COVID 19 အတွက် တေးသီချင်းဖြင့် ပညာပေးဖို့ ပြည်တွင်းတေးသံရှင်များ စုပေါင်းစီစဉ်နေ

COVID 19 အတွက် တေးသီချင်းဖြင့် ပညာပေးဖို့ ပြည်တွင်းတေးသံရှင်များ စုပေါင်းစီစဉ်နေ

ယခုဖြစ်ပေါ်နေတဲ့ COVID 19 ရောဂါနဲ့ပတ်သက်ပြီး ပြည်တွင်းက အများပြည်သူတွေရဲ့ကြားမှာ တေးသီချင်းဖြင့် ပညာပေးလုပ်ဆောင်သွားနိုင်ဖို့ တေးသံရှင်တွေစုပေါင်းပြီးစီစဉ်နေကြတယ်လို့ တေးသံရှင် တစ်ဦးဖြစ်သူ မိုးမိုးက ပြောပါတယ်။

“ဒီဟာက အဆိုတော် ယုန်လေးက စီစဉ်ပြီးတော့ ကျွန်တော်တို့တွေ အကုန်လုံးပေါင်းပြီးတော့ လုပ်ဆောင်တာဖြစ်ပါ တယ်၊ အမြန်ဆုံးလုပ်ဆောင်နေပါတယ်၊ စတူဒီယိုတွေကလည်း ပိတ်တော့ ကိုနေတိုးရဲ့ စတူဒီယိုမှာ ကျွန်တော်တို့တွေ ပေါင်းပြီးတော့ လုပ်ဆောင်နေတာပါ၊ ကျန်းမာရေး ကနေ အသိပေးထားတဲ့ အဓိကအချက်တွေကို ပြည်သူတွေရဲ့ အသိထဲ ရောက်သွားအောင် သီချင်းလေးနဲ့ ပညာပေးမှာ ဖြစ်ပါတယ်၊ ဒါကလည်း ကျွန်တော်တို့ အနေနဲ့ ကိုယ်တတ် နိုင်တဲ့ အပိုင်းက အုတ်တစ်ချပ်သဲတစ်ပွင့်နဲ့ ပါဝင်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်”လို့ တေးသံရှင် မိုးမိုးက ရှင်းပြပါတယ်။

အဲ့ဒီသီချင်းကို Save The World လို့ နာမည်ပေးထားပြီး အနုပညာလောကမှာ ထိပ်တန်းမ င်းသား တစ်ဦးဖြစ်နေတဲ့ နေတိုးအပါအဝင် ဂီတလောကမှ နာမည်ကြီး တေးသံရှင်တွေ မျိုးဆက် သစ် အနုပညာရှင်တွေ စုပေါင်းထားပြီး စုစုပေါင်း အယောက် ၈၀ ကျော်က ပါဝင်ကာ စီစဉ်နေကြ တာဖြစ်ပါတယ်။

“တစ်ချို့ကလည်း အပြင်မထွက်ရဲတော့ဘူး၊ ဒီကြားထဲမှာ အမြန်ဆုံးပြီးနိုင်အောင်တော့ ကျွန်တော်တို့ တစ်သုတ်စီ လုပ်ဆောင်နေပါတယ်၊ ဘာလို့လဲဆိုတော့ လူစုလူဝေးလည်း မလုပ် ရတဲ့ အခါကျတော့ စနစ်တကျနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေက တစ်သုတ်စီ စီစဉ် အသံသွင်း နေတာပါ”လို့ သူက ဆက်လက်ပြောပါတယ်။

လက်ရှိမှာ ဒုတိယ အကြိမ်မြောက်အသံသွင်း နေကြတာဖြစ်သလို တေးသီချင်းတွေနဲ့ ပညာပေး တဲ့အခါ ထိရောက်မှုရှိမယ်လို့လည်း မျှော်လင့်ထားကြတာကြောင့် အခုလိုကြိုးပမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

“သာမန် ဒီအတိုင်းပညာပေးတာထက် သီချင်းလေးနဲ့က ပိုပြီးမှတ်မိစေမှာပါ၊ ကျွန်တော်တို့တွေ အကောင်းဆုံး ကြိုးပမ်းထားကြပါတယ်၊ ဒီအချိန်က စတူဒီယိုတွေ အကုန်လုံးလိုလို ပိတ်နေ တာရယ်၊ ပွဲလမ်းသဘင်တွေလည်း လုပ်လို့ အဆင်မပြေတော့ လောလောဆယ်မှာ ကိုယ့်အလုပ် တွေနားထားပြီး အများအကျိုးပြုမယ့် ဟာလေးတွေ လုပ်နေကြတာ ဖြစ်ပါတယ်”လို့ သူက ဆက်ပြောခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ယခုျဖစ္ေပၚေနတဲ့ COVID 19 ေရာဂါနဲ႔ပတ္သက္ၿပီး ျပည္တြင္းက အမ်ားျပည္သူေတြရဲ႕ၾကားမွာ ေတးသီခ်င္းျဖင့္ ပညာေပးလုပ္ေဆာင္သြားႏိုင္ဖို႔ ေတးသံရွင္ေတြစုေပါင္းၿပီးစီစဥ္ေနၾကတယ္လို႔ ေတးသံရွင္ တစ္ဦးျဖစ္သူ မိုးမိုးက ေျပာပါတယ္။

