Examplez အဖွဲ့ အမှတ်တရဖျော်ဖြေပွဲ ဒီဇင်ဘာ ၄ ရက် ကျင်းပရန်စီစဉ်

Examplez အဖွဲ့ အမှတ်တရဖျော်ဖြေပွဲ ဒီဇင်ဘာ ၄ ရက် ကျင်းပရန်စီစဉ်

လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာဖြစ်တဲ့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်က ပရိသတ်အားပေးမှုရခဲ့တဲ့ Examplez အဖွဲ့ဟာ ဂီတသက်တမ်း နှစ် ၂၀ ကာလကို ရောက်ရှိလာခဲ့သလို အမှတ်တရအနေနဲ့ ဒီဇင်ဘာ ၄ ရက်မှာ ဖျော်ဖြေပွဲတစ်ရပ်ကို ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

“အခုက COVID ကာလလည်းဖြစ်တော့ အွန်လိုင်းအစီအစဉ်နဲ့ပဲ ဖျော်ဖြေသွားမှာပါ၊ အခုလို အထိမ်းအမှတ်ပွဲလေးကို ကျွန်တော့်အနေနဲ့က ပရိသတ်တွေအများကြီးနဲ့ စည်စည်ကားကားကျင်းပချင်တာပါ။နောက်တစ်ခါပေ့ါဗျာ။အခုကတော့ On Air Mizzima TV ကနေ ဖျော်ဖြေကြမှာပါ။အားပေးကြပါအုံးဗျာ၊ ပရိသတ်ကြိုက်မယ့် တေးသီချင်းတွေအတွက်လည်း အကောင်းဆုံးဖြစ်အောင်လို့ စီစဉ်နေပါတယ်၊ COVID ပြီးရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံကြမှာပါ၊ အခုအစီအစဉ်ကိုလည်း အားပေးကြပါဦးနော်” လို့ ထွန်းထွန်း Examplez က ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

ထို Examplez အဖွဲ့မှာ ထွန်းထွန်း၊ ဖြိုးမောင်မောင်၊ ထူးအောင်၊ သက်အောင်တို့ ပါဝင်ကြပြီး ထွန်းထွန်းဟာ သရုပ်ဆောင်အဖြစ် လုပ်ကိုင်လာခဲ့သလို သက်အောင်ဟာ အိမ်ထောင်ရှင်ဘဝနဲ့ နေထိုင်နေသလို ဖြိုးမောင်မောင်နဲ့ ထူးအောင်တို့ဟာ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကို လုပ်ကိုင်နေကြပါတယ်။

“ပရိသတ်တွေမျှော်လင့်နေကြသလို ကျွန်တော်တို့သူငယ်ချင်းတွေလည်း ပရိသတ်တွေအတွက် ရှိနေပါတယ်၊ အခုလိုအမှတ်တရအနေနဲ့ ဖျော်ဖြေမှာပါ၊ နှစ်ပေါင်း ၂၀ ဆိုတဲ့ကာလဟာ တကယ်တော့ ခဏလေးလိုပါပဲ၊ တကယ့်ကိုလည်း အမှတ်တရဖြစ်စေချင်တယ်” လို့ ၎င်းက ဆက်လက်ရှင်းပြပါတယ်။

ထို Examplez အဖွဲ့ရဲ့ ပထမဆုံးအကြိမ် Examplez Live Show ဖျော်ဖြေပွဲကို လွန်ခဲ့သော ၂၀၀၈ ခုနှစ်က ကျင်းပခဲ့သလို အခုဖျော်ဖြေပွဲမှာလည်း Group Song တွေကို အချိတ်အဆက်မိမိနဲ့ အကောင်းဆုံး ဖျော်ဖြေသွားဖို့စီစဉ်ကာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ နိုဝင်ဘာ - ၂၄

( Zawgyi )

