နှင်းခူရောဂါအကြောင်း သိကောင်းစရာ

နှင်းခူရောဂါအကြောင်း သိကောင်းစရာ 
အရေပြားအကွက်လိုက် အကွက်လိုက် ရောင်ရမ်းပြီး ယားယံတဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။အဓိကဖြစ်ရတဲ့ အကြောင်းကတော့ မိမိပတ်ဝန်းကျင်မှာ
မိမိနဲ့မတည့်တဲ့ ဓာတ်ပစ္စည်းတစ်ခုခုကို ဓာတ်တုန့်ပြန်မှု (allergic rection) ဖြစ်လာတဲ့သဘော ဖြစ်ပါတယ်။ဘယ်ပစ္စည်းနဲ့ မတည့်ဘူးဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက်
တူညီလေ့မရှိတော့ သိဖို့အတော်လေး ခက်ခဲပါတယ်။ ကိုယ်နဲ့ကျမှ မတည့်လို့ ဖြစ်ရတဲ့ပစ္စည်းတွေ များပါတယ်။ဥပမာအားဖြင့် (၁) ဖုန်မှုန့် (dust) (၂) အိပ်ယာ၊ ခေါင်းအုံး၊ မွေ့ယာ၊ ခြင်ထောင်
စသည်များ (၃) အိမ်၊ ရုံး၊ ကျောင်း စသည့် အဆောက်အဦး၌ အသုံးပြုထားသောပစ္စည်းများ ဥပမာ - ကြမ်းခင်းကော်ဇော၊ နံရံသုတ်ဆေးများ (၄) နေ့စဉ်အသုံးပြုသော အသုံးအဆောင်ပစ္စည်းများ။
ဥပမာ ကိုယ်တိုက်ဆပ်ပြာ၊ အဝတ်လျှော် ဆပ်ပြာ၊ ပိုးသတ်ဆေး (insecticide) များ (၅) အိမ်မွေးတိရိစ္ဆာန်များ ကြောင်၊ ခွေး (၆) အချို့သောအစားအစာများ လုံးဝကင်းစင်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့်
နည်းအောင်လုပ်လို့တော့ ရပါတယ်။ဖုန်ဆိုတာက သာမာန်လူကောင်းတောင် ထိတွေ့ရင် ယားယံတတ်တဲ့သဘောရှိပါတယ်။ နှင်းခူရောဂါရှိသူတွေဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် မိမိအိမ်၊ရုံး၊
ကျောင်းစတဲ့ပတ်ဝန်းကျင်မှာ အထူးသဖြင့်မိမိနဲ့ထိတွေ့တဲ့နေရာတွေမှာ သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ဥပမာ ကျောင်းသားဆိုရင် မိမိရဲ့စာကြည့်စားပွဲ၊ စာအုပ်စင်စတာတွေကို
ရေစိုအဝတ်လေးနဲ့ဖုန်သုတ်ပြီးမှ စာကြည့်တာမျိုး၊ ရုံးသမားဆိုရင်လည်း မိမိအလုပ်စားပွဲ၊ ကုလားထိုင်စတာတွေကို နေ့စဉ် ရေစိုအဝတ်လေးနဲ့သုတ်ပြီးမှ အလုပ်လုပ်တာမျိုးကိုဆိုလိုတာပါ။
မိမိဝတ်တဲ့အဝတ်အစားဆိုရင်လည်း နေ့စဉ်လျှော်ဖွတ်ပြီးဝတ်တာမျိုးကို ဆိုလိုတာပါ။ဒီလိုမျိုးလုပ်လိုက်ရင် ဖုန်မှုန့်နဲ့ထိတွေ့မှုလျော့နည်းသွားလို့ allergic reaction တွေလည်း လျော့နည်းလာပြီး
