【 အလှအပနှင့်ကျန်းမာရေး 】ကြိုတင်ကာကွယ် အပူဒဏ် အန္တရာယ်အကြောင်း သိကောင်း စရာ

【  အလှအပနှင့်ကျန်းမာရေး 】ကြိုတင်ကာကွယ် အပူဒဏ် အန္တရာယ်အကြောင်း သိကောင်း စရာ

ဒီတလော အပြင်မထွက်ရဲလောက်အောင် အပူချိန်မြင့်တက်နေတာ အားလုံးသတိထားမိကြမှာ ပါ။ ဒီအချိန် နေပူထဲ သွားလာလှုပ်ရှားရင်း ရုတ်တရက် သတိလစ် မေ့လဲတာမျိုး ရုတ်တရက် အသက်ဆုံးရှုံးသည်အထိ ဖြစ်တာမျိုး ကြားလာရပါတယ်။ ဒီလိုဖြစ်တာက အပူရှိန် လွန်ကဲမှု ကြောင့် သတိလစ်မေ့မြောခြင်း (heat stroke) ဖြစ်တာပါ။

အပူဒဏ်ကြောင့် အထူးသတိပြုရမယ့် အခြေအနေတွေကတော့ -
-အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
-သတိလစ်မေ့မျောပြီး အပူရှပ်ခြင်း (Heat Stroke) တို့ဖြစ်ပါတယ်။

အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) လက္ခဏာတွေကတော့-
-ဂနာမငြိမ်ခြင်း
-ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း
-ကြွက်တက်ခြင်း နှင့် နုံးချိပျော့ခွေခြင်း
-အလွန်အမင်းရေဆာခြင်း
-ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်း တို့ဖြစ်ပီး Heat Exhaustion အဆင့်ဟာ Heat Stroke ဆိုတဲ့ အပူရှပ်ခြင်းနဲ့သွေးကြောများပေါက်ခြင်းတွေ ဆက်ဖြစ်ဖို့အတွက် ရှေ့ပြေးအဆင့်ဖြစ်ပါတယ်။  ဒါကြောင့် အထူးသတိပြုဖို့လိုပါတယ်။

Heat Stroke အပူရှပ်ခြင်း လက္ခဏာတွေကတော့-
-ခန္ဓာကိုယ် အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း
-အရေပြားပူ၍ ခြောက်သွေ့ခြင်း၊ ချွေးခန်းခြောက်ခြင်း
-ကယောင်ကတမ်းဖြစ်ခြင်း
-သတိလစ်ခြင်း၊ တက်ခြင်း တို့ဖြစ်ပီး ပြင်းထန်တဲ့အပူဒဏ်က အရေပြားလွှာကနေတဆင့် သွေးကြောများထဲသို့ရောက်ကာ အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်တွေ ရုတ်တရက် ဖြစ်တာကို မခံနိုင်လို့ သွေးကြောတွေအက်ကွဲတာ၊ ပြတ်ထွက်တာမျိုးတွေဖြစ်ပါတယ်။

ဒါကြောင့် Heat Stroke အဆင့်မှာ ရုတ်တရက်ဦးနှောက်သွေးကြော၊ အူတွင်းသွေးကြော စတာ တွေ ပေါက်ထွက်ပြီး ကုသမှုအချိန်မီမရရှိရင် အသက်ဆုံးရှုံးစေပါတယ်။ ဒါကြောင့် Heat Stroke လူနာကို မည်သည့်ဆေး၊ အရည်မျှမတိုက်ကျွေးနေဘဲ နီးစပ်ရာဆေးရုံကိုသာ အမြန်ဆုံးပို့ဆောင် ပေးရပါမယ်။

ဒီလို အန္တရာယ်ကြီးလှတဲ့ အပူဒဏ် အန္တရာယ်ကို ကာကွယ်ဖို့ ဒီအချက်တွေ လိုက်နာဖို့ လိုပါတယ်။
-အရိပ်ရ၍ အေးမြသောနေရာတွင်သာနေပါ။
-မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
-နေ့ခင်းနေ့လည် အပြင်သွားပါက ထီး၊ ဦးထုပ် ဆောင်းပါ နေကာမျက်မှန် တပ်ဆင်ပါ။
-ရေများများသောက်ပါ။

