【 အလှအပနှင့်ကျန်းမာရေး 】အစာဟောင်းအိမ် ကင်ဆာ (CA Rectum)

【  အလှအပနှင့်ကျန်းမာရေး 】အစာဟောင်းအိမ် ကင်ဆာ (CA Rectum)

လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းဟာ များလာပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရများတဲ့ ကင်ဆာအမျိုးအစားတွေထဲမှာ အစာဟောင်းအိမ်ကင်ဆာ (CA Rectum) လည်း အပါအဝင်ဖြစ်ပါတယ်။ အသက်၄၀ အထက် အရွယ်တွေမှာ ပိုတွေ့ရတတ်ပေမယ့် အခုနောက်ပိုင်း အသက်ငယ်တဲ့သူတွေမှာလည်း ဖြစ်လာတာတွေ့ရပါတယ်။ အစာဟောင်းအိမ်ကင်ဆာဖြစ်ရခြင်းဟာ အသက်အရွယ် ကြီးခြင်းနှင့် မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို စားသောက်နေထိုင်မှုပုံစံနဲ့လည်း ဆက်စပ်ပါတယ်။

အစာဟောင်းအိမ် (Rectum) က sigmoid colon လို့ ခေါ်တဲ့ အူမကြီးရဲ့နောက်ဆုံးအပိုင်းနဲ့ စအိုပေါက် anus ရဲ့ကြားမှာရှိတဲ့ ၁၂-၁၆စင်တီမီတာလောက်ရှည်တဲ့ အူရဲ့ အစိတ်အပိုင်းတစ်ခုပါ။ စအိုပေါက်က ဝမ်းမသွားခင်မှာ faeces ဝမ်းတွေကို သိုလှောင်ထားတဲ့ အပိုင်းလည်းဖြစ်တယ်။

အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ချေပိုများတဲ့သူတွေကတော့-
(၁)မိသားစုမျိုးရိုးမှာ အစာဟောင်းအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်ဖူးခြင်း (Genectic predisposition)
(၂)အူမကြီးနဲ့ အစာဟောင်းအိမ်မှာ polyps လို့ခေါ်တဲ့ အသားလုံးများ ရှိခြင်း
(၃)နာတာရှည် အူရောင်ရမ်းခြင်း (Ulcerative colitis or Crohn's colitis)
(၄)ဟင်းသီးဟင်းရွက် အစားနည်းပီး  (Red meat) အသားစားတာများခြင်း
(၅)Acromegaly လို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းများတဲ့ ရောဂါရှိခြင်း
(၆)ဆေးလိပ်သောက်ခြင်း
(၇)ဝမ်းဗိုက် အောက်ပိုင်း ဓါတ်ရောင်ခြည် ကုသမှုခံဖူးခြင်း (Pelvic RT) တို့ဖြစ်ပါတယ်။

အစာဟောင်းအိမ်ကင်ဆာကို ပုံစံသုံးမျိုးနဲ့ တွေ့နိုင်သည်။
(၁)Papilliferous or cauliflower like growth (အကျိတ်ပုံစံ)
(၂)Ulcerative type (အနာပုံစံ)
(၃)Annular type (ဘေးနံရံပတ်ပတ်လည် ကျဉ်းတဲ့ ပုံစံ) တို့ဖြစ်ပါတယ်။

အစာဟောင်းအိမ်ကင်ဆာ (CA Rectum) ရဲ့ ရောဂါလက္ခဏာများ
(၁)ဝမ်းထဲမှာ သွေးပါခြင်း (Dark red blood streak in stool)
(၂)အချွဲပါခြင်း (Mucus in stool)
(၃)ဝမ်းချုပ်လိုက် ဝမ်းလျှောလိုက် ဖြစ်ခြင်း (Change in bowel habit)
(၄)ဝမ်းသွားချင်သလို ဗိုက်ရစ်ရစ်နာပီး အချွဲတွေပဲ သွားခြင်း (Tenesmus)
(၅)သိသိသာသာ ပိန်သွားခြင်း (Weight loss) တို့ဖြစ်ပါတယ်။
အသက် ၄၀ အထက် မှာ အပေါ်မှာပြောတဲ့လက္ခဏာတွေရှိရင်တော့ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ချေရှိတာကြောင့် အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။

