အစာအိမ္ အခ်ဥ္ျပန္တက္ျခင္း GERD(Gastroesophageal reflux disease) အေၾကာင္းသိေကာင္းစရာ

အစာအိမ် အချဉ်ပြန်တက်ခြင်း GERD(Gastroesophageal reflux disease) အကြောင်းသိကောင်းစရာ  
 
ယနေ့ခေတ်မှာခေတ်စားလာတဲ့နာမည်ကြီးရောဂါလို့ပြောရင်မှားမယ်မထင်ပါဘူး။ရောဂါဖြစ်ရတဲ့အကြောင်းတွေကတော့ အစာအိမ်ရေမျိုအောက်ပိုင်း ကြွက်သားအားနည်း၍
အစာအိမ်အတွင်းမှ အက်ဆစ်အချဉ်များ အပေါ်သို့ လျှံတက်လာသောကြောင့်ဖြစ်ပါသည်။ 
ရောဂါလက္ခဏာများ 
• ရင်ပူခြင်း 
• လေချဉ်တက်ခြင်း 
• ခံတွင်းချဉ်ခြင်း
• အစာစားပြီး ရင်ဝတွင် မီးစနှင့်ထိုးသလိုဖြစ်ခြင်း 
• အစာများ မကြာခဏအပေါ်ပြန်တက်ခြင်း 
• တံတွေးအထွက်များခြင်း 
ရောဂါ၏အခြား လက္ခဏာများ မှာ 
• ချောင်းဆိုးခြင်း ၊ ရင်ကြပ်ခြင်း ၊ မောခြင်း 
• ရင်ဘတ်အောင့်ခြင်း 
• လည်ချောင်းနာခြင်း ၊ လည်ချောင်းယားခြင်း ၊ အသံဝင်ခြင်း 
• မကြာခဏလည်ချောင်းဝတွင် တစ်ဆို့ဆို့ဖြစ်ခြင်း 
• ခံတွင်း အနံ့မကောင်းခြင်း 
ဒါ့အပြင် 
• အဝလွန်ခြင်း 
• အစားများလွန်းခြင်း
• အစာကို တစ်ကြိမ်တည်းနှင့် များစွာ စားသုံးခြင်း 
• ကြာရှည်စွာ ဆောင့်ကြောင့်ထိုင်ခြင်း
• ဆေးလိပ်သောက်ခြင်း 
• အရက်သောက်ခြင်း 
• ကွမ်းစားခြင်း
• မတည့်သောဆေးနှင့် အစာများစားမိခြင်း တို့ကြောင့်လည်း ရောဂါကို ပိုပြီး ဆိုးဝါးစေနိုင်တာကို သတိထားဖို့လိုပါတယ် ။ 
ရောဂါ ကို ပိုဆိုးစေနိုင်သော ဆေးဝါးများ 
1. ဗိုက်နာပျောက်ဆေးများ (Anti spasmodic)
2. ရင်ကြပ်ပျောက်ဆေးများ (Aminophylline)
3. ပိုးသတ်ဆေး (Doxycycline, Tetracycline)
4. အကိုက်အခဲပျောက်ဆေး (Aspirin, Ibuprofen)
5. သံဓာတ်အားဆေးများ (Ferrous Sulphate)
6. ဗီတာမင် - စီ
7. စိတ်ကျရောဂါ ပျောက်ဆေး
8. သွေးတိုးဆေး 
ဆေးဝါးများကို မသောက်သုံးမီ မိမိ မှာရှိတဲ့ ရောဂါ အခြေအနေကို ဆရာဝန် နှင့် သေချာ တိုင်ပင်ပြီး ဆရာဝန် ညွှန်ကြားချက် ဖြင့်သာ သောက်သုံးသင့်ပါတယ်။ 
