လိပ်ခေါင်း ရောဂါအကြောင်း သိကောင်းစရာ

လိပ်ခေါင်း ရောဂါအကြောင်း သိကောင်းစရာ
 
 
လိပ်ခေါင်းဆိုသည်မှာ လူတွေကို စိတ်ဒုက္ခပေးတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်တယ်။ 
ကမ္ဘာပေါ်မှာ ကျား၊ မ၊ အသက်အရွယ်မရွေး ဒီရောဂါဖြစ်နိုင်တယ်။ အထူးသဖြင့် အသက် ၃၀-၆၅ အတွင်း အသက်ကြီးသူတွေမှာ အဓိကဖြစ်ကြပါတယ်။
စအိုဝရှိ သွေးပြန်ကြောများတွင် သွေးဖိအားများလာသော အခါ လိပ်ခေါင်းရောဂါဖြစ်စေပါသည်။ စအိုဝရှိ သွေးပြန်ကြောများ၏ သွေးလျှောက်မှုကို ဖိနှိပ်ပိတ်ဆို့စေသောအခါ
သွေးပြန်ကြောအတွင်း သွေးများစုပုံလာပြီး ဖိအားများလာပါသည်။ ဖိအားများလာသောကြောင့် စအိုဝရှိ သွေးပြန်ကြော များ ဖောင်းပွလာကာ နာကျင်မှု ဝေဒနာကို ခံစားလာရပါသည်။
စအိုဝ၌ ပေါ်ပေါက်လာသော ဖောင်းကြွပြီး နာကျင်မှုရှိသည့် သွေးပြန်ကြော များဖြစ်ပါသည်။ ဆေးပညာအရ Haemorrhoid, Piles စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပါသည်။ 
 
 ဝမ်းချုပ်တတ်သူများ၊ ဝမ်းသွားချိန်တွင် အားသုံး၍ ဝမ်းညှစ်တတ်သူများ၊ အညောင်းထိုင် အလုပ်လုပ်သူများ၊ စအိုဝတွင် အနာရောဂါဖြစ်သူများနှင့်
အသည်းခြောက်ရောဂါရှိသူများတွင် အဖြစ်များပါသည်။ 
 
လိပ်ခေါင်းဖြစ်ပေါ်လာပုံအဆင့်ဆင့်
 
အဆင့်(1) လိပ်ခေါင်း (Grade 1)
စအိုတွင်းသွေးကြော ဖောင်းမယ်၊ တချို့မှာ သွေးစပါပေမယ့် တချို့က ဘာလက္ခဏာမှ မပြသေးဘူး။ 
အဆင့်(2) လိပ်ခေါင်း (Grade 2)
ဝမ်းသွားတဲ့အခါ လိပ်ခေါင်းက အပြင်ကို စူထွက်လာတယ်။ ပြီးရင် သူ့ဘာသာ ပြန်ဝင်သွားတယ်။
အဆင့်(3) လိပ်ခေါင်း (Grade 3) 
ဝမ်းသွားချိန်မှာ လိပ်ခေါင်း ထွက်လာတယ်။ ဒီအဆင့်မှာ လိပ်ခေါင်းကို လက်နဲ့ ပြန်ထည့်လို့ ရသေးတယ်။
အဆင့်(4) လိပ်ခေါင်း (Grade 4) 
နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ အပြင်ထွက်နေတဲ့ လိပ်ခေါင်းဟာ ပြန်သွင်းလို့မရတော့ဘူး။ စအိုက အပြင်ထွက်လာတဲ့လိပ်ခေါင်းကို အဆင့်(2)
နောက်ပိုင်းမှ တွေ့မြင် ရတယ်။ လူအများသိတဲ့ အပြင်လိပ်က အဆင့် (3) နဲ့ (4) ကို ဆိုလိုတာဖြစ်ပါတယ်။
 
