【 အလှအပနှင့်ကျန်းမာရေး 】ဆီးချိုကြောင့် ဖြစ်သော ခြေထောက်အနာ (Diabetes foot) အကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】ဆီးချိုကြောင့် ဖြစ်သော ခြေထောက်အနာ (Diabetes foot)  အကြောင်းသိကောင်းစရာ

ကမ္ဘာတစ်ဝန်းမှာ ဆီးချို သွေးချို ဖြစ်ပွားသူ အရေအတွက်ဟာ နှစ်စဉ်တိုးပွားလျက်ရှိသည်။ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်း စတဲ့ စားသောက်နေထိုင်မှုပုံစံတွေက အမျိုးအစား ၂ ဆီးချို ကိုပိုဖြစ်စေပါတယ်။ ဆီးချို ရောဂါသည်တွေက sugar control (တနည်းအားဖြင့် သကြားဓါတ် အတက်အကျ ထိန်းညှိဖို့) ရဖို့ ဆရာဝန်ညွှန်ကြားတဲ့ ဆီးချိုထိန်းဆေးတွေ မှန်မှန်မှီဝဲဖို့ လိုသလို မျှတတဲ့ စားသောက်မှုပုံစံ (diet)၊ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ခြင်းကလည်း အရေးကြီးပါတယ်။ ဆီးချိုမထိန်းနိုင်ရင်တော့ အချိန်ကြာလာရင် ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရပီး သက်တမ်းတိုနိုင်ပါတယ်။ ဒီအပတ်မှာတော့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက ဆီးချိုကြောင့်ဖြစ်တဲ့ ခြေထောက်အနာ (Diabetes foot) အကြောင်းဖော်ပြပေးမှာပါ။
 
ဆီးချိုသမားတွေဟာ ဘာကြောင့် ခြေထောက်မှာ အနာဖြစ်လွယ်ကြတာလဲ?
 
 
(၁)ခြေထောက်ရှိ အာရုံကြောများထိခိုက်ခြင်း (peripheral neuropathy)
 
ဆီးချိုရောဂါ အချိန်ကြာလာတဲ့အခါ ကောင်းကောင်း control မရတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အာရုံကြောတွေ ထိခြင်းကြောင့် ထုံခြင်း၊ ကျင်ခြင်း၊ အာရုံခံစားမှုမသိခြင်းတို့ ဖြစ်လာပါတယ်။ အထူးသဖြင့် ခြေထောက်၊ လက်တွေမှာ ခြေအိတ်၊ လက်အိတ်စွပ်ထားသကဲ့သို့ (Glove and stocking distribution) အတိုင်း ထုံကျင်ခြင်း ဖြစ်လေ့ရှိပါတယ်။ ခြေ၊ လက်များထုံကျင်ခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် ပြင်ပမှ ထိခိုက်ဒဏ်ရာရခြင်းကို မသိခြင်း (ဥပမါ-သံစူးခြင်း၊ ပူတဲ့ အရာဝတ္ထုကို ခံစားမှုမသိခြင်းကြောင့် ထိတွေ့မိခြင်း) ကြောင့် အနာပိုဖြစ်လွယ်ပါတယ်။ အထူးသဖြင့် ခြေဖဝါးလို နေရာမျိုးမှာ ပိုဖြစ်လေ့ရှိပါတယ်။ အနာဖြစ်ရာကတဆင့် အနာကျက်မလွယ်ခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် ခြေလက် ပုပ်လာခြင်း၊ ဖြတ်ပစ်ရခြင်းအထိ ဖြစ်နိုင်ပါတယ်။
 
(၂)ခြေထောက်သို့သွားသော သွေးကြောများ ကျဉ်းခြင်း၊ ပိတ်ခြင်း
ခြေဖျား လက်ဖျားများသို့ သွေးရောက်တာနည်းခြင်းကြောင့် အနာဖြစ်ရင် အနာကျက်ရန်ခက်ခြင်း၊ ပိုးဝင်ခြင်း၊ ခြေထောက်ပုပ်သွားခြင်းများ ဖြစ်လာနိုင်ပါတယ်။ 
 