ဘယ်လို စစ်ဆေးမှုတွေ ပြုလုပ်နိုင်လဲ?
၁) Digital rectal examination လို့ခေါ်တဲ့ စအိုအတွင်းသို့ လက်ဖြင့် စမ်းသပ်ကြည့်ရင်တော့ အစာဟောင်းအိမ်အောက်ပိုင်းမှာဖြစ်တဲ့ ကင်ဆာအကျိတ် သို့မဟုတ် အနာကို စမ်းမိနိုင်ပါတယ်။ အပေါ်ဘက်ရောက်တဲ့ ကင်ဆာတွေကိုတော့ စမ်းလို့မမိနိုင်ပါဘူး။
၂) အူလမ်းကြောင်း ကို မှန်ပြောင်းဖြင့်စစ်ဆေးခြင်း (Sigmoidoscope or colonoscope) ပြုလုပ်ပီး အသားစယူစစ်ဆေးခြင်းဖြင့်လည်း ရောဂါရှာတွေ့နိုင်ပါတယ်။
၃) ဒါ့အပြင် သွေးထဲမှာ CEA လို့ခေါ်တဲ့ tumour marker လည်း စစ်ကြည့်ရင် များနေနိုင်ပါတယ်။
၄)အခြားနေရာတွေထိပါ ပျံ့/မပျံ့သိဖို့အတွက် CT, MRI စတဲ့ စစ်ဆေးမှုတွေလည်း လုပ်ရမှာပါ။

အစာဟောင်းအိမ် ကင်ဆာ အဆင့်သတ်မှတ်ခြင်း (Staging)
အဆင့် ၁ - ကင်ဆာက mucosa ကိုဖောက်ပြီး အူနံရံ ကြွက်သားအလွှာ muscularis layer အထိရောက်ပေမယ့် အနီးအနား က တစ်ရှူးတွေနဲ့ ပြန်ရည်ကြော lymph node တွေထိ မပြန့်သေးခြင်း (T1 or T2,N0,M0)
အဆင့်၂ - ကြွက်သားအလွှာကို ဖောက်သွားခြင်း (T3N0M0) (သို့ ) ကြွက်သားအလွှာအပြင် ဝမ်းဗိုက်ရဲ့ အလွှာ visceral peritoneum ထိရောက်ခြင်း (T4a N0 M0) (သို့ )အနီးအနားက တစ်ရှူးတွေထိပြန့်နေခြင်း (T4b N0 M0)
အဆင့် ၃ - အနီးအနားက ပြန်ရည်ကြော lymph nodes တွေအထိ ပြန့်သော်လည်း ခန္ဓာကိုယ် အခြားနေရာများသို့မပြန့်သေးခြင်း (T1-4,N1or 2,M0)
အဆင့် ၄ - အခြား ခန္ဓာကိုယ်အစိတ်အပိုင်းထိ ကင်ဆာဆဲလ်ပျံ့နေခြင်း Any T,any N with M1

ကုသခြင်း
၁) ခွဲစိတ်ကုသခြင်း
ကင်ဆာအကျိတ် အရွယ်အစား နဲ့ တည်နေရာပေါ်မူတည်ပြီး ခွဲစိတ်မှုကွာခြားနိုင်ပါတယ်။
- Abdominoperineal resection (APR) ကင်ဆာအကျိတ်ရော စအိုပါ ထုတ်ပစ်ပီး ဝမ်းဗိုက်မှာ ဝမ်းစွန့်ဖို့ အပေါက်ဖောက်ထားတဲ့ နည်းကတော့ စအိုပေါက်နဲ့နီးတဲ့ အကျိတ်တွေမှာ လုပ်လေ့ရှိပီး ကုန်စင်အောင်ထုတ်နိုင်ရင်တော့ ပျောက်ကင်းတဲ့ထိ ကုနိုင်ပါတယ်။
- Low Anterior Resection (ARR) စအိုပေါက်ချန်ထားတဲ့ ခွဲစိတ်ခြင်းကတော့ အပေါ်ဘက်ရောက်တဲ့ အကျိတ်တွေမှာလုပ်လေ့ရှိပါတယ်။
   ကင်ဆာအကျိတ်အရွယ်ကြီးရင် မခွဲခင်မှာ ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည်နှင့် ကုသခြင်း (Neoadjuvant therapy) အရင်လုပ်ပီးမှ ခွဲခြင်းက ပိုထိရောက်တယ်လို့ ဆိုကြတယ်။