လိပ်ခေါင်း ဖြစ်ပြီဆိုပါက စအိုဝအနီးတစ်ဝိုက်တွင် ယားယံ လာတတ်ပါသည်။ ထို့နောက် စအိုဝပတ်ပတ်လည်တွင် နာကျင် ကိုက်ခဲမှုဝေဒနာကို ခံစားလာရပြီး
၎င်းဝေဒနာသည် ထိုင်နေသည့် အချိန်တွင် ပိုဆိုးပါသည်။ တစ်ခါ တစ်ရံတွင် စအိုဝမှ သွေးယိုစီးမှု ရှိနိုင်ပြီး သွေးစသွေးနများကို မစင်ပေါ်တွင်လည်းကောင်း၊
အိမ်သာခွက်ထဲတွင်လည်းကောင်း၊ အိမ်သာသုံးစက္ကူ ပေါ်တွင်လည်းကောင်း တွေ့ရနိုင်ပါသည်။ ဝမ်းသွားချိန်တွင် နာကျင်မှုရှိနိုင်ပါ သည်။
စအိုဝပတ်ပတ်လည်တွင် နာကျင်မှုရှိသော အလုံးအကျိတ်များတစ်ခု သို့မဟုတ် တစ်ခု ထက်ပိုကာ ပေါ်ပေါက်လာနိုင်ပါသည်။လိပ်ခေါင်းမှ သွေးယိုစီးမှုသည် ပြင်းထန်ပါက
အချိန်ကြာမြင့်သောအခါ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သံဓာတ် လျော့နည်းသည့် သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်ပေါ်နိုင်ပါသည်။
ဆရာဝန်မှ ကြည့်ရှုစမ်းသပ်သောအခါ စအို၀ ကို စမ်းသပ်စစ်ဆေးကြည့်ရုံဖြင့် လိပ်ခေါင်းရောဂါ ရှိကြောင်း ဖော်ထုတ်နိုင်လေ့ရှိပါသည်။ လိုအပ် ပါက
Sigmoidoscopy သို့မဟုတ် Anoscopy များ အသုံးပြုကာ စမ်းသပ်မည် ဖြစ်ပါသည်။ လိပ်ခေါင်းရောဂါဖြစ်ပြီဟု ယူဆပါက ဆရာဝန်နှင့် ပြသ တိုင်ပင်သင့် ပါသည်။ 
 
