【အလှအပနှင့်ကျန်းမာရေး】Placenta Previa ခေါ် အချင်းရှေ့ရောက်ခြင်းအကြောင်းသိကောင်းစရာ

【အလှအပနှင့်ကျန်းမာရေး】Placenta Previa ခေါ် အချင်းရှေ့ရောက်ခြင်းအကြောင်းသိကောင်းစရာ

ဒီအပတ်တော့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တွေ့ရတတ်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ placenta previa လို့ခေါ်တဲ့ အချင်းရှေ့ ရောက်ခြင်းအကြောင်း ဖော်ပြမှာပါ။

အချင်း (Placenta) ဆိုတာ ကိုယ်ဝန်ဆောင်ချိန်တောက်လျှောက် fetus လို့ခေါ်တဲ့ ကလေးလေးနဲ့အတူ မိခင်ရဲ့ သားအိမ်ထဲမှာရှိနေပြီး ကလေးလေးအတွက် လိုအပ်တဲ့ အောက်ဆီဂျင် နဲ့ အာဟာရဓါတ်တွေကို ဖြည့်ဆည်းပေးပြီး ကလေးဆီက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။အချင်း placenta နဲ့ ကလေးလေးကို umbilical cord လို့ခေါ်တဲ့ ချက်ကြိုးနဲ့ ဆက်သွယ်ပေးထားတာပါ။ အချင်းဟာ ပုံမှန်အားဖြင့် သားအိမ်ရဲ့ ထိပ်ပိုင်း ဒါမှမဟုတ် ဘေးဘက်မှာသာ တွယ်ကပ်တည်ရှိနေတာပါ။
Placenta previa လို့ခေါ်တဲ့ အချင်းရှေ့ရောက်တယ်ဆိုတဲ့ အခြေအနေမှာတော့ အချင်းဟာ  lower segment လို့ခေါ်တဲ့ သားအိမ်ရဲ့ အောက်ခြေပိုင်း မှာရှိနေရင်ခေါ်တာပါ။
 
အမျိုးအစားများ
1. Major placenta previa - အချင်းဟာ သားအိမ်အောက်ခြေပိုင်းမှာရှိနေတဲ့အပြင် internal cervical os လို့ခေါ်တဲ့ ကလေးထွက်မယ့် လမ်းကြောင်းဖြစ်တဲ့ သားအိမ်အဝကို ပါ ဖုံးပြီး တည်ရှိနေခြင်း နှင့်
2.Minor placenta previa - သားအိမ်အောက်ခြေပိုင်းမှာ ရှိပေမယ့် သားအိမ်အဝကိုတော့ ဖုံးအုပ်မနေခြင်း 
 
ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ?
၁)အသက်ကြီးတဲ့ မိခင်တွေ
၂)ကလေးအများကြီးမွေးထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ 
၃)အရင်က Caesearean section လို့ခေါ်တဲ့ ဗိုက်ခွဲကလေးမွေးထားတဲ့သူတွေ (ခွဲထားတဲ့ သားအိမ်အနာရွတ်နေရာမှာ အချင်းလာသွယ်ခြင်း)
၄)အကြောင်းအမျိုးမျိုးကြောင့်သားအိမ်ကို ခွဲစိတ်ထားဖူးတဲ့သူတွေ (ဥပမာ- သားအိမ်အလုံးခွဲခြင်း)မှာပိုဖြစ်တတ်ပါတယ်။  
 
