နွေရာသီအပူကြီး၍ လေဖြတ်ခြင်း ( Heat Stroke )

နွေရာသီအပူကြီး၍ လေဖြတ်ခြင်း ( Heat Stroke )
 
ယခုရက်ပိုင်း အလွန်ပူပြင်းသော နွေရာသီကာလအတွင်းရောက်ရှိလာပြီဖြစ်တယ်။နွေရာသီ၏ ပြင်းထန်လှသော အပူရှိန်ကြောင့် လူကြီးများရော
လူငယ်များပါ အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးတက်ခြင်း အစရှိသည့် ရောဂါ ဝေဒနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ထိုအထဲတွင် အပူကြီး၍
လေဖြတ်သည့်ရောဂါ   (Heat Stroke)   ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆေးရုံများသို့  လူနာအရောက်များလာကြပါတယ်။
 
အပူကြီးလေဖြတ်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန် အလွန်ပူလာခြင်း၊ သို့မဟုတ် နေပူထဲတွင် ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းကြောင့်
ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ရှိရမည့် အပူချိန်ထက်လွန်ကဲကာ ခန္ဓာကိုယ်အတွင်းကလီစာများပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေဖြစ်သည်။
 
လက္ခဏာများကတော့ အပူကြီးခြင်း -
၁. ခန္ဓာကိုယ်အပူချိန် (၄၁) ဒီဂရီ စင်တီဂရိတ်သို့ (၁ဝ၆) ဒီဂရီဖာရင်ဟိုက်နှင့်အထက် အပူချိန်တက်ခြင်း
၂.ချွေးအလွန်အကျွံထွက်နေရာ မှ ချွေးမထွက်တော့ဘဲ ခြောက်ပြီးခန္ဓာကိုယ်အလွန်အမင်းပူနေခြင်း 
၃.ပျို့အန်ခြင်း ၊  ဗိုက်နာခြင်း
၄.ခန္ဓာကိုယ်အရေပြားနီရဲခြောက်သွေ့ခြင်း
၅.သတိလစ်တဲ့အဆင့် မ ရောက်ခင် မှိန်းခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ မငြိမ်မသက်ဖြစ် ခြင်း၊ စိတ်အာရုံချောက်ချားခြင်း၊ တက်ခြင်း၊ စကားဗလုံးဗထွေး ဖြစ် ခြင်း
၆.ခေါင်းကိုက်ခြင်းနဲ့ ခြေလက်တွေ မသယ်ချင်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
 
 
ဖြစ်ပွားရသော အကြောင်းရင်းများကတော့ အပူလွန်ကဲသော ပတ်ဝန်းကျင်နှင့်ကြာရှည်စွာ ထိတွေ့မှုများခြင်း ၊ အလွန်ပူသောအချိန်တွင် ပြင်းထန်စွာ
အလုပ်လုပ်ခြင်း ၊ နွေအခါတွင် ထူထပ်သောအဝတ်များကို ဝတ်ဆင်ခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်း ၊ ချွေးအလွန်ထွက်သောအချိန်တွင်
ရေများများပြန်မဖြည့်တင်းနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။
 
 
ဖြစ်နိုင်ချေများသူကတော့ အသက်ကြီးသူများ ၊ အသက်ငယ်ရွယ်သော ကလေးသူငယ်များ ၊ နာတာရှည်ရောဂါအခံရှိသူများ- (ဆီးချိုရောဂါ၊နှလုံးရောဂါ၊
အဆုတ်ရောဂါရှိသူများ) ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများ ၊ အလုပ်ပြင်းပြင်းထန်ထန်လုပ်ရသူများ- (ဥပမာ-တောင်တက်သမားများ၊အားကစားသမားများ၊
အလုပ်ကြမ်းလုပ်သူများ)၊ ချွေးထွက်ခြင်းထိန်းချုပ်မှုဆိုင်ရာ အားနည်းတဲ့ ရောဂါရှိသူ၊ အပူချိန်ထိန်းချုပ်မှုကို ထိခိုက်စေနိုင်တဲ့ဆေးတွေ (ဥပမာ စိတ်ငြိမ်ဆေး၊
ဆီးဆေး၊ စိတ်ကြွဆေး)၊အရက်အလွန်အကျွံသောက်ထားတဲ့ သူတွေမှာလည်း အဖြစ်များတတ်ပါတယ်။
 
အပူရှပ်ပြီးသတိလစ်သူအားတွေ့ရှိပါက
ကိုယ်တွင်း အပူချိန်ကို ၃၉ ဒီဂရီ စင်တီဂရိတ် (သို့) ၁ဝ၂ ဒီဂရီ ဖာရင်ဟိုက်သို့ အမြန်ဆုံးလျော့ကျအောင် ပြုလုပ်ပေးရန်အရေးကြီးပါသည်။
အရိပ်ရသောနေရာ(သို့) အေးသောနေရာသို့ ရွှေ့ပေးပါ။  အဝတ်တွေချွတ်ပစ်ပါ။ပန်ကာ/အဲကွန်း များဖွင့်ထားပေးပါ။ လည်ပင်း၊ပေါင်ခြံ၊ချိုင်းကြား တွင်
ရေပတ်တိုက်/ရေခဲအိတ်ကပ်ထားပေးပါ။ ခြေထောက်မြှောက်ထားပေးပါ။ နီးစပ်ရာ ဆေးရုံ သို့ အမြန်ဆုံး ပို့ပေးရန် လိုအပ်ပါသည်။
 