ဒါ့အပြင် အနာတခုဖြစ်လာပါကလည်း သွေးတွင်းသကြားဓါတ်များခြင်း၊ သွေးလှည့်ပတ်မှုမကောင်းခြင်း၊ ကိုယ်ခံအားစနစ်ကျဆင်းခြင်းကြောင့် ပိုးဝင်လွယ်ခြင်း တို့ကြောင့် အနာကျက်ရန် ခက်ခဲပါတယ်။
 
 
ဘယ်လို တွေ့ရမလဲ?
 
များသောအားဖြင့် အသားမာတက်နေသောနေရာ အရေပြားတွင်တွေ့ရတတ်ပြီး ထိုမှတဆင့် အနာ (punch out ulcer) ဖြစ်ကာ ပိုးဝင်ခြင်း ခြေထောက်သွေးမလျှောက်ခြင်းတို့ကြောင့် ပြည်တည်ခြင်း၊ ဘေးပတ်လည် တစ်ရှုးများပါ ရောင်ရမ်းခြင်း၊ အရိုးထိ ပျံနှံ့ ပြည်တည်ခြင်း၊  ခြေထောက်ပုပ်ခြင်း၊ ဖြတ်ပစ်ရခြင်း၊ သွေးဆိပ်တက်ခြင်း စသည်တို့ဖြစ်နိုင်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။
 
ထို့အပြင် အာရုံကြောထိခိုက်ခြင်း (neuropathy) ကြောင့် ခြေထောက်မှာရှိတဲ့ အရိုးနဲ့ အဆစ်လေးတွေ ရောင်ရမ်းခြင်း၊ အဆစ်လွဲခြင်း ကြောင့် deformity ခြေထောက်ပုံပျက်ခြင်းလည်း ဖြစ်လေ့ရှိပါတယ်။ ဒါကိုတော့ Charcot neuropathy လို့ခေါ်ပါတယ်။ အခြားသော အာရုံကြောထိခိုက်စေတဲ့ ရောဂါတွေမှာလည်း ရတတ်ပေမယ့် ဆီးချိုရောဂါကြောင့် တွေ့ရအများဆုံးဖြစ်ပါတယ်။ 
 
ဒါကြောင့် ဆီးချိုရောဂါရှင်တွေဟာ မိမိခြေထောက်မှာ အနာမဖြစ်အောင် သေချာဂရုစိုက်သင့်သလို ဖြစ်လာပါကလည်း အမြန်ဆုံးကုသမှုခံယူဖို့လိုမှာပါ။ 
 
မိမိခြေထောက်ကို အနာမဖြစ်အောင်ဘယ်လိုဂရုတစိုက်နေမလဲ?
 
- သွေးတွင်းသကြားဓါတ်မများအောင် သတ်မှတ်ထားသော ပမာဏအတွင်းရှိအောင် ထိန်းညှိပါ
-မိမိခြေထောက်ကို ထိခိုက်ဒဏ်ရာရမိတာ ရှိ မရှိနေ့စဉ်စစ်ဆေးပေးပါ
-ခြေထောက်ကို ရေနွေးနွေးနှင့် နေ့စဉ်ဆေးကြောပေးပါ
-ခြေသည်း လက်သည်း မှန်မှန်ညှပ်ပါ
-ဖိနပ်မပါဘဲ ခြေဗလာနှင့်သွားခြင်းကို ရှောင်ကြဉ်ပါ
-ဖိနပ်မစီးခင် ဖိနပ်အတွင်း ကျောက်ခဲ အခြား ပစ္စည်းတခုခု ဝင်နေ မနေ စစ်ဆေးပါ
-ကြပ်လွန်းသော ဖိနပ်များ မစီးသင့်ပါ
-အရည်ကြည်ဖုများရှိပါက မိမိဘာသာ မဖောက်ပစ်ပါနှင့်
-ခြေထောက် ထုံခြင်း ကျဉ်ခြင်းများရှိပါက တနှစ်တကြိမ် ဆရာဝန်နှင့် ပြသ စစ်ဆေးပါ
-ခြေထောက်အနာ ထပ်မဖြစ်အောင် ခြေထောက်ပုံပျက်ခြင်း (Charcot neuropathy) ကာကွယ်သည့်အနေဖြင့် လိုအပ်လျှင် ဆီးချိုသမားများအတွက် သီးသန့်ထုတ်ထားသော ဖိနပ်များဖြင့် ကာကွယ်ပါ
 