ရောဂါနှင့်မတည့်သော အစာများ 
- ပူလွန်း၊ စပ်လွန်း ၊ ချဉ်လွန်းသော အစာများ -ငရုတ်ကောင်း
-နာနတ်သီး
- အဆီများသော အစားအစာများ ၊ ဆီပြန်ဟင်းများ 
- ကွမ်း၊ ဆေးလိပ်၊ အရက် 
- မဆလာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ များသော အစားအစာများ
- ချောကလက် နှင့် ဂက်စ်ပါသော အရည်များ 
(ကိုကာကိုလာ၊ စပါကလင်)
- လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်များ 
- ဖာလာ၊ လေးညှင်း၊ သစ်ကြပိုး၊ ပရုတ်
 
ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့်
-အစာရေမျိုကျဉ်း၍ အစာမမျိုနိုင်ခြင်း 
- သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း 
- သွေးအားနည်းခြင်း 
- အစာရေမျိုရောင်ခြင်း 
- အစာရေမျို ကင်ဆာဖြစ်ခြင်း နှင့် အခြား ဆိုးကျိုးများကိုလည်း ဖြစ်စေနိုင်ပါသည်။ ရောဂါဖြစ်သည်ဟု ယူဆရလျှင် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်ပြသ၍
လိုအပ်သော စမ်းသပ်စစ်ဆေးမှု ကို ပြုလုပ်နိုင်ပါသည်။
 ရောဂါ ရှာဖွေနိုင်သော နည်းလမ်းများမှာ 
- ရောဂါ လက္ခဏာနှင့် သက်ဆိုင်သော မေးခွန်းများမေးခြင်း 
- အစာအိမ် မှန်ပြောင်းကြည့်ခြင်း 
- အစာအိမ်အက်ဆစ်ဓာတ် တိုင်းတာခြင်း 
- အစာအိမ်ကြွက်သား ညှစ်နိုင်မှု တိုင်းတာခြင်း 
- အစာရေမျိုပြွန်လှုပ်ရှားမှု ပြင်းအားကို တိုင်းတာခြင်း 
-အစာရေမျိုပြွန် ဆေးဓာတ်မှန် ရိုက်ခြင်း 
အစာအိမ်အချဉ်ပြန်ရောဂါ ဖြစ်လျှင် မည်သို့နေထိုင်ရမည်နည်း ??
- ကိုယ်အလေးချိန်လျော့ချပါ ။ 
- အစာစားပြီးပြီးခြင်း အိပ်ယာဝင်ခြင်း ၊ လဲလျောင်းခြင်း မပြုလုပ်ပါနှင့်။ 
- အစာကို တစ်ကြိမ်တည်း အများကြီး မစားပါနှင့်။ နည်းနည်းနှင့် မကြာခဏ စားပါ။ 
- ည အိပ်ယာမဝင်မှီ ၂နာရီအတွင်း အစာမစားရ။ 
- အိပ်ယာခေါင်းအုံးကို ၆ လက်မခန့်မြှင့်၍ အိပ်ပါ။ 
- မတည့်သော အစာနှင့်ဆေးများကို ရှောင်ပါ။ 
- ဆေးလိပ်၊ ကွမ်း၊ အရက် ဖြတ်ပါ။ 
