ကင်ဆာရောဂါ နှင့် သကြားစားခြင်

ဘာကြောင့်များကင်ဆာကလာပ်စည်းတွေဟာ ဒီ လောက်တောင်သကြားကိုအသုံးချမြန်ကြတာပါ သလဲ။
ကင်ဆာကလာပ်စည်းတွေပေါ်မှာinsulin hormone ကိုအသုံးချပြီး  insulin receptor လို့ ခေါ်တဲ့သကြားဝင်ဖို့အပေါက်တွေဟာအရေ အတွက်အား ဖြင့် ပုံမှန်ကလာပ်စည်းတွေထက် ပို ပြီးများတယ်။
သကြားစားလိုက်ပြီးဆိုရင်သဘာဝအားဖြင့် ခန္ဓာကိုယ် က insulin hormone ထွက်လာပြီး
ကလာပ်စည်းပေါ်မှာရှိတဲ့ insulin receptors တွေနဲ့သွားချိတ်ကာသကြားကိုကလာပ်စည်းထဲသွင်းပေးပါတယ်။(Lock and key)
ကိုယ်ကသကြားစားလိုက်ပြီဆိုရင်ကင်ဆာ ကလာပ်စည်းတွေဟာသကြားဝင်ပေါက်တွေ ပို များတာကြောင့်မြန်မြန်နဲ့များများဝင်နိုင်ကြပါတယ်။ဝင်ပေါက်များများရှိတဲ့အိမ်ထဲကိုလူများများက မြန်မြန်ဝင်နိုင်သလိုပေါ့။
 
ကင်ဆာကလာပ်စည်းဟာ 
သကြားကိုသုံးတာပုံမှန်ကလာပ်စည်း နဲ့ ဘယ် လိုကွာပါသလဲ။
ပုံမှန် ကလာပ်စည်း (normal cell) ဟာသကြား ကို ကလာပ်စည်းစွမ်းအင် အဖြစ် အဓိကပြောင်း တဲ့နေရာကတော့စွမ်းအင်ထုတ်တဲ့စက်ရုံ များ ဖြစ်ကြတဲ့ Mitochondria ထဲမှာဖြစ်ပါတယ်။ 
အောက်စီဂျင် ကိုအသုံးပြုဖို့လိုပါတယ်။
ထွက်လာတဲ့ကုန်တွေကတော့ 
၁။ATP လို့ ခေါ်တဲ့ကလာပ်စည်းစွမ်းအင် ၃၈ လုံး
၂။CO2 
၃။Water
၄။အပူဓာတ်
၅။ခန္ဓာကိုယ်ကိုယောင်ကိုင်းစေတတ်သော free radicals များ ဖြစ်ပါတယ်။
ဒီဖြစ်စဉ် ကို aerobic respiration(အောက်စီဂျင်ကိုအသုံးပြုခြင်း) လို့ခေါ်ပါတယ်။
ကင်ဆာကလာပ်စည်းတွေကြတော့
စွမ်းအင်ထုတ်တဲ့စက်ရုံ Mitochondriaမသုံးဘဲ စက်ရုံအပြင်ဖြစ်တဲ့ cytoplasm ထဲမှာ ပဲ
မြန်မြန်ဆန်ဆန်အသုံးပြုလိုက်ကြတယ်။
အောက်စီဂျင် မသုံးပါ။
ဒီဖြစ်စဉ် ကိုတော့  အောက်စီဂျင်မသုံးဘဲသကြား မော်လီကျူးကိုဖြိုခွဲခြင်း(AnaerobicGlycolysis)လို့ ခေါ်ပါတယ်။
ထွက်လာတဲ့ကုန်တွေကတော့
၁။ ATP လို့ ခေါ်တဲ့ကလာပ်စည်းစွမ်းအင် ၂လုံး
၂။Lactic acid (အက်စစ်)တွေ ဖြစ်ပါတယ်။
 
