【 အလှအပနှင့်ကျန်းမာရေး 】သွေးဝမ်းသွားခြင်း၊ သွေးအန်ခြင်း (Haematemesis & Melaena) အကြောင်း

【  အလှအပနှင့်ကျန်းမာရေး  】သွေးဝမ်းသွားခြင်း၊ သွေးအန်ခြင်း (Haematemesis & Melaena) အကြောင်း

သွေးဝမ်းသွားတယ်၊ သွေးအန်တယ် ဆိုတာ ခန္ဓာကိုယ်က သွေးဆုံးရှုံးလိုက်ရတာဖြစ်လို့ အရေးကြီးတဲ့ အခြေအနေတစ်ခုပါ။
Haematemesis - သွေးအန်ခြင်း
သွေးအရောင် (bright red) တွေ အန်တာ ဒါမှမဟုတ် ကော်ဖီနှစ်ရောင်တွေ အန်တာကို ခေါ်တာပါ။
Melaena - သွေးဝမ်းသွားခြင်း
ကတ္တရာစေးလို မည်းနက်ပီး စေးပျစ်ပျစ် ဝမ်းတွေ သွားတာပါ။ သွေးဝမ်းသွားတဲ့ အနံ့က သိသာတယ် အလွန်ဆိုးပါတယ်။ အိမ်သာကမုတ်မှာ ရေလောင်းချလိုက်ရင် သွေးရောင် အရဲအဖြစ်ပြောင်းသွားတာ တွေ့ရမှာပါ။ (တခါတရံ အခြားအကြောင်းရင်းကြောင့် ဝမ်းမည်းတာမျိုး
ဥပမာ- သံဓါတ်အားဆေးသောက်ထားတာ ဒီလိုအခြေအနေတွေနဲ့ ခွဲ ခြားနိုင်ဖို့ပါ)
ဒီ အခြေအနေနှစ်ခုလုံးက အူလမ်းကြောင်းအပေါ်ပိုင်းက သွေးထွက်နေတာကို ပြတာပါ။

ဘာကြောင့် သွေးဝမ်းသွား သွေးအန်ခြင်းဖြစ်ရတာလဲ?
တွေ့ရများတဲ့ အကြောင်းရင်းတွေကတော့-
(၁)အစာအိမ်အနာ (သို့) အူသိမ်အနာ က သွေးထွက်ခြင်း (Peptic Ulcer bleeding - most common cause)
(၂)အစာအိမ်နံရံ ပွန်းခြင်း (Gastric erosions)
(၃)အစာအိမ်သွေးကြောထုံးများမှ သွေးထွက်ခြင်း (Variceal bleeding)
(၄)အစာရေပြွန်ရောင်ရမ်းခြင်း (Oesophagitis)
(၅)Mallory-Weiss tear (အရမ်းအန်တဲ့အခါ အစာရေပြွန်အောက်ပိုင်းနံရံလေးပြဲထွက်သွားခြင်း၊ အရက်သောက်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်)
(၆)အစာအိမ်ကင်ဆာ နဲ့ အစာရေပြွန်ကင်ဆာ

ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ?
-အသည်းခြောက်ရောဂါရှိသူတွေ
-အရက်သောက်သူတွေ
-အစာမကြေခြင်း၊ ရင်ပူခြင်း လက္ခဏာရှိသူ​တွေ ၊ အစာအိမ်အနာရှိတဲ့ ရာဇဝင်ရှိဖူးသူတွေ
-အကိုက်အခဲပျောက်ဆေး (NSAIDs)၊ အရောင်ကျဆေး (Steroids)၊ သွေးကျဲဆေး ဒီလိုဆေးမျိုးတွေ ရေရှည်သောက်နေရတဲ့ လူနာတွေ
-အစာမြိုရခက်တာ မြိုရင်နာတာ ဒီလို လက္ခဏာရှိတဲ့သူတွေ၊ စားသမျှအန်တာ အလွန်အမင်းပိန်သွားတာ (ဒီလက္ခဏာတွေကတော့ အစာရေပြွန်နဲ့ အစာအိမ်ကင်ဆာလက္ခဏာတွေပါ)

