【 အနုပညာ 】သားအိမ်အဝရောင်ခြင်း (Endocervitis)

【  အနုပညာ  】သားအိမ်အဝရောင်ခြင်း (Endocervitis)

ဒီအပတ်မှာတော့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်အဝရောင်ခြင်း (Endocervitis) အကြောင်း ဖော်ပြမှာပါ။

Endocervicitis ဆိုတာ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်း သားအိမ်ရဲ့အဝ (Cervix) ရောင်ခြင်းကို ခေါ်တာပါ။ များသောအားဖြင့် လိင်မှတဆင့် ကူးစက်တတ်သော ပိုးများကြောင့် ဖြစ်တာများပေမယ့် အခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၁)ပိုးကြောင့်ဖြစ်သော သားအိမ်ဝရောင်ခြင်း
ဂနိုးရီးယား (Gonorrhoea), Chlamydia, ရေယုန်ပိုး (Herpes), Trichomonas စတဲ့ ပိုးတွေကြောင့် သားအိမ်ရောင်ခြင်းဖြစ်သည်။ လိင်ဆက်ဆံရာမှတဆင့် ကူးစက်သည်။

(၂)ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ခြင်း
မွေးလမ်းကြောင်း သန့်စင် ဆေးရည်တွေ၊ ရာသီလာစဥ်သုံးသော ပစ္စည်းများ၊ ကိုယ်ဝန်တားဖို့သုံးသော ဆေးများ ပစ္စည်းများ၊ အကာအကွယ် ကွန်ဒုံးမှာပါတဲ့ latex နဲ့ ဓါတ်မတည့်တဲ့ သူတွေမှာလည်း သားအိမ်ဝရောင်ခြင်း ဖြစ်နိုင်ပါတယ်။

(၃) မွေးလမ်းကြောင်းတလျှောက် သဘာဝအတိုင်းရှိနေတဲ့ normal flora လို့ခေါ်တဲ့ ဘက်တီးရီးယားလေးတွေ ပုံမှန်ထက်ပိုပေါက်ပွားတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ (Bacterial vaginitis)

ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်သလဲ?
-အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
-လိင်ဆက်ဆံဖော်များခြင်း
-အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံခြင်း
-အရင်က လိင်ကတဆင့် ကူးစက်တတ်သောရောဂါ (STD) ဖြစ်ဖူးခြင်း

ဘယ်လို လက္ခဏာတွေနဲ့ တွေ့ရမလဲ?
- မွေးလမ်းကြောင်းမှ အနံ့နံသောအရည်ဆင်းခြင်း
-ဆီးပူ ဆီးကျင်ခြင်း၊ ဆီးစပ်အောင့်ခြင်း
-လိင်ဆက်ဆံစဥ် နာကျင်ခြင်း
- ပုံမှန်ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
-လိင်ဆက်ဆံပြီးချိန်တွင် ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုမလဲ?
သက်ဆိုင်ရာ ဆရာဝန်မှ အောက်ပိုင်းစမ်းသပ်ခြင်း (Pelvic examination) ပြုလုပ်မယ်။ Speculum လို့ခေါ်တဲ့ ကိရိယာနဲ့ မွေးလမ်းကြောင်းတလျှောက်နဲ့ သားအိမ်အဝမှာ ရောင်ရမ်းတဲ့ လက္ခဏာရှိ မရှိ စစ်ဆေးမယ်။ ဒါ့အပြင် Pap smear လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာရှိ မရှိ ပါ စစ်ဆေးဖို့လိုမှာပါ။

ကုသခြင်း

များသောအားဖြင့် လိင်မှတဆင့် ကူးစစက်တဲ့ ပိုးတွေကြောင့် ဖြစ်တာမို့ ထိရောက်တဲ့ ပိုးသတ် ဆေးပေးရင် ပျောက်ကင်းနိုင်ပါတယ်။ ဂနိုးရီးယားကြောင့် ဖြစ်ရင်တော့ Cephalosporins အုပ်စုဖြစ်တဲ့ Ceftriazone ကို အသားဆေးပေးနိုင်တယ်။ Cephalosporin allergy ရှိရင်တော့ Ciprofloxacin or Azithromycin သောက်ဆေးပေးနိုင်တယ်။ Chlamydia ပိုးကြောင့် ဖြစ်ရင် တော့ Doxycycline သို့မဟုတ် Azithromycin သောက်ဆေးနဲ့ ကုနိုင်ပါတယ်။ ရေယုန်ပိုး အတွက်တော့ Acyclovir ပေးဖို့လိုပါလိမ့်မယ်။ Sexual partner (လိင်ဆက်ဆံဖော်) ကိုလည်း ကုဖို့လိုပါတယ်။ ပိုးသတ်ဆေးသောက်နေစဥ် လိင်ဆက်ဆံခြင်း ရှောင်ရမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။
သန္ဓေတားဆေးတွေ ပစ္စည်းတွေ ကွန်ဒုံးနဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေနဲ့ ဓါတ်မတည့်တာ အတွက်တော့ ပိုးသတ်ဆေးပေးဖို့မလိုပါဘူး။ ဓါတ်မတည့်တာတွေ ရှောင်လိုက်ရင် သက်သာ သွားမှာပါ။

