ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါ

ကိုယ်ဝန်ဆောင်ကာလ ဆီးချိုရောဂါ
 
 
ကိုယ်ဝန်ဆောင်ကာလ အတွင်းသာဖြစ်သော ဆီးချိုရောဂါကို Gestational Diabetes Mellitus (GDM) လို့ခေါ်ပါတယ်။ ကလေးဘဝမှာ စဖြစ်တဲ့
type 1 diabets (Insulin ထိုးကိုထိုးရတဲ့ ဆီးချို) နဲ့ လူလတ်ပိုင်းမှာ စဖြစ်တတ်တဲ့ type 2 diabetes များနဲ့ မတူပါဘူး။ Gestational diabetes ဟာ
များသောအားဖြင့် ကိုယ်ဝန် ၂၄ပတ် နှင့် ၂၈ပတ်ကြား စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း ကိုယ်ဝန်ပိုနုစဉ်မှာ စတင်ဖြစ်ပေါ်နိုင်ခြေ အနည်းငယ် ရှိပါသေးတယ်။
ကိုယ်ဝန်ဆောင် ၅% မှ ၁၀% အထိမှာ တွေ့နိုင်လို့ gestational diabetes ဟာ မရှားဘူးလို့ ပြောလို့ရပါတယ်။  GDM ရှိရင်တော့ သွေးချိုဓာတ်ကို ထိန်းနိုင်မှ
ကိုယ်ဝန်ဆောင်နဲ့ သန္ဓေသားတို့ အန္တရာယ်ကင်းကြမှာ ဖြစ်ပါတယ်။
 
* ဖြစ်ရသော အကြောင်းရင်း
 
Placenta လို့ခေါ်တဲ့ အချင်းကထုတ်တဲ့ ဟော်မုန်းတွေကြောင့်ဖြစ်ပါတယ်။ သွေးချို ထိန်းဖို့ ခန္ဓာကိုယ်က Insulin ဆိုတဲ့ဟော်မုန်းရဲ့ စကားနားထောင်ဖို့လိုပါတယ်။
အချင်းကထုတ်တဲ့ ဟော်မုန်းတွေက မြှောက်ထိုးပင့်ကော်လုပ်တဲ့အခါ မိခင်လောင်းခန္ဓာကိုယ်က Insulin ရဲ့စကား နားမထောင်တော့ဘဲ သွေးချိုတက်လာပါတယ်။
Insulin resistance လို့ခေါ်ပါတယ်။ပထမ ကိုယ်ဝန်ဆောင်ချိန်မှာGDM ဖြစ်ဖူးရင် နောက်တခါကိုယ်ဝန်ဆောင်ချိန်မှာGDM ဖြစ်နိုင်ချေပိုများပါတယ်။အသက်ကြီးလာတဲ့အခါ type 2 diabetes ဖြစ်နိုင်ခြေ ပိုရှိပါတယ်။
 
 
* GDM ဖြစ်နိုင်ခြေ ပိုရှိသူများ
 
၁.မိခင်အသက်ကြီးခြင်း
၂.အဝလွန်ခြင်း (Overweight)
၃.အရင်ကိုယ်ဝန်ဆောင်တုန်းကလည်း Gestational Diabetes ရောဂါ ဖြစ်ဖူးသူ
၄.မိသားစုအတွင်း GDM ရှိဖူးခြင်း  
၅.မိသားစုအတွင်း အမျိုးအစား၂ဆီးချိုရှိခြင်း
၆.ကလေးထွား မွေးဖူးခြင်း
၇.Polycystic Ovary Syndrome ရှိသူ
 
* ရောဂါလက္ခဏာများ
 
များသောအားဖြင့် ဘာလက္ခဏာမှ မပြပါ။ ဒါကြောင့် တတ်နိုင်ရင် လုပ်လို့ရရင် သွေးစစ်ဖို့လိုပါတယ်။ 
 