အပူဒဏ် ရှောင်နိုင်ရန်အလို့ငှာ -
 
* နေပြင်းပြင်းပူသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေဆောင်းပါ။
 
* အပြင်မှ ပြန်လာလျှင် ချက်ချင်းရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။
 
* နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။
 
* အပူစုပ်စေသော အမည်းရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန်၊ ပိုးချည် အဝတ်အစားများ ရှောင်ပါ။
 
* အပူမစုပ်ဘဲ အေးစေသော ချည်ထည်၊ကဲ့သို့ အရောင်လွင်လွင်၊ ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ပါ။
 
* အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းများ ရှောင်ပါ။
 
* အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ သောက်သုံးမှုများ သတိပြုပါ။
 
*ရေများများသောက်ပါ။
 
 
 
 

ဇီဝက ဆေး(၁)

ေႏြရာသီအပူႀကီး၍ ေလျဖတ္ျခင္း ( Heat Stroke )

 
ယခုရက္ပိုင္း အလြန္ပူျပင္းေသာ ေႏြရာသီကာလအတြင္းေရာက္ရွိလာၿပီျဖစ္တယ္။ေႏြရာသီ၏ ျပင္းထန္လွေသာ အပူရွိန္ေၾကာင့္ လူႀကီးမ်ားေရာ
လူငယ္မ်ားပါ အပူလွ်ပ္ျခင္း၊ ေလျဖတ္ျခင္း၊ ေသြးတက္ျခင္း အစရွိသည့္ ေရာဂါ ေဝဒနာမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။ ထိုအထဲတြင္ အပူႀကီး၍
ေလျဖတ္သည့္ေရာဂါ   (Heat Stroke)   ေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းလုံးရွိ ေဆး႐ုံမ်ားသို႔  လူနာအေရာက္မ်ားလာၾကပါတယ္။
 
အပူႀကီးေလျဖတ္ျခင္းဆိုသည္မွာ ပတ္ဝန္းက်င္အပူခ်ိန္ အလြန္ပူလာျခင္း၊ သို႔မဟုတ္ ေနပူထဲတြင္ ျပင္းထန္ေသာေလ့က်င့္ခန္းမ်ားကို ျပဳလုပ္ျခင္းေၾကာင့္
ခႏၶာကိုယ္အတြင္းရွိ ပုံမွန္ရွိရမည့္ အပူခ်ိန္ထက္လြန္ကဲကာ ခႏၶာကိုယ္အတြင္းကလီစာမ်ားပ်က္စီးၿပီး အသက္အႏၲရာယ္ထိခိုက္ႏိုင္ေသာ အေျခအေနျဖစ္သည္။
 
လကၡဏာမ်ားကေတာ့ အပူႀကီးျခင္း -
၁. ခႏၶာကိုယ္အပူခ်ိန္ (၄၁) ဒီဂရီ စင္တီဂရိတ္သို႔ (၁ဝ၆) ဒီဂရီဖာရင္ဟိုက္ႏွင့္အထက္ အပူခ်ိန္တက္ျခင္း
၂.ေခြၽးအလြန္အကြၽံထြက္ေနရာ မွ ေခြၽးမထြက္ေတာ့ဘဲ ေျခာက္ၿပီးခႏၶာကိုယ္အလြန္အမင္းပူေနျခင္း 
၃.ပ်ိဳ႕အန္ျခင္း ၊  ဗိုက္နာျခင္း
၄.ခႏၶာကိုယ္အေရျပားနီရဲေျခာက္ေသြ႕ျခင္း
၅.သတိလစ္တဲ့အဆင့္ မ ေရာက္ခင္ မွိန္းျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ မၿငိမ္မသက္ျဖစ္ ျခင္း၊ စိတ္အာ႐ုံေခ်ာက္ခ်ားျခင္း၊ တက္ျခင္း၊ စကားဗလုံးဗေထြး ျဖစ္ ျခင္း
၆.ေခါင္းကိုက္ျခင္းနဲ႔ ေျခလက္ေတြ မသယ္ခ်င္ျဖစ္ျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။
 
 
ျဖစ္ပြားရေသာ အေၾကာင္းရင္းမ်ားကေတာ့ အပူလြန္ကဲေသာ ပတ္ဝန္းက်င္ႏွင့္ၾကာရွည္စြာ ထိေတြ႕မႈမ်ားျခင္း ၊ အလြန္ပူေသာအခ်ိန္တြင္ ျပင္းထန္စြာ အလုပ္လုပ္ျခင္း ၊ ေ
ႏြအခါတြင္ ထူထပ္ေသာအဝတ္မ်ားကို ဝတ္ဆင္ျခင္း ၊ အရက္အလြန္အကြၽံေသာက္ျခင္း ၊ ေခြၽးအလြန္ထြက္ေသာအခ်ိန္တြင္ ေရမ်ားမ်ားျပန္မျဖည့္တင္းႏိုင္ျခင္း တို႔ေၾကာင့္ ျဖစ္ပါတယ္။
 