ခြေထောက်ပွန်းပဲ့ ဒဏ်ရာရပါကလည်း-
- ရေနဲ့ သန်စင်အောင်ဆေးကြောပါ
-ပြောင်အောင်သုတ်ပီး အနာလိမ်းဆေးရည်နဲ့ ဆေးပါ
-အနာကို ဖုံမဝင်အောင် သေချာဖုံးအုပ်ပြီး ဆရာဝန်နှင့်ပြသပါ
-အနာဘယ်လောက်သေးသေး မပေါ့ဆဘဲ သေချာဂရုစိုက်ဖို့လိုပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။ ။
 
ဇီဝက ( ဆေး -၁ )
 
(  Zawgyi  )
 
 ကမာၻတစ္ဝန္းမွာ ဆီးခ်ိဳ ေသြးခ်ိဳ ျဖစ္ပြားသူ အေရအတြက္ဟာ ႏွစ္စဥ္တိုးပြားလ်က္ရွိသည္။ အဝလြန္ျခင္း၊ ကိုယ္လက္လႈပ္ရွားမႈနည္းျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း စတဲ့ စားေသာက္ေနထိုင္မႈပုံစံေတြက အမ်ိဳးအစား ၂ ဆီးခ်ိဳ ကိုပိုျဖစ္ေစပါတယ္။ ဆီးခ်ိဳ ေရာဂါသည္ေတြက sugar control (တနည္းအားျဖင့္ သၾကားဓါတ္ အတက္အက် ထိန္းညႇိဖို႔) ရဖို႔ ဆရာဝန္ၫႊန္ၾကားတဲ့ ဆီးခ်ိဳထိန္းေဆးေတြ မွန္မွန္မွီဝဲဖို႔ လိုသလို မွ်တတဲ့ စားေသာက္မႈပုံစံ (diet)၊ ကိုယ္လက္လႈပ္ရွားမႈေတြ လုပ္ျခင္းကလည္း အေရးႀကီးပါတယ္။ ဆီးခ်ိဳမထိန္းႏိုင္ရင္ေတာ့ အခ်ိန္ၾကာလာရင္ ဆီးခ်ိဳရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ခံစားရပီး သက္တမ္းတိုႏိုင္ပါတယ္။ ဒီအပတ္မွာေတာ့ ဆီးခ်ိဳေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြထဲက ဆီးခ်ိဳေၾကာင့္ျဖစ္တဲ့ ေျခေထာက္အနာ (Diabetes foot) အေၾကာင္းေဖာ္ျပေပးမွာပါ။
 
ဆီးခ်ိဳသမားေတြဟာ ဘာေၾကာင့္ ေျခေထာက္မွာ အနာျဖစ္လြယ္ၾကတာလဲ?
 