အချို့မှာတော့ အောက်ပါလက္ခဏာတွေ ပြနိုင်ပါတယ်။ 
၁.ရေငတ်ခြင်း
၂.ဆီးသွားများခြင်း
၃.ညဘက် ဆီးခဏခဏသွားခြင်း
၄.နုံးခြင်း
၅.မက်ခရုဖြစ်ခြင်း
၆.ကိုယ်ဝန်ဆိပ်တက်ခြင်း၊ 
၇.စိတ်ကျခြင်း 
ကောင်းမွန်စွာ မကုသဘဲထားရင် မွေးလာတဲ့ကလေးဟာကြီး၍ မွေးရခက်ခြင်း၊ ကြာခြင်း၊ ညှပ်ဆွဲရခြင်း၊ ခွဲမွေးရခြင်း(သွေးအချိုဓာတ်က အချင်းကိုဖြတ်ပြီး သန္ဓေသားဆီ
အများကြီး ရောက်လာတဲ့အခါ သန္ဓေသားက Insulin အများကြီးထုတ်ပြီး ပြန်ထိန်းရပါတယ်။ သိပ်များနေတဲ့ Insulin က သန္ဓေသားကို အဆမတန် ကြီးထွားစေခြင်းကြောင့်ဖြစ်ပါတယ်)
 ရေမွှာရည်ပိုခြင်း - polyhydramnios၊ရေမွှာပို၍ သန္ဓေသား အနေအထား မ မှန်ခြင်း၊ ရေမွှာစောပေါက်၍ လမစေ့ဘဲမွေးခြင်း၊ ပေါက်ပြီး ရေမွှာနှင့်အတူ ချက်ကြိုး အရင်ထွက်ကျလာခြင်း -
cord prolapse (အချိန်မှီ မမွေးနိုင်ရင် သန္ဓေသားရဲ့ အသက်အန္တရာယ် အလွန်ကြီးပါတယ်) ၊ကလေးခေါင်းထွက်ပြီးမှ ပခုံးတစ်နေခြင်း - shoulder dystocia (မိနစ်ပိုင်း အတွင်း ပခုံးမထွက်နိုင်ရင်
ကလေးရဲ့ အသက်အန္တရာယ် အလွန်ကြီးပါတယ်)၊အဆိုးဆုံးကတော့ ကလေးအဖတ်မတင်ခြင်း ဖြစ်ပါတယ်။ 
due date (၄၀ ပတ်) မတိုင်မီ (မမွေးသေးရင်) ဆေးသွင်း မွေးပေးရလေ့ရှိပါတယ်။၄၁-၄၂ ပတ် အထိသူ့အလိုလို မွေးအောင် စောင့်တာ မလုပ်သင့်ပါ။
ကလေးမွေးပြီးပြီးချင်း ၂၄နာရီ အတွင်း ကလေးမှာ သွေးချိုဓာတ် အလွန်အမင်းကျဆင်းခြင်း၊ကျတာဆိုးလွန်းရင် သတိလစ်ခြင်း တက်ခြင်းများတောင် ဖြစ်တတ်ပါတယ်။
ဒါကြောင့် နို့စောစော စ တိုက်ဖို့နဲ့ ကလေးရဲ့ သွေးချိုဓာတ်ကို ခြေဖနောင့်ထိပ်ဖောက် သွေးစစ်ဖို့ လိုပါတယ်။ လိုအပ်ရင် နို့ဗူးတိုက်ခြင်း၊ glucose အကြောဆေး ထိုးခြင်းများ လုပ်ပေးရပါတယ်။
သန္ဓေသားတွင် အဂါၤမစုံခြင်းပါ ဖြစ်တတ်၍ ကိုယ်ဝန်မဆောင်ခင်ကတည်းက OG နှင့် သေချာပြပြီးမှ ကိုယ်ဝန်ရအောင် ကြိုးစားသင့်ပါတယ်။
* ရှာဖွေ စစ်ဆေးခြင်း
 
