Mask ရောင်းနေတဲ့ လူရွှင်တော် ရှောက်ပွင့်

Mask ရောင်းနေတဲ့ လူရွှင်တော် ရှောက်ပွင့်

ပျံကျဈေးသည်အဖြစ် ဘတ်စ်ကားဂိတ်တွေမှာ ဈေးရောင်းချနေတဲ့ လူရွှင်တော် ရှောက်ပွင့်ဟာ အခုလို မရှက်မကြောက်လုပ်တတ်ရင် ဘယ်တော့မှထမင်းမငတ်ဘူးလို့ ပြောပြခဲ့ပါတယ်။

သူဟာ ကုန်ပစ္စည်းမျိုးစုံကို ရောင်းချခဲ့ဖူးပေမယ့် လက်ရှိကာလမှာတော့ Mask တွေကို ရောင်းချနေတယ်လို့ သိရပါတယ်။

 
“ဦးလေးက ဒီ Mask တွေ ရောင်းတာကြာပြီ၊ ဧပြီလလောက်ကတည်းက ရောင်းခဲ့တာလေ၊ အရင်တုန်းကတော့ သင်္ကြန်စာတို့၊ ဆင်းမ်ကတ်တွေ၊ ၂၇ လုံး ပုတီးတွေ၊ အစွန်းချွတ်ဆေးတွေ၊ ဗေဒင်ဟောစာတမ်းတွေ အကုန်ရောင်းဖူးတယ်၊ ဒီဟာရောင်းဖြစ်တာကလည်း သင်္ကြန်စာက သင်္ကြန်ပြီးတဲ့အထိ ရောင်းရပေမယ့် ဒီနှစ်မှာက COVID 19 ဖြစ်ရော၊ အဲ့ဒီအချိန်မှာ သင်္ကြန်စာကလည်း အချိန်ကုန်ပြီ၊ ဘာရောင်းရမလဲ စဉ်းစားရင်းနဲ့ Mask ရောင်းဖြစ်တာ၊ အရင်းအနှီးအနေနဲ့က သုံး၊ လေးသောင်းလောက်တော့ ရင်းရတာပေါ့၊ အခုက Mask ကို ပါတီတွေ၊ ပရဟိတသမားတွေကလည်းဝေတော့ အခုနောက်ပိုင်းမှာ ရောင်းအားတော့ သိပ်မရှိတော့ဘူး၊ ပျမ်းမျှကတော့ ၈၀၀၀ လောက်တော့ ရတယ်၊ အရမ်းရောင်းကောင်းတဲ့ရက်တော့ ၁၂၀၀၀ လောက် ရတယ်၊ ဒါကလည်း သိပ်တော့မမှန်ပါဘူး၊ မရောင်းရတဲ့ရက်လည်းရှိပါတယ်၊ အခက်အခဲအနေနဲ့ကတော့ သိပ်မရှိဘူး၊ အခုက မိုးတွင်းကာလဖြစ်တဲ့အတွက် မိုးသိပ်ရွာတဲ့ရက်တွေကျတော့လည်း ဘယ်လိုမှ မရောင်းရခဲ့ဘူး၊ Mask ရေစိုသွားမှာ စိုးတာကြောင့်လည်း ဖြစ်တယ်” လို့ သူက ရှင်းပြပါတယ်။
 
သူဟာ ဈေးရောင်းဖို့ မနက် ၅ နာရီကျော်လောက်ကတည်းက အိမ်ကနေစထွက်ကာ ရောင်းချခဲ့ပြီး မနက် ၁၀ နာရီခွဲလောက်အထိ ရောင်းချလေ့ရှိကြောင်း၊ မကြာခင်မှာလည်း သင်္ကြန်စာရောင်းဖို့ ပြင်ဆင်နေပြီး သင်္ကြန်စာအသစ် ထွက်လာမယ့်ရက်ကို စောင့်နေရင်း Mask တွေကို ရောင်းချနေတာဖြစ်ပါတယ်။နေ့စဉ်ဈေးရောင်းလို့ရတဲ့ငွေထဲက ငွေ ၁၀၀၀ ကျပ်နှုန်းကို ရေဖိုးမီးဖိုးအဖြစ်ရည်ရွယ်ကာ ဖယ်ထားခဲ့ပေမယ့် ရောင်းမကောင်းတဲ့ရက်တွေမှာ စားစရိတ်အဖြစ် အသုံးချရတယ်လို့ သိရပါတယ်။
 
