【 အလှအပနှင့်ကျန်းမာရေး 】ကူးစက်မြန် COVID 19 ဗိုင်းရပ်စ် မျိုးစိတ်အသစ်အကြောင်း တစေ့တစောင်း

【 အလှအပနှင့်ကျန်းမာရေး  】ကူးစက်မြန် COVID 19 ဗိုင်းရပ်စ် မျိုးစိတ်အသစ်အကြောင်း တစေ့တစောင်း

COVID 19 ဗိုင်းရပ်စ်ပိုးဟာ 2019 နှစ်ကုန်ပိုင်းကစလို့ ဝူဟန်မှာ အစပြုပီး တွေ့ရာကနေ ခုဆို တကမ္ဘာလုံး အနှံအပြား ဖြစ်နေတာပါ။ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် သေနှုန်း ကူးစက်နှုန်းမြင့် မားခဲ့တာ ကျွန်တော်တို့နိုင်ငံမှာတော့ COVID ပထမလှိုင်းကို ကောင်းကောင်းကျော်ဖြတ် နိုင်ခဲ့တယ်ပဲ ပြောရမှာပါ။

ဒါကြောင့် ကျွန်တော်တို့ရဲ့ COVID 19 အပေါ် သတိပြုမှု ကာကွယ်မှုတွေတောင် လျော့လာကြပါ တယ်။ လတ်တလော အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆယ်ဆ ကူးစက်မြန်တဲ့ COVID 19 မျိုး စိတ်အသစ်တခု စတင်ပျံ့နှံ့နေတာ ကြားမိကြမှာပါ။ ခုဆို မြန်မာနိုင်ငံမှာလည်း ပြည်ပ (India) ပြန် ပိုးကူးစက်သူတွေမှာ ဒီမျိုးစိတ်အသစ်ကူးစက်မှု တွေ့နေရပီလို့ သိရတဲ့အတွက် ဒီ new strain အကြောင်း ဖော်ပြပေးမှာပါ။

Virus က ဘယ်နေရာမှာ မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်တာလဲ?
COVID 19 ဗိုင်းရပ်စ်အကြောင်း အနည်းငယ် အကျဥ်းချုံ့ပြန်ပြောလိုပါတယ်...
-SARS CoV 2 ဗိုင်းရပ်စ်သည် အကာ (Envelope) ပါတဲ့ Single stranded RNA virus (beta coronavirus) ဖြစ်ပါတယ်။
-သူ့မှာ ပရိုတိန်း ၄ မျိုးပါဝင်တယ်-
(၁)Envelope 'E' protein
(၂)Spike 'S' protein
(၃)Membrane 'M' protein နဲ့
(၄)Nucleocapsid 'N' protein
- ဗိုင်းရပ်စ်ပုံလေးတွေမှာပါတဲ့ မျက်နှာပြင်မှာ မြုပ်နေတဲ့ အချွန် အတက်လေးတွေက Spike လို့ခေါ်တဲ့ S protein လေးတွေပါ (ဒီအချွန်လေးတွေက သရဖူပုံစံနဲ့ ဆင်တူလို့ Corona virus လို့အမည်တွင်တာပါ)
-ခု တွေ့ရတဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်း (mutation) ဖြစ်စဥ်က D614G mutation လို့ခေါ်ပြီး အပေါ်မှာပြောခဲ့တဲ့ Spike protein လေးတွေထုတ်တဲ့ gene အပိုင်းမှာ mutate ဖြစ်တာပါ။
-ဗိုင်းရပ်စ်မှာပါတဲ့ အတက်ပုံစံ spike proteins လေးတွေက host cell လို့ခေါ်တဲ့ ကျွန်တော်တို့ အသက်ရှုလမ်းကြောင်းက ဆဲလ်တွေမှာရှိတဲ့ receptor နဲ့ပေါင်းမယ် ပီးရင် အခွံ envelope လေးက host cell membrane နဲ့ပေါင်းသွားပီး ဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇ (genome) ကို ကျွန်တော် တို့ ခန္ဓာကိုယ်က ဆဲလ်ထဲကို ထည့်လိုက်တာပါ။