တွေ့ရမယ့် လက္ခဏာတွေကတော့ -
-Third trimester လို့ခေါ်တဲ့ ကိုယ်ဝန် ၂၈ ပတ် နောက်ပိုင်းမှာ ဗိုက်မနာဘဲ သွေးဆင်းတာနဲ့ တွေ့ရနိုင်ပါတယ်။ (ဘာကြောင့် လဲဆိုတော့ ကိုယ်ဝန်၂၈ ပတ်နောက်ပိုင်း သားအိမ်အောက်ခြေ ဖွံဖြိုးလာတဲ့အခါ
အချင်းကွာတာဖြစ်လို့ပါ။)အာထရာဆောင်း ရိုက်ကြည့်ရင်တော့ အချင်းက ပုံမှန်မဟုတ်တဲ့နေရာမှာ ရှိနေတာ တွေ့ရမှာပါ။ ဗိုက်ပေါ်မှာ စမ်းသပ်ကြည့်ရင်တော့ ကလေးထွက်ရမယ့် လမ်းကြောင်းအဝမှာ
အချင်းပိတ်နေတာကြောင့် ကလေးလေးက တင်ပဆုံရိုးခွင်ထဲ မဝင်နိုင်ဘဲ စမ်းမိနေမှာပါ။ 
 
ဘယ်လို ကုသမှုတွေလိုမလဲ?
အရေးပေါ် ကုသမှုလို မလိုဆိုတာ ဒီအချက်တွေပေါ်မူတည်ပါတယ်။
- သွေးဆင်းတဲ့ ပမာဏ
- ကိုယ်ဝန်ဆောင်ချိန် ကာလ (ကလေး လစေ့ မစေ့)
- ကလေး ကျန်းမာရေး
- အချင်းတည်နေရာ (major or minor)
 
အချင်းရှေ့ရောက်တာသာရြှိပီး သွေးမဆင်းလျှင် သို့မဟုတ် သွေးဆင်းတဲ့ပမာဏ အနည်းငယ်ပဲ ဆိုရင်တော့ - အိမ်မှာပဲ အနားယူြ
ူပီး သွေးဆင်းတာပိုဆိုးစေတဲ့ လှုပ်လှုပ်ရှားရှားလုပ်တာ ပြေးတာ လိင်ဆက်ဆံတာ စတာတွေ ရှောင်ကြည်ရမှာပါ။ အရေးပေါ် သွေးဆင်းတာဖြစ်လာရင် နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးရောက်အောင်သွားနိုင်အောင်
ပြင်ဆင်ထားသင့်ပါတယ်။ အချင်းက သားအိမ်အဝကို ဖုံးမနေရင်တော့ ကိုယ်ဝန် ၃၇ ပတ်ကျော်ရင် ရိုးရိုးမွေးလို့ ရနိုင်ပါသေးတယ်။ ဘယ်လိုမွေးမလဲကတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
 
သွေးဆင်းတဲ့ ပမာဏ အရမ်းများရင်တော့ - နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးသွားပြီး အရေးပေါ်ကုသမှုခံယူရမှာပါ။ ကလေးက လစြေ့ပီ တနည်းအားဖြင့် ကိုယ်ဝန် ၃၇ ပတ်ကျော်ပြီဆိုရင်တော့ ခွဲမွေးဖို့ ပြင်ဆင်ရတော့မှာပါ။
ကိုယ်ဝန် ၃၆ ပတ်မတိုင်ခင်ဆိုရင်တော့ ကလေး လမစေ့ရင် အဆုတ်ကောင်းကောင်းမဖွံဖြိုးသေးလို့ corticosteroid လို့ခေါ်တဲ့ ဆေးတမျိုးထိုးပီး ခွဲမွေးဖို့ ပြင်ဆင်ရမှာပါ။ သွေးဆင်းတာလည်းမရပ်ရင်
ကလေးလည်းမကောင်းရင်တော့ လစေ့တဲ့ထိ မစောင့်ဘဲ အရေးပေါ်ခွဲမွေးရမှာပါ။ 
 
*အချင်းရှေ့ရောက်တဲ့ မိခင်တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က Placenta abruption လို့ခေါ်တဲ့ အချင်းကွာတာ ဖြစ်နိုင်ပါတယ်။*
 
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး(၁)
 
(   Zawgyi  )
 

ဒီအပတ္ေတာ့ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ ေတြ႕ရတတ္တဲ့ အေျခအေနတစ္ခုျဖစ္တဲ့ placenta previa လို႔ေခၚတဲ့ အခ်င္းေရွ႕ ေရာက္ျခင္းအေၾကာင္း ေဖာ္ျပမွာပါ။

