ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့်အရက်

ကိုယ်ဝန်ဆောင်မိခင်လောင်းနှင့်အရက်
 
 အရက်ကိုဓာတုဗေဒအခေါ်အရ Ethanol လို့လည်းလူသိများပါတယ်။ပါဝင်တဲ့ အီသနောရာခိုင်နှုန်းပေါ်မူတည်ကာ
အဓိက အုပ်စုကြီး (၃) စုခွဲထားပါတယ်။ ဘီယာ (Beer)၊ ဝိုင် (Wine) နဲ့ ယမကာ (Distilled beverage) တို့ဖြစ်ပါတယ်။
 
 ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ယောက်အနေနဲ့ အရက်သောက်လိုက်ရင် အချင်းကနေတစ်ဆင့် ကလေးဆီကိုတိုက်ရိုက်ရောက်ပါတယ်။
ကြီးထွားနေဆဲဖြစ်တဲ့သန္ဓေသားကို အဆိပ်ကျွေးသတ်သလို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ကိုယ်ဝန်ဆောင်တဲ့ကာလအနုအရင့်နဲ့
သောက်သုံးတဲ့အရက် အမျိုးအစား၊ပမာဏ ပေါ်မူတည်ပြီး ထိခိုက်တဲ့ပမာဏ ကွားခြားမှုရှိပါတယ်။
 
ကိုယ်ဝန်စရှိပြီးပထမ (၃) လ (First trimester) အတွင်းမှာသောက်ခဲ့ရင်
-ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)၊ 
-ကလေးအသေမွေးခြင်း (Stillbirth)၊
-စောမွေးခြင်း (Premature birth)
-ပေါင်မပြည့်ပဲမွေးခြင်း (Low birth weight) တွေဖြစ်တတ်ပါတယ်။
 
 ဒုတိယ (၃) လနဲ့ တတိယ (၃) လမှာ
သောက်ခဲ့ရင်တော့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုထိခိုက်စေမှာဖြစ်ပါတယ်။
အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီး (Brain and spinal cord) တွေကိုထိခိုက်မှု အများဆုံးဖြစ်ပါတယ်။ အသည်းဖွံ့ဖြိုးမှုဟာ 
နောက်ဆုံးမှဖြစ်တော့ မွေးခါနီးမှကပ်ပြီးသောက်မယ်ဆိုရင် ကလေးရဲ့အသည်းကို ထိခိုက်မှုပိုများပါတယ်။ အမေလုပ်တဲ့သူ
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အရက်သောက်တာများလို့ ထိခိုက်ပြီးမွေးလာတဲ့ကလေးကို ဆေးပညာအရ FAS (Fetal alcohol syndrome)
လို့ ခေါ်ပါတယ်။FAS ဖြစ်နေတဲ့ကလေးတွေမှာ သိသာထင်ရှားတဲ့လက္ခဏာ (၃) ချက်ရှိပါတယ်။
 
(၁) မျက်နှာပုံပန်းသဏ္ဌာန်ချို့ယွင်းမှု (Facial abnormalities) 
 -ဦးခေါင်းသေးခြင်း (Small head) 
-မျက်နှာပြားခြင်း(Flat face) 
-နှာခေါင်းပြားခြင်း (Low nasal bridge) 
 -နှာခေါင်းတိုခြင်း (Short nose) 
-အပေါ်နှုတ်ခမ်းပါးခြင်း(Thin upper lip) 
-မျက်စေ့ပေါက်ကျဉ်းခြင်း (Narrow eye opening) 
-မျက်ရစ်ထူခြင်း (Epicanthal folds) 
(၂) ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုနှေးကွေးခြင်း (Poor growth) 
မွေးကတည်းက ပေါင်နည်းတဲ့အပြင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုဟာ သူနဲ့အသက်တူအရွယ်တူကလေးတွေနဲ့နှိုင်းယှဉ်ရင်
နှေးကွေးနေတာတွေ့ရပါမယ်။
(၃) ဉာဏ်ရည်ဉာဏ်သွေးမပြည့်မီခြင်း (Learning and behavioral problem) 
ကျောင်းနေအရွယ်မှာစာမလိုက်နိုင်ခြင်း၊ 
ဉာဏ်ရည်ဉာဏ်သွေးလျော့နည်းခြင်း၊ စာမေးပွဲကျခြင်း၊ ပေါင်းသင်းဆက်ဆံရေးညံ့ခြင်း စတာတွေဖြစ်တတ်ပါတယ်။
 
*ဒီနေ့ခေတ်မှာ ဘီယာကစလို့ အရက်အမျိုးမျိုးဟာ မြို့တိုင်းနယ်တိုင်းမှာ အလွယ်တကူရရှိလို့နေပါတယ်။အရက်ဟာ ခန္ဓာကိုယ်အတွက်
အဆိပ်သာဖြစ်ပါတယ်။ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ အရက်ကိုလုံးဝမသောက်ရပါဘူး။ ကိုယ်ဝန်ဆောင်မဟုတ်ရင်သာ တစ်ပတ်ကို
(၁၄) ယူနစ် ခွင့်ပြုပေမဲ့ ကိုယ်ဝန်ဆောင်ဆိုရင်တော့ Zero unit ပဲဖြစ်ပါတယ်။*
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီ၀က  ေဆး(၁)
 
ကိုယ္ဝန္ေဆာင္မိခင္ေလာင္းႏွင့္အရက္
 
 အရက္ကိုဓာတုေဗဒအေခၚအရ Ethanol လို႔လည္းလူသိမ်ားပါတယ္။ပါဝင္တဲ့ အီသေနာရာခိုင္ႏႈန္းေပၚမူတည္ကာ
အဓိက အုပ္စုႀကီး (၃) စုခြဲထားပါတယ္။ ဘီယာ (Beer)၊ ဝိုင္ (Wine) နဲ႔ ယမကာ (Distilled beverage) တို႔ျဖစ္ပါတယ္။
 