Corticosteroids Cream လိမ်းပေး ခြင်းသည် လိပ်ခေါင်း ကြောင့်ဖြစ်ပေါ်သော နာကျင် ရောင်ရမ်းမှုကို သက်သာစေပါသည်။ ယားယံသော စအိုဝကို မကုတ်မိပါစေနှင့်။ 
ဆားနှင့်ရေနွေးနွေးတွင် စအိုကိုစိမ်၍ ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းသည် သက်သောင့်သက်သာရှိစေ နိုင်ပါသည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင်
သောက်ဆေးသောက်ရုံဖြင့် သက်သာပျောက် ကင်းနိုင်သော်လည်း ပြင်းထန်လာပါက ခွဲစိတ် ကုသသော နည်းလမ်းများကို အသုံးပြုရတတ်ပါ သည်။ လိပ်ခေါင်းရောဂါကို
ကုသရာတွင် Infrared coagulation နည်းမှာ လိပ်ခေါင်းအား ရှုံ့ဝင် ပျောက်ကွယ်သွားအောင် ပြုလုပ်သောနည်း ဖြစ်ပါ သည်။ မပြင်းထန်သော လိပ်ခေါင်းရောဂါများတွင်
Infrared coagulation နည်းသည် ထိရောက်မှုရှိတယ်။ နာကျင်မှုဝေဒနာ ပြင်းထန် စေသော လိပ်ခေါင်းရောဂါ များနှင့် သွေးယိုစီးမှု များသော လိပ်ခေါင်းရောဂါများ တွင်
အခြား နည်းလမ်းများ အသုံးပြု၍ မသက်သာသော အခါ ခွဲစိတ်ကုသသည့် နည်းလမ်းကိုအသုံးပြုရပါသည်။ ခွဲစိတ် ကုသမှု ပြုလုပ်ရန် လိုအပ်လာသောအခါ
သားရေကွင်းပစ်ခြင်း (Rubber band ligation) နည်းလမ်းကို အသုံးပြု သကဲ့သို့ လိပ်ခေါင်းကို ခွဲစိတ်လှီးထုတ်ခြင်း(Surgical Haemorrhoidectomy) နည်းလမ်းကို
လည်း အသုံးပြုလေ့ ရှိပါသည်။ လိပ်ခေါင်းရောဂါ ပြင်းထန်ပါက စအိုဝရှိ ဖောင်းကြွနေသော သွေးပြန်ကြောအတွင်း၌ သွေးခဲ ဖြစ်ပေါ်တတ်ပါသည်။ ထိုကဲ့သို့ သွေးခဲ ဖြစ်ပေါ်သောအခါ
၎င်းသွေးပြန်ကြောအနီးရှိ အသားစများ ပုပ်သွားတတ်ပါသည်။ ထိုအခြေအနေတွင် လိပ်ခေါင်းနှင့် သွေးခဲကို ခွဲထုတ် ဖယ်ရှားရလေ့ ရှိပါသည်။ 
  လိပ်ခေါင်းရောဂါ ကြိုတင်ကာကွယ်ရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များ
 ဝမ်းချုပ်ခြင်း၊ အားသုံး၍ ဝမ်းညှစ်ရခြင်းတို့သည် လိပ်ခေါင်းရောဂါ ဖြစ်စေရန် အားပေးအားမြှောက် ပြုပါသည်။ ထို့ကြောင့် 
 ၁။ ရေများများသောက်ပါ။ (တစ်နေ့လျှင် အနည်းဆုံး ရေရှစ်ဖန်ခွက် သောက်ပါ။) 
၂။ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီး၊ ဟင်းသီး ဟင်းရွက်များကို စားသုံးပါ။ 
၃။  နီတဲ့အသား (အမဲသား၊ ဝက်သား၊ ဆိတ်သား) တွေက ဝမ်းချုပ်စေလို့ လျှော့စားပါ။ 
၄။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
၅။ ပိုအရေးကြီးတာက ဝမ်းသွားချင်စိတ် ရှိတာနဲ့ သွားလိုက်ပါ။ အောင့်မထားပါနဲ့။ ဝမ်းမာလာရင် ဝမ်းသွားရခက်မယ်။ လိပ်ခေါင်းပြန်ဖြစ်တတ်ပါတယ်။
ဝမ်းပျော့ဆေး မကြာခဏ သုံးပေးပါ။
၆။ ဆောင့်ကြောင့် ထိုင်တာမျိုးတတ်နိုင်သမျှ ရှောင်ပါ။(ဗိုလ်ထိုင်အိမ်သာသုံးပါ)
 
ဇီဝက ဆေး(၁)
 
