Home Stay နေတဲ့အခါ ပျော်ရွှင်စွာနေနိုင်ဖို့ အစီအစဉ်ရေးဆွဲဖို့ အရေးကြီးတယ်ဆိုတဲ့ သရုပ်ဆောင် ခရစ္စတီးနား

Home Stay နေတဲ့အခါ ပျော်ရွှင်စွာနေနိုင်ဖို့ အစီအစဉ်ရေးဆွဲဖို့ အရေးကြီးတယ်ဆိုတဲ့ သရုပ်ဆောင် ခရစ္စတီးနား

ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး Home Stay နေဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မေတ္တာရပ်ခံထားတာကြောင့် Home Stay နေထိုင်တဲ့အခါ ပျော်ရွှင်စွာနေထိုင်နိုင်ရေး အစီအစဉ်ရေးဆွဲထားဖို့ အရေးကြီးတယ်လို့ သရုပ်ဆောင် ခရစ္စတီးနားက ပြောပါတယ်။
 
“အိမ်ထဲကအိမ်ပြင်လုံးဝမထွက်ဘဲ နေရင် အလွန်ဆုံး နှစ်ရက်၊ သုံးရက်ပေါ့နော်၊ အခုဟာက ၁၀ ရက်ဆိုတော့တော်တော်လေး ငြီးငွေ့စရာတော့ ကောင်းမှာပါ၊ ဒါပေမဲ့လည်း ကျန်းမာရေးအရဆိုတော့ နေရမှာပဲလေ၊ Home Stay နေရင်း ဘယ်လိုပျော်အောင်နေမလဲဆိုတာ ကြိုပြီး Plan တွေဆွဲဖို့က အရေးကြီးတာပေါ့၊ အိမ်မှာ ကိုယ့်ဟာကိုယ်ပျော်အောင် ဘယ်လိုနေကြမလဲ၊ လိုင်းသုံးမယ်ဆိုရင်တော့လည်း  လိုင်းပေါ်မှာ ပျော်အောင် ကိုယ့်အပျော်ကိုသူများကူးစက်အောင် ဘယ်လိုလုပ်မလဲ အဲ့ဒီလို စဉ်းစားရမှာပေါ့နော်၊ ဒါမှလည်း ပျော်ပျော် ရွှင်ရွှင်နေနိုင်မှာပါ”လို့ ၎င်းကရှင်းပြပါတယ်။
 
လာမယ့် ဧပြီ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ပဲခူးဘက်တွင် ဖျော်ဖြေဖို့ရှိပေမယ့် ပွဲပျက်ခဲ့ကြောင်း၊ ယခုနှစ် သင်္ကြန်ဟာ ငါးရက်ဖြစ်တာကြောင့် ဖျော်ဖြေဖို့အတွက် Plan တွေဆွဲထားပေမယ့် ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ 
 
“ဒီနှစ်သင်္ကြန်ငါးရက်ဆိုပြီး အားခဲထားတာ၊ ဒီလိုဖြစ်သွားတော့ နားရမှာပဲလေ၊ ကိုယ့်ရဲ့ ကျန်းမာရေးက အရေးကြီးပါတယ်လေ၊ တစ်နှစ်နားရရင် ကမ္ဘာကြီးက အနားယူလိုက်ရတာပေါ့၊ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး၊ မိသားစုနဲ့နေဖို့ အချိန်ပိုရတယ်လို့ တွေးရမှာပဲပေါ့၊ အားလုံးတော့ ပျော်ချင်ကြတာပဲ၊ ရုံးသမားတွေလည်း ဒီရက်လေးမှတစ်ခါ ပိတ်ရက်ရတာ၊ အနုပညာရှင်တွေလည်း သင်္ကြန်ဒီရက်ကလေးတွေပဲ တစ်မြို့တစ်မြို့မှာ သွားဖျော်ဖြေရတာပါ၊ ဒီနှစ် မဖျော်ဖြေရတော့ တစ်မျိုးလိုသလိုပဲ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေအနေနဲ့ စားဝတ်နေရေးအတွက် ရှာတာလည်း ရှာပါ၊ အတတ်နိုင်ဆုံး ဆင်ခြင်လေ ပိုကောင်းလေပါပဲ၊ အပြင်ကပြန်လာရင် ကိုယ့်အိမ်သားတွေကို မကူးအောင်ဘယ်လိုလုပ်မလဲဆိုတာကို အတိအကျလိုက်နာဖို့ အရေးကြီးပါတယ်”လို့လည်း သရုပ်ဆောင်ခရစ္စတီးနားက ရှင်းပြခဲ့ပါတယ်။
 
သင်္ကြန်ပွဲတော်ရက်မှာ အလှူအတန်းတွေလုပ်ဖို့လည်း ရည်ရွယ်ထားတာတွေရှိပေမယ့် ယခုနှစ်မှာတော့ ဖျက်သိမ်းလိုက်ရပေမယ့် လာမယ့်နှစ်သင်္ကြန်တွေကျမှသာ စည်စည်ကားကားဖြစ်အောင် ဖန်တီးသွားဖို့ ကြိုးပမ်းသွားမယ်လို့သိရပါတယ်။ 
 
မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ - ၇
 
( Zawgyi )
 
