“သားဥအိမ်ကင်ဆာ” အကြောင်း သိကောင်းစရာ

“သားဥအိမ်ကင်ဆာ” အကြောင်း သိကောင်းစရာ 
“သားဥအိမ်ကင်ဆာ” သည် အမျိုးသမီးထုကြားတွင် ဖြစ်ပေါ်တတ်သော ရောဂါတစ်ခုဖြစ်သည်။ သားဥအိမ်မှာ ရေအိတ်လည်း ဖြစ်နိုင်တယ်၊ သွေးအိတ်လည်း ဖြစ်နိုင်တယ်။
ရိုးရိုးအဖုအကျိတ်လည်း ဖြစ်နိုင်သလို ကင်ဆာအကျိတ်လည်း ဖြစ်နိုင်တယ်။ ဘာကြောင့်ဖြစ်ရပါသလဲ ဘာကြောင့်ဖြစ်တယ်ဆိုတာ တိတိကျကျပြောဖို့ အရမ်းခက်ခဲတယ်။
ဒါပေမဲ့ အကြမ်းအားဖြင့် သားဥအိမ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းရင်းများမှာ - - အမေ (သို့) မွေးချင်းညီအမတွင် သားဥအိမ်ကင်ဆာဖြစ်ဖူးခြင်း -အသက် ၅၀
မှ ၆၀ ကြားအမျိုးသမီး - အပျိုဖော်ဝင်ချိန်စောသူများ (အသက် ၁၂ နှစ်မတိုင်မီ ) - သွေးဆုံးချိန် နောက်ကျသူများ - ကိုယ်ဝန်မဆောင်ဖူးသူများ - အဝလွန်သူများ - ကလေးရရန်ခက်ခဲမှုကြောင့်
သားဥကြွေဆေးသောက်သုံးသူများ - ဆေးလိပ်သောက်သူများ - ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် သားဥအိမ်တွင်ရေအိတ်တည်နေသူများတို့ဖြစ်ပါတယ်။ ရောဂါလက္ခဏာများ
တိကျသေချာသောလက္ခဏာမပြတတ်ဘူး။အတွေ့များတဲ့ လက္ခဏာတွေက ် - ဝမ်းဗိုက်ဖောင်းကားခြင်း - အစားအနည်းငယ်စားရုံဖြင့် ရင်ခေါင်းတောင့်၍ကယ်နေခြင်း - လေပွခြင်း - အကြောင်းပြချက်မရှိဘဲ
ကိုယ်အလေးချိန်ကျဆင်းခြင်း - တင်ပဆုံတဝိုက်တွင် မအီမသာခံစားရခြင်း - ဝမ်းချုပ်ခြင်း၊ - ဆီးခဏခဏသွားခြင်း၊ဆီးမထိန်းနိုင်ခြင်း -ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း - သွေးဆုံးပြီးမှ
သွေးပြန်ပေါ်ခြင်း -အမျိုးသားနှင့် အတူနေစဉ်နာကျင်ခြင်း - မအီမသာဖြစ်၍ နုံးခွေလာခြင်း တို့ဖြစ်ပါတယ်။ သားဥအိမ်ကင်ဆာ အဆင့်များ သားဥအိမ်ကင်ဆာကို အဆင့်(၄)ဆင့်ခွဲခြားနိုင်ပါတယ်။
အဆင့် I - သားဥအိမ်တစ်ခု (သို့) နှစ်ခုစလုံးတွင်သာ ကင်ဆာဆဲလ်များကို တွေ့ရခြင်း၊ အဆင့် II - ကင်ဆာဆဲလ်များသည် တင်ပဆုံအတွင်းရှိ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေခြင်း
အဆင့် III - ကင်ဆာဆဲလ်များသည် ဝမ်းဗိုက်တခုလုံးကိုပျံံ့နှံ့နေခြင်း၊ အဆင့် IV - ကင်ဆာဆဲလ်များသည် ဝမ်းဗိုက်အပြင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းသို့ပျံံ့နှံ့နေခြင်း၊ ဘယ်လိုသိရှိနိုင်မလဲ