မကုရင် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ?

သားအိမ်ဝရောင်ရာကနေ ပိုးက သားအိမ်တွင်းထိရောက်ပြီး အဲ့ကတဆင့် PID လို့ခေါ်တဲ့ တင်ပဆုံတွင်း အဂေါ်တွေရောင်ခြင်းဖြစ်နိုင်တယ်။ ကလေးရဖို့ ခက်ခဲခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ?

လိင်ဆက်ဆံတိုင်း အကာအကွယ် ကွန်ဒုံးသုံးခြင်းဖြင့် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါ တွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး- ၁ )

(  Zawgyi  )

 ဒီအပတ္မွာေတာ့ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ သားအိမ္အဝေရာင္ျခင္း (Endocervitis) အေၾကာင္း ေဖာ္ျပမွာပါ။

Endocervicitis ဆိုတာ အမ်ိဳးသမီးေတြရဲ႕ ေမြးလမ္းေၾကာင္း သားအိမ္ရဲ႕အဝ (Cervix) ေရာင္ျခင္းကို ေခၚတာပါ။ မ်ားေသာအားျဖင့္ လိင္မွတဆင့္ ကူးစက္တတ္ေသာ ပိုးမ်ားေၾကာင့္ ျဖစ္တာမ်ားေပမယ့္ အျခားအေၾကာင္းေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

(၁)ပိုးေၾကာင့္ျဖစ္ေသာ သားအိမ္ဝေရာင္ျခင္း
ဂႏိုးရီးယား (Gonorrhoea), Chlamydia, ေရယုန္ပိုး (Herpes), Trichomonas စတဲ့ ပိုးေတြေၾကာင့္ သားအိမ္ေရာင္ျခင္းျဖစ္သည္။ လိင္ဆက္ဆံရာမွတဆင့္ ကူးစက္သည္။

(၂)ဓါတ္မတည့္ျခင္းေၾကာင့္ျဖစ္ျခင္း
ေမြးလမ္းေၾကာင္း သန္႔စင္ ေဆးရည္ေတြ၊ ရာသီလာစဥ္သုံးေသာ ပစၥည္းမ်ား၊ ကိုယ္ဝန္တားဖို႔သုံးေသာ ေဆးမ်ား ပစၥည္းမ်ား၊ အကာအကြယ္ ကြန္ဒုံးမွာပါတဲ့ latex နဲ႔ ဓါတ္မတည့္တဲ့ သူေတြမွာလည္း သားအိမ္ဝေရာင္ျခင္း ျဖစ္ႏိုင္ပါတယ္။

(၃) ေမြးလမ္းေၾကာင္းတေလွ်ာက္ သဘာဝအတိုင္းရွိေနတဲ့ normal flora လို႔ေခၚတဲ့ ဘက္တီးရီးယားေလးေတြ ပုံမွန္ထက္ပိုေပါက္ပြားတဲ့အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။ (Bacterial vaginitis)

ဘယ္လိုလူေတြမွာ ပိုျဖစ္တတ္သလဲ?
-အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္း
-လိင္ဆက္ဆံေဖာ္မ်ားျခင္း
-အသက္ငယ္ငယ္နဲ႔ လိင္ဆက္ဆံျခင္း
-အရင္က လိင္ကတဆင့္ ကူးစက္တတ္ေသာေရာဂါ (STD) ျဖစ္ဖူးျခင္း

