Single Song တွေ ကြိုးပမ်းနေတဲ့ တေးသံရှင် ဇော်ကြီး

Single Song တွေ ကြိုးပမ်းနေတဲ့ တေးသံရှင် ဇော်ကြီး

Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်တွေ ရလာတဲ့ တေးသံရှင် ဇော်ကြီး ဟာ ပရိသတ်အတွက် Single Songတွေကို ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

သူဟာ Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲ Season 3 မှာ Top Eleven အတွင်း ပါဝင်ခဲ့သူလည်း ဖြစ်သလို လက်ရှိကာလမှာ ခေတ်ကာလနဲ့လျော်ညီတဲ့ အခြေအနေမျိုး ဖြစ်တဲ့ Single Songတွေ အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

"အယ်လ်ဘမ် တစ်ခုလုံးလုပ်ဖို့ အချိန်လည်း လိုသေးတယ်လေ၊ အယ်လ်ဘမ်မလုပ်ဘူးတော့ မဟုတ်ဘူး လုပ်မှာပါ၊ ပြိုင်ပွဲမှာ ခင်မင်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှစ်မ တွေနဲ့ အတူ တေးအယ်လ်ဘမ်ကတော့ လုပ်နေတာ ရှိပါတယ်၊ အခုခေတ်က အစ်ကိုတို့လည်း သိကြတဲ့အတိုင်းပဲလေ အခွေ တစ်ခွေဖြစ်ဖို့ ကုန်ကျစရိတ်က မလွယ်ဘူး၊ လောလောဆယ် မှာက ကျွန်တော်ကြိုးပမ်းထားတဲ့ တေးသီချင်းတွေကို ပရိတ်သတ်တွေ ခံစားစေချင်တာလည်း ပါတယပေါ့နော်၊ ခေတ်ကာလရေစီးကြောင်း အနေနဲ့ကလည်း Single Songတွေ နဲ့ အွန်လိုင်းမှာ တင်နေကြရတဲ့ အခြေအနေမျိုး ဆိုတော့ ဒါကိုလည်း ကျွန်တော်စီစဉ်ရတာပါ"လို့လည်း တေးသံရှင် ဇော်ကြီးက ပြောပါတယ်။

သူဟာ ယခုလို ပွင့်လင်းရာသီမှာ အပြင်ပွဲတွေမှာလည်း လိုက်ပြီး ဖျော်ဖြေပေးနေရတာတွေရှိတယ်လို့ သိရပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲ နဲ့ပတ်သက်ပြီး မေးတဲ့အခါမှာလည်း သူက "ဒီအဆင့်အထိ ရောက်လာခဲ့ကြတာဟာ အကုန်လုံးကောင်းတဲ့သူတွေ ချည်းပါပဲ၊ တစ်ဆင့်နဲ့တစ်ဆင့်က ပြိုင်ရတဲ့သီချင်းတွေက မတူကြတော့ တစ်ယောက်နဲ့ တစ်ယောက် အားသာတဲ့သီချင်းတွေ ရှိသလို အားနည်းတဲ့ သီချင်းတွေလည်း ရှိကြပါတယ်၊ ဥပမာပြောရင် ရောခ့် အားသန်တဲ့သူတွေက သီချင်းအေးလေးတွေ ဆိုရမယ့်အပတ်ကျတော့ ကိုယ်နဲ့အဆင်ပြေအောင် တော်တော်လေး ကြိုးစားရတယ်၊ ကျွန်တော်ဆိုရင် ရော့ခ်တွေ အားသန်တယ်၊ ဒါကလည်း ကိုယ်ကြိုက်တာလေ၊ ကျွန်တော်တို့ တုန်းကလည်း ဒီလိုပါပဲ၊ ဒီအပေါ်မှာ ပရိသတ်ရဲ့ voting အနည်းအများနဲ့ ရှေ့ဆက်ကြရတာလေ၊ ကျွန်တော်တို့ တုန်းကလည်း voting နည်းလို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ပန်တင်းဝှိုက်ကတ်နဲ့ voting ပြန်လုပ်တော့ တစ်ခါထပ်ပြီး ပါဝင်ခွင့်ရလာခဲ့တာပါ၊ အကုန်လုံးက တော်ကြသူတွေ ချည်းပဲလို့ voting အပေါ် မူတည်ပြီး winner ဖြစ်ကြတာဆိုတော့ တခြားတော့ သုံးသပ်စရာ မရှိပါဘူး၊ ကောင်းတဲ့သူတွေပဲလေ၊ အပြင်မှာ ဝေဖန်တာတွေ ကတော့ ကျွန်တော်တို့ တုန်းကလည်း ဒီလိုပါပဲ"လို့ ပြောပါတယ်။

သူဟာလည်း Top Eleven အတွင်း ပါဝင်ခဲ့ပြီးနောက် voting နည်းကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပေမယ့် ပြိုင်ပွဲက ထွက်ခဲ့ရသူတွေထဲ Pantene White Card ဖြင့် ပြန်လည်ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး Top Three အဆင့်အထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ ပြိုင်ပွဲမှာအတူပါဝင်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ တေးသီချင်းကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ - ၈

( Zawgyi )

Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲကေန ပရိသတ္ေတြ ရလာတဲ့ ေတးသံရွင္ ေဇာ္ႀကီး ဟာ ပရိသတ္အတြက္ Single Songေတြကို ႀကိဳးပမ္းေနတယ္လို႔ ေျပာပါတယ္။

