"ပါကင်ဆန်ရောဂါ" အကြောင်းသိကောင်းစရာ
လက်တွေခြေတွေ တုန်လာမယ် (Tremor)၊ ခြေတွေလက်တွေ တောင့်တင်းလာမယ်၊ ကွေးလို့ဆန့်လို့ ပျော့ပျော့ပျောင်းပျောင်းမရှိတော့ဘူး (Rigidity)၊
အသက်ကြီးလာတဲ့သူတွေမှာ သွားတာလာတာနှေးကွေးလာမယ် (Bradykinesia) ဆိုရင် ဒါကို ပါကင်ဆန်လက္ခဏာစု (Parkinsonism)
သို့မဟုတ် Parkinsonism syndrome လို့ ခေါ်ပါတယ်။အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းများစွာတွေထဲမှာမှ ပါကင်ဆန်ရောဂါကတော့ အများဆုံးဖြစ်ပါတယ်။
၈၀ ရာခိုင်နှုန်း ရှိပါတယ်ဆိုလိုတာက ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက ပါကင်ဆန်ရောဂါမဟုတ်တဲ့ အခြားရောဂါတချို့ကလဲ ပါကင်ဆန်လက္ခဏာတွေ ပေးတတ်ပါတယ်။
ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ မျိုးဗီဇ (Genetic) နဲ့ ပတ်ဝန်းကျင် (Environment) တို့ကြောင့် ဖြစ်ပါတယ်။ ပါကင်ဆန်ဖြစ်တဲ့သူတွေမှ
ာ မျိုးဗီဇချို့ယွင်းမှုတွေ ရှိတတ်ပြီး ဆွေမျိုးရင်းခြာတွေမှာ ဖြစ်တဲ့သူရှိရင် တခြားလူမှာထက်ပိုဖြစ်တတ်ပါတယ်။
ပတ်ဝန်းကျင်ဆိုတာကတော့ အဆိပ်အတောက်တွေသင့်လို့ ဖြစ်ရတာပါ။ အထူးသဖြင့် MPTP (Methyl- phenyl-tetrahydro-pyridine) ကြောင့် ဖြစ်ရတယ်လို့ဆိုပါတယ်။
အခြားအဆိပ်အတောက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
(zawgyi)
"ပါကင်ဆန်ရောဂါ" အကြောင်းသိကောင်းစရာ 
ို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် ဟိုမုန်းစနစ်တွေမှန်ကန်ကောင်းမွန်မျှတနေဖို့လိုပါတယ်။အဲ့ဒီအထဲမှာ တစ်ခုအပါအဝင်ကတော့ ဒိုပါမင်းဟိုမုန်းပဲဖြစ်ပါတယ်။
သူဟာ Catecholamine နဲ့ Phenylalanine အုပ်စုဝင် Neurotransmitter (အာရုံကြောဆဲလ် (Nerve cell) တစ်ခုနဲ့တစ်ခုကြား ဆက်သွယ် ပေးတဲ့ သတင်းအချက်အလက်တွေ
သယ်ယူပို့ဆောင်ပေးတဲ့ မော်လီကျူးလေး)တစ်မျိုးဖြစ်ပါတယ်။ 
ဒိုပါမင်းဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဟိုမုန်းဖြစ်ပြီး အဓိကတာဝန် (၂) ခု ထမ်းဆောင် ပါတယ်။ ပထမတာဝန်ကတော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာတာဝန်တွေဖြစ်ပြီး
ဒုတိယအနေနဲ့ ဦးနှောက်နဲ့ အာရုံကြောရဲ့ပြင်ပတာဝန်တွေဆိုပြီး နှစ်မျိုးရှိပါတယ်။ 
ပထမတာဝန်ဖြစ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ တာဝန်တွေကိုကြည့်ရင် Mood၊ Movement နဲ့ Sexually တွေမှာ အရေးပါတဲ့အလုပ်တွေကို ထိန်းချုပ်ထားပါတယ်။
အဲ့ဒီဟိုမုန်းချို့တဲ့ရင်..