ရောဂါလည်းသက်သာလာမှာ ဖြစ်ပါတယ်။ နှင်းခူဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ အိပ်ယာအသုံးအဆောင်ပစ္စည်းတွေကလည်း ပဓာနကျပါတယ်။ ဥပမာ မွှေ့ယာ၊ ခေါင်းအုံး၊ စောင်၊
ခြင်ထောင်စတာတွေဟာ ကြာရှည်သုံးတဲ့ပစ္စည်းတွေဖြစ်ပါတယ်။စွပ်တဲ့ ခေါင်းအုံးစွပ်၊ မွှေ့ယာစွပ်၊ အိပ်ယာခင်း၊ စောင်စွပ် စတာတွေကတော့ အလွယ်တကူလျော်ဖွတ်လို့ရတာမို့မကြာခဏလျော်ဖွတ်ပြီးမှ
အသုံးပြုသင့်ပါတယ်။ဒီလိုဂရုစိုက်လုပ်ခဲ့ရင်တော့ ရောဂါသက်သာပျောက်ကင်းဖို့ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။ နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်းတွေထဲမှာ အရေးအကြီးဆုံးကတော့ ဆပ်ပြာ ဖြစ်ပါတယ်။
ဆပ်ပြာဆိုရာမှာ ရေချိုးရင်သုံးတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာပစ္စည်းတွေညစ်ပေရင် ချေးချွတ်တဲ့ဆပ်ပြာစသည်ဖြင့် အားလုံးပါပါတယ်။ နှင်းခူဖြစ်နေတဲ့သူတွေအနေနဲ့
ဖြစ်တဲ့နေရာကို ဆပ်ပြာရေမထိတွေ့တာအကောင်းဆုံး ဖြစ်ပါတယ်။ထိတွေ့ရင် အရေပြားပိုပျက်စီးပြီး ပိုဆိုးလာတတ်ပါတယ်။ အချို့နှင်းခူရောဂါတွေဟာ အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ ကြောင်တို့
ခွေးတို့နဲ့ပတ်သက်နေလေ့ရှိပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့လူငယ်တွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ကလေးတွေဆိုရင် ကြောင်ကိုချစ်တော့ ညအိပ်ယာထဲအထိ အတူသိပ်လေ့ရှိပါတယ်။
အဲဒီတော့ အဲ့ဒီကြောင်ကနေ ကြောင်သန်း၊ လှေးလေးတွေဟာ ကလေးဆီကိုရောက်ပြီး allergic reaction ရစေနိုင်သလို ကြောင်ရဲ့အမွှေးတွေကလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
အိမ်ကမိသားစုဝင်တစ်ယောက်ယောက် နှင်းခူရောဂါရှိနေပြီဆိုရင် အိမ်မွေးတိရိစ္ဆာန်တွေမမွေးတာ အကောင်းဆုံးပါပဲ။ အစားအစာဆိုရာမှာ အဓိက(၂)ပိုင်းခွဲပြောချင်ပါတယ်။ ပထမပိုင်းက
နှင်းခူရောဂါ ဖြစ်စေတဲ့ ပိုဆိုးစေတဲ့အစားအစာ ဒုတိယပိုင်းက နှင်းခူရောဂါကို သက်သာပျောက်ကင်းစေရာမှာ အထောက်အကူပြုတဲ့အစားအစာဆိုပြီး ဖြစ်ပါတယ် ပထမပိုင်းဖြစ်တဲ့
နှင်းခူရောဂါကိုဖြစ်စေတဲ့ပိုဆိုးစေတဲ့အစားအစာတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘဲ ကွဲပြားလေ့ရှိပါတယ်။ဒါကြောင့် ဘယ်အစားအစာတွေဖြင့် နှင်းခူရောဂါဖြစ်စေတယ်ဆိုပြီး ပြောလို့တော့မရပါဘူး။