အပေါ်မှာ ပြောသလို သွေးဝမ်းသွားတာ သွေးအန်တာက အရေးပေါ်အခြေအနေတခုပါ။ ခန္ဓာကိုယ်က သွေးတွေ ဆုံးရှုံးသွားတာဖြစ်လို့ ရှော့ခ်ရခြင်း (Hypovolaemic shock) ဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ သွေးထွက်လွန်တဲ့ လက္ခဏာတွေဖြစ်တဲ့ မူးဝေခြင်း၊ ဖြူဖျော့သွားခြင်း၊ ဗိုက်အောင့်ခြင်း၊ ရှော့ခ်ရတဲ့ လက္ခဏာတွေဖြစ်တဲ့-
-သွေးပေါင်ကျခြင်း
-နှလုံးခုန်နှုန်းမြန်ခြင်း
-ခြေ၊လက် များအေးစက်ခြင်း
-ဆီးနည်းခြင်း ဒီလိုလက္ခဏာတွေရှိတာနဲ့ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်သင့်ပါတယ်။

ကုသခြင်း
ရှော့ခ်ရနေတဲ့ အခြေအနေမှာတော့ အရေးပေါ်အသက်ကယ်ခြင်း လိုမှာပါ။ လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ပြီး သတိလစ်နေရင်တော့ အန်လိုက်တဲ့ သွေးတွေ အသက်ရှုလမ်းကြောင်းထဲ ရောက်မသွားအောင် လေပြွန်ပိတ်မသွားအောင် လိုအပ်တဲ့ကုသမှုတွေလုပ်မယ်။ ရှော့ခ်အခြေအနေမှာ အရည်ဆုံးရှုံးတာ ပြန်ဖြည့်ဖို့ အရေးကြီးတာကြောင့် သွေးကြော line ထည့်ဖို့ လိုပါတယ်။(14-16G) လောက်ရှိတဲ့ အရွယ်ကြီးကြီး cannula ထည့်ပီး လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ ( သွေး အုပ်စု စစ်ဆေးခြင်း နှင့် အခြားလိုအပ်သည်များ) ယူထားမယ်။ သွေးရပီဆိုတာနဲ့ ချက်ချင်းသွေးပြန်ဖြည့်မယ်။ သွေးမရခင်မှာတော့ drip အရည်တွေ ထွက်သလောက် ပမာဏအလိုက်ပြန်ဖြည့်မယ်။ ပါးစပ်ကနေ အစာ ရေ ဘာမှမကျွေးဘဲ (Nothing by mouth)ထားရမယ်။ အစာအိမ်သွေးကြောထုံးတွေပေါက်တာလို့ သံသယရှိရင်တော့ terlipressin လို့ခေါ်တဲ့ ဆေးတမျိုးသွင်းမယ်။ ပိုးသတ်ဆေးသွင်းခြင်း၊ ဆီးပိုက် ထည့်ခြင်းတွေ ပြုလုပ်မယ်။
သွေးပြန်ဖြည့် အရည်ပြန်ဖြည့်ပီးလို့ လူနာအခြေအနေ တည်ငြိမ်လာပီဆိုရင်တော့ အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Endoscopy) အမြန်ဆုံးလုပ်ပြီး သွေးတိတ်အောင် လိုအပ်တဲ့ ကုသမှုတွေ လုပ်ဖို့လိုပါလိမ့်မယ်။

