ကွမ်းယာထဲမှာ ဘယ်လိုပစ္စည်းမျိုးတွေပါဝင်ပြီး ဘယ်ပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေတယ် ဆိုတာလဲ........

ကွမ်းယာထဲမှာ ဘယ်လိုပစ္စည်းမျိုးတွေပါဝင်ပြီး ဘယ်ပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေတယ် ဆိုတာလဲ........

ကွမ်းယာထဲမှာ ဘယ်လိုပစ္စည်းမျိုးတွေပါဝင်ပြီး ဘယ်ပစ္စည်းတွေက ကျန်းမာရေးကိုထိခိုက်စေတယ် ဆိုတာလဲ........
   
      ကွမ်းယာမှာအဓိကပစ္စည်း ၄ မျိုးပါဝင်ပါတယ်။
(၁) ကွမ်းရွက် (Betel leaf)
(၂) ကွမ်းသီး (Areca nut)
(၃) ထုံး (Calcium hydroxide or slaked lime)
(၄) ထပ်ဖြည့်ပစ္စည်း (အစာနှင့်အမွှေးအကြိုင်) flavouring အဖြစ် အဓိကအနေနဲ့ -
● ဗမာဆေး၊ နှပ်ဆေး
● လေးညှင်း (Clove)
● ရှားစေး (Catechu or Kattha)
● စမုံစပါး (Dill seed)
● ဖာလာ (Cardamom)
● နွယ်ချို (Licorice)
● ဂုံခါး (Horseradish)
● နာနတ်ပွင့် (Star anise)
● အာမွှေး (Suman Rose)
● နိုင်ငံခြားဆေး (Oyrm – Queen, Signal, Sagar, 45, 92, 100)
● ဆေးရွက်ကြီး
● အခြားမူးယစ်ဆေးအမျိုးမျိုး
 
အဲ့ဒီပစ္စည်းတွေထဲမှာ ကွမ်းရွက်နဲ့သဘာဝအမွှေးအကြိုင်တွေကတော့ဘေးကင်းတယ်ဆိုနိုင်ပါတယ်။ကျန်တဲ့ပစ္စည်းတွေထဲကတချို့ အထူးသဖြင့်
ဓာတုပစ္စည်းတွေနဲ့ဆေးရွက်ကြီးတွေကသာ ပြဿနာ ပေးတာဖြစ်ပါတယ်။အဓိကဖြစ်စေတဲ့ ကျန်းမာရေးဆိုးကျိုးတွေကတော့...
(၁) ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေပါတယ်။အဓိကအနေနဲ့ ကွမ်းသီးမှာပါဝင်တဲ့ အေရီကိုလင်း (Arecoline) ဟာ ကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်။
ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာရေမျိုကင်ဆာကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။
ကျန်ခန္ဓာကိုယ် အနှံ့အပြားမှာလည်း ကင်ဆာဖြစ်စေဖို့အားပေးပါတယ်။အစာအိမ်ကင်ဆာ၊ အူကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာအပါအဝင်
တစ်ကိုယ်လုံးမှာဖြစ်စေပါတယ်။ သူ့မှာပါဝင်တဲ့ ဆေးတွေကြောင့်လည်းဖြစ်စေနိုင်ပါတယ်။၂၀ဝ၃ ခုနှစ်ကစလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကွမ်းစားခြင်းဟာ
ကင်ဆာရောဂါတွေဖြစ်စေနိုင်တယ်လို့ အတိအလင်းထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။
(၂) ပါးစပ်ကိုတင်းမာပြီး ကျုံ့စေတဲ့ရောဂါ (submucous fibrosis) ဖြစ်စေပါတယ်။အဲ့ဒီလိုဖြစ်ရင် ပါးစပ်ကိုကောင်းကောင်းဟလို့မရတာ၊ အစားအစာတွေဝါးလို့မရတာတွေ ဖြစ်တတ်ပါတယ်။
ပြန်မကောင်းတော့ပါဘူး။ ကုဖို့မလွယ်ပါဘူး။
(၃) ကျောက်ကပ်ရောဂါအမျိုးမျိုးဖြစ်စေပါတယ်။ပါဝင်တဲ့ထုံးတွေကြောင့် ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းမှာ ကျောက်တည်ရာကအစ ကျောက်ကပ်ပျက်စီးနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။
(၄) ပန်းနာရင်ကြပ်ရှိသူတွေကိုပိုဆိုးစေပါတယ်။ ကွမ်းသီးမှာပါဝင်တဲ့ အေရီကိုလင်းဟာ ပါရာဆင်ပသက်တစ် အာရုံကြောအဖွဲ့ကို လှုံ့ဆော်ပေးတဲ့အတွက် အဆုတ်လြွေပန်တွေကို
ကျဉ်းစေပါတယ်။ဒါ့ကြောင့် ပန်းနာရင်ကြပ်ရှိသူတွေ ကွမ်းယာစားရင်ပိုဆိုးစေပါတယ်။
(၅) နှလုံးနဲ့သွေးကြောရောဂါတွေကို ပိုဆိုးစေပါတယ်။ နှလုံးခုန်မြန်တာ၊ နှလုံးသွေးကြောတွေ ကျဉ်းတာ၊ သွေးတိုးရောဂါတွေရှိရင် ပိုဆိုးစေပါတယ်။
(၆) ဆီးချိုသွေးချိုရောဂါရှိသူတွေကို ပိုဆိုးစေပါတယ်။သွေးထဲမှာရှိတဲ့ ဂလူးကိုစ့်ပမာဏကို မြင့်တက်စေပါတယ်။ နဂိုက ဆီးချိုရောဂါမရှိသူတွေကို ဆီးချိုသွေးချိုရောဂါအမှတ် (၂)
ဖြစ်စေဖို့အားပေးပါတယ်။
 