ဧၿပီ ၁၀ ရက္မွ ၁၉ ရက္အထိ ျပည္သူေတြအေနနဲ႔ အတတ္ႏိုင္ဆုံး Home Stay ေနဖို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေမတၱာရပ္ခံထားတာေၾကာင့္ Home Stay ေနထိုင္တဲ့အခါ ေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ေရး အစီအစဥ္ေရးဆြဲထားဖို႔ အေရးႀကီးတယ္လို႔ သ႐ုပ္ေဆာင္ ခရစၥတီးနားက ေျပာပါတယ္။

 

“အိမ္ထဲကအိမ္ျပင္လုံးဝမထြက္ဘဲ ေနရင္ အလြန္ဆုံး ႏွစ္ရက္၊ သုံးရက္ေပါ့ေနာ္၊ အခုဟာက ၁၀ ရက္ဆိုေတာ့ေတာ္ေတာ္ေလး ၿငီးေငြ႕စရာေတာ့ ေကာင္းမွာပါ၊ ဒါေပမဲ့လည္း က်န္းမာေရးအရဆိုေတာ့ ေနရမွာပဲေလ၊ Home Stay ေနရင္း ဘယ္လိုေပ်ာ္ေအာင္ေနမလဲဆိုတာ ႀကိဳၿပီး Plan ေတြဆြဲဖို႔က အေရးႀကီးတာေပါ့၊ အိမ္မွာ ကိုယ့္ဟာကိုယ္ေပ်ာ္ေအာင္ ဘယ္လိုေနၾကမလဲ၊ လိုင္းသုံးမယ္ဆိုရင္ေတာ့လည္း  လိုင္းေပၚမွာ ေပ်ာ္ေအာင္ ကိုယ့္အေပ်ာ္ကိုသူမ်ားကူးစက္ေအာင္ ဘယ္လိုလုပ္မလဲ အဲ့ဒီလို စဥ္းစားရမွာေပါ့ေနာ္၊ ဒါမွလည္း ေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ေနႏိုင္မွာပါ”လို႔ ၎ကရွင္းျပပါတယ္။

 

လာမယ့္ ဧၿပီ ၉ ရက္နဲ႔ ၁၀ ရက္တို႔မွာ ပဲခူးဘက္တြင္ ေဖ်ာ္ေျဖဖို႔ရွိေပမယ့္ ပြဲပ်က္ခဲ့ေၾကာင္း၊ ယခုႏွစ္ သၾကၤန္ဟာ ငါးရက္ျဖစ္တာေၾကာင့္ ေဖ်ာ္ေျဖဖို႔အတြက္ Plan ေတြဆြဲထားေပမယ့္ ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။ 

 

“ဒီႏွစ္သၾကၤန္ငါးရက္ဆိုၿပီး အားခဲထားတာ၊ ဒီလိုျဖစ္သြားေတာ့ နားရမွာပဲေလ၊ ကိုယ့္ရဲ႕ က်န္းမာေရးက အေရးႀကီးပါတယ္ေလ၊ တစ္ႏွစ္နားရရင္ ကမာၻႀကီးက အနားယူလိုက္ရတာေပါ့၊ ကိုယ္တစ္ေယာက္တည္း မဟုတ္ဘူး၊ မိသားစုနဲ႔ေနဖို႔ အခ်ိန္ပိုရတယ္လို႔ ေတြးရမွာပဲေပါ့၊ အားလုံးေတာ့ ေပ်ာ္ခ်င္ၾကတာပဲ၊ ႐ုံးသမားေတြလည္း ဒီရက္ေလးမွတစ္ခါ ပိတ္ရက္ရတာ၊ အႏုပညာရွင္ေတြလည္း သၾကၤန္ဒီရက္ကေလးေတြပဲ တစ္ၿမိဳ႕တစ္ၿမိဳ႕မွာ သြားေဖ်ာ္ေျဖရတာပါ၊ ဒီႏွစ္ မေဖ်ာ္ေျဖရေတာ့ တစ္မ်ိဳးလိုသလိုပဲ၊ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ သူေတြအေနနဲ႔ စားဝတ္ေနေရးအတြက္ ရွာတာလည္း ရွာပါ၊ အတတ္ႏိုင္ဆုံး ဆင္ျခင္ေလ ပိုေကာင္းေလပါပဲ၊ အျပင္ကျပန္လာရင္ ကိုယ့္အိမ္သားေတြကို မကူးေအာင္ဘယ္လိုလုပ္မလဲဆိုတာကို အတိအက်လိုက္နာဖို႔ အေရးႀကီးပါတယ္”လို႔လည္း သ႐ုပ္ေဆာင္ခရစၥတီးနားက ရွင္းျပခဲ့ပါတယ္။

 

သၾကၤန္ပြဲေတာ္ရက္မွာ အလႉအတန္းေတြလုပ္ဖို႔လည္း ရည္႐ြယ္ထားတာေတြရွိေပမယ့္ ယခုႏွစ္မွာေတာ့ ဖ်က္သိမ္းလိုက္ရေပမယ့္ လာမယ့္ႏွစ္သၾကၤန္ေတြက်မွသာ စည္စည္ကားကားျဖစ္ေအာင္ ဖန္တီးသြားဖို႔ ႀကိဳးပမ္းသြားမယ္လို႔သိရပါတယ္။ 

 

မင္းေခတ္လင္း

ရန္ကုန္၊ ဧၿပီ - ၇