【 အလှအပနှင့်ကျန်းမာရေး 】သွေးအားနည်းခြင်းဆိုတာ?

【  အလှအပနှင့်ကျန်းမာရေး  】သွေးအားနည်းခြင်းဆိုတာ?

သွေးအားနည်းတယ်ဆိုတာ သွေးထဲက ဟီမိုဂလိုဘင် ပမာဏ နည်းတာကိုခေါ်တာပါ။   လူ့ခန္ဓာကိုယ်ထဲက သွေးထဲမှာ အ​ကြမ်းဖျင်းအားဖြင့် သွေးနီဥ(RBCs), သွေးဖြူဥ(WBCs), သွေးမွှားဥ(Platelets) စတဲ့ သွေးဆဲလ်တွေ နဲ့ Plasma လို့ခေါ်တဲ့ သွေးရည်ကြည် ဆိုပီး နှစ်ပိုင်းခွဲနိုင်တယ်။ သွေးအားနည်းရခြင်းက RBC လို့ခေါ်တဲ့ သွေးနီဥလေးတွေ အရေအတွက်နည်းလို့ အရည်အချင်းမပြည့်မှီလို့ ဖြစ်နိုင်သလို သွေးရည်ကြည်ပမာဏ (Plasma volume) များလို့ (ဥပမာ-ကိုယ်ဝန်ဆောင်ချိန်) ဖြစ်နိုင်ပါတယ်။

သွေးအားနည်းရခြင်း အကြောင်းရင်းများစွာ ရှိပါတယ်။
၁) ခန္ဓာကိုယ်သွေးယိုစိမ့်တဲ့နေရာရှိနေခြင်း (ဥပမာ- လိပ်ခေါင်းရောဂါ)
၂) သွေးနီဥ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဗီတာမင်တွေနည်းနေခြင်း (ဥပမာ- Folic Acid, ဗီတာမင် B12, သံဓာတ် )
၃) မိန်းကလေးအများစုကတော့ ရာသီသွေးဆင်းတာကြောင့် သံဓာတ်အားနည်းတာ အဖြစ်များဆုံးပါ။

သွေးအားနည်းတဲ့အခါ သွေးနီဥလေးတွေက
သွေးထဲကအောက်ဆီဂျင် ကို ဦးနှောက်ဆီလုံလောက်အောင်မပို့နိုင်တဲ့အခါမှာ
- ပုံမှန်လှုပ်ရှားတာနဲ့မောတာ
- ရင်တုန်တာ
- အိပ်မပျော်တာ
- အာရုံစူးစိုက်မရတာ
- အသားအရေဖြူဖျော့တာ
- အစားအသောက်ပျက်တာ
- အသက်ရှူ မဝတာ
- လက်သည်းမှာအစင်းကြောင်းတွေပေါ်လာတာတွေ ခံစားလာရတတ်ပါတယ်။
 သွေးအားနည်းခြင်းရဲ့နောက်ဆက်တွဲတွေကတော့
-  သွေးပေါင်ကျခြင်း
- ရင်ဘတ်အောင့်ခြင်း
- နှလုံးခုန်မြန်ခြင်း
- နှလုံးညှစ်အားနည်းသွား၍နှလုံးရောဂါဖြစ်ခြင်းတို့ဖြစ်ပါတယ်။