လိပ္ေခါင္း ေရာဂါအေၾကာင္း သိေကာင္းစရာ
 
 
လိပ္ေခါင္းဆိုသည္မွာ လူေတြကို စိတ္ဒုကၡေပးတဲ့ ေရာဂါေတြထဲက တစ္ခုျဖစ္တယ္။ 
ကမာၻေပၚမွာ က်ား၊ မ၊ အသက္အ႐ြယ္မေ႐ြး ဒီေရာဂါျဖစ္ႏိုင္တယ္။ အထူးသျဖင့္ အသက္ ၃၀-၆၅ အတြင္း အသက္ႀကီးသူေတြမွာ အဓိကျဖစ္ၾကပါတယ္။
စအိုဝရွိ ေသြးျပန္ေၾကာမ်ားတြင္ ေသြးဖိအားမ်ားလာေသာ အခါ လိပ္ေခါင္းေရာဂါျဖစ္ေစပါသည္။ စအိုဝရွိ ေသြးျပန္ေၾကာမ်ား၏ ေသြးေလွ်ာက္မႈကို
ဖိႏွိပ္ပိတ္ဆို႔ေစေသာအခါ ေသြးျပန္ေၾကာအတြင္း ေသြးမ်ားစုပုံလာၿပီး ဖိအားမ်ားလာပါသည္။ ဖိအားမ်ားလာေသာေၾကာင့္ စအိုဝရွိ ေသြးျပန္ေၾကာ မ်ား ေဖာင္းပြလာကာ
နာက်င္မႈ ေဝဒနာကို ခံစားလာရပါသည္။စအိုဝ၌ ေပၚေပါက္လာေသာ ေဖာင္းႂကြၿပီး နာက်င္မႈရွိသည့္ ေသြးျပန္ေၾကာ မ်ားျဖစ္ပါသည္။ ေဆးပညာအရ Haemorrhoid,
Piles စသည္ျဖင့္ ေခၚေဝၚေလ့ရွိပါသည္။ 
 
 ဝမ္းခ်ဳပ္တတ္သူမ်ား၊ ဝမ္းသြားခ်ိန္တြင္ အားသုံး၍ ဝမ္းညႇစ္တတ္သူမ်ား၊ အေညာင္းထိုင္ အလုပ္လုပ္သူမ်ား၊ စအိုဝတြင္ အနာေရာဂါျဖစ္သူမ်ားႏွင့္ အသည္းေျခာက္ေရာဂါရွိသူမ်ားတြင္
အျဖစ္မ်ားပါသည္။ 
 
လိပ္ေခါင္းျဖစ္ေပၚလာပုံအဆင့္ဆင့္
 
အဆင့္(1) လိပ္ေခါင္း (Grade 1)
စအိုတြင္းေသြးေၾကာ ေဖာင္းမယ္၊ တခ်ိဳ႕မွာ ေသြးစပါေပမယ့္ တခ်ိဳ႕က ဘာလကၡဏာမွ မျပေသးဘူး။ 
အဆင့္(2) လိပ္ေခါင္း (Grade 2)
ဝမ္းသြားတဲ့အခါ လိပ္ေခါင္းက အျပင္ကို စူထြက္လာတယ္။ ၿပီးရင္ သူ႔ဘာသာ ျပန္ဝင္သြားတယ္။
အဆင့္(3) လိပ္ေခါင္း (Grade 3) 
ဝမ္းသြားခ်ိန္မွာ လိပ္ေခါင္း ထြက္လာတယ္။ ဒီအဆင့္မွာ လိပ္ေခါင္းကို လက္နဲ႔ ျပန္ထည့္လို႔ ရေသးတယ္။
အဆင့္(4) လိပ္ေခါင္း (Grade 4) 
ေနာက္ဆုံးအဆင့္ ျဖစ္ပါတယ္။ အျပင္ထြက္ေနတဲ့ လိပ္ေခါင္းဟာ ျပန္သြင္းလို႔မရေတာ့ဘူး။ စအိုက အျပင္ထြက္လာတဲ့လိပ္ေခါင္းကို အဆင့္(2) ေနာက္ပိုင္းမွ ေတြ႕ျမင္ ရတယ္။
လူအမ်ားသိတဲ့ အျပင္လိပ္က အဆင့္ (3) နဲ႔ (4) ကို ဆိုလိုတာျဖစ္ပါတယ္။
 