 • Mood အနေနဲ့ ခံစားမှုအခြေအနေ၊ တွေးတာတောတာတွေ ကျဆင်းလာပါလိမ့်မယ်။ADHD လို့ခေါ်တဲ့ အော်တစ်စင်ရောဂါဟာလည်း ဒိုပါမင်းလျော့နည်းမှုနဲ့ ပတ်သက်မှုရှိနေပါတယ်။ 
• Movement အနေနဲ့ ထိုင်တာထတာတွေ၊ လှုပ်ရှားသွားလာမှုတွေနှေးကွေးလာပါမယ်.. ခြေတွေလက်တွေတုန်လာပါတယ်။အလကားနေရင်း ခြေတွေလှုပ်နေတာတွေ
(Restless legs syndrome) တွေ့ရပါတယ်။ 
• Sexually အနေနဲ့ လိင်စိတ်ချို့တဲ့လာတာ၊ ပန်းသေပန်းညှိုးဖြစ်တာတွေ ဖြစ်လာပါတယ်။
ဒုတိယတာဝန်ဖြစ်တဲ့ ဦးနှောက်နဲ့အာရုံကြောပြင်ပတာဝန်တွေ ချို့တဲ့လာပြီး  • နှလုံးခုန်နှုန်းနည်းတာ၊ သွေးပေါင်ချိန်ကျဆင်းတာ၊ နှလုံးအလုပ်ကောင်းကောင်းမလုပ်တာ
(Heart failure) တွေ ဖြစ်တတ်ပါတယ်။
• ကျောက်ကပ်အားနည်းတာ (Renal failure) တွေဖြစ်တတ်ပါတယ်။
 သာမန်အားဖြင့်တော့ ပါကင်ဆန်ရောဂါဟာ အသက် ၆၀ ကျော်မှ ဖြစ်လေ့ရှိပါတယ်။အသက်ကြီး လာလေလေဖြစ်ဖို့ ရာနှုန်းပိုများလေလေဖြစ်ပါတယ်။အသက် ၈၀ ကျော်တဲ့သူ
တစ်သိန်းမှာ ၃၀ဝ ကနေ ၅၀ဝ အထိ ဖြစ်နေတာတွေ့ရပါတယ်။ လူငယ်တွေမှာမဖြစ်ဘူးလားဆိုရင်တော့ ဖြစ်တော့ဖြစ်ပါတယ်။အထူးသဖြင့် ဦးနှောက်ကိုထိခိုက်စေတဲ့
ဆေးတွေသောက်ရတဲ့သူတွေ (ဥပမာ- အတက်ရောဂါ၊ စိတ်ရောဂါ) မူးယစ်ဆေးဝါးသုံးစွဲလိုက် ဖြတ်လိုက်လုပ်တဲ့သူတွေမှာသာ အဓိကတွေ့ရလေ့ရှိပါတယ်။
 ဆေးဝါးတွေအနေနဲ့ ဦးနှောက်နဲ့အာရုံကြောတွေထဲဝင်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ဆေးဝါးတွေကို ရေရှည်စွဲသောက်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့
ဒိုပါမင်းထုတ်ပေးတဲ့ဆဲလ်လေးတွေ ပျက်စီးသွားရခြင်းဖြစ်ပါတယ်။အဓိကအနေနဲ့ ဖြစ်လေ့ရှိတဲ့ဆေးတွေကတော့.. 