 
(၁)ေျခေထာက္ရွိ အာ႐ုံေၾကာမ်ားထိခိုက္ျခင္း (peripheral neuropathy)
 
ဆီးခ်ိဳေရာဂါ အခ်ိန္ၾကာလာတဲ့အခါ ေကာင္းေကာင္း control မရတဲ့အခါ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ အာ႐ုံေၾကာေတြ ထိျခင္းေၾကာင့္ ထုံျခင္း၊ က်င္ျခင္း၊ အာ႐ုံခံစားမႈမသိျခင္းတို႔ ျဖစ္လာပါတယ္။ အထူးသျဖင့္ ေျခေထာက္၊ လက္ေတြမွာ ေျခအိတ္၊ လက္အိတ္စြပ္ထားသကဲ့သို႔ (Glove and stocking distribution) အတိုင္း ထုံက်င္ျခင္း ျဖစ္ေလ့ရွိပါတယ္။ ေျခ၊ လက္မ်ားထုံက်င္ျခင္းေၾကာင့္ ေနာက္ဆက္တြဲအေနျဖင့္ ျပင္ပမွ ထိခိုက္ဒဏ္ရာရျခင္းကို မသိျခင္း (ဥပမါ-သံစူးျခင္း၊ ပူတဲ့ အရာဝတၳဳကို ခံစားမႈမသိျခင္းေၾကာင့္ ထိေတြ႕မိျခင္း) ေၾကာင့္ အနာပိုျဖစ္လြယ္ပါတယ္။ အထူးသျဖင့္ ေျခဖဝါးလို ေနရာမ်ိဳးမွာ ပိုျဖစ္ေလ့ရွိပါတယ္။ အနာျဖစ္ရာကတဆင့္ အနာက်က္မလြယ္ျခင္း၊ ပိုးဝင္ျခင္းတို႔ေၾကာင့္ ေျခလက္ ပုပ္လာျခင္း၊ ျဖတ္ပစ္ရျခင္းအထိ ျဖစ္ႏိုင္ပါတယ္။
 
(၂)ေျခေထာက္သို႔သြားေသာ ေသြးေၾကာမ်ား က်ဥ္းျခင္း၊ ပိတ္ျခင္း
ေျခဖ်ား လက္ဖ်ားမ်ားသို႔ ေသြးေရာက္တာနည္းျခင္းေၾကာင့္ အနာျဖစ္ရင္ အနာက်က္ရန္ခက္ျခင္း၊ ပိုးဝင္ျခင္း၊ ေျခေထာက္ပုပ္သြားျခင္းမ်ား ျဖစ္လာႏိုင္ပါတယ္။ 
 
ဒါ့အျပင္ အနာတခုျဖစ္လာပါကလည္း ေသြးတြင္းသၾကားဓါတ္မ်ားျခင္း၊ ေသြးလွည့္ပတ္မႈမေကာင္းျခင္း၊ ကိုယ္ခံအားစနစ္က်ဆင္းျခင္းေၾကာင့္ ပိုးဝင္လြယ္ျခင္း တို႔ေၾကာင့္ အနာက်က္ရန္ ခက္ခဲပါတယ္။
 
 
ဘယ္လို ေတြ႕ရမလဲ?
 
မ်ားေသာအားျဖင့္ အသားမာတက္ေနေသာေနရာ အေရျပားတြင္ေတြ႕ရတတ္ၿပီး ထိုမွတဆင့္ အနာ (punch out ulcer) ျဖစ္ကာ ပိုးဝင္ျခင္း ေျခေထာက္ေသြးမေလွ်ာက္ျခင္းတို႔ေၾကာင့္ ျပည္တည္ျခင္း၊ ေဘးပတ္လည္ တစ္ရႈးမ်ားပါ ေရာင္ရမ္းျခင္း၊ အ႐ိုးထိ ပ်ံႏွံ႔ ျပည္တည္ျခင္း၊  ေျခေထာက္ပုပ္ျခင္း၊ ျဖတ္ပစ္ရျခင္း၊ ေသြးဆိပ္တက္ျခင္း စသည္တို႔ျဖစ္ႏိုင္ကာ အသက္ဆုံးရႈံးသည္အထိ ျဖစ္ႏိုင္ပါသည္။
 