“ဒီဟာက အဆိုေတာ္ ယုန္ေလးက စီစဥ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ေတြ အကုန္လုံးေပါင္းၿပီးေတာ့ လုပ္ေဆာင္တာျဖစ္ပါ တယ္၊ အျမန္ဆုံးလုပ္ေဆာင္ေနပါတယ္၊ စတူဒီယိုေတြကလည္း ပိတ္ေတာ့ ကိုေနတိုးရဲ႕ စတူဒီယိုမွာ ကြၽန္ေတာ္တို႔ေတြ ေပါင္းၿပီးေတာ့ လုပ္ေဆာင္ေနတာပါ၊ က်န္းမာေရး ကေန အသိေပးထားတဲ့ အဓိကအခ်က္ေတြကို ျပည္သူေတြရဲ႕ အသိထဲ ေရာက္သြားေအာင္ သီခ်င္းေလးနဲ႔ ပညာေပးမွာ ျဖစ္ပါတယ္၊ ဒါကလည္း ကြၽန္ေတာ္တို႔ အေနနဲ႔ ကိုယ္တတ္ ႏိုင္တဲ့ အပိုင္းက အုတ္တစ္ခ်ပ္သဲတစ္ပြင့္နဲ႔ ပါဝင္ႏိုင္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္”လို႔ ေတးသံရွင္ မိုးမိုးက ရွင္းျပပါတယ္။

အဲ့ဒီသီခ်င္းကို Save The World လို႔ နာမည္ေပးထားၿပီး အႏုပညာေလာကမွာ ထိပ္တန္းမ င္းသား တစ္ဦးျဖစ္ေနတဲ့ ေနတိုးအပါအဝင္ ဂီတေလာကမွ နာမည္ႀကီး ေတးသံရွင္ေတြ မ်ိဳးဆက္ သစ္ အႏုပညာရွင္ေတြ စုေပါင္းထားၿပီး စုစုေပါင္း အေယာက္ ၈၀ ေက်ာ္က ပါဝင္ကာ စီစဥ္ေနၾက တာျဖစ္ပါတယ္။

“တစ္ခ်ိဳ႕ကလည္း အျပင္မထြက္ရဲေတာ့ဘူး၊ ဒီၾကားထဲမွာ အျမန္ဆုံးၿပီးႏိုင္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ တစ္သုတ္စီ လုပ္ေဆာင္ေနပါတယ္၊ ဘာလို႔လဲဆိုေတာ့ လူစုလူေဝးလည္း မလုပ္ ရတဲ့ အခါက်ေတာ့ စနစ္တက်နဲ႔ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြက တစ္သုတ္စီ စီစဥ္ အသံသြင္း ေနတာပါ”လို႔ သူက ဆက္လက္ေျပာပါတယ္။

လက္ရွိမွာ ဒုတိယ အႀကိမ္ေျမာက္အသံသြင္း ေနၾကတာျဖစ္သလို ေတးသီခ်င္းေတြနဲ႔ ပညာေပး တဲ့အခါ ထိေရာက္မႈရွိမယ္လို႔လည္း ေမွ်ာ္လင့္ထားၾကတာေၾကာင့္ အခုလိုႀကိဳးပမ္းေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

“သာမန္ ဒီအတိုင္းပညာေပးတာထက္ သီခ်င္းေလးနဲ႔က ပိုၿပီးမွတ္မိေစမွာပါ၊ ကြၽန္ေတာ္တို႔ေတြ အေကာင္းဆုံး ႀကိဳးပမ္းထားၾကပါတယ္၊ ဒီအခ်ိန္က စတူဒီယိုေတြ အကုန္လုံးလိုလို ပိတ္ေန တာရယ္၊ ပြဲလမ္းသဘင္ေတြလည္း လုပ္လို႔ အဆင္မေျပေတာ့ ေလာေလာဆယ္မွာ ကိုယ့္အလုပ္ ေတြနားထားၿပီး အမ်ားအက်ိဳးျပဳမယ့္ ဟာေလးေတြ လုပ္ေနၾကတာ ျဖစ္ပါတယ္”လို႔ သူက ဆက္ေျပာခဲ့ပါတယ္။

မင္းေခတ္လင္း