ဒူးနာခြင်းအကြောင်း သိကောင်းစရာများ

ဒူးနာခြင်း၏လက္ခဏာများ
 
(၁)ဒူးအပေါ်တွင်ရောင်ရမ်းခြင်း
(၂)တောင့်နေခြင်း/ လှုပ်ရှားမှုမလုပ်နိုင်ခြင်း
(၃)ဖြစ်သည့်နေရာကို ဖိလျှင်/လှုပ်ရှားလျှင်နာကျင်ခြင်း
(၄)ဖြစ်သည့်ဘက်တွင် နီပြီးပူနေတတ်ခြင်း
(၅) တစ်ခါတစ်ရံဖြစ်သည့် ဘက်မှ အသံထွက်ခြင်း
 
ဒူးနာခြင်း၏အဓိကအကြောင်းအရင်းများမှာ
 
၁။ဒူးထိခိုက်ဒဏ်ရာရခြင်း၊
၂။ဒူးလှုပ်ရှားမှုများခြင်းနှင့် 
၃။ဒူးအဆစ်ရောင်ရောဂါများကြောင့်ဒူးဆစ်တွင်းရှိအရိုး၊အရိုးနု နှင့်အကြောအရွတ်များအပြင် ဝန်းရံထားသော အရည်အိတ် ပါထိခိုက်နိုင်ပါသည်။
 ဒူးဆစ် နာရောဂါများမှာ
   
 (၁)Osteoarthritis (OA) ခေါ်တဲ့  အဆစ်ရောင် ရောဂါဖြစ်၍အဓိကအကြောင်းရင်းက အရိုးနုတွေ ပျက်ဆီးလာလို့ပါ။ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ အပေါ်ပိုင်း ဝိတ်များတဲ့အခါ အောက်ပိုင်းမှာ ဖိအားပိုများလာတယ်။ ဒီလိုသက်ရောက်မှုက အရိုးထိပ်မှာ ကာကွယ်ပေးတဲ့အရိုးနုတွေကို ပျက်ဆီးစေတယ်။ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး အရိုးချင်းထိခိုက်မိကြတယ်။ ထိခိုက်မှုသဘောကြောင့် ရောင်ရမ်းမှု စတင်လာတယ်။ နာကျင်မှုကိုပါ ခံစားလာရတယ်။ ထိခိုက်မိတဲ့အရိုးနေရာမှာ  အစားထိုး အရိုးဆဲလ်သစ်(osteophyte)တွေဖြစ်လာတယ်။အတက်တွေထွက်လာတာကြောင့် အဆစ်တွေ ပုံမမှန်ဖြစ်လာတယ်။ ဖြစ်တာကြာလာတာနဲ့အမျှ ပုံမှန်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာတယ်။ အကြောတင်းတာ၊အဆစ်နာတာတွေက ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ ပွတ်တိုက်မှုများတဲ့အခါ ပြု ုပြင်မှုတွေ မလုံလောက်တော့ဘူး။ အစားထိုးပြုပြင်တဲ့ဖြစ်စဉ် အလျဉ်မမှီတော့ဘဲ ပျက်ဆီးမှုသာ ဆက်လက် ဖြစ်လာတော့တယ်။ ကြာလာတဲ့အခါ ပုံမှန်လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ မသန်မစွမ်းဖြစ်လာတယ်။ ကွေးမရ၊ဆန့်မရတဲ့အခါ နောက်ဆုံးအဆင့် အဆစ်အစားထိုးကုရတာမျိုးထိ ရှိလာတတ်တယ်။ အသက် ၆၀ကျော်လာတဲ့အခါ ၈၀ရာခိုင်နှုန်းခန့်ဟာ အရိုးအဆစ်ရောင် သဘောမျိုး ပိုတွေ့လာရတယ်။
(၂)Gout (ဂေါက်ရောဂါကြောင့် အဆစ်အမြစ်များရောင်ခြင်း)
 
