The Voice Season 17 မှာ ပြန်မြင်တွေ့ရမယ့် ပေါ့ပ်စတားတေလာဆွစ်

The Voice Season 17 မှာ ပြန်မြင်တွေ့ရမယ့် ပေါ့ပ်စတားတေလာဆွစ်

မကြာခင်ရက်ပိုင်းအတွင်း NBCမှာထုတ်လွှင့်ပြသမယ့် The Voice American (Season 17)မှာ အကဲဖြတ်အဖြစ် ပေါ့ပ်စတားတေလာဆွစ်ကို ထူးထူးခြားခြား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Season 17 မှာ ပုံမှန်တွေ့နေကျဒိုင်တွေဖြစ်တဲ့ Gwen Stefani ၊ Kelly Clarkson တို့အပြင် ပေါ့ပ်ကြယ်ပွင့်တွေဖြစ်တဲ့ John Legend ၊ Blake Shelton  တို့ကိုလည်း ဒိုင်အဖြစ် တွေ့မြင်ရမှာပါ။

 တေလာဆွစ်အနေနဲ့ The Voice အကဲဖြတ်အတွေ့အကြုံလည်း ရှိထားပါတယ်။ ၂၀၁၄ ခုနှစ် Season 7 တုန်းက ဒိုင်အဖြစ် သူ ပါဝင်ခဲ့ဖူး ပါတယ်။ အခု Season 17 မှာ ဒိုင်တွေနဲ့ နည်းပြဘယ်သူပါမယ်ဆိုတာ မနေ့ကဆိုရှယ်မီဒီယာမှာတင်တဲ့ ပရိုမိုဗီဒီယိုကိုတွေ့မှပဲ သိရတာဖြစ် ပါတယ်။

The Voice နည်းပြတစ်ယောက်အနေနဲ့ တေလာဆွစ်ဟာ Knockout Round သီဆိုယှဉ်ပြိုင်မှုအတွက် ပြိုင်ပွဲဝင်တွေကို လေ့ကျင့်သင်ကြားပေး ရမှာဖြစ်ပါတယ်။  တေလာဆွစ် The Voiceနည်းပြအဖြစ် ပါဝင်လာမှုအပေါ် Sheltonကလည်း ‘ ဒီ Seasonမှာ သူ့အတွေ့အကြုံတွေကို ပိုပြီးချပြပါလိမ့်မယ်။ ကမ္ဘာကျော်စတားတစ်ယောက်ဖြစ်လာဖို့ဆိုတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူ တကယ်ပါရမီရှိလို့၊ ထူးချွန်လို့ ဖြစ်လာတာပါ။ သူနဲ့တွဲပြီး အလုပ်လုပ်ရမှာ ပျော်ပါတယ်’ ဆိုပြီး Peopleမဂ္ဂဇင်းကို ပြောပါတယ်။

လာမယ့် Seasonမှာ အထူးနည်းပြတွေအဖြစ် Normani ၊ Usher၊ Will.i.amစတဲ့ တကယ့်အမိုက်စားအဆိုတော်တွေလည်း ပါဝင်မယ်လို့ သတင်းတွေက ဆိုပါတယ်။ The Voice Season 17ကို လာမယ့်စက်တင်ဘာ ၂၃ ရက်နေ့ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
 
ရည်မွန်
Ref: NME
နယူးယောက်၊ စက်တင်ဘာ ၁၈

(  Zawgyi  )

 မၾကာခင္ရက္ပိုင္းအတြင္း NBCမွာထုတ္လႊင့္ျပသမယ့္ The Voice American (Season 17)မွာ အကဲျဖတ္အျဖစ္ ေပါ့ပ္စတားေတလာဆြစ္ကို ထူးထူးျခားျခား ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ Season 17 မွာ ပုံမွန္ေတြ႕ေနက်ဒိုင္ေတြျဖစ္တဲ့ Gwen Stefani ၊ Kelly Clarkson တို႔အျပင္ ေပါ့ပ္ၾကယ္ပြင့္ေတြျဖစ္တဲ့ John Legend ၊ Blake Shelton  တို႔ကိုလည္း ဒိုင္အျဖစ္ ေတြ႕ျမင္ရမွာပါ။

 ေတလာဆြစ္အေနနဲ႔ The Voice အကဲျဖတ္အေတြ႕အႀကဳံလည္း ရွိထားပါတယ္။ ၂၀၁၄ ခုႏွစ္ Season 7 တုန္းက ဒိုင္အျဖစ္ သူ ပါဝင္ခဲ့ဖူး ပါတယ္။ အခု Season 17 မွာ ဒိုင္ေတြနဲ႔ နည္းျပဘယ္သူပါမယ္ဆိုတာ မေန႔ကဆိုရွယ္မီဒီယာမွာတင္တဲ့ ပ႐ိုမိုဗီဒီယိုကိုေတြ႕မွပဲ သိရတာျဖစ္ ပါတယ္။

The Voice နည္းျပတစ္ေယာက္အေနနဲ႔ ေတလာဆြစ္ဟာ Knockout Round သီဆိုယွဥ္ၿပိဳင္မႈအတြက္ ၿပိဳင္ပြဲဝင္ေတြကို ေလ့က်င့္သင္ၾကားေပး ရမွာျဖစ္ပါတယ္။  ေတလာဆြစ္ The Voiceနည္းျပအျဖစ္ ပါဝင္လာမႈအေပၚ Sheltonကလည္း ‘ ဒီ Seasonမွာ သူ႔အေတြ႕အႀကဳံေတြကို ပိုၿပီးခ်ျပပါလိမ့္မယ္။ ကမာၻေက်ာ္စတားတစ္ေယာက္ျဖစ္လာဖို႔ဆိုတာ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ သူ တကယ္ပါရမီရွိလို႔၊ ထူးခြၽန္လို႔ ျဖစ္လာတာပါ။ သူနဲ႔တြဲၿပီး အလုပ္လုပ္ရမွာ ေပ်ာ္ပါတယ္’ ဆိုၿပီး Peopleမဂၢဇင္းကို ေျပာပါတယ္။

လာမယ့္ Seasonမွာ အထူးနည္းျပေတြအျဖစ္ Normani ၊ Usher၊ Will.i.amစတဲ့ တကယ့္အမိုက္စားအဆိုေတာ္ေတြလည္း ပါဝင္မယ္လို႔ သတင္းေတြက ဆိုပါတယ္။ The Voice Season 17ကို လာမယ့္စက္တင္ဘာ ၂၃ ရက္ေန႔ ထုတ္လႊင့္ျပသမွာ ျဖစ္ပါတယ္။
 
ရည္မြန္
Ref: NME
နယူးေယာက္၊ စက္တင္ဘာ ၁၈