များသောအားဖြင့်တော့ Protein ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ပဲမျိုးစုံ၊ အသား ငါး၊ ပုဇွန်နဲ့ အဲဒီပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေ ဖြစ်လေ့ရှိပါတယ်။ ရောဂါဖြစ်သူတွေအနေနဲ့
ဘယ်အစားအစာစားရင် နှင်းခူဟာ ပွလာပြီးပိုဆိုးလာတာတို့ ပိုယားလာတာတို့ရှိရင် အဲဒီအစားအစာကို ရှောင်ရပါမယ်။ ဒုတိယပိုင်းကတော့ နှင်းခူရောဂါကို သက်သာပျောက်ကင်းအောင်
ကူညီပေးတဲ့အစားအစာတွေဖြစ်ပါတယ်။အဲဒါတွေကတော့ (၁) Essential Fatty Acid (EFA) ဥပမာ Omega-3 တို့Omega-6 တို့ ဖြစ်ပါတယ်။ သုတေသနပြုချက်အရ နှင်းခူရောဂါရှိသူတွေဟာ
EFA တွေချို့တဲ့နေတာ တွေ့ရပါတယ်။ သူဟာ အရေပြားပုံမှန်တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့အာဟာရဓာတ် ဖြစ်ပါတယ်။ များသောအားဖြင့် ငါးရဲ့အဆီတွေမှာ အခွံမာအသီးတွေရဲ့အစေ့တွေမှာ ကြွယ်ဝစွာပါဝင်ပါတယ်။
ဒါကြောင့် နှင်းခူရောဂါရှိသူတွေအနေနဲ့ အဆီများတဲ့ငါးတွေဖြစ်တဲ့ ငါးဒန်တို့ငါးကြင်းတို့စားပေးသင့်ပါတယ်။အခွံမာတဲ့အသီးအစေ့တွေဖြစ်တဲ့ သစ်ကြားသီးတို့ Almond စေ့တို့ကိုလည်း စားပေးသင့်ပါတယ်။
တကယ်လို့မစားဖြစ်ခဲ့ရင်တော့ Omega-3 ပါတဲ့ဆေးတွေ ငါးကြီးဆီတွေ သောက်ရင်လည်းအကျိုးရှိပါတယ်။ (၂) ဗီတာမင်ဘီအုပ်စုကြွယ်ဝတဲ့အစားအစာတွေ အထူးသဖြင့်B2, B6 နဲ့ B12 ကြွယ်ဝတဲ့အစားအစာတွေကို
စားပေးသင့်ပါတယ်။ B2 နဲ့ B6 ကြွယ်ဝတဲ့အစားအစာတွေကတော့ အသီးအရွက်တွေဖြစ်ပြီး B12 ကြွယ်ဝတဲ့အစားအစာကတော့ တိရိစ္ဆာန်တွေရဲ့အသည်း ဖြစ်ပါတယ်။ ဥပမာ အမဲအသည်းလိုမျိုးပါ။
ဘာကြောင့်လဲဆိုတော့ ဗီတာမင် B အုပ်စုချို့တဲ့ရင် နှင်းခူရောဂါပိုဆိုးလာတတ်လို့ပါပဲ (၃) Probiotic ကြွယ်ဝတဲ့အစားအစာ ဥပမာ ဒိန်ချဉ်လိုဟာမျိုးကို မကြာမကြာစားပေးသင့်ပါပါတယ်။ သူ့ကိုစားရင်
အူထဲမှာ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ဘက်တီးရီးယားတွေပွားလာလို့ ခန္ဓာကိုယ်ခုခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေတဲ့အပြင် Allergic reaction တွေကိုလည်း လျော့နည်းစေနိုင်လို့ ဖြစ်ပါတယ်။