ဘယ်လိုစစ်ဆေးသိနိုင်မလဲ?
  Full Blood Count သွေးဆဲလ် ပမာဏ စစ်ကြည့်ခြင်းဖြင့် Hb လို့ခေါ်တဲ့ ဟီမိုဂလိုဘင် % နည်းနေခြင်းဖြင့် သိနိုင်ပါတယ်။
အမျိုးသားတွေမှာတော့ ဟီမိုဂလိုဘင် ပမာဏ 13.5 g/dL အောက် နဲ့ အမျိုးသမီးတွေမှာ 11.5g/dL အောက် ရှိရင် သွေးအားနည်းခြင်း (Anaemia) လို့သတ်မှတ်နိုင်ပါတယ်။
 သွေးအားနည်းနေတာ သိတာနဲ့ ဘာကြောင့်ဖြစ်ရလဲ အကြောင်းရင်းတွေသိဖို့ ရှာသင့်ပါတယ်။
-လိပ်ခေါင်း ရှိ/မရှိ စစ်ဆေးခြင်း
-အစာအိမ်မှန်ပြောင်းကြည့်ခြင်း
-အူမကြီး မှန်ပြောင်းကြည့်ခြင်း
-ဝမ်းစစ်ခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။

ကုသခြင်း
 သွေးအားနည်းခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို အရင်ရှာဖွေကုသရမှာပါ။
 -သံဓာတ်ပါတဲ့အားဆေး( Ferrous Iron) ပါတဲ့အားဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပါ။

ဘာတွေဆောင်မလဲ?
-အစာအာဟာရ မျှတအောင်စားမယ်
သွေးအားကောင်းစေဖို့သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့
- ကြက်ဥ၊ အနီရောင်ရှိတဲ့အသား
- နွားနို့
- အစိမ်းရင့်ရောင်ရှိတဲ့အရွက်( ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်)
- ကြက်အသည်းအမြစ် တွေပိုစားပေးမယ်ဆိုရင် သက်သာနိုင်ပါတယ်။

ဘာတွေရှောင်ရမလဲ?
- ထမင်းစားပြီး ရေနွေးကြမ်းသောက်တာ၊ လက်ဖက်စားတာ
- အစားရှောင်တာ တို့ဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး -၁ )

(  Zawgyi  )

 ေသြးအားနည္းတယ္ဆိုတာ ေသြးထဲက ဟီမိုဂလိုဘင္ ပမာဏ နည္းတာကိုေခၚတာပါ။   လူ႔ခႏၶာကိုယ္ထဲက ေသြးထဲမွာ အ​ၾကမ္းဖ်င္းအားျဖင့္ ေသြးနီဥ(RBCs), ေသြးျဖဴဥ(WBCs), ေသြးမႊားဥ(Platelets) စတဲ့ ေသြးဆဲလ္ေတြ နဲ႔ Plasma လို႔ေခၚတဲ့ ေသြးရည္ၾကည္ ဆိုပီး ႏွစ္ပိုင္းခြဲႏိုင္တယ္။ ေသြးအားနည္းရျခင္းက RBC လို႔ေခၚတဲ့ ေသြးနီဥေလးေတြ အေရအတြက္နည္းလို႔ အရည္အခ်င္းမျပည့္မွီလို႔ ျဖစ္ႏိုင္သလို ေသြးရည္ၾကည္ပမာဏ (Plasma volume) မ်ားလို႔ (ဥပမာ-ကိုယ္ဝန္ေဆာင္ခ်ိန္) ျဖစ္ႏိုင္ပါတယ္။

ေသြးအားနည္းရျခင္း အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။
၁) ခႏၶာကိုယ္ေသြးယိုစိမ့္တဲ့ေနရာရွိေနျခင္း (ဥပမာ- လိပ္ေခါင္းေရာဂါ)
၂) ေသြးနီဥ ထုတ္လုပ္ဖို႔ လိုအပ္တဲ့ ဗီတာမင္ေတြနည္းေနျခင္း (ဥပမာ- Folic Acid, ဗီတာမင္ B12, သံဓာတ္ )
၃) မိန္းကေလးအမ်ားစုကေတာ့ ရာသီေသြးဆင္းတာေၾကာင့္ သံဓာတ္အားနည္းတာ အျဖစ္မ်ားဆုံးပါ။