ဘယ္လို လကၡဏာေတြနဲ႔ ေတြ႕ရမလဲ?
- ေမြးလမ္းေၾကာင္းမွ အနံ႔နံေသာအရည္ဆင္းျခင္း
-ဆီးပူ ဆီးက်င္ျခင္း၊ ဆီးစပ္ေအာင့္ျခင္း
-လိင္ဆက္ဆံစဥ္ နာက်င္ျခင္း
- ပုံမွန္ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းျခင္း
-လိင္ဆက္ဆံၿပီးခ်ိန္တြင္ ပုံမွန္မဟုတ္ဘဲ ေသြးဆင္းျခင္း

ဘယ္လိုစမ္းသပ္စစ္ေဆးမႈေတြ လုပ္ဖို႔လိုမလဲ?
သက္ဆိုင္ရာ ဆရာဝန္မွ ေအာက္ပိုင္းစမ္းသပ္ျခင္း (Pelvic examination) ျပဳလုပ္မယ္။ Speculum လို႔ေခၚတဲ့ ကိရိယာနဲ႔ ေမြးလမ္းေၾကာင္းတေလွ်ာက္နဲ႔ သားအိမ္အဝမွာ ေရာင္ရမ္းတဲ့ လကၡဏာရွိ မရွိ စစ္ေဆးမယ္။ ဒါ့အျပင္ Pap smear လို႔ေခၚတဲ့ သားအိမ္ေခါင္းကင္ဆာရွိ မရွိ ပါ စစ္ေဆးဖို႔လိုမွာပါ။

ကုသျခင္း

မ်ားေသာအားျဖင့္ လိင္မွတဆင့္ ကူးစစက္တဲ့ ပိုးေတြေၾကာင့္ ျဖစ္တာမို႔ ထိေရာက္တဲ့ ပိုးသတ္ ေဆးေပးရင္ ေပ်ာက္ကင္းႏိုင္ပါတယ္။ ဂႏိုးရီးယားေၾကာင့္ ျဖစ္ရင္ေတာ့ Cephalosporins အုပ္စုျဖစ္တဲ့ Ceftriazone ကို အသားေဆးေပးႏိုင္တယ္။ Cephalosporin allergy ရွိရင္ေတာ့ Ciprofloxacin or Azithromycin ေသာက္ေဆးေပးႏိုင္တယ္။ Chlamydia ပိုးေၾကာင့္ ျဖစ္ရင္ ေတာ့ Doxycycline သို႔မဟုတ္ Azithromycin ေသာက္ေဆးနဲ႔ ကုႏိုင္ပါတယ္။ ေရယုန္ပိုး အတြက္ေတာ့ Acyclovir ေပးဖို႔လိုပါလိမ့္မယ္။ Sexual partner (လိင္ဆက္ဆံေဖာ္) ကိုလည္း ကုဖို႔လိုပါတယ္။ ပိုးသတ္ေဆးေသာက္ေနစဥ္ လိင္ဆက္ဆံျခင္း ေရွာင္ရမွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
သေႏၶတားေဆးေတြ ပစၥည္းေတြ ကြန္ဒုံးနဲ႔ မိန္းမကိုယ္ သန္႔စင္ေဆးရည္ေတြနဲ႔ ဓါတ္မတည့္တာ အတြက္ေတာ့ ပိုးသတ္ေဆးေပးဖို႔မလိုပါဘူး။ ဓါတ္မတည့္တာေတြ ေရွာင္လိုက္ရင္ သက္သာ သြားမွာပါ။

မကုရင္ ေနာက္ဆက္တြဲ ဘာျဖစ္ႏိုင္လဲ?

သားအိမ္ဝေရာင္ရာကေန ပိုးက သားအိမ္တြင္းထိေရာက္ၿပီး အဲ့ကတဆင့္ PID လို႔ေခၚတဲ့ တင္ပဆုံတြင္း အေဂၚေတြေရာင္ျခင္းျဖစ္ႏိုင္တယ္။ ကေလးရဖို႔ ခက္ခဲျခင္း၊ ကိုယ္ဝန္ပ်က္က်ျခင္း၊ သားအိမ္ျပင္ပ သေႏၶတည္ျခင္း စတာေတြ ျဖစ္ႏိုင္ပါတယ္။

မျဖစ္ေအာင္ ဘယ္လို ကာကြယ္မလဲ?

လိင္ဆက္ဆံတိုင္း အကာအကြယ္ ကြန္ဒုံးသုံးျခင္းျဖင့္ လိင္မွတဆင့္ကူးစက္တတ္ေသာ ေရာဂါ ေတြကို ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္ပါတယ္။
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး- ၁ )