အကောင်းဆုံးနည်းကတော့ OGTT သွေးစစ်ခြင်းပါ။ ကိုယ်ဝန် ၂၄ပတ်နဲ့ ၂၈ပတ်ခန့်ကြားရောက်ရင် မနက် အစာမစားခင် သွေးတစ်ကြိမ်၊ ၇၅ ဂရမ် glucose သောက်ပြီး တစ်နာရီကြာ တစ်ကြိမ်၊
နှစ်နာရီကြာ တစ်ကြိမ် စုစုပေါင်း သွေးသုံးကြိမ် ဖောက်ရပါတယ်။ ဓာတ်ခွဲခန်းမှာ စစ်ရပါတယ်။ GDM ရှိမရှိ ဆုံးဖြတ်ဖို့ သတ်မှတ်ထားတဲ့ ပုံမှန်သွေးချို level တွေက အခြားဆီးချိုတွေအတွက် သုံးတဲ့
level တွေနဲ့ မတူပါဘူး။ ဒါကြောင့် ဓာတ်ခွဲခန်းက ကိုယ်ဝန်အတွက်မှန်းသိမှ မှန်ကန်တဲ့ အဖြေထုတ်နိုင်ပါတယ်။ 
 
OGTT လုပ်လို့မရရင် လက်ထိပ်သွေးဖောက် သွေးချိုစစ်ခြင်း၊ ဆီးကို dipstick ဖြင့် ဆီးချိုစစ်ခြင်းများလည်း သုံးနိုင်ပါတယ်။ 
 
 
* ကုသခြင်း
 
သွေးအချိုဓာတ်ကို ထိန်းနိုင်ရင် GDM ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။
 
- သွေးချိုဓာတ် စောင့်ကြည့် စစ်ဆေးခြင်း
ဆေးဝါးဖြင့် ကုသမှု လိုမလို သိနိုင်ဖို့ အတွက်ပါ။ မနက် အစာမစားမီ နဲ့ မနက်၊ နေ့လည်၊ ညစာ စားပြီး နှစ်နာရီကြာပြီးချိန်တွေမှာ ကိုယ်ပိုင်စက်ကလေးဖြင့် လက်ထိပ်ဖောက် သွေးစစ်ရပါတယ်။
ရလဒ်တွေကို ဆရာဝန်က ကြည့်ပြီး ဆုံးဖြတ်ပေးရပါတယ်။
 
- အစား ဆင်ခြင်ခြင်း
GDM ရှိ မိခင်လောင်းအများစုက အစား ဆင်ခြင်ရုံနဲ့ သွေးချိုဓာတ်ကို ထိန်းနိုင်ပါတယ်။ ကစီဓာတ်၊ အချိုစာတွေ လျှော့ပြီး ဟင်းသီးဟင်းရွက်များများ စားရပါမယ်။ ထမင်းသုံးနပ်ကို
နည်းနည်းစီသာစားပြီး ဗိုက်ဆာရင် သွားရည်စာ (ဥပမာ မချိုတဲ့ သစ်သီး) နည်းနည်းထပ်စားနိုင်ပါတယ်။  အဝ မလွန်အောင် အဆီလျှော့ စားရပါမယ်။ 
 
- အားကစား လုပ်ခြင်း
သွေးချိုကျဖို့ အားကစားကလည်း အရေးကြီးပါတယ်။ လမ်းလျှောက်ခြင်းကို တစ်နေ့ နာရီဝက် တစ်ပတ်မှာ ၅ ရက် အနည်းဆုံးလုပ်ပါ။
 
- ဆေးဝါးဖြင့် ကုသခြင်း
အစားဆင်ခြင်ခြင်း၊ အားကစားလုပ်ခြင်းများဖြင့် မလုံလောက်ရင် ဆေးဝါးတွေ သုံးရဖို့ လိုနိုင်ပါတယ်။ Insulin ထိုးဆေးကတော့ အကောင်းဆုံးပါ။ 
 
- အပတ် ၄၀ မတိုင်မီ မွေးပေးဖို့လိုပါတယ်။
- Folic acid 5mg (ပုံမှန် dose ထက် ဆယ်ဆမြင့်သော dose) ကို ကိုယ်ဝန်မဆောင်ခင်ကတည်းက စတင် သောက်နေရပါမယ်။ ကျောရိုးမကြီးတွင် အပေါက်ပါလာခြင်းနှင့် အခြားအဂါၤချို့ယွင်းခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။
 