“စားဖို့လေးရရင် တော်ပြီပေါ့၊ ကိုယ့်အတွက်လည်း အသက်ကို မွေးမြူနေထိုင်ရဦးမှာလေ၊ စားရမယ် စိတ်ချမ်းသာမယ်ဆိုရင် တော်ပြီပေါ့၊ ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်ကျန်းမာရေးလည်း ကြည့်ရဦးမယ်လေ၊ ဒီကာလက အရေးကြီးတယ်၊ ကိုယ်မသေမချင်း အလုပ်ကတော့ လုပ်နေရမှာလေ၊ ဒါကြောင့်လည်း စားဖို့ရရင်တော်ပြီ လောဘမကြီးဘူး၊ အရင်တုန်းက စစချင်းရောင်းတုန်းတော့ ရှက်ဖူးတယ်၊ အခုအချိန်အထိလည်း နားထဲစွဲနေတဲ့စကားလေ ဦးလေးရဲ့ဆရာက ပြောဖူးတယ်၊ ကိုယ်ရှက်နေတဲ့သူတွေက ကိုယ့်ကိုထမင်းလာမကျွေးဘူးလေ၊ ကိုယ်ရောင်းမှ ကိုယ်စားရမှာ၊ မရှက်မကြောက်နဲ့လုပ်တတ်ရင် ထမင်းဘယ်တော့မှမငတ်ဘူး၊ ဦးလေးကိုသာကြည့်၊ ဒါလက်တွေ့ပဲ၊ ဒလ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတဲ့သင်္ဘောပေါ်မှာလည်း အရင်တုန်းက အစွန်းချွတ်ဆေးရောင်းဖူးတယ်၊ အခု သင်္ကြန်စာဘယ်နေ့ထွက်မလဲစောင့်နေတာ ထွက်ရင်ရောင်းမယ်လေ၊ အဲ့ဒါတွေက အရမ်းရောင်းရတာ” လို့ သူက ဆက်လက်ရှင်းပြခဲ့ပါတယ်။
 
မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၁၅
 
( Zawgyi )
 
ပ်ံက်ေဈးသည္အျဖစ္ ဘတ္စ္ကားဂိတ္ေတြမွာ ေဈးေရာင္းခ်ေနတဲ့ လူ႐ႊင္ေတာ္ ေရွာက္ပြင့္ဟာ အခုလို မရွက္မေၾကာက္လုပ္တတ္ရင္ ဘယ္ေတာ့မွထမင္းမငတ္ဘူးလို႔ ေျပာျပခဲ့ပါတယ္။
 
သူဟာ ကုန္ပစၥည္းမ်ိဳးစုံကို ေရာင္းခ်ခဲ့ဖူးေပမယ့္ လက္ရွိကာလမွာေတာ့ Mask ေတြကို ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။
 
“ဦးေလးက ဒီ Mask ေတြ ေရာင္းတာၾကာၿပီ၊ ဧၿပီလေလာက္ကတည္းက ေရာင္းခဲ့တာေလ၊ အရင္တုန္းကေတာ့ သၾကၤန္စာတို႔၊ ဆင္းမ္ကတ္ေတြ၊ ၂၇ လုံး ပုတီးေတြ၊ အစြန္းခြၽတ္ေဆးေတြ၊ ေဗဒင္ေဟာစာတမ္းေတြ အကုန္ေရာင္းဖူးတယ္၊ ဒီဟာေရာင္းျဖစ္တာကလည္း သၾကၤန္စာက သၾကၤန္ၿပီးတဲ့အထိ ေရာင္းရေပမယ့္ ဒီႏွစ္မွာက COVID 19 ျဖစ္ေရာ၊ အဲ့ဒီအခ်ိန္မွာ သၾကၤန္စာကလည္း အခ်ိန္ကုန္ၿပီ၊ ဘာေရာင္းရမလဲ စဥ္းစားရင္းနဲ႔ Mask ေရာင္းျဖစ္တာ၊ အရင္းအႏွီးအေနနဲ႔က သုံး၊ ေလးေသာင္းေလာက္ေတာ့ ရင္းရတာေပါ့၊ အခုက Mask ကို ပါတီေတြ၊ ပရဟိတသမားေတြကလည္းေဝေတာ့ အခုေနာက္ပိုင္းမွာ ေရာင္းအားေတာ့ သိပ္မရွိေတာ့ဘူး၊ ပ်မ္းမွ်ကေတာ့ ၈၀၀၀ ေလာက္ေတာ့ ရတယ္၊ အရမ္းေရာင္းေကာင္းတဲ့ရက္ေတာ့ ၁၂၀၀၀ ေလာက္ ရတယ္၊ ဒါကလည္း သိပ္ေတာ့မမွန္ပါဘူး၊ မေရာင္းရတဲ့ရက္လည္းရွိပါတယ္၊ အခက္အခဲအေနနဲ႔ကေတာ့ သိပ္မရွိဘူး၊ အခုက မိုးတြင္းကာလျဖစ္တဲ့အတြက္ မိုးသိပ္႐ြာတဲ့ရက္ေတြက်ေတာ့လည္း ဘယ္လိုမွ မေရာင္းရခဲ့ဘူး၊ Mask ေရစိုသြားမွာ စိုးတာေၾကာင့္လည္း ျဖစ္တယ္” လို႔ သူက ရွင္းျပပါတယ္။
 