၂ ) ကင်ဆာ ဆေးသွင်းကုသခြင်း (Chemotherapy)
အဆင့် ၃ ရှိတဲ့ ကင်ဆာသမားတွေမှာတော့ ခွဲပီးလို့ ကင်ဆာ ဆေးသွင်းခြင်း (Adjuvant chemo) က နောက်တကြိမ်ပြန်ဖြစ်ခြင်း ကိုနည်းစေပါတယ်။

၃ ) ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
များသောအားဖြင့် မခွဲခင် အရွယ်သေးအောင် ပေးခြင်း သို့မဟုတ် ခွဲစိတ်ပီးနောက်တကြိမ်ပြန်ဖြစ်နိုင်ချေ local recurrence များတဲ့ လူနာတွေမှာသာ ပေးလေ့ရှိပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး-၁ )

 

(  Zawgyi  )

 

 လူေတြရဲ႕ ေနထိုင္စားေသာက္မႈပုံစံနဲ႔ မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈေတြေၾကာင့္ ကင္ဆာေရာဂါ ျဖစ္ပြားမႈႏႈန္းဟာ မ်ားလာပါတယ္။ ျမန္မာႏိုင္ငံမွာ ေတြ႕ရမ်ားတဲ့ ကင္ဆာအမ်ိဳးအစားေတြထဲမွာ အစာေဟာင္းအိမ္ကင္ဆာ (CA Rectum) လည္း အပါအဝင္ျဖစ္ပါတယ္။ အသက္၄၀ အထက္ အ႐ြယ္ေတြမွာ ပိုေတြ႕ရတတ္ေပမယ့္ အခုေနာက္ပိုင္း အသက္ငယ္တဲ့သူေတြမွာလည္း ျဖစ္လာတာေတြ႕ရပါတယ္။ အစာေဟာင္းအိမ္ကင္ဆာျဖစ္ရျခင္းဟာ အသက္အ႐ြယ္ ႀကီးျခင္းႏွင့္ မ်ိဳး႐ိုးဗီဇေၾကာင့္လည္း ျဖစ္ႏိုင္သလို စားေသာက္ေနထိုင္မႈပုံစံနဲ႔လည္း ဆက္စပ္ပါတယ္။

အစာေဟာင္းအိမ္ (Rectum) က sigmoid colon လို႔ ေခၚတဲ့ အူမႀကီးရဲ႕ေနာက္ဆုံးအပိုင္းနဲ႔ စအိုေပါက္ anus ရဲ႕ၾကားမွာရွိတဲ့ ၁၂-၁၆စင္တီမီတာေလာက္ရွည္တဲ့ အူရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ စအိုေပါက္က ဝမ္းမသြားခင္မွာ faeces ဝမ္းေတြကို သိုေလွာင္ထားတဲ့ အပိုင္းလည္းျဖစ္တယ္။

အစာေဟာင္းအိမ္ကင္ဆာ ျဖစ္ႏိုင္ေခ်ပိုမ်ားတဲ့သူေတြကေတာ့-
(၁)မိသားစုမ်ိဳး႐ိုးမွာ အစာေဟာင္းအိမ္ကင္ဆာနဲ႔ အူမႀကီးကင္ဆာျဖစ္ဖူးျခင္း (Genectic predisposition)
(၂)အူမႀကီးနဲ႔ အစာေဟာင္းအိမ္မွာ polyps လို႔ေခၚတဲ့ အသားလုံးမ်ား ရွိျခင္း
(၃)နာတာရွည္ အူေရာင္ရမ္းျခင္း (Ulcerative colitis or Crohn's colitis)
(၄)ဟင္းသီးဟင္း႐ြက္ အစားနည္းပီး  (Red meat) အသားစားတာမ်ားျခင္း
(၅)Acromegaly လို႔ေခၚတဲ့ ႀကီးထြားမႈေဟာ္မုန္းမ်ားတဲ့ ေရာဂါရွိျခင္း
(၆)ေဆးလိပ္ေသာက္ျခင္း
(၇)ဝမ္းဗိုက္ ေအာက္ပိုင္း ဓါတ္ေရာင္ျခည္ ကုသမႈခံဖူးျခင္း (Pelvic RT) တို႔ျဖစ္ပါတယ္။