• Antipsychotic drugs - စိတ်ရောဂါအတွက်အသုံးပြုတဲ့ဆေးဝါးတွေ 
• Metoclopramide - အအန်ပျောက်ဆေး၊ အမူးပြေဆေးအနေနဲ့အသုံးပြုလေ့ရှိတဲ့ဆေး 
• Prochlorperazine - အအန်ပျောက်ဆေး၊ အမူးပြေဆေး 
• Tetrabenazine • Sodium valproate - အတက်ရောဂါမှာအသုံးဝင်တဲ့ဆေး 
• Lithium - မူးယစ်ဆေးဝါးဖြတ်ဆေး 
• Manganese - အားဆေးတွေမှာပါလေ့ရှိပါတယ်။
 ပါကင်ဆန်ရောဂါလို့ပြောဖို့အတွက်ကတော့ Motor symptom လို့ခေါ်တဲ့ ကြွက်သားနဲ့ပတ်သက်တဲ့ လက္ခဏာ (၃) ခုကတော့ အဓိကဖြစ်ပါတယ် 
• ခြေလက်တုန်တာ (Tremor) 
• ကြွက်သားတွေတောင့်တင်းတာ (Rigidity) 
• လှုပ်ရှားမှုနှေးကွေးလာတာ (Bradykinesia) 
အဲ့ဒီလက္ခဏာ ၃ ခုတွေ့နေပြီဆိုရင်တော့ ပါကင်ဆန်ရောဂါသေချာပြီလို့ပြောနိုင်ပါတယ်။ အဲ့ဒီ မရောက်ခင် အစပျိုးရောဂါဖြစ်ခါစမှာ ဖြစ်လေ့ရှိတဲ့လက္ခဏာတွေကတော့ - 
• နှာခေါင်းအနံ့သိပ်မရတော့တာ 
• ဝမ်းချုပ်လာတာ 
• ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။
(၁) လက်တွေခြေတွေတုန်လာပါတယ် (Tremor) စတုန်စမှာတော့ လက်ဖျားလေးတွေတုန်ပါတယ်။တစ်ဖက်ထဲစပြီးဖြစ်ပါတယ်။
 ပြိုင်တူဖြစ်လေ့မရှိပါ။ နားနေတဲ့အချိန်မှာသာတွေ့ရလေ့ရှိပါတယ် (Typically a unilateral rest tremor)  
(၂) ကြွက်သားတွေတောင့်တင်းလာတာ (Rigidity) နဲ့ ပတ်သတ်ပြီးတော့ ခြေတွေလက်တွေ တောင့်လာပါတယ်။
(၃) ကြွက်သားတွေနှေးကွေးလာတာ (Bradykinesia) နဲ့ ပတ်သတ်ပြီးတော့လည်း တစ်ဆင့်ချင်း ပိုပိုဆိုးလာတာဖြစ်ပါတယ်။ စခါစမှာဆိုရင
် • အင်္ကျီကြယ်သီးဖြုတ်တာ၊ တပ်တာနှေးလာပါတယ် 
• ရှုးဖိနပ်စီးနေကျသူဆိုရင် ကြိုးတပ်တာနှေးလာပါတယ
် • စာရေးနေကျသူဆိုရင် နှေးလာပြီးစာလုံးတွေသေးလာပါတယ် 
• ပိုဆိုးလာရင် စကားသံတိုးလာပါမယ်စကားပြောနှေးလာပြီး အသံမကွဲပြားတော့ပဲဖြစ်လာပါမယ်
ဥပမာ သတိမေ့လာတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ပူပင်သောကဖြစ်တာ၊ စိတ်ဓာတ်ကျဆင်းတာ၊ စိတ်တိုတာတွေ ဖြစ်ပါတယ်။
 ဒီရောဂါဟာ ဖြစ်ပြီးရင်ပျောက်အောင်ကုသလို့ မရဘူး။ဒါပေမဲ့ မကုဘဲပစ်ထားရင် ပိုဆိုးပြီး သက်တမ်းစေ့နေရမှာမဟုတ်ပါဘူး။ဒါ့ကြောင့် လူနာကိုသက်သာအောင်၊
ပုံမှန်လူလိုနေထိုင် သွားနိုင်အောင်လုပ်ပေးဖို့ အရေးကြီးပါတယ်။အဓိကအရေးကြီးတာတော့ ဘဝအရည်အသွေး (Quality of Life) ကျမသွားအောင် ထိန်းသိမ်းထားနိုင်ဖို့