သကြားတွေအများကြီးယူသုံးလိုက်ပေမဲ့  စွမ်းအင်ကိုတော့ နည်းနည်းသာထုတ်တာနိုင်တာ ကို သတိပြုရပါမယ်။
ဒါကြောင့်ကင်ဆာဝေဒနာရှင်တွေ ဟာစားပေမဲ့ အားသိပ်မဖြစ်၊ အားမရှိ ကြတာဖြစ်ပါတယ်။
ကင်ဆာကလာပ်စည်းတွေဟာ အက်စစ်ဓာတ်များတဲ့ ပတ်ဝန်းကျင် မှာပိုမိုရှင်သန်နိုင်ကြပါတယ်။သူတို့ ရဲ့ pH  4.5 - 5 လောက်ပဲရှိတာကို တွေ့ရလေ့ရှိပါတယ်။
ခန္ဓာကိုယ်ခုခံအားတွေနှိမ်နင်းတာကိုပိုခံနိုင်ရည် ရှိလာကြ တယ်။
သကြားလျော့စားကြစေချင်ပါတယ်။ကျွန်တော်တို့ ပုံမှန်စားနေတဲ့ ဆန်၊ဂျုံ၊ပြောင်း၊အာလူး၊ပေါင်မုန့်တွေမှာလဲသကြားဓာတ်ပါဝင်ပြီးသားဖြစ်ပါတယ်။ထိုကြောင့်အိမ်မှာသုံးနေတဲ့ အဖြူသကြား၊အညိုသကြားတွေကို
ထပ်ထည့်စားခြင်းမှရှောင်သင့်ပါတယ်။သဘာဝဖျော်ရည်စစ်စစ်ကို သကြားထပ်ရောမသောက်သင့်ပါ။အစိမ်းရောင်ရှိတဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်သစ်သီးဝလံ တွေစားသုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ကြပါစို့။
 
ဇီဝက - ၁

(zawgyi)

ကင္ဆာေရာဂါ ႏွင့္ သၾကားစားျခင္း
 
ဘာေၾကာင့္မ်ားကင္ဆာကလာပ္စည္းေတြဟာ ဒီ ေလာက္ေတာင္သၾကားကိုုအသံုုးခ်ျမန္ၾကတာပါ သလဲ။
ကင္ဆာကလာပ္စည္းေတြေပၚမွာinsulin hormone ကိုုအသံုုးခ်ျပီး  insulin receptor လိုု႔ ေခၚတဲ့သၾကားဝင္ဖိုု႔အေပါက္ေတြဟာအေရ အတြက္အား ျဖင့္ ပံုုမွန္ကလာပ္စည္းေတြထက္ ပိုု ျပီးမ်ားတယ္။
သၾကားစားလိုုက္ျပီးဆိုုရင္သဘာဝအားျဖင့္ ခႏၶာကိုုယ္ က insulin hormone ထြက္လာၿပီး
ကလာပ္စည္းေပၚမွာရွိတဲ့ insulin receptors ေတြနဲ႔သြားခ်ိတ္ကာသၾကားကိုုကလာပ္စည္းထဲသြင္းေပးပါတယ္။(Lock and key)
ကိုုယ္ကသၾကားစားလိုုက္ျပီဆိုုရင္ကင္ဆာ ကလာပ္စည္းေတြဟာသၾကားဝင္ေပါက္ေတြ ပိုု မ်ားတာေၾကာင့္ျမန္ျမန္နဲ႔မ်ားမ်ားဝင္ႏိုင္ၾကပါတယ္။ဝင္ေပါက္မ်ားမ်ားရွိတဲ့အိမ္ထဲကိုုလူမ်ားမ်ားက ျမန္ျမန္ဝင္ႏိုင္သလိုေပါ့။
 