* နောက်ထပ်ဖြစ်နိုင်ခြင်း
 
GDM ဖြစ်ဖူးရင် နောက်ကိုယ်ဝန်တွေမှာ ထပ်ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန် စောစောပိုင်းမှာကတည်းက သွေးချိုတိုင်းဖို့ လိုနိုင်ပါတယ်။ အစားလည်း ကိုယ်ဝန် အစောပိုင်းကစလို့
ကိုယ်ဝန်တစ်လျှောက်လုံး ဆင်ခြင်ပါ။ အသက် ၄၀ ကျော်ရင်လည်း type 2 diabetes ရှိလာနိုင်လို့ ၄၀ ကျော်ရင် တစ်နှစ်တစ်ခါ သွေးချိုစစ်ဖို့လိုပါတယ်။ GDM ရှိတဲ့ မိခင်က မွေးလာတဲ့ကလေးမှာ
diabetes ပါမလာပေမယ့် ဒီကလေး အသက် ၄၀ ကျော်ရင်လည်း type 2 diabetes ရှိလာနိုင်ခြေပိုများပါတယ်။ 
 
ဆေးဝါးများကတော့ မိမိသဘောနဲ့မိမိသောက်သုံးခြင်းမပြုဘဲ သက်ဆိုင်ရာဆရာဝန်ကြီးများညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးရမှာဖြစ်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

(zawgyi font)

 
ကိုယ္ဝန္ေဆာင္ကာလ အတြင္းသာျဖစ္ေသာ ဆီးခ်ိဳေရာဂါကို Gestational Diabetes Mellitus (GDM) လို႔ေခၚပါတယ္။ ကေလးဘဝမွာ စျဖစ္တဲ့
type 1 diabets (Insulin ထိုးကိုထိုးရတဲ့ ဆီးခ်ိဳ) နဲ႔ လူလတ္ပိုင္းမွာ စျဖစ္တတ္တဲ့ type 2 diabetes မ်ားနဲ႔ မတူပါဘူး။ Gestational diabetes ဟာ မ်ားေသာအားျဖင့္
ကိုယ္ဝန္ ၂၄ပတ္ ႏွင့္ ၂၈ပတ္ၾကား စတင္ျဖစ္ေပၚေလ့ရွိေသာ္လည္း ကိုယ္ဝန္ပိုႏုစဥ္မွာ စတင္ျဖစ္ေပၚႏိုင္ေျခ အနည္းငယ္ ရွိပါေသးတယ္။ ကိုယ္ဝန္ေဆာင္ ၅% မွ ၁၀% အထိမွာ
ေတြ႕ႏိုင္လို႔ gestational diabetes ဟာ မရွားဘူးလို႔ ေျပာလို႔ရပါတယ္။  GDM ရွိရင္ေတာ့ ေသြးခ်ိဳဓာတ္ကို ထိန္းႏိုင္မွ ကိုယ္ဝန္ေဆာင္နဲ႔ သေႏၶသားတို႔ အႏၲရာယ္ကင္းၾကမွာ ျဖစ္ပါတယ္။
 
* ျဖစ္ရေသာ အေၾကာင္းရင္း
 
Placenta လို႔ေခၚတဲ့ အခ်င္းကထုတ္တဲ့ ေဟာ္မုန္းေတြေၾကာင့္ျဖစ္ပါတယ္။ ေသြးခ်ိဳ ထိန္းဖို႔ ခႏၶာကိုယ္က Insulin ဆိုတဲ့ေဟာ္မုန္းရဲ႕ စကားနားေထာင္ဖို႔လိုပါတယ္။ အခ်င္းကထုတ္တဲ့
 ေဟာ္မုန္းေတြက ေျမႇာက္ထိုးပင့္ေကာ္လုပ္တဲ့အခါ မိခင္ေလာင္းခႏၶာကိုယ္က Insulin ရဲ႕စကား နားမေထာင္ေတာ့ဘဲ ေသြးခ်ိဳတက္လာပါတယ္။ Insulin resistance လို႔ေခၚပါတယ္။
ပထမ ကိုယ္ဝန္ေဆာင္ခ်ိန္မွာGDM ျဖစ္ဖူးရင္ ေနာက္တခါကိုယ္ဝန္ေဆာင္ခ်ိန္မွာGDM ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။အသက္ႀကီးလာတဲ့အခါ type 2 diabetes ျဖစ္ႏိုင္ေျခ ပိုရွိပါတယ္။
 