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ႏွစ္ခုစာျဖစ္တဲ့ ၂၀၀၀ ျပည့္ႏွစ္ ဝန္းက်င္ေလာက္က ပရိသတ္အားေပးမႈရခဲ့တဲ့ Examplez အဖြဲ႕ဟာ ဂီတသက္တမ္း ႏွစ္ ၂၀ ကာလကို ေရာက္ရွိလာခဲ့သလို အမွတ္တရအေနနဲ႔ ဒီဇင္ဘာ ၄ ရက္မွာ ေဖ်ာ္ေျဖပြဲတစ္ရပ္ကို က်င္းပသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

“အခုက COVID ကာလလည္းျဖစ္ေတာ့ အြန္လိုင္းအစီအစဥ္နဲ႔ပဲ ေဖ်ာ္ေျဖသြားမွာပါ၊ အခုလို အထိမ္းအမွတ္ပြဲေလးကို ကြၽန္ေတာ့္အေနနဲ႔က ပရိသတ္ေတြအမ်ားႀကီးနဲ႔ စည္စည္ကားကားက်င္းပခ်င္တာပါ။ေနာက္တစ္ခါေပ့ါဗ်ာ။အခုကေတာ့ On Air Mizzima TV ကေန ေဖ်ာ္ေျဖၾကမွာပါ။အားေပးၾကပါအုံးဗ်ာ၊ ပရိသတ္ႀကိဳက္မယ့္ ေတးသီခ်င္းေတြအတြက္လည္း အေကာင္းဆုံးျဖစ္ေအာင္လို႔ စီစဥ္ေနပါတယ္၊ COVID ၿပီးရင္ေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ဆုံၾကမွာပါ၊ အခုအစီအစဥ္ကိုလည္း အားေပးၾကပါဦးေနာ္” လို႔ ထြန္းထြန္း Examplez က ေဖ်ာ္ေျဖပြဲနဲ႔ပတ္သက္ၿပီး ရွင္းျပပါတယ္။

ထို Examplez အဖြဲ႕မွာ ထြန္းထြန္း၊ ၿဖိဳးေမာင္ေမာင္၊ ထူးေအာင္၊ သက္ေအာင္တို႔ ပါဝင္ၾကၿပီး ထြန္းထြန္းဟာ သ႐ုပ္ေဆာင္အျဖစ္ လုပ္ကိုင္လာခဲ့သလို သက္ေအာင္ဟာ အိမ္ေထာင္ရွင္ဘဝနဲ႔ ေနထိုင္ေနသလို ၿဖိဳးေမာင္ေမာင္နဲ႔ ထူးေအာင္တို႔ဟာ ကိုယ္ပိုင္စီးပြားေရးအလုပ္ေတြကို လုပ္ကိုင္ေနၾကပါတယ္။

“ပရိသတ္ေတြေမွ်ာ္လင့္ေနၾကသလို ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြလည္း ပရိသတ္ေတြအတြက္ ရွိေနပါတယ္၊ အခုလိုအမွတ္တရအေနနဲ႔ ေဖ်ာ္ေျဖမွာပါ၊ ႏွစ္ေပါင္း ၂၀ ဆိုတဲ့ကာလဟာ တကယ္ေတာ့ ခဏေလးလိုပါပဲ၊ တကယ့္ကိုလည္း အမွတ္တရျဖစ္ေစခ်င္တယ္” လို႔ ၎က ဆက္လက္ရွင္းျပပါတယ္။

ထို Examplez အဖြဲ႕ရဲ႕ ပထမဆုံးအႀကိမ္ Examplez Live Show ေဖ်ာ္ေျဖပြဲကို လြန္ခဲ့ေသာ ၂၀၀၈ ခုႏွစ္က က်င္းပခဲ့သလို အခုေဖ်ာ္ေျဖပြဲမွာလည္း Group Song ေတြကို အခ်ိတ္အဆက္မိမိနဲ႔ အေကာင္းဆုံး ေဖ်ာ္ေျဖသြားဖို႔စီစဥ္ကာ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ႏိုဝင္ဘာ - ၂၄