- ဆရာဝန် ညွှန်ကြားထားသော ဆေးများကို သတ်မှတ်ထားသည့် ရက်ပိုင်း ၊ လပိုင်း ၊ နှစ်ပိုင်း အထိ စွဲသောက်ပါ ။ 
ကုသနိုင်သော နည်းလမ်း အမျိုးမျိုးရှိပါသည်။ မိမိရောဂါ အခြေအနေပေါ်လိုက်၍ ဆရာဝန်မှ သတ်မှတ် ဆုံးဖြတ်ပေးသော ကုထုံးကို လိုက်နာ ကျင့်သုံးနေထိုင်ရန်လိုအပ်ပါသည်။ 
၁။ ဆေးဝါးဖြင့် ကုသခြင်း 
ဆေးဝါးဖြင့် ကုသမည်ဆိုလျှင် အနည်းဆုံး ဆေး ၂ လ သောက်ရပါမည်။ ဆေးရပ်လိုက်လျှင်ရောဂါပြန်ဖြစ်တတ်ပါသဖြင့် လိုအပ်ပါက ဆရာဝန် ညွှန်ကြားပါက
ဆေးကို အမြဲတမ်း စွဲသောက်သုံးရန်လိုအပ်ပါမည်။ 
 (၁)အစာအိမ်အက်ဆစ်ဓာတ်ကို လျော့နည်းစေသော ဆေးများ သောက်သုံးခြင်း ဖြင့် အစာအိမ် အချဉ်ပြန်ခြင်း ကို လျော့ချပေးနိုင်ပါသည်။ ( ဥပမာ - Omeprazole, Rabeprazole)
(၂)အစာအိမ် လှုပ်ရှားမှု အားကောင်းစေသော ဆေးဝါးများ ကို သောက်သုံးခြင်းဖြင့် အစာအိမ် အတွင်းမှ အစာဟောင်းများ အချဉ်ပြန်ပြီး လေပြန်မတက်အောင်
ကာကွယ်ပေးနိုင်ပါသည်။ (ဥပမာ - Metoclopramide) 
(၃)အစာအိမ် အက်ဆစ်ခြေဖျက်ဆေးများ (ဥပမာ - Antacid, Aluminium hydroxide) 
၂။ ခွဲစိတ် ကုသခြင်း 
ခွဲစိတ်ကုသခြင်း ကို ဆေးဝါးဖြင့် မသက်သာသောသူများ ၊ ကြာရှည်စွာ ဆေးမသောက်သုံးလိုသူများ၊ အစာရေမျိုကျဉ်းနေသူများ ၊ ကင်ဆာ ဖြစ်နိုင်ချေရှိသူ(Barrett Eosphagus)များ ၊
အစာအိမ်ကျွံသော လူနာများ (Hiatus Hernia) နှင့် ၂၄ နာရီ အက်ဆစ်တိုင်းတာရာတွင် အက်ဆစ်များလွန်းသော လူနာများ (pH<4) တွင် ကုသနိုင်ပါသည်။ 
၃။ မှန်ပြောင်းဖြင့် ကုသခြင်း 
အစာရေမျိုပြွန်အောက်ပိုင်း ကြွက်သားပြင်းအားကောင်းအောင်(Stretta Procedure) ဖြင့် အစာအိမ်မှန်ပြောင်းထည့်သွင်း ကုသ ပေးနိုင်ပါသည်။ 
အစာအိမ်နှင့် အစာရေမျိုပြွန်ဆက်သောနေရာကို ချုပ်ခြင်း (Endoscopic Plication)ဖြင့်လည်း အစာအိမ်အချဉ်ပြန်ခြင်း ကို ကုသနိုင်ပါသည်။ 
မပျော်ဝင်နိုင်သော Polymer ကို အစာရေမျိုပြွန်အောက်ပိုင်းသို့ ထိုးသွင်းခြင်း (Enteryx Injection) ဖြင့်လည်း ကုသနိုင်ပါသည်။