၁) ရောဂါလက္ခဏာမေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်း ၂) အာထရာဆောင်း(USG) ၊ ဆေးဓာတ်မှန် (CT scan) ရိုက်ခြင်း ၃)ကင်ဆာရှေ့ပြေးအမှတ်အသား ( Tumour marker - CA125 )
စစ်ဆေးခြင်းတို့ဖြစ်တယ်။ ကုသနည်း ၁) ခွဲစိတ်ကုသခြင်း - ကင်ဆာအဆင့် (I) ရှိသော အမျိုးသမီးများတွင် ကင်ဆာဖြစ်နေသော သားဥအိမ်နှင့် ၎င်းဘက်အခြမ်းရှိ မျိုးဥပြွန်များကို ခွဲစိတ်ခြင်းဖြင့်
ကုသနိုင်သော်လည်း အခြားသောအဆင့်များတွင် လိုအပ်ပါက သားဥအိမ် ၂ ခုလုံး ကိုသာမက မျိုးဥပြွန်များ၊ သားအိမ်၊ သားအိမ်အနီးအနားရှိ ပြန်ရည်ကြောအကျိတ်များဖယ်ရှားခြင်းတို့ကို ပြုလုပ်ရပါတယ်။
၂) ကင်ဆာဆေးသွင်းခြင်း - ခွဲစိတ်မှုပြုလုပ်ပြီးပါက ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ကင်ဆာဆေးများသွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။ ကြိုတင် ကာကွယ်ခြင်း -အထက်မှာဖော်ပြခဲ့တဲ့
ရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိပါက ဆေးရုံဆေးခန်းသို့ သွားရောက်၍ ဆေးစစ်မှု ပြုလုပ်ရန်ဖြစ်ပါတယ်။ - အနည်းဆုံး တစ်နှစ်တစ်ခါ medical check up (ultrasound) လုပ်ရန် လိုအပ်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက ဆေး (၁) 

“သားဥအိမ္ကင္ဆာ” အေၾကာင္း သိေကာင္းစရာ 
“သားဥအိမ္ကင္ဆာ” သည္ အမ်ိဳးသမီးထုၾကားတြင္ ျဖစ္ေပၚတတ္ေသာ ေရာဂါတစ္ခုျဖစ္သည္။ သားဥအိမ္မွာ ေရအိတ္လည္း ျဖစ္ႏိုင္တယ္၊ ေသြးအိတ္လည္း ျဖစ္ႏိုင္တယ္။
႐ိုး႐ိုးအဖုအက်ိတ္လည္း ျဖစ္ႏိုင္သလို ကင္ဆာအက်ိတ္လည္း ျဖစ္ႏိုင္တယ္။ ဘာေၾကာင့္ျဖစ္ရပါသလဲ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ တိတိက်က်ေျပာဖို႔ အရမ္းခက္ခဲတယ္။
ဒါေပမ့ဲ အၾကမ္းအားျဖင့္ သားဥအိမ္ကင္ဆာျဖစ္ပြားႏႈန္းကို ျမင့္တက္ေစတဲ့အေၾကာင္းရင္းမ်ားမွာ - - အေမ (သို႔) ေမြးခ်င္းညီအမတြင္ သားဥအိမ္ကင္ဆာျဖစ္ဖူးျခင္း
-အသက္ ၅၀ မွ ၆၀ ၾကားအမ်ိဳးသမီး - အပ်ိဳေဖာ္၀င္ခ်ိန္ေစာသူမ်ား (အသက္ ၁၂ ႏွစ္မတိုင္မီ ) - ေသြးဆံုးခ်ိန္ ေနာက္က်သူမ်ား - ကိုယ္၀န္မေဆာင္ဖူးသူမ်ား - အ၀လြန္သူမ်ား - ကေလးရရန္ခက္ခဲမႈေၾကာင့္
သားဥေၾကြေဆးေသာက္သံုးသူမ်ား - ေဆးလိပ္ေသာက္သူမ်ား - ရင္သားကင္ဆာ၊ သားအိမ္ေခါင္းကင္ဆာႏွင့္ သားဥအိမ္တြင္ေရအိတ္တည္ေနသူမ်ားတို႔ျဖစ္ပါတယ္။ ေရာဂါလကၡဏာမ်ား