ဒီလိုမျိုးကျန်းမာရေးဆိုးကျိုးတွေ ကြောက်ခမန်းလိလိ ရှိနေပေမယ့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကွမ်းယာတိုက်ဖျက်ရေးကို ထိထိရောက်ရောက်မလုပ်ကြသေးတာဟာ
ဝမ်းနည်းဖွယ်ဖြစ်တယ်။
 
ဒါကြောင့်ကွမ်းစားခြင်းကိုတိုက်ဖျက်ကြပါစို့။
 
ကြမ္းယာထဲမွာ ဘယ္လိုပစၥည္းမ်ိဳးေတြပါဝင္ၿပီး ဘယ္ပစၥည္းေတြက က်န္းမာေရးကိုထိခိုက္ေစတယ္ ဆိုတာလဲ........
   
      ကြမ္းယာမွာအဓိကပစၥည္း ၄ မ်ိဳးပါဝင္ပါတယ္။
(၁) ကြမ္း႐ြက္ (Betel leaf)
(၂) ကြမ္းသီး (Areca nut)
(၃) ထံုး (Calcium hydroxide or slaked lime)
(၄) ထပ္ျဖည့္ပစၥည္း (အစာႏွင့္အေမႊးအႀကိဳင္) flavouring အျဖစ္ အဓိကအေနနဲ႔ -
● ဗမာေဆး၊ ႏွပ္ေဆး
● ေလးညႇင္း (Clove)
● ႐ွားေစး (Catechu or Kattha)
● စမံုစပါး (Dill seed)
● ဖာလာ (Cardamom)
● ႏြယ္ခ်ိဳ (Licorice)
● ဂံုခါး (Horseradish)
● နာနတ္ပြင့္ (Star anise)
● အာေမႊး (Suman Rose)
● ႏိုင္ငံျခားေဆး (Oyrm – Queen, Signal, Sagar, 45, 92, 100)
● ေဆး႐ြက္ႀကီး
● အျခားမူးယစ္ေဆးအမ်ိဳးမ်ိဳး
 