-SARs CoV2 ရဲ့ genome က single stranded RNA ဖြစ်ပြီး nucleotides ပေါင်း ၂သောင်း ကျော်ပါဝင်ကာ amino acid ပေါင်း 9860 ကို ထုတ်ပေးပါတယ်။
-ဒီ amino acid တွေ ထဲက spike protein ကို ထုတ်ပေးမယ့် genetic sequence နံပါတ် 614 နေရာမှာ D ဖြစ်ရမယ့်အစား G လို့ ပြောင်းလဲသွားတာပါ။ ဒါကြောင့် Aspartic acid အစား glycine amino acid ပြောင်းလဲသွားပါတယ်။ ဒီ amino acid နှစ်ခုက ဖွဲ့စည်းပုံမတူတာကြောင့် ကူးစက်နှုန်း ပိုများစေတာပါ။ တွေ့ရှိချက်အရ ဒီ မျိုးစိတ်သစ် G614 ကူးစက်ခံရတဲ့သူတွေရဲ့ အသက်ရှုလမ်းကြောင်းတလျှောက်မှာ ဗိုင်းရပ်စ်အကောင်ရေဟာ ယခင် မျိုးစိတ်အဟောင်းထက် ပိုများများရှိနေတတ်ပြီး လူတယောက်ကနေ တယောက် ပိုမြနိမြန် ကူးစက်နိုင်ပါတယ်။ ဆယ်ဆနီးပါး ကူးစက်နှုန်းမြင့်ပါတယ်။ ဒီတော့ စိုးရိမ်စရာပါ။

ကူးစက်နှုန်း​နှစ်ဆများသလို ဒီ ဗိုင်းရပ်စ် strain အသစ်က ရောဂါဖြစ်ရင်ရော ပိုဆိုးတတ်လား?
တွေ့ရှိချက်များအရ အလွယ်တကူ ကူးစက်ပေမယ့် ရောဂါဖြစ်ရင်တော့ ပိုမဆိုးတတ်ပါဘူးတဲ့။ ခန္ဓာကိုယ် ခုခံအားစနစ်ကလည်း အရင် strain အဟောင်းလိုပဲ တိုက်မှာပါ။

ကုသမှုပိုင်းမှာရော အနှောင့်အယှက်ရှိနိုင်လား?
ရောဂါကုသရာမှာသုံးတဲ့ ဆေးတွေဖြစ်တဲ့ Dexamethasone, remdesivir စတဲ့ဆေးတွေရဲ့ ထိရောက်မှုကိုလည်း အပြောင်းအလဲတော့ မဖြစ်စေဘူးလို့ တွေ့ထားတယ် ဆိုကြပါတယ်။

ကာကွယ်ဆေး vaccine ထုတ်ရာမှာရော အပြောင်းအလဲရှိနိုင်လား?
ဗိုင်းရပ်စ်မျိုးစိတ်တွေဟာ အမြဲနီးပါး မျိုးရိုးဗီဇပြောင်းလဲခြင်း ဖြစ်နေတာပါ။ ဒါကြောင့်ပဲ အသစ်ထွက်တဲ့ မျိုးစိတ်တွေအတွက် ကာကွယ်ဆေးအသစ်ရှာရမလား စိတ်ပူစရာပါ။ အတိအကျမပြောနိုင်သေးပေမယ့် ခု spike protein ပြောင်းလဲမှုက ဗိုင်းရပ်စ်ရဲ့ antigenic အပိုင်းကိုတော့ မပြောင်းလဲစေလို့ vaccine ထုတ်ရာမှာတော့ အနှောင့်အယှက်မဖြစ်ဘူးလို့ သိရလို့ ဝမ်းသာစရာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းကူးစက်မှုတွေလည်း ပြန်များလာပီ၊ မျိုးစိတ်အသစ်ကလည်း ဆယ်ဆ ကူစက်နှုန်းများတယ်ဆိုတော့ မပေါ့ကြဖို့နဲ့
-တတ်နိုင်သမျှ အိမ်မှာနေပါ
-အပြင်သွားဖို့လိုရင် mask နှာခေါင်းစည်း အမြဲတပ်ပါ
-လက်ကို စနစ်တကျဆေးပါ
-ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ
အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး-၁ )

 

(  Zawgyi  )

 