 
* GDM ျဖစ္ႏိုင္ေျခ ပိုရွိသူမ်ား
 
၁.မိခင္အသက္ႀကီးျခင္း
၂.အဝလြန္ျခင္း (Overweight)
၃.အရင္ကိုယ္ဝန္ေဆာင္တုန္းကလည္း Gestational Diabetes ေရာဂါ ျဖစ္ဖူးသူ
၄.မိသားစုအတြင္း GDM ရွိဖူးျခင္း  
၅.မိသားစုအတြင္း အမ်ိဳးအစား၂ဆီးခ်ိဳရွိျခင္း
၆.ကေလးထြား ေမြးဖူးျခင္း
၇.Polycystic Ovary Syndrome ရွိသူ
 
* ေရာဂါလကၡဏာမ်ား
 
မ်ားေသာအားျဖင့္ ဘာလကၡဏာမွ မျပပါ။ ဒါေၾကာင့္ တတ္ႏိုင္ရင္ လုပ္လို႔ရရင္ ေသြးစစ္ဖို႔လိုပါတယ္။ 
 
အခ်ိဳ႕မွာေတာ့ ေအာက္ပါလကၡဏာေတြ ျပႏိုင္ပါတယ္။ 
၁.ေရငတ္ျခင္း
၂.ဆီးသြားမ်ားျခင္း
၃.ညဘက္ ဆီးခဏခဏသြားျခင္း
၄.နံုးျခင္း
၅.မက္ခ႐ုျဖစ္ျခင္း
၆.ကိုယ္ဝန္ဆိပ္တက္ျခင္း၊ 
၇.စိတ္က်ျခင္း 
ေကာင္းမြန္စြာ မကုသဘဲထားရင္ ေမြးလာတဲ့ကေလးဟာႀကီး၍ ေမြးရခက္ျခင္း၊ ၾကာျခင္း၊ ၫွပ္ဆြဲရျခင္း၊ ခြဲေမြးရျခင္း(ေသြးအခ်ိဳဓာတ္က အခ်င္းကိုျဖတ္ၿပီး သေႏၶသားဆီ အမ်ားႀကီး
ေရာက္လာတဲ့အခါ သေႏၶသားက Insulin အမ်ားႀကီးထုတ္ၿပီး ျပန္ထိန္းရပါတယ္။ သိပ္မ်ားေနတဲ့ Insulin က သေႏၶသားကို အဆမတန္ ႀကီးထြားေစျခင္းေၾကာင့္ျဖစ္ပါတယ္)
 ေရမႊာရည္ပိုျခင္း - polyhydramnios၊ေရမႊာပို၍ သေႏၶသား အေနအထား မ မွန္ျခင္း၊ ေရမႊာေစာေပါက္၍ လမေစ့ဘဲေမြးျခင္း၊ ေပါက္ၿပီး ေရမႊာႏွင့္အတူ ခ်က္ႀကိဳး အရင္ထြက္က်လာျခင္း
- cord prolapse (အခ်ိန္မွီ မေမြးႏိုင္ရင္ သေႏၶသားရဲ႕ အသက္အႏၲရာယ္ အလြန္ႀကီးပါတယ္) ၊ကေလးေခါင္းထြက္ၿပီးမွ ပခံုးတစ္ေနျခင္း - shoulder dystocia (မိနစ္ပိုင္း အတြင္း ပခံုးမထြက္ႏိုင္ရင္
ကေလးရဲ႕ အသက္အႏၲရာယ္ အလြန္ႀကီးပါတယ္)၊အဆိုးဆံုးကေတာ့ ကေလးအဖတ္မတင္ျခင္း ျဖစ္ပါတယ္။ 
due date (၄၀ ပတ္) မတိုင္မီ (မေမြးေသးရင္) ေဆးသြင္း ေမြးေပးရေလ့ရွိပါတယ္။၄၁-၄၂ ပတ္ အထိသူ႔အလိုလို ေမြးေအာင္ ေစာင့္တာ မလုပ္သင့္ပါ။
ကေလးေမြးၿပီးၿပီးခ်င္း ၂၄နာရီ အတြင္း ကေလးမွာ ေသြးခ်ိဳဓာတ္ အလြန္အမင္းက်ဆင္းျခင္း၊က်တာဆိုးလြန္းရင္ သတိလစ္ျခင္း တက္ျခင္းမ်ားေတာင္ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ႏို႔ေစာေစာ စ တိုက္ဖို႔နဲ႔
ကေလးရဲ႕ ေသြးခ်ိဳဓာတ္ကို ေျခဖေနာင့္ထိပ္ေဖာက္ ေသြးစစ္ဖို႔ လိုပါတယ္။ လိုအပ္ရင္ ႏို႔ဗူးတိုက္ျခင္း၊ glucose အေၾကာေဆး ထိုးျခင္းမ်ား လုပ္ေပးရပါတယ္။
သေႏၶသားတြင္ အဂါၤမစံုျခင္းပါ ျဖစ္တတ္၍ ကိုယ္ဝန္မေဆာင္ခင္ကတည္းက OG ႏွင့္ ေသခ်ာျပၿပီးမွ ကိုယ္ဝန္ရေအာင္ ႀကိဳးစားသင့္ပါတယ္။
* ရွာေဖြ စစ္ေဆးျခင္း
 