အထူးသဖြင့် မိခင်လုပ်သူကိုယ်ဝန်ဆောင်စဉ်မှာ Probiotic များများစားခဲ့ရင် မွေးလာတဲ့ကလေးမှာ eczema ဖြစ်ဖို့ အလားအလာအလွန်နည်းတယ်လို့ UK နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့သုတေသနစာတမ်းတွေက
ဆိုပါတယ်။ အဓိကအဖြစ်များတဲ့နှင်းခူအမျိုးအစား(၄) မျိုးရှိပါတယ်။ (၁) Atopic eczema ကတော့ တစ်နှစ်အောက်ကလေးတွေမှာ စဖြစ်လေ့ရှိပြီး အသက်(၁၅)နှစ် (၂၀)လောက်အထိ
ဖြစ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပါတယ်။ ယားလာတတ်ပါတယ်။ များသောအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ dust mite နဲ့ pollen တွေနဲ့ထိတွေ့ပြီး ခန္ဓာကိုယ်ထဲ IgE လို့ခေါ်တဲ့ antibody
တွေထွက်လာလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကြပ်ရောဂါ (Asthma) တို့၊ အစာတွေနဲ့မတည့်တာ (Food allergy) တို့နဲ့ တွဲဖြစ်လေ့ရှိပါတယ်။ (၂) Allergic contact eczema
ကတော့ မိမိနဲ့မတည့်တဲ့ ပစ္စည်းတစ်ခုခုနဲ့ထိတွေ့လို့ ဖြစ်ရတာဖြစ်ပါတယ်။ ထိတွေ့တဲ့နေရာမှာ အဓိကဖြစ်လေ့ရှိပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ (၃) Descoid eczema ဆိုတာကတော့
အကွင်းလိုက်အကွက်လိုက် ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ များသောအားဖြင့် ဖြစ်တဲ့နေရာမှာ အရေပြားဟာထူပြီး ရောင်နေတဲ့အပြင် အရေကြည်အိတ်လေးတွေနဲ့ စိုနေတတ်ပါတယ်။
ယားလဲအင်မတန်ယားပါတယ်။ (၄) Seborrhoeic eczema ဆိုတာက များသောအားဖြင့် ခေါင်းနှင့်မျက်နှာမှာ ဖြစ်တတ်ပါတယ်။ အချို့ပိုဆိုးရင် ရင်ဘတ်နဲ့ ပေါင်ကြားထဲအထိ ဖြစ်တတ်ပါတယ်။
အရေပြားဟာနီရဲပြီး အဖတ်လေးတွေ ကွာကျနေတတ်ပါတယ်။ ကလေးတွေမှာပိုဖြစ်တတ်ပါတယ်။ ဆေးဝါးအနေနဲ့ လိမ်းဆေးနဲ့သောက်ဆေးဆိုပြီးအဓိကအုပ်စု (၂) ခုရှိပါတယ်။
(၁) လိမ်းဆေးအနေနဲ့ Corticostenoid ပါတဲ့ cream တွေလိမ်းပေးရင် အရောင်ကျတာ မြန်ပါတယ်။ထူနေတဲ့နှင်းခူတွေလည်း ပါးသွားနိုင်ပါတယ်။သူ့ကိုလိမ်းတဲ့အခါ တောက်လျှောက်မလိမ်းဘဲ
သက်သာတယ်ဆိုတာနဲ့ရပ်သင့်ရင်ရပ်ထားရပါမယ်။ နောက် antifungal cream အနေနဲ့ Fungal infection ရှိရင်တွဲသုံးနိုင်ပါတယ်။ သိပ်ယားတဲ့အခါမျိုးမှာ antihistamine cream တွေလိမ်းလို့ရပါတယ်။