လိပ္ေခါင္း ျဖစ္ၿပီဆိုပါက စအိုဝအနီးတစ္ဝိုက္တြင္ ယားယံ လာတတ္ပါသည္။ ထို႔ေနာက္ စအိုဝပတ္ပတ္လည္တြင္ နာက်င္ ကိုက္ခဲမႈေဝဒနာကို ခံစားလာရၿပီး ၎ေဝဒနာသည္
ထိုင္ေနသည့္ အခ်ိန္တြင္ ပိုဆိုးပါသည္။ တစ္ခါ တစ္ရံတြင္ စအိုဝမွ ေသြးယိုစီးမႈ ရွိႏိုင္ၿပီး ေသြးစေသြးနမ်ားကို မစင္ေပၚတြင္လည္းေကာင္း၊ အိမ္သာခြက္ထဲတြင္လည္းေကာင္း၊
အိမ္သာသုံးစကၠဴ ေပၚတြင္လည္းေကာင္း ေတြ႕ရႏိုင္ပါသည္။ ဝမ္းသြားခ်ိန္တြင္ နာက်င္မႈရွိႏိုင္ပါ သည္။ စအိုဝပတ္ပတ္လည္တြင္ နာက်င္မႈရွိေသာ အလုံးအက်ိတ္မ်ားတစ္ခု
သို႔မဟုတ္ တစ္ခု ထက္ပိုကာ ေပၚေပါက္လာႏိုင္ပါသည္။လိပ္ေခါင္းမွ ေသြးယိုစီးမႈသည္ ျပင္းထန္ပါက အခ်ိန္ၾကာျမင့္ေသာအခါ ေနာက္ဆက္တြဲ ဆိုးက်ိဳးအေနျဖင့္
သံဓာတ္ ေလ်ာ့နည္းသည့္ ေသြးအားနည္း ေရာဂါ (Iron deficiency anaemia) ျဖစ္ေပၚႏိုင္ပါသည္။ ဆရာဝန္မွ ၾကည့္ရႈစမ္းသပ္ေသာအခါ စအို၀ ကို စမ္းသပ္စစ္ေဆးၾကည့္႐ုံျဖင့္
လိပ္ေခါင္းေရာဂါ ရွိေၾကာင္း ေဖာ္ထုတ္ႏိုင္ေလ့ရွိပါသည္။ လိုအပ္ ပါက Sigmoidoscopy သို႔မဟုတ္ Anoscopy မ်ား အသုံးျပဳကာ စမ္းသပ္မည္ ျဖစ္ပါသည္။ လိပ္ေခါင္းေရာဂါျဖစ္ၿပီဟု
ယူဆပါက ဆရာဝန္ႏွင့္ ျပသ တိုင္ပင္သင့္ ပါသည္။ 
 