အစာေဟာင္းအိမ္ကင္ဆာကို ပုံစံသုံးမ်ိဳးနဲ႔ ေတြ႕ႏိုင္သည္။
(၁)Papilliferous or cauliflower like growth (အက်ိတ္ပုံစံ)
(၂)Ulcerative type (အနာပုံစံ)
(၃)Annular type (ေဘးနံရံပတ္ပတ္လည္ က်ဥ္းတဲ့ ပုံစံ) တို႔ျဖစ္ပါတယ္။

အစာေဟာင္းအိမ္ကင္ဆာ (CA Rectum) ရဲ႕ ေရာဂါလကၡဏာမ်ား
(၁)ဝမ္းထဲမွာ ေသြးပါျခင္း (Dark red blood streak in stool)
(၂)အခြၽဲပါျခင္း (Mucus in stool)
(၃)ဝမ္းခ်ဳပ္လိုက္ ဝမ္းေလွ်ာလိုက္ ျဖစ္ျခင္း (Change in bowel habit)
(၄)ဝမ္းသြားခ်င္သလို ဗိုက္ရစ္ရစ္နာပီး အခြၽဲေတြပဲ သြားျခင္း (Tenesmus)
(၅)သိသိသာသာ ပိန္သြားျခင္း (Weight loss) တို႔ျဖစ္ပါတယ္။
အသက္ ၄၀ အထက္ မွာ အေပၚမွာေျပာတဲ့လကၡဏာေတြရွိရင္ေတာ့ အူမႀကီးနဲ႔ အစာေဟာင္းအိမ္ကင္ဆာ ျဖစ္ႏိုင္ေခ်ရွိတာေၾကာင့္ အျမန္ဆုံး စစ္ေဆးသင့္ပါတယ္။

ဘယ္လို စစ္ေဆးမႈေတြ ျပဳလုပ္ႏိုင္လဲ?
၁) Digital rectal examination လို႔ေခၚတဲ့ စအိုအတြင္းသို႔ လက္ျဖင့္ စမ္းသပ္ၾကည့္ရင္ေတာ့ အစာေဟာင္းအိမ္ေအာက္ပိုင္းမွာျဖစ္တဲ့ ကင္ဆာအက်ိတ္ သို႔မဟုတ္ အနာကို စမ္းမိႏိုင္ပါတယ္။ အေပၚဘက္ေရာက္တဲ့ ကင္ဆာေတြကိုေတာ့ စမ္းလို႔မမိႏိုင္ပါဘူး။
၂) အူလမ္းေၾကာင္း ကို မွန္ေျပာင္းျဖင့္စစ္ေဆးျခင္း (Sigmoidoscope or colonoscope) ျပဳလုပ္ပီး အသားစယူစစ္ေဆးျခင္းျဖင့္လည္း ေရာဂါရွာေတြ႕ႏိုင္ပါတယ္။
၃) ဒါ့အျပင္ ေသြးထဲမွာ CEA လို႔ေခၚတဲ့ tumour marker လည္း စစ္ၾကည့္ရင္ မ်ားေနႏိုင္ပါတယ္။
၄)အျခားေနရာေတြထိပါ ပ်ံ႕/မပ်ံ႕သိဖို႔အတြက္ CT, MRI စတဲ့ စစ္ေဆးမႈေတြလည္း လုပ္ရမွာပါ။