သူဟာ ေဈးေရာင္းဖို႔ မနက္ ၅ နာရီေက်ာ္ေလာက္ကတည္းက အိမ္ကေနစထြက္ကာ ေရာင္းခ်ခဲ့ၿပီး မနက္ ၁၀ နာရီခြဲေလာက္အထိ ေရာင္းခ်ေလ့ရွိေၾကာင္း၊ မၾကာခင္မွာလည္း သၾကၤန္စာေရာင္းဖို႔ ျပင္ဆင္ေနၿပီး သၾကၤန္စာအသစ္ ထြက္လာမယ့္ရက္ကို ေစာင့္ေနရင္း Mask ေတြကို ေရာင္းခ်ေနတာျဖစ္ပါတယ္။ေန႔စဥ္ေဈးေရာင္းလို႔ရတဲ့ေငြထဲက ေငြ ၁၀၀၀ က်ပ္ႏႈန္းကို ေရဖိုးမီးဖိုးအျဖစ္ရည္႐ြယ္ကာ ဖယ္ထားခဲ့ေပမယ့္ ေရာင္းမေကာင္းတဲ့ရက္ေတြမွာ စားစရိတ္အျဖစ္ အသုံးခ်ရတယ္လို႔ သိရပါတယ္။
 
“စားဖို႔ေလးရရင္ ေတာ္ၿပီေပါ့၊ ကိုယ့္အတြက္လည္း အသက္ကို ေမြးျမဴေနထိုင္ရဦးမွာေလ၊ စားရမယ္ စိတ္ခ်မ္းသာမယ္ဆိုရင္ ေတာ္ၿပီေပါ့၊ ကိုယ့္အသက္အ႐ြယ္နဲ႔ ကိုယ့္က်န္းမာေရးလည္း ၾကည့္ရဦးမယ္ေလ၊ ဒီကာလက အေရးႀကီးတယ္၊ ကိုယ္မေသမခ်င္း အလုပ္ကေတာ့ လုပ္ေနရမွာေလ၊ ဒါေၾကာင့္လည္း စားဖို႔ရရင္ေတာ္ၿပီ ေလာဘမႀကီးဘူး၊ အရင္တုန္းက စစခ်င္းေရာင္းတုန္းေတာ့ ရွက္ဖူးတယ္၊ အခုအခ်ိန္အထိလည္း နားထဲစြဲေနတဲ့စကားေလ ဦးေလးရဲ႕ဆရာက ေျပာဖူးတယ္၊ ကိုယ္ရွက္ေနတဲ့သူေတြက ကိုယ့္ကိုထမင္းလာမေကြၽးဘူးေလ၊ ကိုယ္ေရာင္းမွ ကိုယ္စားရမွာ၊ မရွက္မေၾကာက္နဲ႔လုပ္တတ္ရင္ ထမင္းဘယ္ေတာ့မွမငတ္ဘူး၊ ဦးေလးကိုသာၾကည့္၊ ဒါလက္ေတြ႕ပဲ၊ ဒလ ဟိုဘက္ကမ္း ဒီဘက္ကမ္း ကူးတဲ့သေဘၤာေပၚမွာလည္း အရင္တုန္းက အစြန္းခြၽတ္ေဆးေရာင္းဖူးတယ္၊ အခု သၾကၤန္စာဘယ္ေန႔ထြက္မလဲေစာင့္ေနတာ ထြက္ရင္ေရာင္းမယ္ေလ၊ အဲ့ဒါေတြက အရမ္းေရာင္းရတာ” လို႔ သူက ဆက္လက္ရွင္းျပခဲ့ပါတယ္။
 
မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၁၅