(၂) သောက်ဆေးအနေနဲ့ Corticostenoid ပါတဲ့ သောက်ဆေးတွေ၊Antifungal (ဥပမာ - nystatin)နဲ့ Antihistamine (ဥပမာ -Burmeton) တွေသုံးနိုင်ပါတယ်။ ညဘက်မှာ အိပ်လို့မရအောင်ယားနေရင်တော့
Antihistamine သောက်ဆေးကို ညအိပ်ခါနီးသောက်အိပ်တာ ကောင်းပါတယ်။
 
ဇီ၀က ေဆး (၁)
 
ႏွင္းခူေရာဂါအေၾကာင္း သိေကာင္းစရာ 
အေရျပားအကြက္လိုက္ အကြက္လိုက္ ေရာင္ရမ္းၿပီး ယားယံတဲ့ အေရျပားေရာဂါတစ္မ်ဳိး ျဖစ္ပါတယ္။အဓိကျဖစ္ရတဲ့ အေၾကာင္းကေတာ့ မိမိပတ္၀န္းက်င္မွာ မိမိနဲ႔မတည့္တဲ့ ဓာတ္ပစၥည္းတစ္ခုခုကို
ဓာတ္တုန္႔ျပန္မႈ (allergic rection) ျဖစ္လာတဲ့သေဘာ ျဖစ္ပါတယ္။ဘယ္ပစၥည္းနဲ႔ မတည့္ဘူးဆိုတာကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ တူညီေလ့မ႐ွိေတာ့ သိဖို႔အေတာ္ေလး ခက္ခဲပါတယ္။
ကိုယ္နဲ႔က်မွ မတည့္လို႔ ျဖစ္ရတဲ့ပစၥည္းေတြ မ်ားပါတယ္။ဥပမာအားျဖင့္ (၁) ဖုန္မႈန္႔ (dust) (၂) အိပ္ယာ၊ ေခါင္းအံုး၊ ေမြ႕ယာ၊ ျခင္ေထာင္ စသည္မ်ား (၃) အိမ္၊ ႐ံုး၊ ေက်ာင္း စသည့္ အေဆာက္အဦး၌
အသံုးျပဳထားေသာပစၥည္းမ်ား ဥပမာ - ၾကမ္းခင္းေကာ္ေဇာ၊ နံရံသုတ္ေဆးမ်ား (၄) ေန႔စဥ္အသံုးျပဳေသာ အသံုးအေဆာင္ပစၥည္းမ်ား။ ဥပမာ ကိုယ္တိုက္ဆပ္ျပာ၊ အဝတ္ေလွ်ာ္ ဆပ္ျပာ၊ ပိုးသတ္ေဆး
(insecticide) မ်ား (၅) အိမ္ေမြးတိရိစၦာန္မ်ား ေၾကာင္၊ ေခြး (၆) အခ်ိဳ႕ေသာအစားအစာမ်ား လံုးဝကင္းစင္ေအာင္လုပ္ဖို႔ မျဖစ္ႏိုင္ေပမယ့္ နည္းေအာင္လုပ္လို႔ေတာ့ ရပါတယ္။ဖုန္ဆိုတာက သာမာန္လူေကာင္းေတာင္
ထိေတြ႕ရင္ ယားယံတတ္တဲ့သေဘာရွိပါတယ္။ ႏွင္းခူေရာဂါရွိသူေတြဆိုေတာ့ ပိုဆိုးတာေပါ့။ ဒါေၾကာင့္ မိမိအိမ္၊႐ံုး၊ ေက်ာင္းစတဲ့ပတ္ဝန္းက်င္မွာ အထူးသျဖင့္မိမိနဲ႔ထိေတြ႕တဲ့ေနရာေတြမွ
ာ သန္႔ရွင္းေနဖို႔အေရးႀကီးပါတယ္။ဥပမာ ေက်ာင္းသားဆိုရင္ မိမိရဲ႕စာၾကည့္စားပြဲ၊ စာအုပ္စင္စတာေတြကို ေရစိုအဝတ္ေလးနဲ႔ဖုန္သုတ္ၿပီးမွ စာၾကည့္တာမ်ိဳး၊ ႐ံုးသမားဆိုရင္လည္း မိမိအလုပ္စားပြဲ၊
ကုလားထိုင္စတာေတြကို ေန႔စဥ္ ေရစိုအဝတ္ေလးနဲ႔သုတ္ၿပီးမွ အလုပ္လုပ္တာမ်ိဳးကိုဆိုလိုတာပါ။မိမိဝတ္တဲ့အဝတ္အစားဆိုရင္လည္း ေန႔စဥ္ေလွ်ာ္ဖြတ္ၿပီးဝတ္တာမ်ိဳးကို ဆိုလိုတာပါ။ဒီလိုမ်ိဳးလုပ္လိုက္ရင္