 
ျဖစ္ႏိုင္ေခ်မ်ားသူကေတာ့ အသက္ႀကီးသူမ်ား ၊ အသက္ငယ္႐ြယ္ေသာ ကေလးသူငယ္မ်ား ၊ နာတာရွည္ေရာဂါအခံရွိသူမ်ား- (ဆီးခ်ိဳေရာဂါ၊ႏွလုံးေရာဂါ၊ အဆုတ္ေရာဂါရွိသူမ်ား) ၊
ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေနသူမ်ား ၊ အလုပ္ျပင္းျပင္းထန္ထန္လုပ္ရသူမ်ား- (ဥပမာ-ေတာင္တက္သမားမ်ား၊အားကစားသမားမ်ား၊ အလုပ္ၾကမ္းလုပ္သူမ်ား)၊ ေခြၽးထြက္ျခင္းထိန္းခ်ဳပ္မႈဆိုင္ရာ
အားနည္းတဲ့ ေရာဂါရွိသူ၊ အပူခ်ိန္ထိန္းခ်ဳပ္မႈကို ထိခိုက္ေစႏိုင္တဲ့ေဆးေတြ (ဥပမာ စိတ္ၿငိမ္ေဆး၊ ဆီးေဆး၊ စိတ္ႂကြေဆး)၊အရက္အလြန္အကြၽံေသာက္ထားတဲ့ သူေတြမွာလည္း
အျဖစ္မ်ားတတ္ပါတယ္။
 
အပူရွပ္ၿပီးသတိလစ္သူအားေတြ႕ရွိပါက
ကိုယ္တြင္း အပူခ်ိန္ကို ၃၉ ဒီဂရီ စင္တီဂရိတ္ (သို႔) ၁ဝ၂ ဒီဂရီ ဖာရင္ဟိုက္သို႔ အျမန္ဆုံးေလ်ာ့က်ေအာင္ ျပဳလုပ္ေပးရန္အေရးႀကီးပါသည္။
အရိပ္ရေသာေနရာ(သို႔) ေအးေသာေနရာသို႔ ေ႐ႊ႕ေပးပါ။  အဝတ္ေတြခြၽတ္ပစ္ပါ။ပန္ကာ/အဲကြန္း မ်ားဖြင့္ထားေပးပါ။ လည္ပင္း၊ေပါင္ၿခံ၊ခ်ိဳင္းၾကား တြင္ ေရပတ္တိုက္
/ေရခဲအိတ္ကပ္ထားေပးပါ။ ေျခေထာက္ေျမႇာက္ထားေပးပါ။ နီးစပ္ရာ ေဆး႐ုံ သို႔ အျမန္ဆုံး ပို႔ေပးရန္ လိုအပ္ပါသည္။
 
အပူဒဏ္ ေရွာင္ႏိုင္ရန္အလို႔ငွာ -
 
* ေနျပင္းျပင္းပူေသာ အခ်ိန္မ်ားတြင္ အျပင္ထြက္ပါက ဦးထုပ္၊ ထီး စသည့္ အကာအကြယ္မ်ား မျဖစ္မေနေဆာင္းပါ။
 
* အျပင္မွ ျပန္လာလွ်င္ ခ်က္ခ်င္းေရခ်ိဳးျခင္း၊ ေရေလာင္းျခင္းမ်ား ေရွာင္ပါ။
 
* ေနျပင္းျပင္းပူေသာ ေန႔လည္ပိုင္းမ်ားတြင္ ေရခ်ိဳးျခင္း သတိျပဳပါ။
 
* အပူစုပ္ေစေသာ အမည္းေရာင္၊ အညိဳေရာင္၊ အျပာေရာင္ စသည့္ အေရာင္ရင့္ရင့္ အဝတ္အစားမ်ား၊ ႏိုင္လြန္၊ ပိုးခ်ည္ အဝတ္အစားမ်ား ေရွာင္ပါ။
 
* အပူမစုပ္ဘဲ ေအးေစေသာ ခ်ည္ထည္၊ကဲ့သို႔ အေရာင္လြင္လြင္၊ ပြပြေခ်ာင္ေခ်ာင္ အဝတ္အစားမ်ား ဝတ္ဆင္ပါ။
 
* အရက္ေသစာ အလြန္အကြၽံေသာက္သုံးျခင္းမ်ား ေရွာင္ပါ။
 
* အပူဒဏ္ျပင္းလြန္းေနေသာ အခ်ိန္တြင္ ေရခဲေရ ေသာက္သုံးမႈမ်ား သတိျပဳပါ။
 
*ေရမ်ားမ်ားေသာက္ပါ။
 
ဇီ၀က ေဆး(၁)