 
အခ်င္း (Placenta) ဆိုတာ ကိုယ္ဝန္ေဆာင္ခ်ိန္ေတာက္ေလွ်ာက္ fetus လို႔ေခၚတဲ့ 
ကေလးေလးနဲ႔အတူ မိခင္ရဲ႕ သားအိမ္ထဲမွာရွိေနၿပီး ကေလးေလးအတြက္ လိုအပ္တဲ့ ေအာက္ဆီဂ်င္ နဲ႔ အာဟာရဓါတ္ေတြကို ျဖည့္ဆည္းေပးၿပီး ကေလးဆီက အညစ္အေၾကးေတြကို စြန႔္ထုတ္ေပးတာပါ။ အခ်င္း placenta နဲ႔ ကေလးေလးကို umbilical cord လို႔ေခၚတဲ့ ခ်က္ႀကိဳးနဲ႔ ဆက္သြယ္ေပးထားတာပါ။ အခ်င္းဟာ ပုံမွန္အားျဖင့္ သားအိမ္ရဲ႕ ထိပ္ပိုင္း ဒါမွမဟုတ္ ေဘးဘက္မွာသာ တြယ္ကပ္တည္ရွိေနတာပါ။ Placenta previa လို႔ေခၚတဲ့ အခ်င္းေရွ႕ေရာက္တယ္ဆိုတဲ့ အေျခအေနမွာေတာ့ အခ်င္းဟာ  lower segment လို႔ေခၚတဲ့ သားအိမ္ရဲ႕ ေအာက္ေျခပိုင္း မွာရွိေနရင္ေခၚတာပါ။
 
အမ်ိဳးအစားမ်ား
1. Major placenta previa - အခ်င္းဟာ သားအိမ္ေအာက္ေျခပိုင္းမွာရွိေနတဲ့အျပင္ internal cervical os လို႔ေခၚတဲ့ ကေလးထြက္မယ့္ လမ္းေၾကာင္းျဖစ္တဲ့ သားအိမ္အဝကို ပါ ဖုံးၿပီး တည္ရွိေနျခင္း ႏွင့္
2.Minor placenta previa - သားအိမ္ေအာက္ေျခပိုင္းမွာ ရွိေပမယ့္ သားအိမ္အဝကိုေတာ့ ဖုံးအုပ္မေနျခင္း 
 
ဘယ္သူေတြမွာ ပိုျဖစ္တတ္လဲ?
၁)အသက္ႀကီးတဲ့ မိခင္ေတြ
၂)ကေလးအမ်ားႀကီးေမြးထားတဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြ 
၃)အရင္က Caesearean section လို႔ေခၚတဲ့ ဗိုက္ခြဲကေလးေမြးထားတဲ့သူေတြ (ခြဲထားတဲ့ သားအိမ္အနာ႐ြတ္ေနရာမွာ အခ်င္းလာသြယ္ျခင္း)
၄)အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္သားအိမ္ကို ခြဲစိတ္ထားဖူးတဲ့သူေတြ (ဥပမာ- သားအိမ္အလုံးခြဲျခင္း)မွာပိုျဖစ္တတ္ပါတယ္။  
 
ေတြ႕ရမယ့္ လကၡဏာေတြကေတာ့ -
-Third trimester လို႔ေခၚတဲ့ ကိုယ္ဝန္ ၂၈ ပတ္ ေနာက္ပိုင္းမွာ ဗိုက္မနာဘဲ ေသြးဆင္းတာနဲ႔ ေတြ႕ရႏိုင္ပါတယ္။ (ဘာေၾကာင့္ လဲဆိုေတာ့ ကိုယ္ဝန္၂၈ ပတ္ေနာက္ပိုင္း သားအိမ္ေအာက္ေျခ ဖြံၿဖိဳးလာတဲ့အခါ အခ်င္းကြာတာျဖစ္လို႔ပါ။)အာထရာေဆာင္း ႐ိုက္ၾကည့္ရင္ေတာ့ အခ်င္းက ပုံမွန္မဟုတ္တဲ့ေနရာမွာ ရွိေနတာ ေတြ႕ရမွာပါ။ ဗိုက္ေပၚမွာ စမ္းသပ္ၾကည့္ရင္ေတာ့ ကေလးထြက္ရမယ့္ လမ္းေၾကာင္းအဝမွာ အခ်င္းပိတ္ေနတာေၾကာင့္ ကေလးေလးက တင္ပဆုံ႐ိုးခြင္ထဲ မဝင္ႏိုင္ဘဲ စမ္းမိေနမွာပါ။ 
 