အစာေဟာင္းအိမ္ ကင္ဆာ အဆင့္သတ္မွတ္ျခင္း (Staging)
အဆင့္ ၁ - ကင္ဆာက mucosa ကိုေဖာက္ၿပီး အူနံရံ ႂကြက္သားအလႊာ muscularis layer အထိေရာက္ေပမယ့္ အနီးအနား က တစ္ရႉးေတြနဲ႔ ျပန္ရည္ေၾကာ lymph node ေတြထိ မျပန႔္ေသးျခင္း (T1 or T2,N0,M0)
အဆင့္၂ - ႂကြက္သားအလႊာကို ေဖာက္သြားျခင္း (T3N0M0) (သို႔ ) ႂကြက္သားအလႊာအျပင္ ဝမ္းဗိုက္ရဲ႕ အလႊာ visceral peritoneum ထိေရာက္ျခင္း (T4a N0 M0) (သို႔ )အနီးအနားက တစ္ရႉးေတြထိျပန႔္ေနျခင္း (T4b N0 M0)
အဆင့္ ၃ - အနီးအနားက ျပန္ရည္ေၾကာ lymph nodes ေတြအထိ ျပန႔္ေသာ္လည္း ခႏၶာကိုယ္ အျခားေနရာမ်ားသို႔မျပန႔္ေသးျခင္း (T1-4,N1or 2,M0)
အဆင့္ ၄ - အျခား ခႏၶာကိုယ္အစိတ္အပိုင္းထိ ကင္ဆာဆဲလ္ပ်ံ႕ေနျခင္း Any T,any N with M1

ကုသျခင္း
၁) ခြဲစိတ္ကုသျခင္း
ကင္ဆာအက်ိတ္ အ႐ြယ္အစား နဲ႔ တည္ေနရာေပၚမူတည္ၿပီး ခြဲစိတ္မႈကြာျခားႏိုင္ပါတယ္။
- Abdominoperineal resection (APR) ကင္ဆာအက်ိတ္ေရာ စအိုပါ ထုတ္ပစ္ပီး ဝမ္းဗိုက္မွာ ဝမ္းစြန႔္ဖို႔ အေပါက္ေဖာက္ထားတဲ့ နည္းကေတာ့ စအိုေပါက္နဲ႔နီးတဲ့ အက်ိတ္ေတြမွာ လုပ္ေလ့ရွိပီး ကုန္စင္ေအာင္ထုတ္ႏိုင္ရင္ေတာ့ ေပ်ာက္ကင္းတဲ့ထိ ကုႏိုင္ပါတယ္။
- Low Anterior Resection (ARR) စအိုေပါက္ခ်န္ထားတဲ့ ခြဲစိတ္ျခင္းကေတာ့ အေပၚဘက္ေရာက္တဲ့ အက်ိတ္ေတြမွာလုပ္ေလ့ရွိပါတယ္။
   ကင္ဆာအက်ိတ္အ႐ြယ္ႀကီးရင္ မခြဲခင္မွာ ကင္ဆာေဆးသြင္းျခင္းႏွင့္ ဓာတ္ေရာင္ျခည္ႏွင့္ ကုသျခင္း (Neoadjuvant therapy) အရင္လုပ္ပီးမွ ခြဲျခင္းက ပိုထိေရာက္တယ္လို႔ ဆိုၾကတယ္။

၂ ) ကင္ဆာ ေဆးသြင္းကုသျခင္း (Chemotherapy)
အဆင့္ ၃ ရွိတဲ့ ကင္ဆာသမားေတြမွာေတာ့ ခြဲပီးလို႔ ကင္ဆာ ေဆးသြင္းျခင္း (Adjuvant chemo) က ေနာက္တႀကိမ္ျပန္ျဖစ္ျခင္း ကိုနည္းေစပါတယ္။

၃ ) ဓါတ္ေရာင္ျခည္ျဖင့္ ကုသျခင္း (Radiotherapy)
မ်ားေသာအားျဖင့္ မခြဲခင္ အ႐ြယ္ေသးေအာင္ ေပးျခင္း သို႔မဟုတ္ ခြဲစိတ္ပီးေနာက္တႀကိမ္ျပန္ျဖစ္ႏိုင္ေခ် local recurrence မ်ားတဲ့ လူနာေတြမွာသာ ေပးေလ့ရွိပါတယ္။
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး-၁ )