အေကာင္းဆံုးနည္းကေတာ့ OGTT ေသြးစစ္ျခင္းပါ။ ကိုယ္ဝန္ ၂၄ပတ္နဲ႔ ၂၈ပတ္ခန္႔ျကားေရာက္ရင္ မနက္ အစာမစားခင္ ေသြးတစ္ႀကိမ္၊ ၇၅ ဂရမ္ glucose ေသာက္ၿပီး တစ္နာရီၾကာ တစ္ႀကိမ္၊ ႏွစ္နာရီၾကာ
တစ္ႀကိမ္ စုစုေပါင္း ေသြးသံုးႀကိမ္ ေဖာက္ရပါတယ္။ ဓာတ္ခြဲခန္းမွာ စစ္ရပါတယ္။ GDM ရွိမရွိ ဆံုးျဖတ္ဖို႔ သတ္မွတ္ထားတဲ့ ပံုမွန္ေသြးခ်ိဳ level ေတြက အျခားဆီးခ်ိဳေတြအတြက္ သံုးတဲ့ level ေတြနဲ႔ မတူပါဘူး။
ဒါေၾကာင့္ ဓာတ္ခဲြခန္းက ကိုယ္ဝန္အတြက္မွန္းသိမွ မွန္ကန္တဲ့ အေျဖထုတ္ႏိုင္ပါတယ္။ 
 
OGTT လုပ္လို႔မရရင္ လက္ထိပ္ေသြးေဖာက္ ေသြးခ်ိဳစစ္ျခင္း၊ ဆီးကို dipstick ျဖင့္ ဆီးခ်ိဳစစ္ျခင္းမ်ားလည္း သံုးႏိုင္ပါတယ္။ 
 
 
* ကုသျခင္း
 
ေသြးအခ်ိဳဓာတ္ကို ထိန္းႏိုင္ရင္ GDM ရဲ႕ ေနာက္ဆက္တဲြ ဆိုးက်ိဳးေတြကို ကာကြယ္ႏိုင္ပါတယ္။
 
- ေသြးခ်ိဳဓာတ္ ေစာင့္ၾကည့္ စစ္ေဆးျခင္း
ေဆးဝါးျဖင့္ ကုသမႈ လိုမလို သိႏိုင္ဖို႔ အတြက္ပါ။ မနက္ အစာမစားမီ နဲ႔ မနက္၊ ေန႔လည္၊ ညစာ စားၿပီး ႏွစ္နာရီၾကာၿပီးခ်ိန္ေတြမွာ ကိုယ္ပိုင္စက္ကေလးျဖင့္ လက္ထိပ္ေဖာက္ ေသြးစစ္ရပါတယ္။
ရလဒ္ေတြကို ဆရာဝန္က ၾကည့္ၿပီး ဆံုးျဖတ္ေပးရပါတယ္။
 