ခုဖော်ပြမယ့် အချက်တွေကိုတော့ ရှောင်ကြဉ်ဖို့လိုပါတယ်-
-နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
-ပူပြင်းသည့် နေရောင်အောက်တွင် အလုပ်လုပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
-နေပူထဲမှ ပြန်လာပီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ။
-ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသော အခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသော အခန်းနှင့်ကားအတွင်းမှ ပူပြင်းသော နေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းကို ရှောင်ကြဉ်ပါ။
-အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပါ။

ဒီလူတွေမှာ ဖြစ်ရင် အသက်အန္တရာယ်ပိုရှိနိုင်တာကြောင့် အပူဒဏ်အန္တရာယ်ကို အထူးသတိပြု သင့်တဲ့ သူတွေကတော့-
-သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ
-နာတာရှည်ရောဂါရှိသူများ ( ဆီးချို၊ နှလုံး သွေးတိုးရောဂါ စိတ်ကျန်းမာရေးချို့ယွင်းသူများ)
-ကာယလုပ်သားများ၊ အားကစားသမားများ၊ အဝလွန်သူများ
-အရက်စွဲ၊ မူးယစ်ဆေးစွဲသူများ တို့ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 ဒီတေလာ အျပင္မထြက္ရဲေလာက္ေအာင္ အပူခ်ိန္ျမင့္တက္ေနတာ အားလုံးသတိထားမိၾကမွာ ပါ။ ဒီအခ်ိန္ ေနပူထဲ သြားလာလႈပ္ရွားရင္း ႐ုတ္တရက္ သတိလစ္ ေမ့လဲတာမ်ိဳး ႐ုတ္တရက္ အသက္ဆုံးရႈံးသည္အထိ ျဖစ္တာမ်ိဳး ၾကားလာရပါတယ္။ ဒီလိုျဖစ္တာက အပူရွိန္ လြန္ကဲမႈ ေၾကာင့္ သတိလစ္ေမ့ေျမာျခင္း (heat stroke) ျဖစ္တာပါ။

အပူဒဏ္ေၾကာင့္ အထူးသတိျပဳရမယ့္ အေျခအေနေတြကေတာ့ -
-အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္း (Heat Exhaustion)
-သတိလစ္ေမ့ေမ်ာၿပီး အပူရွပ္ျခင္း (Heat Stroke) တို႔ျဖစ္ပါတယ္။

အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္း (Heat Exhaustion) လကၡဏာေတြကေတာ့-
-ဂနာမၿငိမ္ျခင္း
-ေခါင္းမူးေနာက္ျခင္း၊ ေခါင္းကိုက္ျခင္း
-ႂကြက္တက္ျခင္း ႏွင့္ ႏုံးခ်ိေပ်ာ့ေခြျခင္း
-အလြန္အမင္းေရဆာျခင္း
-ခႏၶာကိုယ္ အပူခ်ိန္ျမင့္တက္ျခင္း တို႔ျဖစ္ပီး Heat Exhaustion အဆင့္ဟာ Heat Stroke ဆိုတဲ့ အပူရွပ္ျခင္းနဲ႔ေသြးေၾကာမ်ားေပါက္ျခင္းေတြ ဆက္ျဖစ္ဖို႔အတြက္ ေရွ႕ေျပးအဆင့္ျဖစ္ပါတယ္။  ဒါေၾကာင့္ အထူးသတိျပဳဖို႔လိုပါတယ္။

Heat Stroke အပူရွပ္ျခင္း လကၡဏာေတြကေတာ့-
-ခႏၶာကိုယ္ အပူခ်ိန္ အလြန္အကြၽံျမင့္တက္လာျခင္း
-အေရျပားပူ၍ ေျခာက္ေသြ႕ျခင္း၊ ေခြၽးခန္းေျခာက္ျခင္း
-ကေယာင္ကတမ္းျဖစ္ျခင္း
-သတိလစ္ျခင္း၊ တက္ျခင္း တို႔ျဖစ္ပီး ျပင္းထန္တဲ့အပူဒဏ္က အေရျပားလႊာကေနတဆင့္ ေသြးေၾကာမ်ားထဲသို႔ေရာက္ကာ အပူအေအးဆန႔္က်င္ဘက္ျဖစ္စဥ္ေတြ ႐ုတ္တရက္ ျဖစ္တာကို မခံႏိုင္လို႔ ေသြးေၾကာေတြအက္ကြဲတာ၊ ျပတ္ထြက္တာမ်ိဳးေတြျဖစ္ပါတယ္။