ကျန်းမာသက်ရှည်ကြပါစေ။

ဇီ၀က

 
(Zawgyi)
အစာအိမ္ အခ်ဥ္ျပန္တက္ျခင္း GERD(Gastroesophageal reflux disease) အေၾကာင္းသိေကာင္းစရာ  
 
ယေန႔ေခတ္မွာေခတ္စားလာတဲ့နာမည္ႀကီးေရာဂါလို႔ေျပာရင္မွားမယ္မထင္ပါဘူး။ေရာဂါျဖစ္ရတဲ့အေၾကာင္းေတြကေတာ့
အစာအိမ္ေရမ်ိဳေအာက္ပိုင္း ၾကြက္သားအားနည္း၍ အစာအိမ္အတြင္းမွ အက္ဆစ္အခ်ဥ္မ်ား အေပၚသို႕ လွ်ံတက္လာေသာေၾကာင့္ျဖစ္ပါသည္။ 
ေရာဂါလကၡဏာမ်ား 
• ရင္ပူျခင္း 
• ေလခ်ဥ္တက္ျခင္း 
• ခံတြင္းခ်ဥ္ျခင္း
• အစာစားျပီး ရင္ဝတြင္ မီးစနွင့္ထိုးသလိုျဖစ္ျခင္း 
• အစာမ်ား မၾကာခဏအေပၚျပန္တက္ျခင္း 
• တံေတြးအထြက္မ်ားျခင္း 
ေရာဂါ၏အျခား လကၡဏာမ်ား မွာ 
• ေခ်ာင္းဆိုးျခင္း ၊ ရင္ၾကပ္ျခင္း ၊ ေမာျခင္း 
• ရင္ဘတ္ေအာင့္ျခင္း 
• လည္ေခ်ာင္းနာျခင္း ၊ လည္ေခ်ာင္းယားျခင္း ၊ အသံဝင္ျခင္း 
• မၾကာခဏလည္ေခ်ာင္းဝတြင္ တစ္ဆို႕ဆို႕ျဖစ္ျခင္း 
• ခံတြင္း အနံ႕မေကာင္းျခင္း 
ဒါ့အျပင္ 
• အဝလြန္ျခင္း 
• အစားမ်ားလြန္းျခင္း
• အစာကို တစ္ၾကိမ္တည္းနွင့္ မ်ားစြာ စားသံုးျခင္း 
• ၾကာရွည္စြာ ေဆာင့္ေၾကာင့္ထိုင္ျခင္း
• ေဆးလိပ္ေသာက္ျခင္း 
• အရက္ေသာက္ျခင္း 
• ကြမ္းစားျခင္း
• မတည္႕ေသာေဆးနွင့္ အစာမ်ားစားမိျခင္း တို႕ေၾကာင့္လည္း ေရာဂါကို ပိုျပီး ဆိုးဝါးေစနိဳင္တာကို သတိထားဖို႕လိုပါတယ္ ။ 
ေရာဂါ ကို ပိုဆုိးေစနိဳင္ေသာ ေဆးဝါးမ်ား 
1. ဗိုက္နာေပ်ာက္ေဆးမ်ား (Anti spasmodic)
2. ရင္ၾကပ္ေပ်ာက္ေဆးမ်ား (Aminophylline)
3. ပိုးသတ္ေဆး (Doxycycline, Tetracycline)
4. အကိုက္အခဲေပ်ာက္ေဆး (Aspirin, Ibuprofen)
5. သံဓာတ္အားေဆးမ်ား (Ferrous Sulphate)
6. ဗီတာမင္ - စီ
7. စိတ္က်ေရာဂါ ေပ်ာက္ေဆး
8. ေသြးတိုးေဆး 
ေဆးဝါးမ်ားကို မေသာက္သံုးမီ မိမိ မွာရွိတဲ့ ေရာဂါ အေျခအေနကို ဆရာဝန္ နွင့္ ေသခ်ာ တိုင္ပင္ျပီး ဆရာဝန္ ညႊန္ၾကားခ်က္ ျဖင့္သာ ေသာက္သံုးသင့္ပါတယ္။ 
ေရာဂါနွင့္မတည့္ေသာ အစာမ်ား 
