【 အလှအပနှင့်ကျန်းမာရေး 】ရာသီ တုပ်ကွေး အကြောင်း

【  အလှအပနှင့်ကျန်းမာရေး 】ရာသီ တုပ်ကွေး  အကြောင်း

မကြာခင် မိုးဦးကျတယ်ဆိုရင်ပဲ တုပ်ကွေးရာသီ ရောက်လာတော့မှာပါ။  ဒီနှစ် ရာသီတုပ်​ကွေး မျိုးစိတ်အတွက် တုပ်ကွေး ကာကွယ် ဆေးလည်း ထွက်နေပီမို့ ဒီအပတ်မှာတော့ ရာသီတုပ်ကွေးရောဂါ နှင့် ကာကွယ်ဆေး အကြောင်း ဖော်ပြပေးမှာပါ။

ရာသီတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ် အမျိုးအစားကတော့ Influenza virus ပါ။ RNA virus အမျိုးအစား​ဖြစ်ပြီး လူမှာ ရာသီတုပ်ကွေး ဖြစ်စေတဲ့ Influenza virus မျိုးကွဲ လေးမျိုး ရှိပါတယ်။ Type A, B, C, D တို့ဖြစ်ပါတယ်။ ဒီထဲက အဓိက ဖြစ်စေတာကတော့ Type A, B, C ဖြစ်ပီး Type D ကတော့ တွေ့ရလေ့မရှိပါဘူး။

Type A အုပ်စုကတော့ ​အဖြစ်များဆုံးဖြစ်ပီး ဒီ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်က Hemagglutinin (HA) နဲ့ Neuraminidase (NA) ပရိုတိန်း အမျိုးအစားပေါ်မူတည်ပြီး အုပ်စုခွဲတွေ ထပ်ခွဲနိုင်ပါသေးတယ်။ နာမည်ကြီး ကြက်ငှက်တုပ်ကွေး (H1N1) နဲ့ ဝက်တုပ်ကွေး Swine flu လို့သိကြတဲ့  (H5N1) က ဒီ Influenza A အမျိုးအစားထဲကပါ။ အဖြစ်များတဲ့ ရာသီတုပ်ကွေး H3N2 အမျိုးအစားကလည်း ဒီ Influenza type A ထဲကပါပဲ။

ရာသီတုပ်ကွေး Influenza သည်လည်း အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်တာဖြစ်ပါတယ်။ နှာချေ ချောင်းဆိုးရာက ထွက် လာတဲ့ အမှုန်အမွှားတွေကို ရှုမိရာက တဆင့် ကူးနိုင်သလို ဒီအမှုန်အမွှားတွေ ကပ်ငြိနေတဲ့ အရာဝတ္ထုပစ္စည်းတွေကို ထိတွေ့မိရာ ကနေလည်း ကူးနိုင်ပါတယ်။

ဗိုင်းရပ်စ်အကြောင်း အကြမ်းဖျင်းသိပြီးပြီဆိုတော့ ရာသီတုပ်ကွေး လက္ခဏာတွေကတော့ -
-ဖျားခြင်း
-ချောင်းခြောက်ဆိုးခြင်း
-နှာစေးခြင်း နှာရည်ယိုခြင်း
-မျက်စိရဲခြင်း
-လည်ချောင်းနာခြင်း
-ခေါင်းကိုက်ခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း
- နုံးခြင်း စတဲ့လက္ခဏာတွေနဲ့ တွေ့ရမှာပါ။

ပုံမှန်အားဖြင့် ရာသီတုပ်ကွေးသည် တစ်ပတ်လောက်အတွင်း ရောဂါလက္ခဏာတွေ သက်သာပြီး ပျောက်ကင်းသွားမှာပါ။ တုပ်ကွေး လက္ခဏာတွေ ခံစားလာရရင်တော့-
-အိမ်တွင် အနားယူပါ
- ရေများများသောက်ပါ
-အာဟာရပြည့်ဝတဲ့ အစားအသောက်တွေစားပါ
-အဖျားရှိပါက အဖျားကျဆေး paracetamol သောက်နိုင်ပါတယ်
-ဗီတာမင်စီပါတဲ့ အသီးအနှံ သို့မဟုတ် ဗီတာမင်စီ ဆေးပြားများ မှီဝဲနိုင်ပါတယ်။

ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ ဒီလိုလူတွေမှာတော့ တုပ်ကွေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုး complications တွေ ခံစားရနိုင်ပါတယ်။
-နမိုးနီးယား အဆုတ်ရောင်ခြင်း
-ရင်ကြပ်အခံရှိသူများ ပိုဆိုးခြင်း
-နားပြည်ယိုခြင်း
-ဦးနှောက်ရောင်ခြင်း (Encephalitis) စတာတွေ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း
- ချောင်းဆိုး နှာချေပါက မိမိဆီမှ ရောဂါပိုးများ သူတပါးဆီ မကူးစက်အောင် လက်ကိုင်ပုဝါ သို့မဟုတ် တစ်ရှုးဖြင့် ဖုံးအုပ်ပါ။
-လက်ကို စနစ်တကျ ဆေးပါ။
-ရာသီတုပ်ကွေးကို ကာကွယ်နိုင်သော ကာကွယ်ဆေး Flu vaccine ထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
 ကျန်းမာပျော်ရွှင်ကြပါစေ။

(  Zawgyi  )

 မၾကာခင္ မိုးဦးက်တယ္ဆိုရင္ပဲ တုပ္ေကြးရာသီ ေရာက္လာေတာ့မွာပါ။  ဒီႏွစ္ ရာသီတုပ္​ေကြး မ်ိဳးစိတ္အတြက္ တုပ္ေကြး ကာကြယ္ ေဆးလည္း ထြက္ေနပီမို႔ ဒီအပတ္မွာေတာ့ ရာသီတုပ္ေကြးေရာဂါ ႏွင့္ ကာကြယ္ေဆး အေၾကာင္း ေဖာ္ျပေပးမွာပါ။

ရာသီတုပ္ေကြး ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ အမ်ိဳးအစားကေတာ့ Influenza virus ပါ။ RNA virus အမ်ိဳးအစား​ျဖစ္ၿပီး လူမွာ ရာသီတုပ္ေကြး ျဖစ္ေစတဲ့ Influenza virus မ်ိဳးကြဲ ေလးမ်ိဳး ရွိပါတယ္။ Type A, B, C, D တို႔ျဖစ္ပါတယ္။ ဒီထဲက အဓိက ျဖစ္ေစတာကေတာ့ Type A, B, C ျဖစ္ပီး Type D ကေတာ့ ေတြ႕ရေလ့မရွိပါဘူး။

Type A အုပ္စုကေတာ့ ​အျဖစ္မ်ားဆုံးျဖစ္ပီး ဒီ ဗိုင္းရပ္စ္ရဲ႕ မ်က္ႏွာျပင္က Hemagglutinin (HA) နဲ႔ Neuraminidase (NA) ပ႐ိုတိန္း အမ်ိဳးအစားေပၚမူတည္ၿပီး အုပ္စုခြဲေတြ ထပ္ခြဲႏိုင္ပါေသးတယ္။ နာမည္ႀကီး ၾကက္ငွက္တုပ္ေကြး (H1N1) နဲ႔ ဝက္တုပ္ေကြး Swine flu လို႔သိၾကတဲ့  (H5N1) က ဒီ Influenza A အမ်ိဳးအစားထဲကပါ။ အျဖစ္မ်ားတဲ့ ရာသီတုပ္ေကြး H3N2 အမ်ိဳးအစားကလည္း ဒီ Influenza type A ထဲကပါပဲ။