ဂေါက်ရောဂါသည် လူအများသိရှိသည့်အတိုင်း သွေးထဲတွင် Uric Acid များခြင်းကြောင့် Uric Acid crystal များသည် ဒူးခေါင်း၊ ခြေမ အစရှိသော အဆစ်များတွင် သွားရောက်စုပုံပြီး အဆစ်အမြစ်များ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် Uric Acid များခြင်းမဖြစ်ပဲ အချို့သော လူများတွင် မွေးရာပါ Uric Acid ကျောက်ကပ်မှ စွန့်ထုတ်ခြင်းအားနည်းခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ Gout ရောဂါ ကြောင့် အဆစ်အမြစ်နာသော လူနာများတွင် အစားအသောက်များသော အခါတွင် လည်းကောင်း၊ Uric Acid များသော ဝမ်းတွင်းကလီစာ အစရှိသော အစာများ စားတာ များသွားလျှင် သော်လည်းကောင်း ရုတ်တရက် အလွန်အမင်းနာကျင်၍ အိပ်မရအောင်ပင် ဆိုးရွားစွာ ခံစားရတတ်ပါသည်။
 
(၃)ဒူးအတွင်းအရွတ်ရောင်ခြင်း (Tendonitis)/ အရွတ်ဒဏ်ဖြစ်ခြင်း
 
များသောအားဖြင့် လှုပ်ရှားမှုများသော မိဘပြည်သူများတွင် ဒူးခေါင်းတွင် ရှိသော အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ရောင်သည့်အခါတွင် လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်ခြင်းဖြစ်ပေါ် တတ်ပါသည်။
 
အထက်တွင် ဖော်ပြထားသော ဒူးနာရောဂါများသည် အဖြစ်များသော ဒူးနာရောဂါများအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဒူးနာအမျိုးအစား အပေါ်မူတည်၍ ကုသမှုသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ နာတာရှည် ဒူးနာရောဂါများဖြစ်သည့် အတွက် အနာနှင့် ဆေးတည့်မှသာ ပျောက်ကင်းမည်ဖြစ်ပါသည်။  ထို့အပြင် အချို့သော အနာသက်သာသော ဆေးများသည် ကျောက်ကပ်အား ထိခိုက်ပျက်စီးစေသောကြောင့် နာတာရှည် အဆစ်အမြစ်ရောင် ရောဂါအား တတ်ကျွမ်းသော အရိုး၊ အကြော၊ အဆစ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါသည်။
 
 ဒူးနာခြင်းကိုကြိုတင်ကာကွယ်နည်းများ
 
(၁) ကိုယ်အလေးချိန်လျော့ချခြင်း
(၂) မိမိနှင့်သင့်တော်သောလေ့ကျင့်ခန်းများကို နည်းပြနှင့် တိုင်ပင်ခြင်း
(၃) မှန်ကန်သောနည်းနှင့် အားကစားလုပ်ခြင်း
(၄)အကြောလျော့သောလေ့ကျင့်ခန်းလုပ်ခြင်း
ဒူးနာခြင်းဖြစ်စေသော အကြောင်းအရင်းများအပေါ်လိုြက်ပီး လေ့ကျင့်ခန်းများလုပ်ရခြင်း များသည် မတူပဲ ကွဲပြားသည့်အပြင် လူနာတစ်ယောက်နှင့် တစ်ယောက် ရောဂါအနေအထား အပေါ်မူတည်၍ လုပ်ဆောင်ရသည့် အတွက် အရိုးအကြောအဆစ် အထူးကုမှ ညွှန်ကြားသော ဒူးလေ့ကျင့်ခန်းများအား ပြုလုပ်ခြင်းအားဖြင့် ဒူးနာသက်သာစေပါသည်။
ဒူးခေါင်းရောင်နေသည့်အခါတွင် အလွန်အမင်း အားစိုက်ရသော လှုပ်ရှားမှုများအား မပြုလုပ်ပဲ ရှောင်ရှားသင့်ပါသည်။ ဒူးခေါင်းအား ဒဏ်ဖြစ်စေသော လေ့ကျင့်ခန်းများဖြစ်သော လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ အထိုင်အထပြုလုပ်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းများအား ရှောင်ရှားသင့်ပါသည်။
ဒီဖက်ခေတ်တွေမှာ အသုံးများတဲ့ဆေးတမျိုးက glucosamine နဲ့ chondroitin ပါတဲ့ အရိုးနု၊အဆစ်အားဖြည့်ဆေးမျိုး ဖြစ်ပါတယ်။ငါးကြေးခွံကထုတ်တာကြောင့် အရိုးနုသစ်ဖြစ်ပေါ်စေတယ်။ အဆစ်ရည်ကို အားဖြည့်ပေးတယ်။လေ့လာမှုတွေအရ လူနာတွေရဲ့ သုံးပုံတစ်ပုံမှာ အကျိုးရှိတာတွေ့ရတယ်။ 
 
ကျန်းမာပျော်ရွှင်ကြပါစေ။