- ပူလြန္း၊ စပ္လြန္း ၊ ခ်ဥ္လြန္းေသာ အစာမ်ား -ငရုတ္ေကာင္း
-နာနတ္သီး
- အဆီမ်ားေသာ အစားအစာမ်ား ၊ ဆီျပန္ဟင္းမ်ား 
- ကြမ္း၊ ေဆးလိပ္၊ အရက္ 
- မဆလာ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ မ်ားေသာ အစားအစာမ်ား
- ေခ်ာကလက္ နွင့္ ဂက္စ္ပါေသာ အရည္မ်ား 
(ကိုကာကိုလာ၊ စပါကလင္)
- လက္ဖက္ရည္၊ ေကာ္ဖီ၊ လက္ဖက္မ်ား 
- ဖာလာ၊ ေလးညွင္း၊ သစ္ၾကပိုး၊ ပရုတ္
 
ေရာဂါ၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား အေနျဖင့္
-အစာေရမ်ဳိက်ဥ္း၍ အစာမမ်ိဳနိဳင္ျခင္း 
- ေသြးအန္ျခင္း၊ ဝမ္းအမည္းသြားျခင္း 
- ေသြးအားနည္းျခင္း 
- အစာေရမ်ိဳေရာင္ျခင္း 
- အစာေရမ်ိဳ ကင္ဆာျဖစ္ျခင္း နွင့္ အျခား ဆိုးက်ိဳးမ်ားကိုလည္း ျဖစ္ေစနိဳင္ပါသည္။ ေရာဂါျဖစ္သည္ဟု ယူဆရလွ်င္ တတ္ကၽြမ္းနားလည္ေသာ
ဆရာဝန္နွင့္ျပသ၍ လိုအပ္ေသာ စမ္းသပ္စစ္ေဆးမွဳ ကို ျပဳလုပ္နိဳင္ပါသည္။
 ေရာဂါ ရွာေဖြနိဳင္ေသာ နည္းလမ္းမ်ားမွာ 
- ေရာဂါ လကၡဏာနွင့္ သက္ဆိုင္ေသာ ေမးခြန္းမ်ားေမးျခင္း 
- အစာအိမ္ မွန္ေျပာင္းၾကည့္ျခင္း 
- အစာအိမ္အက္ဆစ္ဓာတ္ တိုင္းတာျခင္း 
- အစာအိမ္ၾကြက္သား ညွစ္နိဳင္မွဳ တိုင္းတာျခင္း 
- အစာေရမ်ိဳျပြန္လွဳပ္ရွားမွဳ ျပင္းအားကို တိုင္းတာျခင္း 
-အစာေရမ်ိဳျပြန္ ေဆးဓာတ္မွန္ ရိုက္ျခင္း 
အစာအိမ္အခ်ဥ္ျပန္ေရာဂါ ျဖစ္္လွ်င္ မည္သို႕ေနထိုင္ရမည္နည္း ??
- ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ပါ ။ 
- အစာစားျပီးျပီးျခင္း အိပ္ယာဝင္ျခင္း ၊ လဲေလ်ာင္းျခင္း မျပဳလုပ္ပါနွင့္။ 
- အစာကို တစ္ၾကိမ္တည္း အမ်ားၾကီး မစားပါနွင့္။ နည္းနည္းနွင့္ မၾကာခဏ စားပါ။ 
- ည အိပ္ယာမဝင္မီွ ၂နာရီအတြင္း အစာမစားရ။ 
- အိပ္ယာေခါင္းအံုးကို ၆ လက္မခန္႕ျမွင့္၍ အိပ္ပါ။ 
- မတည့္ေသာ အစာနွင့္ေဆးမ်ားကို ေရွာင္ပါ။ 
- ေဆးလိပ္၊ ကြမ္း၊ အရက္ ျဖတ္ပါ။ 
- ဆရာဝန္ ညႊန္ၾကားထားေသာ ေဆးမ်ားကို သတ္မွတ္ထားသည့္ ရက္ပိုင္း ၊ လပိုင္း ၊ နွစ္ပိုင္း အထိ စြဲေသာက္ပါ ။ 