အဲ့ဒီပစၥည္းေတြထဲမွာ ကြမ္း႐ြက္နဲ႔သဘာဝအေမႊးအႀကိဳင္ေတြကေတာ့ေဘးကင္းတယ္ဆိုႏိုင္ပါတယ္။က်န္တဲ့ပစၥည္းေတြထဲကတခ်ိဳ႕ အထူးသျဖင့္
ဓာတုပစၥည္းေတြနဲ႔ေဆး႐ြက္ႀကီးေတြကသာ ျပႆနာ ေပးတာျဖစ္ပါတယ္။အဓိကျဖစ္ေစတဲ့ က်န္းမာေရးဆိုးက်ိဳးေတြကေတာ့...
(၁) ကင္ဆာေရာဂါအမ်ိဳးမ်ိဳးျဖစ္ေစပါတယ္။အဓိကအေနနဲ႔ ကြမ္းသီးမွာပါဝင္တဲ့ ေအရီကိုလင္း (Arecoline) ဟာ ကင္ဆာျဖစ္ေစတဲ့ဓာတ္ပစၥည္းျဖစ္ပါတယ္။
ခံတြင္းကင္ဆာ၊ လွ်ာကင္ဆာ၊ လည္ေခ်ာင္းကင္ဆာ၊ အစာေရမ်ိဳကင္ဆာကေတာ့ အျဖစ္အမ်ားဆံုးျဖစ္ပါတယ္။
က်န္ခႏၶာကိုယ္ အႏွံ႔အျပားမွာလည္း ကင္ဆာျဖစ္ေစဖို႔အားေပးပါတယ္။အစာအိမ္ကင္ဆာ၊ အူကင္ဆာ၊ ပန္ကရိယကင္ဆာ၊ အသည္းကင္ဆာအပါအဝင္ တစ္ကိုယ္လံုးမွာျဖစ္ေစပါတယ္။
သူ႕မွာပါဝင္တဲ့ ေဆးေတြေၾကာင့္လည္းျဖစ္ေစႏိုင္ပါတယ္။၂၀ဝ၃ ခုႏွစ္ကစလို႔ ကမၻာ့က်န္းမာေရးအဖြဲ႕က ကြမ္းစားျခင္းဟာ ကင္ဆာေရာဂါေတြျဖစ္ေစႏိုင္တယ္လို႔ အတိအလင္းထုတ္ျပန္ခဲ့ၿပီျဖစ္ပါတယ္။
(၂) ပါးစပ္ကိုတင္းမာၿပီး က်ံဳ႕ေစတဲ့ေရာဂါ (submucous fibrosis) ျဖစ္ေစပါတယ္။အဲ့ဒီလိုျဖစ္ရင္ ပါးစပ္ကိုေကာင္းေကာင္းဟလို႔မရတာ၊ အစားအစာေတြဝါးလို႔မရတာေတြ ျဖစ္တတ္ပါတယ္။
ျပန္မေကာင္းေတာ့ပါဘူး။ ကုဖို႔မလြယ္ပါဘူး။
(၃) ေက်ာက္ကပ္ေရာဂါအမ်ိဳးမ်ိဳးျဖစ္ေစပါတယ္။ပါဝင္တဲ့ထံုးေတြေၾကာင့္ ေက်ာက္ကပ္နဲ႔ဆီးလမ္းေၾကာင္းမွာ ေက်ာက္တည္ရာကအစ ေက်ာက္ကပ္ပ်က္စီးႏိုင္တဲ့အထိ ျဖစ္တတ္ပါတယ္။
(၄) ပန္းနာရင္ၾကပ္႐ွိသူေတြကိုပိုဆိုးေစပါတယ္။ ကြမ္းသီးမွာပါဝင္တဲ့ ေအရီကိုလင္းဟာ ပါရာဆင္ပသက္တစ္ အာ႐ံုေၾကာအဖြဲ႕ကို လံႈ႕ေဆာ္ေပးတဲ့အတြက္ အဆုတ္ေလျြပန္ေတြကို
က်ဥ္းေစပါတယ္။ဒါ့ေၾကာင့္ ပန္းနာရင္ၾကပ္႐ွိသူေတြ ကြမ္းယာစားရင္ပိုဆိုးေစပါတယ္။
(၅) ႏွလံုးနဲ႔ေသြးေၾကာေရာဂါေတြကို ပိုဆိုးေစပါတယ္။ ႏွလံုးခုန္ျမန္တာ၊ ႏွလံုးေသြးေၾကာေတြ က်ဥ္းတာ၊ ေသြးတိုးေရာဂါေတြ႐ွိရင္ ပိုဆိုးေစပါတယ္။
(၆) ဆီးခ်ိဳေသြးခ်ိဳေရာဂါ႐ွိသူေတြကို ပိုဆိုးေစပါတယ္။ေသြးထဲမွာ႐ွိတဲ့ ဂလူးကိုစ့္ပမာဏကို ျမင့္တက္ေစပါတယ္။ နဂိုက ဆီးခ်ိဳေရာဂါမ႐ွိသူေတြကို
ဆီးခ်ိဳေသြးခ်ိဳေရာဂါအမွတ္ (၂) ျဖစ္ေစဖို႔အားေပးပါတယ္။
 
ဒီလိုမ်ိဳးက်န္းမာေရးဆိုးက်ိဳးေတြ ေၾကာက္ခမန္းလိလိ ႐ွိေနေပမယ့္လည္း ကမၻာ့ႏိုင္ငံအသီးသီးမွာ ကြမ္းယာတိုက္ဖ်က္ေရးကို ထိထိေရာက္ေရာက္မလုပ္ၾကေသးတာဟာ
ဝမ္းနည္းဖြယ္ျဖစ္တယ္။
 
ဒါေၾကာင့္ကြမ္းစားျခင္းကိုတိုက္ဖ်က္ၾကပါစို႔။