အစာအိမ်မှန်ပြောင်းကြည့် ကုသခြ​င်း
-အစာအိမ်အနာရှိရင်တော့ သွေးထွက်တဲ့နေရာက်ု clip ညှပ်ခြင်း၊ cautry မီးရှို့ခြင်း၊ Adrenaline ဆေးဖြန်ခြင်း ဒီနည်းတွေနဲ့ သွေးတိတ်အောင်လုပ်နိုင်ပါတယ်။ မှန်ပြောင်းကြည့်အပြီး အက်ဆစ်ဓါတ်နည်းစေတဲ့ PPI ဆေးသွင်းခြင်း၊ H.pylori လို့ခေါ်တဲ့ အစာအိမ်ပိုးအတွက် ပိုးသတ်ဆေးပေးခြင်းများ ပြုလုပ်ဖို့လိုပါတယ်။
-အသည်းခြောက်လို့ အစာအိမ်သွေးကြောထုံးတဲ့နေရာက ပေါက်လို့ သွေးထွက်ရင်တော့ ကြိုးချည်ခြင်း(Banding), ဆေးထိုးခြင်း (Sclerotherapy) စတာတွေ လုပ်ဖို့လိုမှာပါ။ ဒီလို ကုသမှုတွေ လုပ်ပြီးတာတောင်မှ တနှစ်အတွင်းနောက်တကြိမ်ပြန်သွေးထွက်ခြင်း (Re-bleeding) ဖြစ်ဖို့ ၆၀ရာခိုင်နှုန်း risk ရှိပါတယ်။ ဒါကြောင့် အသည်းခြောက်တဲ့သူတွေမှာ အစာအိမ်သွေးကြောပေါက်တဲ့ အခြေအနေမရောက်ခင်တည်းက ကြိုတင် ကာကွယ်သင့်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?
အသည်းခြောက်တဲ့ လက္ခဏာတွေ့မယ်၊ သို့မဟုတ် အာထရာဆောင်းမှာ အသည်းခြောက်တာသိတာနဲ့ ကြိုတင် အစာအိမ်မှန်ပြောင်းကြည့်ပီး လိုအပ်တဲ့ နေရာကို ကြိုးချည်ခြင်း ကုသခြင်းတွေလုပ်ထားမယ်။ Beta-blocker ဆေးဖြစ်တဲ့ propranolol ပေးခြင်းတို့ ဖြစ်ပါတယ်။

 ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး- ၁ )

 

(  Zawgyi  )

 

 ေသြးဝမ္းသြားတယ္၊ ေသြးအန္တယ္ ဆိုတာ ခႏၶာကိုယ္က ေသြးဆုံးရႈံးလိုက္ရတာျဖစ္လို႔ အေရးႀကီးတဲ့ အေျခအေနတစ္ခုပါ။
Haematemesis - ေသြးအန္ျခင္း
ေသြးအေရာင္ (bright red) ေတြ အန္တာ ဒါမွမဟုတ္ ေကာ္ဖီႏွစ္ေရာင္ေတြ အန္တာကို ေခၚတာပါ။
Melaena - ေသြးဝမ္းသြားျခင္း
ကတၱရာေစးလို မည္းနက္ပီး ေစးပ်စ္ပ်စ္ ဝမ္းေတြ သြားတာပါ။ ေသြးဝမ္းသြားတဲ့ အနံ႔က သိသာတယ္ အလြန္ဆိုးပါတယ္။ အိမ္သာကမုတ္မွာ ေရေလာင္းခ်လိုက္ရင္ ေသြးေရာင္ အရဲအျဖစ္ေျပာင္းသြားတာ ေတြ႕ရမွာပါ။ (တခါတရံ အျခားအေၾကာင္းရင္းေၾကာင့္ ဝမ္းမည္းတာမ်ိဳး
ဥပမာ- သံဓါတ္အားေဆးေသာက္ထားတာ ဒီလိုအေျခအေနေတြနဲ႔ ခြဲ ျခားႏိုင္ဖို႔ပါ)
ဒီ အေျခအေနႏွစ္ခုလုံးက အူလမ္းေၾကာင္းအေပၚပိုင္းက ေသြးထြက္ေနတာကို ျပတာပါ။

ဘာေၾကာင့္ ေသြးဝမ္းသြား ေသြးအန္ျခင္းျဖစ္ရတာလဲ?
ေတြ႕ရမ်ားတဲ့ အေၾကာင္းရင္းေတြကေတာ့-
(၁)အစာအိမ္အနာ (သို႔) အူသိမ္အနာ က ေသြးထြက္ျခင္း (Peptic Ulcer bleeding - most common cause)
(၂)အစာအိမ္နံရံ ပြန္းျခင္း (Gastric erosions)
(၃)အစာအိမ္ေသြးေၾကာထုံးမ်ားမွ ေသြးထြက္ျခင္း (Variceal bleeding)
(၄)အစာေရႁပြန္ေရာင္ရမ္းျခင္း (Oesophagitis)
(၅)Mallory-Weiss tear (အရမ္းအန္တဲ့အခါ အစာေရႁပြန္ေအာက္ပိုင္းနံရံေလးၿပဲထြက္သြားျခင္း၊ အရက္ေသာက္တဲ့သူေတြမွာ ပိုျဖစ္တတ္ပါတယ္)
(၆)အစာအိမ္ကင္ဆာ နဲ႔ အစာေရႁပြန္ကင္ဆာ