ကုသနိဳင္ေသာ နည္းလမ္း အမ်ိဳးမ်ိဳးရွိပါသည္။ မိမိေရာဂါ အေျခအေနေပၚလိုက္၍ ဆရာဝန္မွ သတ္မွတ္ ဆံုးျဖတ္ေပးေသာ ကုထံုးကို လိုက္နာ
က်င့္သံုးေနထိုင္ရန္လိုအပ္ပါသည္။ 
၁။ ေဆးဝါးျဖင့္ ကုသျခင္း 
ေဆးဝါးျဖင့္ ကုသမည္ဆိုလွ်င္ အနည္းဆံုး ေဆး ၂ လ ေသာက္ရပါမည္။ ေဆးရပ္လိုက္လွ်င္ေရာဂါျပန္ျဖစ္တတ္ပါသျဖင့္ လိုအပ္ပါက ဆရာဝန္ ညႊန္ၾကားပါက
ေဆးကို အျမဲတမ္း စြဲေသာက္သံုးရန္လိုအပ္ပါမည္။ 
 (၁)အစာအိမ္အက္ဆစ္ဓာတ္ကို ေလ်ာ့နည္းေစေသာ ေဆးမ်ား ေသာက္သံဳးျခင္း ျဖင့္ အစာအိမ္ အခ်ဥ္ျပန္ျခင္း ကို ေလ်ာ့ခ်ေပးနိဳင္ပါသည္။ ( ဥပမာ - Omeprazole, Rabeprazole)
(၂)အစာအိမ္ လွဳပ္ရွားမွဳ အားေကာင္းေစေသာ ေဆးဝါးမ်ား ကို ေသာက္သံုးျခင္းျဖင့္ အစာအိမ္ အတြင္းမွ အစာေဟာင္းမ်ား အခ်ဥ္ျပန္ျပီး
ေလျပန္မတက္ေအာင္ ကာကြယ္ေပးနိဳင္ပါသည္။ (ဥပမာ - Metoclopramide) 
(၃)အစာအိမ္ အက္ဆစ္ေျခဖ်က္ေဆးမ်ား (ဥပမာ - Antacid, Aluminium hydroxide) 
၂။ ခြဲစိတ္ ကုသျခင္း 
ခြဲစိတ္ကုသျခင္း ကို ေဆးဝါးျဖင့္ မသက္သာေသာသူမ်ား ၊ ၾကာရွည္စြာ ေဆးမေသာက္သံုးလိုသူမ်ား၊ အစာေရမ်ိဳက်ဥ္းေနသူမ်ား ၊ ကင္ဆာ ျဖစ္နိဳင္ေခ်ရွိသူ(Barrett Eosphagus)မ်ား ၊
အစာအိမ္ကၽြံေသာ လူနာမ်ား (Hiatus Hernia) နွင့္ ၂၄ နာရီ အက္ဆစ္တိုင္းတာရာတြင္ အက္ဆစ္မ်ားလြန္းေသာ လူနာမ်ား (pH<4) တြင္ ကုသနိဳင္ပါသည္။ 
၃။ မွန္ေျပာင္းျဖင့္ ကုသျခင္း 
အစာေရမ်ိဳျပြန္ေအာက္ပိုင္း ၾကြက္သားျပင္းအားေကာင္းေအာင္(Stretta Procedure) ျဖင့္ အစာအိမ္မွန္ေျပာင္းထည့္သြင္း ကုသ ေပးနိဳင္ပါသည္။ 
အစာအိမ္နွင့္ အစာေရမ်ိဳျပြန္ဆက္ေသာေနရာကို ခ်ဳပ္ျခင္း (Endoscopic Plication)ျဖင့္လည္း အစာအိမ္အခ်ဥ္ျပန္ျခင္း ကို ကုသနိဳင္ပါသည္။ 
မေပ်ာ္ဝင္နိဳင္ေသာ Polymer ကို အစာေရမ်ိဳျပြန္ေအာက္ပိုင္းသို႕ ထိုးသြင္းျခင္း (Enteryx Injection) ျဖင့္လည္း ကုသနိဳင္ပါသည္။
က်န္းမာသက္႐ွည္ၾကပါေစ။
 
ဇီ၀က