ဒါေၾကာင့္ Heat Stroke အဆင့္မွာ ႐ုတ္တရက္ဦးေႏွာက္ေသြးေၾကာ၊ အူတြင္းေသြးေၾကာ စတာ ေတြ ေပါက္ထြက္ၿပီး ကုသမႈအခ်ိန္မီမရရွိရင္ အသက္ဆုံးရႈံးေစပါတယ္။ ဒါေၾကာင့္ Heat Stroke လူနာကို မည္သည့္ေဆး၊ အရည္မွ်မတိုက္ေကြၽးေနဘဲ နီးစပ္ရာေဆး႐ုံကိုသာ အျမန္ဆုံးပို႔ေဆာင္ ေပးရပါမယ္။

ဒီလို အႏၲရာယ္ႀကီးလွတဲ့ အပူဒဏ္ အႏၲရာယ္ကို ကာကြယ္ဖို႔ ဒီအခ်က္ေတြ လိုက္နာဖို႔ လိုပါတယ္။
-အရိပ္ရ၍ ေအးျမေသာေနရာတြင္သာေနပါ။
-မိမိအသားကို ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္မထိေတြ႕ေစရန္ လက္၊ လည္ပင္းႏွင့္ ပုခုံးတို႔ကိုပါ လုံၿခဳံေသာ အေရာင္ေဖ်ာ့သည့္ ပြပြေခ်ာင္ေခ်ာင္ ခ်ည္ထည္မ်ားကို ဝတ္ဆင္ပါ။
-ေန႔ခင္းေန႔လည္ အျပင္သြားပါက ထီး၊ ဦးထုပ္ ေဆာင္းပါ ေနကာမ်က္မွန္ တပ္ဆင္ပါ။
-ေရမ်ားမ်ားေသာက္ပါ။

ခုေဖာ္ျပမယ့္ အခ်က္ေတြကိုေတာ့ ေရွာင္ၾကဥ္ဖို႔လိုပါတယ္-
-နံနက္ ၁၀ နာရီမွ ညေန ၅ နာရီအတြင္း ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္ထိေတြ႕ျခင္းကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။
-ပူျပင္းသည့္ ေနေရာင္ေအာက္တြင္ အလုပ္လုပ္ျခင္း ႏွင့္ ကိုယ္လက္လႈပ္ရွားျပဳလုပ္ျခင္းကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။
-ေနပူထဲမွ ျပန္လာပီး ခ်က္ခ်င္းေရခ်ိဳးျခင္းကို ေရွာင္ၾကဥ္ပါ။
-ပူျပင္းေသာ ေနေရာင္ေအာက္မွ အလြန္ေအးေသာ အခန္းႏွင့္ ကားအတြင္းသို႔ ခ်က္ခ်င္းဝင္ေရာက္ျခင္း၊ အလြန္ေအးေသာ အခန္းႏွင့္ကားအတြင္းမွ ပူျပင္းေသာ ေနေရာင္ထဲသို႔ ခ်က္ခ်င္းထြက္ျခင္းကို ေရွာင္ၾကဥ္ပါ။
-အရက္ေသစာ ေသာက္စားျခင္းကို ေရွာင္ၾကဥ္ပါ။

ဒီလူေတြမွာ ျဖစ္ရင္ အသက္အႏၲရာယ္ပိုရွိႏိုင္တာေၾကာင့္ အပူဒဏ္အႏၲရာယ္ကို အထူးသတိျပဳ သင့္တဲ့ သူေတြကေတာ့-
-သက္ႀကီး႐ြယ္အိုမ်ား ႏွင့္ ကေလးသူငယ္မ်ား၊ ကိုယ္ဝန္ေဆာင္ ႏွင့္ ႏို႔တိုက္မိခင္မ်ား
-နာတာရွည္ေရာဂါရွိသူမ်ား ( ဆီးခ်ိဳ၊ ႏွလုံး ေသြးတိုးေရာဂါ စိတ္က်န္းမာေရးခ်ိဳ႕ယြင္းသူမ်ား)
-ကာယလုပ္သားမ်ား၊ အားကစားသမားမ်ား၊ အဝလြန္သူမ်ား
-အရက္စြဲ၊ မူးယစ္ေဆးစြဲသူမ်ား တို႔ျဖစ္ပါတယ္။
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး-၁ )