သူဟာ Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲ Season 3 မွာ Top Eleven အတြင္း ပါဝင္ခဲ့သူလည္း ျဖစ္သလို လက္ရွိကာလမွာ ေခတ္ကာလနဲ႔ေလ်ာ္ညီတဲ့ အေျခအေနမ်ိဳး ျဖစ္တဲ့ Single Songေတြ အတြက္ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

"အယ္လ္ဘမ္ တစ္ခုလုံးလုပ္ဖို႔ အခ်ိန္လည္း လိုေသးတယ္ေလ၊ အယ္လ္ဘမ္မလုပ္ဘူးေတာ့ မဟုတ္ဘူး လုပ္မွာပါ၊ ၿပိဳင္ပြဲမွာ ခင္မင္ခဲ့ၾကတဲ့ ညီအစ္ကိုေမာင္ႏွစ္မ ေတြနဲ႔ အတူ ေတးအယ္လ္ဘမ္ကေတာ့ လုပ္ေနတာ ရွိပါတယ္၊ အခုေခတ္က အစ္ကိုတို႔လည္း သိၾကတဲ့အတိုင္းပဲေလ အေခြ တစ္ေခြျဖစ္ဖို႔ ကုန္က်စရိတ္က မလြယ္ဘူး၊ ေလာေလာဆယ္ မွာက ကြၽန္ေတာ္ႀကိဳးပမ္းထားတဲ့ ေတးသီခ်င္းေတြကို ပရိတ္သတ္ေတြ ခံစားေစခ်င္တာလည္း ပါတယေပါ့ေနာ္၊ ေခတ္ကာလေရစီးေၾကာင္း အေနနဲ႔ကလည္း Single Songေတြ နဲ႔ အြန္လိုင္းမွာ တင္ေနၾကရတဲ့ အေျခအေနမ်ိဳး ဆိုေတာ့ ဒါကိုလည္း ကြၽန္ေတာ္စီစဥ္ရတာပါ"လို႔လည္း ေတးသံရွင္ ေဇာ္ႀကီးက ေျပာပါတယ္။

သူဟာ ယခုလို ပြင့္လင္းရာသီမွာ အျပင္ပြဲေတြမွာလည္း လိုက္ၿပီး ေဖ်ာ္ေျဖေပးေနရတာေတြရွိတယ္လို႔ သိရပါတယ္။ မၾကာေသးခင္က က်င္းပခဲ့တဲ့ Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲ နဲ႔ပတ္သက္ၿပီး ေမးတဲ့အခါမွာလည္း သူက "ဒီအဆင့္အထိ ေရာက္လာခဲ့ၾကတာဟာ အကုန္လုံးေကာင္းတဲ့သူေတြ ခ်ည္းပါပဲ၊ တစ္ဆင့္နဲ႔တစ္ဆင့္က ၿပိဳင္ရတဲ့သီခ်င္းေတြက မတူၾကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အားသာတဲ့သီခ်င္းေတြ ရွိသလို အားနည္းတဲ့ သီခ်င္းေတြလည္း ရွိၾကပါတယ္၊ ဥပမာေျပာရင္ ေရာခ့္ အားသန္တဲ့သူေတြက သီခ်င္းေအးေလးေတြ ဆိုရမယ့္အပတ္က်ေတာ့ ကိုယ္နဲ႔အဆင္ေျပေအာင္ ေတာ္ေတာ္ေလး ႀကိဳးစားရတယ္၊ ကြၽန္ေတာ္ဆိုရင္ ေရာ့ခ္ေတြ အားသန္တယ္၊ ဒါကလည္း ကိုယ္ႀကိဳက္တာေလ၊ ကြၽန္ေတာ္တို႔ တုန္းကလည္း ဒီလိုပါပဲ၊ ဒီအေပၚမွာ ပရိသတ္ရဲ႕ voting အနည္းအမ်ားနဲ႔ ေရွ႕ဆက္ၾကရတာေလ၊ ကြၽန္ေတာ္တို႔ တုန္းကလည္း voting နည္းလို႔ ၿပိဳင္ပြဲကေန ထြက္ခဲ့ရၿပီး ပန္တင္းဝႈိက္ကတ္နဲ႔ voting ျပန္လုပ္ေတာ့ တစ္ခါထပ္ၿပီး ပါဝင္ခြင့္ရလာခဲ့တာပါ၊ အကုန္လုံးက ေတာ္ၾကသူေတြ ခ်ည္းပဲလို႔ voting အေပၚ မူတည္ၿပီး winner ျဖစ္ၾကတာဆိုေတာ့ တျခားေတာ့ သုံးသပ္စရာ မရွိပါဘူး၊ ေကာင္းတဲ့သူေတြပဲေလ၊ အျပင္မွာ ေဝဖန္တာေတြ ကေတာ့ ကြၽန္ေတာ္တို႔ တုန္းကလည္း ဒီလိုပါပဲ"လို႔ ေျပာပါတယ္။

သူဟာလည္း Top Eleven အတြင္း ပါဝင္ခဲ့ၿပီးေနာက္ voting နည္းကာ ၿပိဳင္ပြဲမွ ထြက္ခဲ့ရေပမယ့္ ၿပိဳင္ပြဲက ထြက္ခဲ့ရသူေတြထဲ Pantene White Card ျဖင့္ ျပန္လည္ေ႐ြးခ်ယ္ရာတြင္ ပါဝင္ခဲ့ၿပီး Top Three အဆင့္အထိ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။ ယခုအခ်ိန္မွာေတာ့ ၿပိဳင္ပြဲမွာအတူပါဝင္ခဲ့တဲ့ သူငယ္ခ်င္းေတြနဲ႔ ေတးသီခ်င္းကို လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ - ၈