယ်။

ဘယ်လိုအချက်တွေက အရက်စွဲလန်းပြီး ၊အရက်အလွန်အကျွံသောက်နေမိတယ်ဆိုတာကိုညွှန်ပြနေသလဲ?

  • မိမိ‌သောက်မည့်အရက်ပမာဏကိုမကန့်သတ်နိုင်ဘဲ အလွန်အကျွံသောက်ခြင်း (အရက်သောက်သောပမာဏများများလာခြင်း)
  • အရက်မူး၍ ပြဿနာဖြစ်ခြင်း (ဥပမာ-ရန်ဖြစ်ခြင်း၊ ကားတိုက်မှုဖြစ်ခြင်း)
  • အရက်မသောက်ရလျှင်မနေနိုင်ခြင်း

 (ဥပမာ-ခြေ၊လက်များတုန်ခြင်း၊ချွေးစေးများထွက်ခြင်း၊အိပ်မပျော်ခြင်း)

  • ‌မနက်အိပ်ရာနိုးသည်နှင့် အရက်သောက်ခြင်း
  • အရက်သောက်ပြီးနောက် ပြုလုပ်မိသည့် အပြုအမူများကို နောင်တရခြင်း
  • မိမိပတ်ဝန်းကျင်၊မိသားစု၊ ဆွေမျိုး အပေါင်းအသင်းများထံမှအရက်ဖြတ်ရန်တိုက်တွန်းခြင်းကိုခံရခြင်း
  • အစာမစားဘဲ တစ်နေကုန် အရက်သောက်ခြင်း
  • အရက်ဖြတ်သင့်နေပြီဟုမိမိကိုယ်ကိုသိသော်လည်း အရက်မဖြတ်နိုင်ခြင်း
  • အရက်သောက်ခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊မိသားစုရေး ကိစ္စများတွင်ထိခိုက်လာခြင်း
  • ကားမောင်းရင်း၊ ရေကူးရင်းစသည့် အခြေအနေများတွင်အရက်သောက်ခြင်း စတဲ့အချက်တွေရှိ‌နေပြီဆိုရင်တော့ အရက်စွဲလန်းမှုဖြစ်နေပြီး အရက်ဖြတ်သင့်နေပြီဆိုတာကို ညွှန်ပြနေတာပဲဖြစ်ပါတယ်။

အရက်သောက်ခြင်းကြောင့် ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါသလဲ။

အရက်ကို အလွန်အကျွံ သောက်သုံးပါက

  • အသည်းရောင်ခြင်း၊အသည်းအဆီဖုံးခြင်း၊အသည်းခြောက်ခြင်း
  • ကင်ဆာဖြစ်နိုင်ချေများခြင်း

(ဥပမာ-အသည်းကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ရင်သားကင်ဆာ)

  • အစာအိမ်ရောင်ခြင်း၊အစာအိမ်အနာဖြစ်ခြင်း
  • အသည်းသွေးပြန်ကြောဖိအားများခြင်းကြောင့် အစာမျိုပြွန်သွေးကြောထုံးဖြစ်ခြင်းကြောင့်

 သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း

  • ပန်ကရိယရောင်ခြင်း
  • အာရုံကြောများထိခိုက်ခြင်းကြောင့် ခြေ၊လက်ထုံကျဉ်ခြင်း
  • ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းခြင်း
  •  ‌သွေးတိုးခြင်း၊ သွေးပေါင်ချိန်တက်ခြင်း
  • လေဖြတ်ခြင်း
  • အရိုးပွခြင်း
  • နှလုံးခုန်နှုန်းမမှန်ခြင်း
  • နှလုံးကြွက်သားများပျက်စီးခြင်းကြောင့် နှလုံးအားနည်းခြင်း
  • စိတ်ဓါတ်ကျခြင်း
  • အမျိုးသမီးများကိုယ်ဝန်ဆောင်ချိန်တွင်အရက်သောက်ပါက မွေးလာသောကလေးတွင် ဉာဏ်ရည်မမှီခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုချို့ယွင်းခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

အရက်သောက်ခြင်းကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်ဘယ်လိုကာကွယ်နိုင်မလဲ?

  • အရက်ကိုအလွန်အကျွံမသောက်မိအောင်ကန့်သတ်ထားပါ။

(၁ပတ်လျှင်အရက်ကို ၁၄ ယူနစ်ထက်ပို မသောက်သင့်ပါဘူး)

*အရက်အမျိုးအစားအလိုက်ယူနစ်ပမာဏကွဲပြားနိုင်တာကြောင့်ပုံနှင့်တကွဖော်ပြထားပါတယ်။



 

  • မိမိမှာအရက်စွဲလန်းတဲ့ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့

       ဆရာဝန်နဲ့တိုင်ပင်ပြီး အရက်ဖြတ်သင့်ပါတယ်။

  • အရက်စွဲလန်း‌နေသူ‌တွေအ‌နေနဲ့အရက်ကို  ဆေးရုံမှာသွားရောက်ကုသမှုခံယူပြီးအရက်ဖြတ်သင့်ပါတယ်။

Dr.Phyu

Photo credit -freepik