Corticosteroids Cream လိမ္းေပး ျခင္းသည္ လိပ္ေခါင္း ေၾကာင့္ျဖစ္ေပၚေသာ နာက်င္ ေရာင္ရမ္းမႈကို သက္သာေစပါသည္။ ယားယံေသာ စအိုဝကို မကုတ္မိပါေစႏွင့္။ 
ဆားႏွင့္ေရေႏြးေႏြးတြင္ စအိုကိုစိမ္၍ ၁၀ မိနစ္မွ ၁၅ မိနစ္ခန႔္ ထိုင္ေပးျခင္းသည္ သက္ေသာင့္သက္သာရွိေစ ႏိုင္ပါသည္။ မျပင္းထန္ေသာ လိပ္ေခါင္းေရာဂါမ်ားတြင္
 ေသာက္ေဆးေသာက္႐ုံျဖင့္ သက္သာေပ်ာက္ ကင္းႏိုင္ေသာ္လည္း ျပင္းထန္လာပါက ခြဲစိတ္ ကုသေသာ နည္းလမ္းမ်ားကို အသုံးျပဳရတတ္ပါ သည္။ လိပ္ေခါင္းေရာဂါကို ကုသရာတြင္
Infrared coagulation နည္းမွာ လိပ္ေခါင္းအား ရႈံ႕ဝင္ ေပ်ာက္ကြယ္သြားေအာင္ ျပဳလုပ္ေသာနည္း ျဖစ္ပါ သည္။ မျပင္းထန္ေသာ လိပ္ေခါင္းေရာဂါမ်ားတြင္
Infrared coagulation နည္းသည္ ထိေရာက္မႈရွိတယ္။ နာက်င္မႈေဝဒနာ ျပင္းထန္ ေစေသာ လိပ္ေခါင္းေရာဂါ မ်ားႏွင့္ ေသြးယိုစီးမႈ မ်ားေသာ လိပ္ေခါင္းေရာဂါမ်ား တြင္
အျခား နည္းလမ္းမ်ား အသုံးျပဳ၍ မသက္သာေသာ အခါ ခြဲစိတ္ကုသသည့္ နည္းလမ္းကိုအသုံးျပဳရပါသည္။ ခြဲစိတ္ ကုသမႈ ျပဳလုပ္ရန္ လိုအပ္လာေသာအခါ သားေရကြင္းပစ္ျခင္း
(Rubber band ligation) နည္းလမ္းကို အသုံးျပဳ သကဲ့သို႔ လိပ္ေခါင္းကို ခြဲစိတ္လွီးထုတ္ျခင္း(Surgical Haemorrhoidectomy) နည္းလမ္းကို လည္း အသုံးျပဳေလ့ ရွိပါသည္။
လိပ္ေခါင္းေရာဂါ ျပင္းထန္ပါက စအိုဝရွိ ေဖာင္းႂကြေနေသာ ေသြးျပန္ေၾကာအတြင္း၌ ေသြးခဲ ျဖစ္ေပၚတတ္ပါသည္။ ထိုကဲ့သို႔ ေသြးခဲ ျဖစ္ေပၚေသာအခါ ၎ေသြးျပန္ေၾကာအနီးရွိ
အသားစမ်ား ပုပ္သြားတတ္ပါသည္။ ထိုအေျခအေနတြင္ လိပ္ေခါင္းႏွင့္ ေသြးခဲကို ခြဲထုတ္ ဖယ္ရွားရေလ့ ရွိပါသည္။ 
  လိပ္ေခါင္းေရာဂါ ႀကိဳတင္ကာကြယ္ရန္အတြက္ ေဆာင္ရန္/ေရွာင္ရန္ အခ်က္မ်ား
 ဝမ္းခ်ဳပ္ျခင္း၊ အားသုံး၍ ဝမ္းညႇစ္ရျခင္းတို႔သည္ လိပ္ေခါင္းေရာဂါ ျဖစ္ေစရန္ အားေပးအားေျမႇာက္ ျပဳပါသည္။ ထို႔ေၾကာင့္ 
 ၁။ ေရမ်ားမ်ားေသာက္ပါ။ (တစ္ေန႔လွ်င္ အနည္းဆုံး ေရရွစ္ဖန္ခြက္ ေသာက္ပါ။) 
၂။ အမွ်င္ဓာတ္ႂကြယ္ဝေသာ သစ္သီး၊ ဟင္းသီး ဟင္း႐ြက္မ်ားကို စားသုံးပါ။ 
၃။  နီတဲ့အသား (အမဲသား၊ ဝက္သား၊ ဆိတ္သား) ေတြက ဝမ္းခ်ဳပ္ေစလို႔ ေလွ်ာ့စားပါ။ 
၄။ ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။
၅။ ပိုအေရးႀကီးတာက ဝမ္းသြားခ်င္စိတ္ ရွိတာနဲ႔ သြားလိုက္ပါ။ ေအာင့္မထားပါနဲ႔။ ဝမ္းမာလာရင္ ဝမ္းသြားရခက္မယ္။ လိပ္ေခါင္းျပန္ျဖစ္တတ္ပါတယ္။
ဝမ္းေပ်ာ့ေဆး မၾကာခဏ သုံးေပးပါ။
၆။ ေဆာင့္ေၾကာင့္ ထိုင္တာမ်ိဳးတတ္ႏိုင္သမွ် ေရွာင္ပါ။(ဗိုလ္ထိုင္အိမ္သာသုံးပါ)
 
ဇီ၀က ေဆး(၁)