 ကိုိုယ္ဝန္ေဆာင္မိခင္ေလာင္းတစ္ေယာက္အေနနဲ႕ အရက္ေသာက္လိုက္ရင္ အခ်င္းကေနတစ္ဆင့္ ကေလးဆီကိုတိုက္႐ိုက္ေရာက္ပါတယ္။
ႀကီးထြားေနဆဲျဖစ္တဲ့သေႏၶသားကို အဆိပ္ေကၽြးသတ္သလို ဆိုးဆိုးဝါးဝါးထိခိုက္ေစပါတယ္။ကိုယ္ဝန္ေဆာင္တဲ့ကာလအႏုအရင့္နဲ႕
ေသာက္သံုးတဲ့အရက္ အမ်ိဳးအစား၊ပမာဏ ေပၚမူတည္ၿပီး ထိခိုက္တဲ့ပမာဏ ကြားျခားမႈ႐ွိပါတယ္။
 
ကိုယ္ဝန္စ႐ွိၿပီးပထမ (၃) လ (First trimester) အတြင္းမွာေသာက္ခဲ့ရင္
-ကိုယ္ဝန္ပ်က္က်ျခင္း (Miscarriage)၊ 
-ကေလးအေသေမြးျခင္း (Stillbirth)၊
-ေစာေမြးျခင္း (Premature birth)
-ေပါင္မျပည့္ပဲေမြးျခင္း (Low birth weight) ေတြျဖစ္တတ္ပါတယ္။
 
 ဒုတိယ (၃) လနဲ႔ တတိယ (၃) လမွာ
ေသာက္ခဲ့ရင္ေတာ့ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးေနတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကိုထိခိုက္ေစမွာျဖစ္ပါတယ္။
အထူးသျဖင့္ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာမႀကီး (Brain and spinal cord) ေတြကိုထိခိုက္မႈ အမ်ားဆံုးျဖစ္ပါတယ္။ အသည္းဖြံ႕ၿဖိဳးမႈဟာ 
ေနာက္ဆံုးမွျဖစ္ေတာ့ ေမြးခါနီးမွကပ္ၿပီးေသာက္မယ္ဆိုရင္ ကေလးရဲ႕အသည္းကို ထိခိုက္မႈပိုမ်ားပါတယ္။ အေမလုပ္တဲ့သူ
ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ အရက္ေသာက္တာမ်ားလို႔ ထိခိုက္ၿပီးေမြးလာတဲ့ကေလးကို ေဆးပညာအရ FAS (Fetal alcohol syndrome)
လို႔ ေခၚပါတယ္။FAS ျဖစ္ေနတဲ့ကေလးေတြမွာ သိသာထင္႐ွားတဲ့လကၡဏာ (၃) ခ်က္႐ွိပါတယ္။
 
(၁) မ်က္ႏွာပံုပန္းသဏၭာန္ခ်ိဳ႕ယြင္းမႈ (Facial abnormalities) 
 -ဦးေခါင္းေသးျခင္း (Small head) 
-မ်က္ႏွာျပားျခင္း(Flat face) 
-ႏွာေခါင္းျပားျခင္း (Low nasal bridge) 
 -ႏွာေခါင္းတိုျခင္း (Short nose) 
-အေပၚႏႈတ္ခမ္းပါးျခင္း(Thin upper lip) 
-မ်က္ေစ့ေပါက္က်ဥ္းျခင္း (Narrow eye opening) 
-မ်က္ရစ္ထူျခင္း (Epicanthal folds) 
(၂) ခႏၶာကိုယ္ဖြံ႕ ၿဖိဳးမႈေႏွးေကြးျခင္း (Poor growth) 
ေမြးကတည္းက ေပါင္နည္းတဲ့အျပင္ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈဟာ သူနဲ႔အသက္တူအ႐ြယ္တူကေလးေတြနဲ႕ႏိႈင္းယွဥ္ရင္
ေႏွးေကြးေနတာေတြ႕ရပါမယ္။
(၃) ဥာဏ္ရည္ဥာဏ္ေသြးမျပည့္မီျခင္း (Learning and behavioral problem) 
ေက်ာင္းေနအ႐ြယ္မွာစာမလိုက္ႏိုင္ျခင္း၊ 
ဥာဏ္ရည္ဥာဏ္ေသြးေလ်ာ့နည္းျခင္း၊ စာေမးပြဲက်ျခင္း၊ ေပါင္းသင္းဆက္ဆံေရးညံ့ျခင္း စတာေတြျဖစ္တတ္ပါတယ္။
 
*ဒီေန႔ေခတ္မွာ ဘီယာကစလို႔ အရက္အမ်ိဳးမ်ိဳးဟာ ၿမိဳ႕တိုင္းနယ္တိုင္းမွာ အလြယ္တကူရ႐ွိလို႔ေနပါတယ္။အရက္ဟာ ခႏၶာကိုယ္အတြက္
အဆိပ္သာျဖစ္ပါတယ္။ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္မွာ အရက္ကိုလံုးဝမေသာက္ရပါဘူး။ ကိုယ္ဝန္ေဆာင္မဟုတ္ရင္သာ တစ္ပတ္ကို
(၁၄) ယူနစ္ ခြင့္ျပဳေပမဲ့ ကိုယ္ဝန္ေဆာင္ဆိုရင္ေတာ့ Zero unit ပဲျဖစ္ပါတယ္။*
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
ဇီ၀က  ေဆး(၁)