တိက်ေသခ်ာေသာလကၡဏာမျပတတ္ဘူး။အေတြ႔မ်ားတဲ့ လကၡဏာေတြက ္ - ၀မ္းဗိုက္ေဖာင္းကားျခင္း - အစားအနည္းငယ္စား႐ံုျဖင့္ ရင္ေခါင္းေတာင့္၍ကယ္ေနျခင္း - ေလပြျခင္း - အေၾကာင္းျပခ်က္မရွိဘဲ
ကိုယ္အေလးခ်ိန္က်ဆင္းျခင္း - တင္ပဆံုတ၀ိုက္တြင္ မအီမသာခံစားရျခင္း - ၀မ္းခ်ဳပ္ျခင္း၊ - ဆီးခဏခဏသြားျခင္း၊ဆီးမထိန္းႏိုင္ျခင္း -ပံုမွန္မဟုတ္ဘဲ ေသြးဆင္းျခင္း- ေသြးဆံုးၿပီးမွေသြးျပန္ေပၚျခင္း
-အမ်ိဳးသားႏွင့္ အတူေနစဥ္နာက်င္ျခင္း - မအီမသာျဖစ္၍ ႏံုးေခြလာျခင္း တို႔ျဖစ္ပါတယ္။ သားဥအိမ္ကင္ဆာ အဆင့္မ်ား သားဥအိမ္ကင္ဆာကို အဆင့္(၄)ဆင့္ခြဲျခားႏုိင္ပါတယ္။ အဆင့္ I - သားဥအိမ္တစ္ခု
(သို႔) ႏွစ္ခုစလံုးတြင္သာ ကင္ဆာဆဲလ္မ်ားကို ေတြ႕ရျခင္း၊ အဆင့္ II - ကင္ဆာဆဲလ္မ်ားသည္ တင္ပဆံုအတြင္းရွိ အျခားအစိတ္အပိုင္းမ်ားသို႔ ပ်ံ႕ႏွံ႕ေနျခင္း အဆင့္ III - ကင္ဆာဆဲလ္မ်ားသည္
၀မ္းဗိုက္တခုလံုးကိုပ်ံံ႕ႏွံ႕ေနျခင္း၊ အဆင့္ IV - ကင္ဆာဆဲလ္မ်ားသည္ ၀မ္းဗိုက္အျပင္ ခႏၶာကိုယ္၏ အျခားအစိတ္အပိုင္းသို့ပ်ံံ႕ႏွံ႔ေနျခင္း၊ ဘယ္လိုသိရွိႏိုင္မလဲ
၁) ေရာဂါလကၡဏာေမးျမန္းျခင္း၊စမ္းသပ္စစ္ေဆးျခင္း ၂) အာထရာေဆာင္း(USG) ၊ ေဆးဓာတ္မွန္ (CT scan) ရိုက္ျခင္း ၃)ကင္ဆာေရွ႕ေျပးအမွတ္အသား ( Tumour marker - CA125 ) စစ္ေဆးျခင္းတို႔ျဖစ္တယ္။
ကုသနည္း ၁) ခြဲစိတ္ကုသျခင္း - ကင္ဆာအဆင့္ (I) ရွိေသာ အမ်ဳိးသမီးမ်ားတြင္ ကင္ဆာျဖစ္ေနေသာ သားဥအိမ္ႏွင့္ ၎ဘက္အျခမ္းရွိ မ်ဳိးဥျပြန္မ်ားကို ခြဲစိတ္ျခင္းျဖင့္ ကုသႏုိင္ေသာ္လည္း
အျခားေသာအဆင့္မ်ားတြင္ လိုအပ္ပါက သားဥအိမ္ ၂ ခုလံုး ကိုသာမက မ်ဳိးဥျပြန္မ်ား၊ သားအိမ္၊ သားအိမ္အနီးအနားရွိ ျပန္ရည္ေၾကာအက်ိတ္မ်ားဖယ္ရွားျခင္းတို႔ကို ျပဳလုပ္ရပါတယ္။
၂) ကင္ဆာေဆးသြင္းျခင္း - ခြဲစိတ္မႈျပဳလုပ္ၿပီးပါက က်န္ရွိေနေသာ ကင္ဆာဆဲလ္မ်ားကို ကင္ဆာေဆးမ်ားသြင္းျခင္းျဖင့္ ကုသႏိုင္ပါတယ္။ ျကိဳတင္ ကာကြယ္ျခင္း -အထက္မွာေဖာ္ျပခဲ့တဲ့
ေရာဂါလကၡဏာ တစ္စံုတစ္ရာ ေတြ႔ရွိပါက ေဆးရံုေဆးခန္းသို႔ သြားေရာက္၍ ေဆးစစ္မွဳ ျပဳလုပ္ရန္ျဖစ္ပါတယ္။ - အနည္းဆံုး တစ္နွစ္တစ္ခါ medical check up (ultrasound) လုပ္ရန္ လိုအပ္ပါတယ္။
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က ေဆး (၁)