【 အလှအပနှင့်ကျန်းမာရေး 】ပေါင်အတွင်းပိုင်းရှိ လိမ္မော်ခွံကဲ့သို့ အဆီပိုများ သို့ Cellulite အကြောင်းတစေ့တစောင်း
【 အလှအပနှင့်ကျန်းမာရေး 】ပေါင်အတွင်းပိုင်းရှိ လိမ္မော်ခွံကဲ့သို့ အဆီပိုများ သို့ Cellulite အကြောင်းတစေ့တစောင်း
Cellulite ဆိုတာလိမ္မော်ခွံorange peel skin လို Cottage cheese လိုပေါင်နဲ့တင်ပါးတစ်ဝိုက်မှာအရေပြားအထစ်ထစ်လေးတွေထနေတာကိုဆိုလိုတာပါ။
ဘယ်သူတွေမှာပိုဖြစ်လဲ?
အမျိုးသမီးတွေ က အမျိုးသားတွေထက်ပိုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့....
အမျိုးသမီးတွေရဲ့အရေပြားဖွဲ့စည်းပုံက fat cells နဲ့ connective tissue က vertically
ဖြစ်နေလို့ အဆီတက်လာတာနဲ့ခုလိုအထစ်ထစ်တွေဖြစ်လာတာပါ။
ဘာကြောင့်ဖြစ်ရပါသလဲ?
၁) ဝတဲ့မျိုးရိုးတွေမှာ ဇီဝကမ္မဖြစ်စဉ်နှေးတာမို့ အဆီပိုစုစေပါတယ်။
၂) အချိုဓာတ် ကစီဓာတ် အလွန်အကျွံစားခြင်း
၃) အထိုင်များခြင်း
၄) ဟော်မုန်းဆေးသုံးစွဲခြင်း
အီစတိုဂျင် (oestrogen) ပါဝင်သောဆေးများသောက်သုံးနေပါလျှင်လည်း အဆီစုခြင်းကိုအားပေးပါတယ်။
အဆင့်တွေဘယ်လိုသတ်မှတ်လဲ?
Grade 1-လုံးဝမသိသာဘူး၊ ညှစ်လိုက်မှပေါ်လာတယ်။
Grade 2-ရပ်နေရင်မသိသာဘူး ဖိထိုင်လိုက်ရင်အထစ်ထစ်လေးဖြစ်လာတယ်
Grade 3-ရပ်ရင်တောင်ပေါ်လာပြီ ပေါင်လဲတုတ်လာပြီ အရေပြားကျစ်လစ်မှုမရှိတော့ဘူး
 အများအားဖြင့် အဆီစုရာနေရာတွေဖြစ်တဲ့
၁) ပေါင်အတွင်းပိုင်း
၂) တင်ပါး
၃)ခြေသလုံးနောက်ပိုင်း
၄)ဝမ်းဗိုက်ပိုင်း
၅) လက်မောင်းအတွင်းသားတို့မှာရှိနေတတ်ပါတယ်။
ဘယ်လိုကုသမလဲ?
-ဆဲလ်သေဖယ်ရှားအသစ်မွေးပေးသော ( coffee scrub) များ အပတ်စဉ် သုံးစွဲပေးခြင်း
~ပြုလုပ်နည်း~
အဆီချဖို့ ကြိတ်ထားတဲ့ ရိုးရိုးကော်ဖီမှုန့်
(ကော်ဖီမစ်မဟုတ်)ထမင်းစားဇွန်း နှစ်ဇွန်း၊ဆားခါး လက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ ရောပါ။ ပြီးရင် အုန်းဆီ ထမင်းစားဇွန်း (၂) ဇွန်းနဲ့ ရောပြီး မွှေပါ။ ရလာတဲ့ ကော်ဖီမှုန့် ပျစ်ပျစ်တွေကို ပေါင်၊ တင်ပါးအဆီရှိတဲ့နေရာကိုမှာလိမ်းပါ။ လိမ်းထားတဲ့နေရာကို ပလတ်စတစ်တခုခုနဲ့ အုပ်ပါ။ နာရီဝက်ထားပါ။ ပြီးရင် ပလတ်စတစ်ကို ခွာပြီး ရေနွေးနဲ့ ပြန်ဆေးပါ။ တပတ်ကို ၂-၃ကြိမ် လုပ်ရမယ်။ စိတ်ရှည်ရပါမယ်။
-Acoustic wave therapy
-Laser treatment
-Ultrasound liposculpting စတဲ့နည်းတွေနဲ့လည်းလုပ်နိုင်ပါသေးတယ်။
-ကယ်လိုရီလျှော့စားခြင်း
-ရေများများသောက်ခြင်း
-ကြွက်သားလေ့ကျင့်ခန်းပြုလုပ်ပေးပါ။
Skirt,Dress တိုတိုလှလှလေးတွေဝတ်ချင်တဲ့အမျိုးသမီးထုအတွက် တင်ပြလိုက်ရပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။
( Zawgyi )
ဘာကြောင့်ဖြစ်ရပါသလဲ?
၃) အထိုင်များခြင်း
၎) ဟော်မုန်းဆေးသုံးစွဲခြင်း
၁) ပေါင်အတွင်းပိုင်း
၂) တင်ပါး
၎)ဝမ်းဗိုက်ပိုင်း
ဘယ်လိုကုသမလဲ?
~ပြုလုပ်နည်း~
-Acoustic wave therapy
-Laser treatment