ေသြးအားနည္းတဲ့အခါ ေသြးနီဥေလးေတြက
ေသြးထဲကေအာက္ဆီဂ်င္ ကို ဦးေႏွာက္ဆီလုံေလာက္ေအာင္မပို႔ႏိုင္တဲ့အခါမွာ
- ပုံမွန္လႈပ္ရွားတာနဲ႔ေမာတာ
- ရင္တုန္တာ
- အိပ္မေပ်ာ္တာ
- အာ႐ုံစူးစိုက္မရတာ
- အသားအေရျဖဴေဖ်ာ့တာ
- အစားအေသာက္ပ်က္တာ
- အသက္ရႉ မဝတာ
- လက္သည္းမွာအစင္းေၾကာင္းေတြေပၚလာတာေတြ ခံစားလာရတတ္ပါတယ္။
 ေသြးအားနည္းျခင္းရဲ႕ေနာက္ဆက္တြဲေတြကေတာ့
-  ေသြးေပါင္က်ျခင္း
- ရင္ဘတ္ေအာင့္ျခင္း
- ႏွလုံးခုန္ျမန္ျခင္း
- ႏွလုံးညႇစ္အားနည္းသြား၍ႏွလုံးေရာဂါျဖစ္ျခင္းတို႔ျဖစ္ပါတယ္။

ဘယ္လိုစစ္ေဆးသိႏိုင္မလဲ?
  Full Blood Count ေသြးဆဲလ္ ပမာဏ စစ္ၾကည့္ျခင္းျဖင့္ Hb လို႔ေခၚတဲ့ ဟီမိုဂလိုဘင္ % နည္းေနျခင္းျဖင့္ သိႏိုင္ပါတယ္။
အမ်ိဳးသားေတြမွာေတာ့ ဟီမိုဂလိုဘင္ ပမာဏ 13.5 g/dL ေအာက္ နဲ႔ အမ်ိဳးသမီးေတြမွာ 11.5g/dL ေအာက္ ရွိရင္ ေသြးအားနည္းျခင္း (Anaemia) လို႔သတ္မွတ္ႏိုင္ပါတယ္။
 ေသြးအားနည္းေနတာ သိတာနဲ႔ ဘာေၾကာင့္ျဖစ္ရလဲ အေၾကာင္းရင္းေတြသိဖို႔ ရွာသင့္ပါတယ္။
-လိပ္ေခါင္း ရွိ/မရွိ စစ္ေဆးျခင္း
-အစာအိမ္မွန္ေျပာင္းၾကည့္ျခင္း
-အူမႀကီး မွန္ေျပာင္းၾကည့္ျခင္း
-ဝမ္းစစ္ျခင္း စတာေတြ ျပဳလုပ္သင့္ပါတယ္။

ကုသျခင္း
 ေသြးအားနည္းျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို အရင္ရွာေဖြကုသရမွာပါ။
 -သံဓာတ္ပါတဲ့အားေဆး( Ferrous Iron) ပါတဲ့အားေဆးကို ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္းေသာက္ပါ။

ဘာေတြေဆာင္မလဲ?
-အစာအာဟာရ မွ်တေအာင္စားမယ္
ေသြးအားေကာင္းေစဖို႔သံဓာတ္ႂကြယ္ဝတဲ့အစားအစာေတြကေတာ့
- ၾကက္ဥ၊ အနီေရာင္ရွိတဲ့အသား
- ႏြားႏို႔
- အစိမ္းရင့္ေရာင္ရွိတဲ့အ႐ြက္( ကန္စြန္း႐ြက္၊ ဟင္းႏုႏြယ္႐ြက္)
- ၾကက္အသည္းအျမစ္ ေတြပိုစားေပးမယ္ဆိုရင္ သက္သာႏိုင္ပါတယ္။

ဘာေတြေရွာင္ရမလဲ?
- ထမင္းစားၿပီး ေရေႏြးၾကမ္းေသာက္တာ၊ လက္ဖက္စားတာ
- အစားေရွာင္တာ တို႔ျဖစ္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး -၁ )