 COVID 19 ဗိုင္းရပ္စ္ပိုးဟာ 2019 ႏွစ္ကုန္ပိုင္းကစလို႔ ဝူဟန္မွာ အစျပဳပီး ေတြ႕ရာကေန ခုဆို တကမာၻလုံး အႏွံအျပား ျဖစ္ေနတာပါ။ ကမာၻ႔ႏိုင္ငံႀကီးေတြမွာေတာင္ ေသႏႈန္း ကူးစက္ႏႈန္းျမင့္ မားခဲ့တာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာေတာ့ COVID ပထမလႈိင္းကို ေကာင္းေကာင္းေက်ာ္ျဖတ္ ႏိုင္ခဲ့တယ္ပဲ ေျပာရမွာပါ။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ COVID 19 အေပၚ သတိျပဳမႈ ကာကြယ္မႈေတြေတာင္ ေလ်ာ့လာၾကပါ တယ္။ လတ္တေလာ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာ ဆယ္ဆ ကူးစက္ျမန္တဲ့ COVID 19 မ်ိဳး စိတ္အသစ္တခု စတင္ပ်ံ႕ႏွံ႔ေနတာ ၾကားမိၾကမွာပါ။ ခုဆို ျမန္မာႏိုင္ငံမွာလည္း ျပည္ပ (India) ျပန္ ပိုးကူးစက္သူေတြမွာ ဒီမ်ိဳးစိတ္အသစ္ကူးစက္မႈ ေတြ႕ေနရပီလို႔ သိရတဲ့အတြက္ ဒီ new strain အေၾကာင္း ေဖာ္ျပေပးမွာပါ။

Virus က ဘယ္ေနရာမွာ မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈျဖစ္တာလဲ?
COVID 19 ဗိုင္းရပ္စ္အေၾကာင္း အနည္းငယ္ အက်ဥ္းခ်ဳံ႕ျပန္ေျပာလိုပါတယ္...
-SARS CoV 2 ဗိုင္းရပ္စ္သည္ အကာ (Envelope) ပါတဲ့ Single stranded RNA virus (beta coronavirus) ျဖစ္ပါတယ္။
-သူ႔မွာ ပ႐ိုတိန္း ၄ မ်ိဳးပါဝင္တယ္-
(၁)Envelope 'E' protein
(၂)Spike 'S' protein
(၃)Membrane 'M' protein နဲ႔
(၄)Nucleocapsid 'N' protein
- ဗိုင္းရပ္စ္ပုံေလးေတြမွာပါတဲ့ မ်က္ႏွာျပင္မွာ ျမဳပ္ေနတဲ့ အခြၽန္ အတက္ေလးေတြက Spike လို႔ေခၚတဲ့ S protein ေလးေတြပါ (ဒီအခြၽန္ေလးေတြက သရဖူပုံစံနဲ႔ ဆင္တူလို႔ Corona virus လို႔အမည္တြင္တာပါ)
-ခု ေတြ႕ရတဲ့ မ်ိဳး႐ိုးဗီဇေျပာင္းလဲျခင္း (mutation) ျဖစ္စဥ္က D614G mutation လို႔ေခၚၿပီး အေပၚမွာေျပာခဲ့တဲ့ Spike protein ေလးေတြထုတ္တဲ့ gene အပိုင္းမွာ mutate ျဖစ္တာပါ။
-ဗိုင္းရပ္စ္မွာပါတဲ့ အတက္ပုံစံ spike proteins ေလးေတြက host cell လို႔ေခၚတဲ့ ကြၽန္ေတာ္တို႔ အသက္ရႈလမ္းေၾကာင္းက ဆဲလ္ေတြမွာရွိတဲ့ receptor နဲ႔ေပါင္းမယ္ ပီးရင္ အခြံ envelope ေလးက host cell membrane နဲ႔ေပါင္းသြားပီး ဗိုင္းရပ္စ္ရဲ႕ မ်ိဳး႐ိုးဗီဇ (genome) ကို ကြၽန္ေတာ္ တို႔ ခႏၶာကိုယ္က ဆဲလ္ထဲကို ထည့္လိုက္တာပါ။