ကုသမှုတွေ မဖြစ်မနေလိုအပ်ပါတယ်။အဲ့ဒီလိုကုသရာမှာ အဓိကအစိတ်အပိုင်းအနေနဲ့
(၁)အနောက်တိုင်းဆေးဝါးများဖြင့်ကုသခြင်း 
(၂)အနေအထိုင်အစားအသောက်မှန်ကန်အောင်ထိန်းသိမ်းခြင်းတို့ဖြစ်ပါတယ်။
အဓိကအသုံးပြုတဲ့ဆေးတွေအနေနဲ့ (၆) မျိုး ရှိပါတယ်။
(၁) Levodopa 
(၂) Dopamine agonist 
(၃) Anticholinergic agents 
(၄) Monoamine oxidase Inhibitors (MAOI)-B 
(၅) Catechol-O-Methyltransferase (COMT) 
(၆) Amantadine 
့ ဘယ်ရောဂါမဆို ဆောင်ရန်/ရှောင်ရန်ဆိုတာအမြဲရှိပါတယ်။ဒါတွေကို လိုက်နာမယ်ဆိုရင် ရောဂါကုသပျောက်ကင်းရေးအတွက် အများကြီးအထောက်အကူပြုတာပေါ့
(က) ရှောင်ရန်များ 
• တိရစ္ဆာန်ကနေရတဲ့ အဆီတွေပါဝင်တဲ့ အစားအစာတွေရှောင်သင့်ပါတယ်..ဥပမာ-ဝက်သားစားရင် ဖြတ်သင့်ပါတယ်။
• ဝမ်းချုပ်တတ်တဲ့အစားအစာတွေဖြစ်တဲ့ ကောက်ညှင်းတို့၊ မြေကြီးထဲကစေးထန်းတဲ့ဥတွေ ရှောင်ရပါမယ်။ 
• အိပ်ရေးပျက်တာတွေရှောင်ရပါမယ်။
• ဆီကြော်တွေ၊ Deep freed food တွေရှောင်ရပါမယ်။
• မကောင်းတဲ့အခိုးအငွေ့တွေမရှူမိအောင်ဂရုပြုပါ - ဥပမာ ဆေးလိပ်ငွေ့၊ ကတ္တရာငွေ့၊ ခြင်ဆေးခွေ 
(ခ) လုပ်သင့်တာ (ဆောင်ရန်) တွေကတော့ 
• ဟင်းသီးဟင်းရွက်တွေများများစားပါ၊ အထူးသဖြင့် အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေပိုစားပါ။
• သစ်သီးမျိုးစုံစားပါ၊ အမျှင်ဓာတ်ပါတဲ့နာနတ်သီး၊ လိမ္မော်သီတွေပိုစားပါ၊ ဝမ်းမှန်ဖို့ဖြစ်ပါတယ်။
• ကော်ဖီ၊ ချောကလက်အကျိုးရှိပါတယ်။
• ပုံမှန်လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းလုပ်လို့ရတာလုပ်ပါ။ 
• လေကောင်းလေသန့်ရှူပါ။
• အဆီပါတဲ့ ငါး စားပါ.. 
• ရေနွေးကြမ်းသောက်ပါ
• ဗီတာမင်ဒီ - ပါကင်ဆန်ရောဂါဖြစ်နေတဲ့သူတွေရဲ့သွေးထဲမှာ ဗီတာမင်ဒီလျော့နည်းနေလေ့ ရှိပါတယ်။ ဗီတာမင်ဒီလျော့နည်းနေရင် ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေပေးသင့်ပါတယ်။
Vit D3- 2000-4000 IU/day ပေးနိုင်ပါတယ်။ဗီတာမင်ဒီဟာ ဦးနှောက်နဲ့အာရုံကြောတွေပုံမှန်လုပ်ဆောင်ဖို့ ကြွက်သားတွေပုံမှန်လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။
• ဗီတာမင်ဘီ-၆ နဲ့ ဘီ-၁၂ တွေလည်းလိုအပ်ပါတယ်။သူတို့ကတော့ သွေးထဲမှာရောင်ရမ်းစေတဲ့ Homocysteine ကိုလျော့ကျစေလို့ဖြစ်ပါတယ်။<10 မှာထိန်းထားဖို့လိုပါတယ်။