ဘယ္လို ကုသမႈေတြလိုမလဲ?
အေရးေပၚ ကုသမႈလို မလိုဆိုတာ ဒီအခ်က္ေတြေပၚမူတည္ပါတယ္။
- ေသြးဆင္းတဲ့ ပမာဏ
- ကိုယ္ဝန္ေဆာင္ခ်ိန္ ကာလ (ကေလး လေစ့ မေစ့)
- ကေလး က်န္းမာေရး
- အခ်င္းတည္ေနရာ (major or minor)
 
အခ်င္းေရွ႕ေရာက္တာသာျရႇိပီး ေသြးမဆင္းလွ်င္ သို႔မဟုတ္ ေသြးဆင္းတဲ့ပမာဏ အနည္းငယ္ပဲ ဆိုရင္ေတာ့ - အိမ္မွာပဲ အနားယူျ
ူပီး ေသြးဆင္းတာပိုဆိုးေစတဲ့ လႈပ္လႈပ္ရွားရွားလုပ္တာ ေျပးတာ လိင္ဆက္ဆံတာ စတာေတြ ေရွာင္ၾကည္ရမွာပါ။ အေရးေပၚ ေသြးဆင္းတာျဖစ္လာရင္ နီးစပ္ရာ ေဆး႐ုံသို႔ အျမန္ဆုံးေရာက္ေအာင္သြားႏိုင္ေအာင္ ျပင္ဆင္ထားသင့္ပါတယ္။ အခ်င္းက သားအိမ္အဝကို ဖုံးမေနရင္ေတာ့ ကိုယ္ဝန္ ၃၇ ပတ္ေက်ာ္ရင္ ႐ိုး႐ိုးေမြးလို႔ ရႏိုင္ပါေသးတယ္။ ဘယ္လိုေမြးမလဲကေတာ့ သက္ဆိုင္ရာ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။
 
ေသြးဆင္းတဲ့ ပမာဏ အရမ္းမ်ားရင္ေတာ့ - နီးစပ္ရာ ေဆး႐ုံသို႔ အျမန္ဆုံးသြားၿပီး အေရးေပၚကုသမႈခံယူရမွာပါ။ ကေလးက လေျစ့ပီ တနည္းအားျဖင့္ ကိုယ္ဝန္ ၃၇ ပတ္ေက်ာ္ၿပီဆိုရင္ေတာ့ ခြဲေမြးဖို႔ ျပင္ဆင္ရေတာ့မွာပါ။ ကိုယ္ဝန္ ၃၆ ပတ္မတိုင္ခင္ဆိုရင္ေတာ့ ကေလး လမေစ့ရင္ အဆုတ္ေကာင္းေကာင္းမဖြံၿဖိဳးေသးလို႔ corticosteroid လို႔ေခၚတဲ့ ေဆးတမ်ိဳးထိုးပီး ခြဲေမြးဖို႔ ျပင္ဆင္ရမွာပါ။ ေသြးဆင္းတာလည္းမရပ္ရင္ ကေလးလည္းမေကာင္းရင္ေတာ့ လေစ့တဲ့ထိ မေစာင့္ဘဲ အေရးေပၚခြဲေမြးရမွာပါ။ 
 
*အခ်င္းေရွ႕ေရာက္တဲ့ မိခင္ေတြရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္က Placenta abruption လို႔ေခၚတဲ့ အခ်င္းကြာတာ ျဖစ္ႏိုင္ပါတယ္။*
 
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
 
ဇီ၀က ေဆး(၁)