ထို႔အျပင္ အာ႐ုံေၾကာထိခိုက္ျခင္း (neuropathy) ေၾကာင့္ ေျခေထာက္မွာရွိတဲ့ အ႐ိုးနဲ႔ အဆစ္ေလးေတြ ေရာင္ရမ္းျခင္း၊ အဆစ္လြဲျခင္း ေၾကာင့္ deformity ေျခေထာက္ပုံပ်က္ျခင္းလည္း ျဖစ္ေလ့ရွိပါတယ္။ ဒါကိုေတာ့ Charcot neuropathy လို႔ေခၚပါတယ္။ အျခားေသာ အာ႐ုံေၾကာထိခိုက္ေစတဲ့ ေရာဂါေတြမွာလည္း ရတတ္ေပမယ့္ ဆီးခ်ိဳေရာဂါေၾကာင့္ ေတြ႕ရအမ်ားဆုံးျဖစ္ပါတယ္။ 
 
ဒါေၾကာင့္ ဆီးခ်ိဳေရာဂါရွင္ေတြဟာ မိမိေျခေထာက္မွာ အနာမျဖစ္ေအာင္ ေသခ်ာဂ႐ုစိုက္သင့္သလို ျဖစ္လာပါကလည္း အျမန္ဆုံးကုသမႈခံယူဖို႔လိုမွာပါ။ 
 
မိမိေျခေထာက္ကို အနာမျဖစ္ေအာင္ဘယ္လိုဂ႐ုတစိုက္ေနမလဲ?
 
- ေသြးတြင္းသၾကားဓါတ္မမ်ားေအာင္ သတ္မွတ္ထားေသာ ပမာဏအတြင္းရွိေအာင္ ထိန္းညႇိပါ
-မိမိေျခေထာက္ကို ထိခိုက္ဒဏ္ရာရမိတာ ရွိ မရွိေန႔စဥ္စစ္ေဆးေပးပါ
-ေျခေထာက္ကို ေရေႏြးေႏြးႏွင့္ ေန႔စဥ္ေဆးေၾကာေပးပါ
-ေျခသည္း လက္သည္း မွန္မွန္ညႇပ္ပါ
-ဖိနပ္မပါဘဲ ေျခဗလာႏွင့္သြားျခင္းကို ေရွာင္ၾကဥ္ပါ
-ဖိနပ္မစီးခင္ ဖိနပ္အတြင္း ေက်ာက္ခဲ အျခား ပစၥည္းတခုခု ဝင္ေန မေန စစ္ေဆးပါ
-ၾကပ္လြန္းေသာ ဖိနပ္မ်ား မစီးသင့္ပါ
-အရည္ၾကည္ဖုမ်ားရွိပါက မိမိဘာသာ မေဖာက္ပစ္ပါႏွင့္
-ေျခေထာက္ ထုံျခင္း က်ဥ္ျခင္းမ်ားရွိပါက တႏွစ္တႀကိမ္ ဆရာဝန္ႏွင့္ ျပသ စစ္ေဆးပါ
-ေျခေထာက္အနာ ထပ္မျဖစ္ေအာင္ ေျခေထာက္ပုံပ်က္ျခင္း (Charcot neuropathy) ကာကြယ္သည့္အေနျဖင့္ လိုအပ္လွ်င္ ဆီးခ်ိဳသမားမ်ားအတြက္ သီးသန႔္ထုတ္ထားေသာ ဖိနပ္မ်ားျဖင့္ ကာကြယ္ပါ
 
ေျခေထာက္ပြန္းပဲ့ ဒဏ္ရာရပါကလည္း-
- ေရနဲ႔ သန္စင္ေအာင္ေဆးေၾကာပါ
-ေျပာင္ေအာင္သုတ္ပီး အနာလိမ္းေဆးရည္နဲ႔ ေဆးပါ
-အနာကို ဖုံမဝင္ေအာင္ ေသခ်ာဖုံးအုပ္ၿပီး ဆရာဝန္ႏွင့္ျပသပါ
-အနာဘယ္ေလာက္ေသးေသး မေပါ့ဆဘဲ ေသခ်ာဂ႐ုစိုက္ဖို႔လိုပါတယ္။
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
 
 
ဇီဝက ( ေဆး -၁ )