-SARs CoV2 ရဲ႕ genome က single stranded RNA ျဖစ္ၿပီး nucleotides ေပါင္း ၂ေသာင္း ေက်ာ္ပါဝင္ကာ amino acid ေပါင္း 9860 ကို ထုတ္ေပးပါတယ္။
-ဒီ amino acid ေတြ ထဲက spike protein ကို ထုတ္ေပးမယ့္ genetic sequence နံပါတ္ 614 ေနရာမွာ D ျဖစ္ရမယ့္အစား G လို႔ ေျပာင္းလဲသြားတာပါ။ ဒါေၾကာင့္ Aspartic acid အစား glycine amino acid ေျပာင္းလဲသြားပါတယ္။ ဒီ amino acid ႏွစ္ခုက ဖြဲ႕စည္းပုံမတူတာေၾကာင့္ ကူးစက္ႏႈန္း ပိုမ်ားေစတာပါ။ ေတြ႕ရွိခ်က္အရ ဒီ မ်ိဳးစိတ္သစ္ G614 ကူးစက္ခံရတဲ့သူေတြရဲ႕ အသက္ရႈလမ္းေၾကာင္းတေလွ်ာက္မွာ ဗိုင္းရပ္စ္အေကာင္ေရဟာ ယခင္ မ်ိဳးစိတ္အေဟာင္းထက္ ပိုမ်ားမ်ားရွိေနတတ္ၿပီး လူတေယာက္ကေန တေယာက္ ပိုျမနိျမန္ ကူးစက္ႏိုင္ပါတယ္။ ဆယ္ဆနီးပါး ကူးစက္ႏႈန္းျမင့္ပါတယ္။ ဒီေတာ့ စိုးရိမ္စရာပါ။

ကူးစက္ႏႈန္း​ႏွစ္ဆမ်ားသလို ဒီ ဗိုင္းရပ္စ္ strain အသစ္က ေရာဂါျဖစ္ရင္ေရာ ပိုဆိုးတတ္လား?
ေတြ႕ရွိခ်က္မ်ားအရ အလြယ္တကူ ကူးစက္ေပမယ့္ ေရာဂါျဖစ္ရင္ေတာ့ ပိုမဆိုးတတ္ပါဘူးတဲ့။ ခႏၶာကိုယ္ ခုခံအားစနစ္ကလည္း အရင္ strain အေဟာင္းလိုပဲ တိုက္မွာပါ။

ကုသမႈပိုင္းမွာေရာ အေႏွာင့္အယွက္ရွိႏိုင္လား?
ေရာဂါကုသရာမွာသုံးတဲ့ ေဆးေတြျဖစ္တဲ့ Dexamethasone, remdesivir စတဲ့ေဆးေတြရဲ႕ ထိေရာက္မႈကိုလည္း အေျပာင္းအလဲေတာ့ မျဖစ္ေစဘူးလို႔ ေတြ႕ထားတယ္ ဆိုၾကပါတယ္။

ကာကြယ္ေဆး vaccine ထုတ္ရာမွာေရာ အေျပာင္းအလဲရွိႏိုင္လား?
ဗိုင္းရပ္စ္မ်ိဳးစိတ္ေတြဟာ အၿမဲနီးပါး မ်ိဳး႐ိုးဗီဇေျပာင္းလဲျခင္း ျဖစ္ေနတာပါ။ ဒါေၾကာင့္ပဲ အသစ္ထြက္တဲ့ မ်ိဳးစိတ္ေတြအတြက္ ကာကြယ္ေဆးအသစ္ရွာရမလား စိတ္ပူစရာပါ။ အတိအက်မေျပာႏိုင္ေသးေပမယ့္ ခု spike protein ေျပာင္းလဲမႈက ဗိုင္းရပ္စ္ရဲ႕ antigenic အပိုင္းကိုေတာ့ မေျပာင္းလဲေစလို႔ vaccine ထုတ္ရာမွာေတာ့ အေႏွာင့္အယွက္မျဖစ္ဘူးလို႔ သိရလို႔ ဝမ္းသာစရာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ ျပည္တြင္းကူးစက္မႈေတြလည္း ျပန္မ်ားလာပီ၊ မ်ိဳးစိတ္အသစ္ကလည္း ဆယ္ဆ ကူစက္ႏႈန္းမ်ားတယ္ဆိုေတာ့ မေပါ့ၾကဖို႔နဲ႔
-တတ္ႏိုင္သမွ် အိမ္မွာေနပါ
-အျပင္သြားဖို႔လိုရင္ mask ႏွာေခါင္းစည္း အၿမဲတပ္ပါ
-လက္ကို စနစ္တက်ေဆးပါ
-က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာပါ
အားလုံးပဲ က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး-၁ )