ဖုန္မႈန္႔နဲ႔ထိေတြ႕မႈေလ်ာ့နည္းသြားလို႔ allergic reaction ေတြလည္း ေလ်ာ့နည္းလာၿပီး ေရာဂါလည္းသက္သာလာမွာ ျဖစ္ပါတယ္။ ႏွင္းခူျဖစ္ရတဲ့အေၾကာင္းရင္းေတြထဲမွာ အိပ္ယာအသံုးအေဆာင္ပစၥည္းေတြကလည္း
ပဓာနက်ပါတယ္။ ဥပမာ ေမႊ႕ယာ၊ ေခါင္းအံုး၊ ေစာင္၊ ျခင္ေထာင္စတာေတြဟာ ၾကာရွည္သံုးတဲ့ပစၥည္းေတြျဖစ္ပါတယ္။စြပ္တဲ့ ေခါင္းအံုးစြပ္၊ ေမႊ႕ယာစြပ္၊ အိပ္ယာခင္း၊ ေစာင္စြပ္ စတာေတြကေတာ့
အလြယ္တကူေလ်ာ္ဖြတ္လို႔ရတာမို ႔မၾကာခဏေလ်ာ္ဖြတ္ၿပီးမွ အသံုးျပဳသင့္ပါတယ္။ဒီလိုဂ႐ုစိုက္လုပ္ခဲ့ရင္ေတာ့ ေရာဂါသက္သာေပ်ာက္ကင္းဖို႔ မ်ားစြာအေထာက္အကူျပဳမွာ ျဖစ္ပါတယ္။
ေန႔စဥ္တစ္ကိုယ္ေရသံုးပစၥည္းေတြထဲမွာ အေရးအႀကီးဆံုးကေတာ့ ဆပ္ျပာ ျဖစ္ပါတယ္။ ဆပ္ျပာဆိုရာမွာ ေရခ်ိဳးရင္သံုးတဲ့ ကိုယ္တိုက္ဆပ္ျပာ၊ လက္ေဆးဆပ္ျပာ၊ အဝတ္ေလွ်ာ္ဆပ္ျပာပစၥည္းေတြညစ္ေပရင္
ေခ်းခြ်တ္တဲ့ဆပ္ျပာစသည္ျဖင့္ အားလံုးပါပါတယ္။ ႏွင္းခူျဖစ္ေနတဲ့သူေတြအေနနဲ႔ ျဖစ္တဲ့ေနရာကို ဆပ္ျပာေရမထိေတြ႕တာအေကာင္းဆံုး ျဖစ္ပါတယ္။ထိေတြ႕ရင္ အေရျပားပိုပ်က္စီးၿပီး ပိုဆိုးလာတတ္ပါတယ္။
အခ်ိဳ႕ႏွင္းခူေရာဂါေတြဟာ အိမ္ေမြးတိရိစၦာန္ေတြျဖစ္တဲ့ ေၾကာင္တို႔ ေခြးတို႔နဲ႔ပတ္သက္ေနေလ့ရွိပါတယ္။ အထူးသျဖင့္ ကေလးေတြနဲ႔လူငယ္ေတြမွာ ပိုျဖစ္ေလ့ရွိပါတယ္။ ကေလးေတြဆိုရင္ ေၾကာင္ကိုခ်စ္ေတာ့
ညအိပ္ယာထဲအထိ အတူသိပ္ေလ့ရွိပါတယ္။ အဲဒီေတာ့ အဲ့ဒီေၾကာင္ကေန ေၾကာင္သန္း၊ ေလွးေလးေတြဟာ ကေလးဆီကိုေရာက္ၿပီး allergic reaction ရေစႏိုင္သလို ေၾကာင္ရဲ႕အေမႊးေတြကလည္း ျဖစ္ႏိုင္ပါတယ္။
ဒါေၾကာင့္ အိမ္ကမိသားစုဝင္တစ္ေယာက္ေယာက္ ႏွင္းခူေရာဂါရွိေနၿပီဆိုရင္ အိမ္ေမြးတိရိစၦာန္ေတြမေမြးတာ အေကာင္းဆံုးပါပဲ။ အစားအစာဆိုရာမွာ အဓိက(၂)ပိုင္းခြဲေျပာခ်င္ပါတယ္။
ပထမပိုင္းက ႏွင္းခူေရာဂါ ျဖစ္ေစတဲ့ ပိုဆိုးေစတဲ့အစားအစာ ဒုတိယပိုင္းက ႏွင္းခူေရာဂါကို သက္သာေပ်ာက္ကင္းေစရာမွာ အေထာက္အကူျပဳတဲ့အစားအစာဆိုၿပီး ျဖစ္ပါတယ္ ပထမပိုင္းျဖစ္တဲ့
ႏွင္းခူေရာဂါကိုျဖစ္ေစတဲ့ပိုဆိုးေစတဲ့အစားအစာေတြကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္မတူဘဲ ကြဲျပားေလ့ရွိပါတယ္။ဒါေၾကာင့္ ဘယ္အစားအစာေတြျဖင့္ ႏွင္းခူေရာဂါျဖစ္ေစတယ္ဆိုၿပီ