- အစား ဆင္ျခင္ျခင္း
GDM ရွိ မိခင္ေလာင္းအမ်ားစုက အစား ဆင္ျခင္ရံုနဲ႔ ေသြးခ်ိဳဓာတ္ကို ထိန္းႏိုင္ပါတယ္။ ကစီဓာတ္၊ အခ်ိဳစာေတြ ေလွ်ာ့ၿပီး ဟင္းသီးဟင္းရြက္မ်ားမ်ား စားရပါမယ္။ ထမင္းသံုးနပ္ကို နည္းနည္းစီသာစားၿပီး
ဗိုက္ဆာရင္ သြားရည္စာ (ဥပမာ မခ်ိဳတဲ့ သစ္သီး) နည္းနည္းထပ္စားႏိုင္ပါတယ္။  အဝ မလြန္ေအာင္ အဆီေလွ်ာ့ စားရပါမယ္။ 
 
- အားကစား လုပ္ျခင္း
ေသြးခ်ိဳက်ဖို႔ အားကစားကလည္း အေရးႀကီးပါတယ္။ လမ္းေလွ်ာက္ျခင္းကို တစ္ေန႔ နာရီဝက္ တစ္ပတ္မွာ ၅ ရက္ အနည္းဆံုးလုပ္ပါ။
 
- ေဆးဝါးျဖင့္ ကုသျခင္း
အစားဆင္ျခင္ျခင္း၊ အားကစားလုပ္ျခင္းမ်ားျဖင့္ မလံုေလာက္ရင္ ေဆးဝါးေတြ သံုးရဖို႔ လိုႏိုင္ပါတယ္။ Insulin ထိုးေဆးကေတာ့ အေကာင္းဆံုးပါ။ 
 
- အပတ္ ၄၀ မတိုင္မီ ေမြးေပးဖို႔လိုပါတယ္။
- Folic acid 5mg (ပံုမွန္ dose ထက္ ဆယ္ဆျမင့္ေသာ dose) ကို ကိုယ္ဝန္မေဆာင္ခင္ကတည္းက စတင္ ေသာက္ေနရပါမယ္။ ေက်ာ႐ိုးမႀကီးတြင္ အေပါက္ပါလာျခင္းႏွင့္ အျခားအဂါၤခ်ိဳ႕ယြင္းျခင္းမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။
 
* ေနာက္ထပ္ျဖစ္ႏိုင္ျခင္း
 
GDM ျဖစ္ဖူးရင္ ေနာက္ကိုယ္ဝန္ေတြမွာ ထပ္ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ ေစာေစာပိုင္းမွာကတည္းက ေသြးခ်ိဳတိုင္းဖို႔ လိုႏိုင္ပါတယ္။ အစားလည္း ကိုယ္ဝန္ အေစာပိုင္းကစလို႔ ကိုယ္ဝန္တစ္ေလွ်ာက္လံုး ဆင္ျခင္ပါ။
အသက္ ၄၀ ေက်ာ္ရင္လည္း type 2 diabetes ရွိလာႏိုင္လို႔ ၄၀ ေက်ာ္ရင္ တစ္ႏွစ္တစ္ခါ ေသြးခ်ိဳစစ္ဖို႔လိုပါတယ္။ GDM ရွိတဲ့ မိခင္က ေမြးလာတဲ့ကေလးမွာ diabetes ပါမလာေပမယ့္
ဒီကေလး အသက္ ၄၀ ေက်ာ္ရင္လည္း type 2 diabetes ရွိလာႏိုင္ေျခပိုမ်ားပါတယ္။ 
 
ေဆးဝါးမ်ားကေတာ့ မိမိသေဘာနဲ႔မိမိေသာက္သံုးျခင္းမျပဳဘဲ သက္ဆိုင္ရာဆရာဝန္ႀကီးမ်ားၫႊန္ၾကားခ်က္အတိုင္း လိုက္နာေသာက္သံုးရမွာျဖစ္ပါတယ္လို႔ေရးသားလိုက္ရပါတယ္။