ဘယ္လိုလူေတြမွာ ပိုျဖစ္တတ္လဲ?
-အသည္းေျခာက္ေရာဂါရွိသူေတြ
-အရက္ေသာက္သူေတြ
-အစာမေၾကျခင္း၊ ရင္ပူျခင္း လကၡဏာရွိသူ​ေတြ ၊ အစာအိမ္အနာရွိတဲ့ ရာဇဝင္ရွိဖူးသူေတြ
-အကိုက္အခဲေပ်ာက္ေဆး (NSAIDs)၊ အေရာင္က်ေဆး (Steroids)၊ ေသြးက်ဲေဆး ဒီလိုေဆးမ်ိဳးေတြ ေရရွည္ေသာက္ေနရတဲ့ လူနာေတြ
-အစာၿမိဳရခက္တာ ၿမိဳရင္နာတာ ဒီလို လကၡဏာရွိတဲ့သူေတြ၊ စားသမွ်အန္တာ အလြန္အမင္းပိန္သြားတာ (ဒီလကၡဏာေတြကေတာ့ အစာေရႁပြန္နဲ႔ အစာအိမ္ကင္ဆာလကၡဏာေတြပါ)

အေပၚမွာ ေျပာသလို ေသြးဝမ္းသြားတာ ေသြးအန္တာက အေရးေပၚအေျခအေနတခုပါ။ ခႏၶာကိုယ္က ေသြးေတြ ဆုံးရႈံးသြားတာျဖစ္လို႔ ေရွာ့ခ္ရျခင္း (Hypovolaemic shock) ျဖစ္ၿပီး အသက္ဆုံးရႈံးႏိုင္ပါတယ္။ ေသြးထြက္လြန္တဲ့ လကၡဏာေတြျဖစ္တဲ့ မူးေဝျခင္း၊ ျဖဴေဖ်ာ့သြားျခင္း၊ ဗိုက္ေအာင့္ျခင္း၊ ေရွာ့ခ္ရတဲ့ လကၡဏာေတြျဖစ္တဲ့-
-ေသြးေပါင္က်ျခင္း
-ႏွလုံးခုန္ႏႈန္းျမန္ျခင္း
-ေျခ၊လက္ မ်ားေအးစက္ျခင္း
-ဆီးနည္းျခင္း ဒီလိုလကၡဏာေတြရွိတာနဲ႔ နီးစပ္ရာေဆး႐ုံသို႔ အျမန္ဆုံးသြားေရာက္သင့္ပါတယ္။