း ေျပာလို႔ေတာ့မရပါဘူး။ မ်ားေသာအားျဖင့္ေတာ့ Protein ဓာတ္ၾကြယ္ဝတဲ့အစားအစာေတြျဖစ္တဲ့ ပဲမ်ိဳးစံု၊ အသား ငါး၊ ပုဇြန္နဲ႔ အဲဒီပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့အစားအစာေတြ ျဖစ္ေလ့ရွိပါတယ္။
ေရာဂါျဖစ္သူေတြအေနနဲ႔ ဘယ္အစားအစာစားရင္ ႏွင္းခူဟာ ပြလာၿပီးပိုဆိုးလာတာတို႔ ပိုယားလာတာတို႔ရွိရင္ အဲဒီအစားအစာကို ေရွာင္ရပါမယ္။ ဒုတိယပိုင္းကေတာ့ ႏွင္းခူေရာဂါကို
သက္သာေပ်ာက္ကင္းေအာင္ ကူညီေပးတဲ့အစားအစာေတြျဖစ္ပါတယ္။အဲဒါေတြကေတာ့ (၁) Essential Fatty Acid (EFA) ဥပမာ Omega-3 တို ႔Omega-6 တို႔ ျဖစ္ပါတယ္။ သုေတသနျပဳခ်က္အရ
ႏွင္းခူေရာဂါရွိသူေတြဟာ EFA ေတြခ်ိဳ႕တဲ့ေနတာ ေတြ႕ရပါတယ္။ သူဟာ အေရျပားပံုမွန္တာဝန္ထမ္းေဆာင္ဖို႔ လိုအပ္တဲ့အာဟာရဓာတ္ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ငါးရဲ႕အဆီေတြမွာ
အခြံမာအသီးေတြရဲ႕အေစ့ေတြမွာ ၾကြယ္ဝစြာပါဝင္ပါတယ္။ဒါေၾကာင့္ ႏွင္းခူေရာဂါရွိသူေတြအေနနဲ႔ အဆီမ်ားတဲ့ငါးေတြျဖစ္တဲ့ ငါးဒန္တို ႔ငါးၾကင္းတို႔စားေပးသင့္ပါတယ္။အခြံမာတဲ့အသီးအေစ့ေတြျဖစ္တဲ့
သစ္ၾကားသီးတို႔ Almond ေစ့တို႔ကိုလည္း စားေပးသင့္ပါတယ္။ တကယ္လို႔မစားျဖစ္ခဲ့ရင္ေတာ့ Omega-3 ပါတဲ့ေဆးေတြ ငါးႀကီးဆီေတြ ေသာက္ရင္လည္းအက်ိဳးရွိပါတယ္။
(၂) ဗီတာမင္ဘီအုပ္စုၾကြယ္ဝတဲ့အစားအစာေတြ အထူးသျဖင့္B2, B6 နဲ႔ B12 ၾကြယ္ဝတဲ့အစားအစာေတြကိုစားေပးသင့္ပါတယ္။ B2 နဲ႔ B6 ၾကြယ္ဝတဲ့အစားအစာေတြကေတာ့ အသီးအရြက္ေတြျဖစ္ၿပီး
B12 ၾကြယ္၀တဲ့အစားအစာကေတာ့ တိရိစၦာန္ေတြရဲ႕အသည္း ျဖစ္ပါတယ္။ ဥပမာ အမဲအသည္းလိုမ်ိဳးပါ။ဘာေၾကာင့္လဲဆိုေတာ့ ဗီတာမင္ B အုပ္စုခ်ိဳ႕တဲ့ရင္ ႏွင္းခူေရာဂါပိုဆိုးလာတတ္လို႔ပါပဲ
(၃) Probiotic ၾကြယ္၀တဲ့အစားအစာ ဥပမာ ဒိန္ခ်ဥ္လိုဟာမ်ိဳးကို မၾကာမၾကာစားေပးသင့္ပါပါတယ္။ သူ႕ကိုစားရင္ အူထဲမွာ က်န္းမာေရးကိုအေထာက္အကူျပဳတဲ့ဘက္တီးရီးယားေတြပြားလာလို႔
ခႏၶာကိုယ္ခုခံအားစနစ္ကိုတိုးတက္ေကာင္းမြန္ေစတဲ့အျပင္ Allergic reaction ေတြကိုလည္း ေလ်ာ့နည္းေစႏိုင္လို႔ ျဖစ္ပါတယ္။အထူးသျဖင့္ မိခင္လုပ္သူကိုယ္ဝန္ေဆာင္စဥ္မွာ Probiotic မ်ားမ်ားစားခဲ့ရင္
