【 အလှအပနှင့်ကျန်းမာရေး 】ပန်ကရိယရောင်ခြင်း (Pancreatitis)

【 အလှအပနှင့်ကျန်းမာရေး 】ပန်ကရိယရောင်ခြင်း (Pancreatitis)

ပန်ကရိယ ဆိုတာကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်မှာတစ်စိတ်တစ်ပိုင်းပါဝင်ပြီး ခန္ဓာကိုယ် ရဲ့သကြားဓာတ်ကိုထိန်းပေးတဲ့အင်ဆူလင်‌ ဟော်မုန်းကိုထုတ်ပေးပါတယ်။

ပန်ကရိယရောင်ရမ်းခြင်းကိုရုတ်တရက်ရောင်ရမ်းခြင်းနဲ့ နာတာရှည်ပန်ကရိယရောင်ရမ်းခြင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

ပန်ကရိယရောင်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း‌တွေကတော့

  • အရက်သောက်ခြင်း

(အထူးသဖြင့် ပွဲလမ်းသဘင်၊ပါတီပွဲများတွင် အရက်ကိုအလွန်အမင်းသောက်သုံးခြင်း၊အဆီများလွန်းသောအစားအသောက်များစားသောက်ခြင်း စတာ‌တွေကြောင့် ရုတ်တရက် ပန်ကရိယရောင်ခြင်းအဖြစ်များပါတယ်။)

  • သည်းခြေအိတ်တွင်ကျောက်တည်ခြင်း
  • သွေးတွင်း (Triglycerides)အဆီဓါတ်များခြင်း
  • အဝလွန်ခြင်း
  • သွေးတွင်းကယ်ဆီယမ်ဓါတ်များခြင်း
  • ဆီးချိုရောဂါရှိသူများ
  • ဝမ်းဗိုက်တွင်ထိခိုက်ဒဏ်ရာရခြင်း
  • ရောဂါပိုးဝင်ခြင်း
  • Cystice Fibrosis လို့ခေါ်တဲ့ ရောဂါ
  • အချို့သောဆေးဝါးများ စတာတွေကြောင့် ပန်ကရိယရောင်ခြင်းဖြစ်နိုင်ပါတယ်။

ရုတ်တရက်ပန်ကရိယရောင်တဲ့ရောဂါလက္ခဏာတွေကတော့

  • ဗိုက်အောင့်ခြင်း

(ဗိုက်‌‌အောင့်ခြင်းအပြင်ကျော အနောက်ဖက်တွင်အောင့်ခြင်း)

(အစာစားပြီးချိန်၊အဆီများလွန်းသောအစာများစားပြီးချိန်၊အရက်အလွန်အကျွံ‌သောက်ပြီးချိန်တွင် ဗိုက်အောင့်ခြင်း)

  • ပျို့အန်ခြင်း
  • ကိုယ်အပူချိန်တက်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း

နာတာရှည်ပန်ကရိယရောင်ခြင်းလက္ခဏာတွေကတော့

  • ဗိုက်အောင့်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • ဝမ်းထဲတွင်အဆီပါခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

ပန်ကရိယရောင်ခြင်းကြောင့် နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်

  • ပန်ကရိယတွင် အရည်အိတ်ဖြစ်ခြင်း
  • ပန်ကရိယ ကင်ဆာ
  • ဆီးချိုရောဂါ
  • ကျောက်ကပ်ပျက်စီးခြင်းစတဲ့နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။

ပန်ကရိယရောင်ခြင်းမဖြစ်အောင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့

  • အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
  • ‌ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
  • အဝမလွန်အောင်ထိန်းသိမ်းပါ။
  • နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
  • အဆီနည်းသောအစားအသောက်များကိုစားသုံးပါ။

ပန်ကရိယရောင်ခြင်း‌ရောဂါခံစားနေရသူတွေအနေနဲ့ ဆရာဝန်နဲ့သေချာစွာစစ်ဆေးကုသမှုခံယူဖို့လိုပါတယ်။ အစားအသောက်နဲ့နေထိုင်မှုပုံစံကိုပါပြုပြင်ပြောင်းလဲပြီးကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ဖို့တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit- Verywell Health