ကုသျခင္း
ေရွာ့ခ္ရေနတဲ့ အေျခအေနမွာေတာ့ အေရးေပၚအသက္ကယ္ျခင္း လိုမွာပါ။ လိုအပ္တဲ့ စမ္းသပ္မႈေတြလုပ္ၿပီး သတိလစ္ေနရင္ေတာ့ အန္လိုက္တဲ့ ေသြးေတြ အသက္ရႈလမ္းေၾကာင္းထဲ ေရာက္မသြားေအာင္ ေလႁပြန္ပိတ္မသြားေအာင္ လိုအပ္တဲ့ကုသမႈေတြလုပ္မယ္။ ေရွာ့ခ္အေျခအေနမွာ အရည္ဆုံးရႈံးတာ ျပန္ျဖည့္ဖို႔ အေရးႀကီးတာေၾကာင့္ ေသြးေၾကာ line ထည့္ဖို႔ လိုပါတယ္။(14-16G) ေလာက္ရွိတဲ့ အ႐ြယ္ႀကီးႀကီး cannula ထည့္ပီး လိုအပ္တဲ့ ေသြးစစ္ေဆးမႈေတြ ( ေသြး အုပ္စု စစ္ေဆးျခင္း ႏွင့္ အျခားလိုအပ္သည္မ်ား) ယူထားမယ္။ ေသြးရပီဆိုတာနဲ႔ ခ်က္ခ်င္းေသြးျပန္ျဖည့္မယ္။ ေသြးမရခင္မွာေတာ့ drip အရည္ေတြ ထြက္သေလာက္ ပမာဏအလိုက္ျပန္ျဖည့္မယ္။ ပါးစပ္ကေန အစာ ေရ ဘာမွမေကြၽးဘဲ (Nothing by mouth)ထားရမယ္။ အစာအိမ္ေသြးေၾကာထုံးေတြေပါက္တာလို႔ သံသယရွိရင္ေတာ့ terlipressin လို႔ေခၚတဲ့ ေဆးတမ်ိဳးသြင္းမယ္။ ပိုးသတ္ေဆးသြင္းျခင္း၊ ဆီးပိုက္ ထည့္ျခင္းေတြ ျပဳလုပ္မယ္။
ေသြးျပန္ျဖည့္ အရည္ျပန္ျဖည့္ပီးလို႔ လူနာအေျခအေန တည္ၿငိမ္လာပီဆိုရင္ေတာ့ အစာအိမ္မွန္ေျပာင္းၾကည့္ျခင္း (Endoscopy) အျမန္ဆုံးလုပ္ၿပီး ေသြးတိတ္ေအာင္ လိုအပ္တဲ့ ကုသမႈေတြ လုပ္ဖို႔လိုပါလိမ့္မယ္။

အစာအိမ္မွန္ေျပာင္းၾကည့္ ကုသျခ​င္း
-အစာအိမ္အနာရွိရင္ေတာ့ ေသြးထြက္တဲ့ေနရာက္ု clip ညႇပ္ျခင္း၊ cautry မီးရႈိ႕ျခင္း၊ Adrenaline ေဆးျဖန္ျခင္း ဒီနည္းေတြနဲ႔ ေသြးတိတ္ေအာင္လုပ္ႏိုင္ပါတယ္။ မွန္ေျပာင္းၾကည့္အၿပီး အက္ဆစ္ဓါတ္နည္းေစတဲ့ PPI ေဆးသြင္းျခင္း၊ H.pylori လို႔ေခၚတဲ့ အစာအိမ္ပိုးအတြက္ ပိုးသတ္ေဆးေပးျခင္းမ်ား ျပဳလုပ္ဖို႔လိုပါတယ္။
-အသည္းေျခာက္လို႔ အစာအိမ္ေသြးေၾကာထုံးတဲ့ေနရာက ေပါက္လို႔ ေသြးထြက္ရင္ေတာ့ ႀကိဳးခ်ည္ျခင္း(Banding), ေဆးထိုးျခင္း (Sclerotherapy) စတာေတြ လုပ္ဖို႔လိုမွာပါ။ ဒီလို ကုသမႈေတြ လုပ္ၿပီးတာေတာင္မွ တႏွစ္အတြင္းေနာက္တႀကိမ္ျပန္ေသြးထြက္ျခင္း (Re-bleeding) ျဖစ္ဖို႔ ၆၀ရာခိုင္ႏႈန္း risk ရွိပါတယ္။ ဒါေၾကာင့္ အသည္းေျခာက္တဲ့သူေတြမွာ အစာအိမ္ေသြးေၾကာေပါက္တဲ့ အေျခအေနမေရာက္ခင္တည္းက ႀကိဳတင္ ကာကြယ္သင့္ပါတယ္။

ဘယ္လိုကာကြယ္မလဲ?
အသည္းေျခာက္တဲ့ လကၡဏာေတြ႕မယ္၊ သို႔မဟုတ္ အာထရာေဆာင္းမွာ အသည္းေျခာက္တာသိတာနဲ႔ ႀကိဳတင္ အစာအိမ္မွန္ေျပာင္းၾကည့္ပီး လိုအပ္တဲ့ ေနရာကို ႀကိဳးခ်ည္ျခင္း ကုသျခင္းေတြလုပ္ထားမယ္။ Beta-blocker ေဆးျဖစ္တဲ့ propranolol ေပးျခင္းတို႔ ျဖစ္ပါတယ္။

 က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး- ၁ )