ကင္ဆာကလာပ္စည္းဟာ 
သၾကားကိုုသံုုးတာပံုုမွန္ကလာပ္စည္း နဲ႔ ဘယ္ လိုုကြာပါသလဲ။
ပံုုမွန္ ကလာပ္စည္း (normal cell) ဟာသၾကား ကိုု ကလာပ္စည္းစြမ္းအင္ အျဖစ္ အဓိကေျပာင္း တဲ့ေနရာကေတာ့စြမ္းအင္ထုုတ္တဲ့စက္ရံုု မ်ား ျဖစ္ၾကတဲ့ Mitochondria ထဲမွာျဖစ္ပါတယ္။ 
ေအာက္စီဂ်င္ ကိုုအသံုုးျပဳဖိုု႔လိုုပါတယ္။
ထြက္လာတဲ့ကုုန္ေတြကေတာ့ 
၁။ATP လိုု႔ ေခၚတဲ့ကလာပ္စည္းစြမ္းအင္ ၃၈ လံုုး
၂။CO2 
၃။Water
၄။အပူဓာတ္
၅။ခႏၶာကိုုယ္ကိုုေယာင္ကိုုင္းေစတတ္ေသာ free radicals မ်ား ျဖစ္ပါတယ္။
ဒီျဖစ္စဥ္ ကိုု aerobic respiration(ေအာက္စီဂ်င္ကိုုအသံုုးျပဳျခင္း) လိုု႔ေခၚပါတယ္။
ကင္ဆာကလာပ္စည္းေတြၾကေတာ႔
စြမ္းအင္ထုုတ္တဲ့စက္ရံုု Mitochondriaမသံုုးဘဲ စက္ရံုုအျပင္ျဖစ္တဲ့ cytoplasm ထဲမွာ ပဲ
ျမန္ျမန္ဆန္ဆန္အသံုုးျပဳလိုုက္ၾကတယ္။
ေအာက္စီဂ်င္ မသံုုးပါ။
ဒီျဖစ္စဥ္္ ကိုုေတာ့  ေအာက္စီဂ်င္မသံုးဘဲသၾကား ေမာ္လီက်ဴးကိုုျဖိဳခြဲျခင္း(AnaerobicGlycolysis)လိုု႔ ေခၚပါတယ္။
ထြက္လာတဲ့ကုုန္ေတြကေတာ့
၁။ ATP လိုု႔ ေခၚတဲ့ကလာပ္စည္းစြမ္းအင္ ၂လံုး
၂။Lactic acid (အက္စစ္)ေတြ ျဖစ္ပါတယ္။
 
သၾကားေတြအမ်ားၾကီးယူသံုုးလိုုက္ေပမဲ့  စြမ္းအင္ကိုေတာ့ နည္းနည္းသာထုတ္တာႏိုင္တာ ကိုု သတိျပဳရပါမယ္။
ဒါေၾကာင္႔ကင္ဆာေဝဒနာရွင္ေတြ ဟာစားေပမဲ့ အားသိပ္မျဖစ္၊ အားမရွိ ၾကတာျဖစ္ပါတယ္။
ကင္ဆာကလာပ္စည္းေတြဟာ အက္စစ္ဓာတ္မ်ားတဲ့ ပတ္ဝန္းက်င္ မွာပိုမိုရွင္သန္ႏိုင္ျကပါတယ္။သူတိုု႔ ရဲ႔ pH  4.5 - 5 ေလာက္ပဲရွိတာကိုု ေတြ႕ရေလ့ရွိပါတယ္။
ခႏၶာကိုုယ္ခုုခံအားေတြႏွိမ္နင္းတာကိုုပိုခံႏိုင္ရည္ ရွိလာၾက တယ္။
သၾကားေလ်ာ့စားၾကေစခ်င္ပါတယ္။ကြၽန္ေတာ္တို႔ ပံုမွန္စားေနတဲ့ ဆန္၊ဂ်ံဳ၊ေျပာင္း၊အာလူး၊ေပါင္မုန္႔ေတြမွာလဲသျကားဓာတ္ပါဝင္ၿပီးသားျဖစ္ပါတယ္။ထိုေၾကာင့္အိမ္မွာသံုးေနတဲ့ အျဖဴသျကား၊အညိဳသျကားေတြကို ထပ္ထည့္စားျခင္းမွေရွာင္သင့္ပါတယ္။သဘာဝေဖ်ာ္ရည္စစ္စစ္ကို သၾကားထပ္ေရာမေသာက္သင္႔ပါ။အစိမ္းေရာင္ရွိတဲ႔ လတ္လတ္ဆတ္ဆတ္ ဟင္းသီးဟင္းရြက္သစ္သီးဝလံ ေတြစားသံုးျခင္းျဖင့္ ကင္ဆာေရာဂါကို ကာကြယ္ျကပါစို႔။
 
ဇီ၀က - ၁