ေမြးလာတဲ့ကေလးမွာ eczema ျဖစ္ဖို႔ အလားအလာအလြန္နည္းတယ္လို႔ UK ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့သုေတသနစာတမ္းေတြက ဆိုပါတယ္။ အဓိကအျဖစ္မ်ားတဲ့ႏွင္းခူအမ်ိဳးအစား(၄) မ်ိဳးရွိပါတယ္။
(၁) Atopic eczema ကေတာ့ တစ္ႏွစ္ေအာက္ကေလးေတြမွာ စျဖစ္ေလ့ရွိၿပီး အသက္(၁၅)ႏွစ္ (၂၀)ေလာက္အထိ ျဖစ္လိုက္ေပ်ာက္လိုက္ ျဖစ္ေလ့ရွိပါတယ္။ ယားလာတတ္ပါတယ္။
မ်ားေသာအားျဖင့္ ပတ္ဝန္းက်င္မွာရွိတဲ့ dust mite နဲ႔ pollen ေတြနဲ႔ထိေတြ႕ၿပီး ခႏၶာကိုယ္ထဲ IgE လို႔ေခၚတဲ့ antibody ေတြထြက္လာလို႔ ျဖစ္ရတာ ျဖစ္ပါတယ္။ အထူးသျဖင့္ ပန္းနာရင္ၾကပ္ေရာဂါ (Asthma) တို႔၊
အစာေတြနဲ႔မတည့္တာ (Food allergy) တို႔နဲ႔ တြဲျဖစ္ေလ့ရွိပါတယ္။ (၂) Allergic contact eczema ကေတာ့ မိမိနဲ႔မတည့္တဲ့ ပစၥည္းတစ္ခုခုနဲ႔ထိေတြ႕လို႔ ျဖစ္ရတာျဖစ္ပါတယ္။ ထိေတြ႕တဲ့ေနရာမွာ
အဓိကျဖစ္ေလ့ရွိၿပီး အသက္အရြယ္မေရြးျဖစ္ႏိုင္ပါတယ္။ (၃) Descoid eczema ဆိုတာကေတာ့ အကြင္းလိုက္အကြက္လိုက္ ျဖစ္ေနတာမ်ိဳးကို ဆိုလိုတာပါ။ မ်ားေသာအားျဖင့္ ျဖစ္တဲ့ေနရာမွာ
အေရျပားဟာထူၿပီး ေရာင္ေနတဲ့အျပင္ အေရၾကည္အိတ္ေလးေတြနဲ႔ စိုေနတတ္ပါတယ္။ ယားလဲအင္မတန္ယားပါတယ္။ (၄) Seborrhoeic eczema ဆိုတာက မ်ားေသာအားျဖင့္ ေခါင္းႏွင့္မ်က္ႏွာမွာ
ျဖစ္တတ္ပါတယ္။ အခ်ိဳ႕ပိုဆိုးရင္ ရင္ဘတ္နဲ႔ ေပါင္ၾကားထဲအထိ ျဖစ္တတ္ပါတယ္။ အေရျပားဟာနီရဲၿပီး အဖတ္ေလးေတြ ကြာက်ေနတတ္ပါတယ္။ ကေလးေတြမွာပိုျဖစ္တတ္ပါတယ္။ ေဆးဝါးအေနနဲ႔
လိမ္းေဆးနဲ႔ေသာက္ေဆးဆိုၿပီးအဓိကအုပ္စု (၂) ခုရွိပါတယ္။ (၁) လိမ္းေဆးအေနနဲ႔ Corticostenoid ပါတဲ့ cream ေတြလိမ္းေပးရင္ အေရာင္က်တာ ျမန္ပါတယ္။ထူေနတဲ့ႏွင္းခူေတြလည္း ပါးသြားႏိုင္ပါတယ္။
သူ႔ကိုလိမ္းတဲ့အခါ ေတာက္ေလွ်ာက္မလိမ္းဘဲ သက္သာတယ္ဆိုတာနဲ ႔ရပ္သင့္ရင္ရပ္ထားရပါမယ္။ ေနာက္ antifungal cream အေနနဲ႔ Fungal infection ရွိရင္တြဲသံုးႏိုင္ပါတယ္။
သိပ္ယားတဲ့အခါမ်ိဳးမွာ antihistamine cream ေတြလိမ္းလို႔ရပါတယ္။ (၂) ေသာက္ေဆးအေနနဲ႔ Corticostenoid ပါတဲ့ ေသာက္ေဆးေတြ၊Antifungal (ဥပမာ - nystatin)နဲ
႔ Antihistamine (ဥပမာ -Burmeton) ေတြသံုးႏိုင္ပါတယ္။ ညဘက္မွာ အိပ္လို႔မရေအာင္ယားေနရင္ေတာ့ Antihistamine ေသာက္ေဆးကို ညအိပ္ခါနီးေသာက္အိပ္တာ ေကာင္းပါတယ္။
ဇိ၀က ေဆး(၁)