ရာသီတုပ္ေကြး Influenza သည္လည္း အသက္ရႈလမ္းေၾကာင္းမွ တဆင့္ ကူးစက္တာျဖစ္ပါတယ္။ ႏွာေခ် ေခ်ာင္းဆိုးရာက ထြက္ လာတဲ့ အမႈန္အမႊားေတြကို ရႈမိရာက တဆင့္ ကူးႏိုင္သလို ဒီအမႈန္အမႊားေတြ ကပ္ၿငိေနတဲ့ အရာဝတၳဳပစၥည္းေတြကို ထိေတြ႕မိရာ ကေနလည္း ကူးႏိုင္ပါတယ္။

ဗိုင္းရပ္စ္အေၾကာင္း အၾကမ္းဖ်င္းသိၿပီးၿပီဆိုေတာ့ ရာသီတုပ္ေကြး လကၡဏာေတြကေတာ့ -
-ဖ်ားျခင္း
-ေခ်ာင္းေျခာက္ဆိုးျခင္း
-ႏွာေစးျခင္း ႏွာရည္ယိုျခင္း
-မ်က္စိရဲျခင္း
-လည္ေခ်ာင္းနာျခင္း
-ေခါင္းကိုက္ျခင္း
-ကိုယ္လက္ကိုက္ခဲျခင္း
- ႏုံးျခင္း စတဲ့လကၡဏာေတြနဲ႔ ေတြ႕ရမွာပါ။

ပုံမွန္အားျဖင့္ ရာသီတုပ္ေကြးသည္ တစ္ပတ္ေလာက္အတြင္း ေရာဂါလကၡဏာေတြ သက္သာၿပီး ေပ်ာက္ကင္းသြားမွာပါ။ တုပ္ေကြး လကၡဏာေတြ ခံစားလာရရင္ေတာ့-
-အိမ္တြင္ အနားယူပါ
- ေရမ်ားမ်ားေသာက္ပါ
-အာဟာရျပည့္ဝတဲ့ အစားအေသာက္ေတြစားပါ
-အဖ်ားရွိပါက အဖ်ားက်ေဆး paracetamol ေသာက္ႏိုင္ပါတယ္
-ဗီတာမင္စီပါတဲ့ အသီးအႏွံ သို႔မဟုတ္ ဗီတာမင္စီ ေဆးျပားမ်ား မွီဝဲႏိုင္ပါတယ္။

ကေလးငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ နာတာရွည္ေရာဂါရွိသူမ်ား၊ ကိုယ္ခံအားနည္းသူမ်ား ဒီလိုလူေတြမွာေတာ့ တုပ္ေကြးရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳး complications ေတြ ခံစားရႏိုင္ပါတယ္။
-နမိုးနီးယား အဆုတ္ေရာင္ျခင္း
-ရင္ၾကပ္အခံရွိသူမ်ား ပိုဆိုးျခင္း
-နားျပည္ယိုျခင္း
-ဦးေႏွာက္ေရာင္ျခင္း (Encephalitis) စတာေတြ ျဖစ္လာႏိုင္ၿပီး အသက္အႏၲရာယ္ရွိသည္အထိ ျဖစ္ႏိုင္ပါတယ္။

ႀကိဳတင္ကာကြယ္ျခင္း
- ေခ်ာင္းဆိုး ႏွာေခ်ပါက မိမိဆီမွ ေရာဂါပိုးမ်ား သူတပါးဆီ မကူးစက္ေအာင္ လက္ကိုင္ပုဝါ သို႔မဟုတ္ တစ္ရႈးျဖင့္ ဖုံးအုပ္ပါ။
-လက္ကို စနစ္တက် ေဆးပါ။
-ရာသီတုပ္ေကြးကို ကာကြယ္ႏိုင္ေသာ ကာကြယ္ေဆး Flu vaccine ထိုးျခင္းျဖင့္လည္း ကာကြယ္ႏိုင္ပါတယ္။
 က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။