COVID ဒုတိယလှိုင်းမှာ ပိုမိုဂရုပြုနေထိုင်နေတယ်ဆိုတဲ့ သရုပ်ဆောင် အိစိကွေး

COVID ဒုတိယလှိုင်းမှာ ပိုမိုဂရုပြုနေထိုင်နေတယ်ဆိုတဲ့ သရုပ်ဆောင် အိစိကွေး

ကလေးသရုပ်ဆောင်ကတည်းက လူသိများခဲ့တဲ့ သရုပ်ဆောင် အိစိကွေးဟာ အခုလို COVID ဒုတိယလှိုင်းကာလထဲမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုဂရုပြုနေထိုင်နေတယ်လို့ ပြောပါတယ်။

“အခု COVID ပုံစံက နည်းနည်းလေး အဆင့်မြင့်လာတယ်။အရင်လိုမဟုတ်တော့ဘူး၊ တဖြည်းဖြည်းများလာပြီ။အနံ့အသက်နဲ့ဆိုင်တာတွေ၊ အစားအသောက်တွေစားလည်း အရသာမတွေ့တာတွေ၊ ကိုယ်တွေ လက်တွေ နာတာတွေ အစုံပဲဆိုတော့ ဒီရောဂါဖြစ်တာ မကောင်းပါဘူး။ကိုယ်ဖြစ်လို့ရှိရင် ကိုယ့်မိသားစုကိုပါ ထိခိုက်မှာလေ။
အနုပညာအလုပ်တွေကိုတော့ ရပ်နားထားတယ်၊ ကိုယ့်ကိုယ်ကိုလည်း အမြဲဂရုစိုက်နေရတယ်၊ အမြဲကိုပဲ ကိုယ့်ကိုယ်ကိုတောင် ဆန်းစစ်နေရတယ်။ထမင်းစားမကောင်းရင် ဒါဟာဖြစ်ရိုးဖြစ်စဉ်လား ရောဂါလားဆိုတာ စိတ်တွေလည်းပူမိတယ်၊ သံသယလည်း ကိုယ့်ကိုယ်ကိုဖြစ်မိတယ်၊ ဒီကာလက ပိုပြီးတော့ဂရုစိုက်နေထိုင်နေရတယ်၊ တခြားတော့ ဘာမှသိပ်မလုပ်ဖြစ်ဘူး” လို့ သူက ရှင်းပြပါတယ်။

သူဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သလို ပရိသတ်တွေရဲ့အချစ်ကိုလည်း ကလေးသရုပ်ဆောင်ဘဝကတည်းက အပြည့်အဝရရှိထားသူဖြစ်ပါတယ်၊ လက်ရှိမှာ ပညာရေးကို ဦးစားပေးနေတာကြောင့် အနုပညာအလုပ်တွေကို အရင်လိုတစိုက်မတ်မတ်မလုပ်နိုင်သေးပေမယ့် တချို့သော ရုပ်ရှင်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးတာတွေလုပ်ဆောင်နေပြီး မမြင်နိုင်တဲ့ ရောဂါပိုးဖြစ်တာကြောင့် ကူးစက်ခံရတာမျိုးမဖြစ်အောင် သတိပြုနေထိုင်နေရတယ်လို့ သိရပါတယ်။

“အဓိက ကတော့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်၊ ကိုယ့်ရဲ့ ကိုယ်ခံအားကောင်းမှ ရောဂါပိုးတွေ မဝင်နိုင်မှာလေ၊ အဲဒါကြောင့် အစားများများစား၊ အိပ်ရေးဝဝအိပ်၊ ရည်းစားကိစ္စ၊ ဘာကိစ္စညာကိစ္စတွေတွေးပြီး အိပ်ရေးတွေမပျက်စေနဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ်နဲ့ထိတွေ့လိုက်တဲ့ လူတိုင်းက ကူးနိုင်တယ်ဆိုတော့ ပိုပြီးတော့ဂရုစိုက်စေချင်တယ်၊ ဒီရောဂါက မြင်လည်းမမြင်နိုင်ပဲနဲ့ ကူးနေတာဆိုတော့ တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၃၀

( Zawgyi )

ကေလးသ႐ုပ္ေဆာင္ကတည္းက လူသိမ်ားခဲ့တဲ့ သ႐ုပ္ေဆာင္ အိစိေကြးဟာ အခုလို COVID ဒုတိယလႈိင္းကာလထဲမွာ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ပိုမိုဂ႐ုျပဳေနထိုင္ေနတယ္လို႔ ေျပာပါတယ္။

“အခု COVID ပုံစံက နည္းနည္းေလး အဆင့္ျမင့္လာတယ္။အရင္လိုမဟုတ္ေတာ့ဘူး၊ တျဖည္းျဖည္းမ်ားလာၿပီ။အနံ႔အသက္နဲ႔ဆိုင္တာေတြ၊ အစားအေသာက္ေတြစားလည္း အရသာမေတြ႕တာေတြ၊ ကိုယ္ေတြ လက္ေတြ နာတာေတြ အစုံပဲဆိုေတာ့ ဒီေရာဂါျဖစ္တာ မေကာင္းပါဘူး။ကိုယ္ျဖစ္လို႔ရွိရင္ ကိုယ့္မိသားစုကိုပါ ထိခိုက္မွာေလ။
အႏုပညာအလုပ္ေတြကိုေတာ့ ရပ္နားထားတယ္၊ ကိုယ့္ကိုယ္ကိုလည္း အၿမဲဂ႐ုစိုက္ေနရတယ္၊ အၿမဲကိုပဲ ကိုယ့္ကိုယ္ကိုေတာင္ ဆန္းစစ္ေနရတယ္။ထမင္းစားမေကာင္းရင္ ဒါဟာျဖစ္႐ိုးျဖစ္စဥ္လား ေရာဂါလားဆိုတာ စိတ္ေတြလည္းပူမိတယ္၊ သံသယလည္း ကိုယ့္ကိုယ္ကိုျဖစ္မိတယ္၊ ဒီကာလက ပိုၿပီးေတာ့ဂ႐ုစိုက္ေနထိုင္ေနရတယ္၊ တျခားေတာ့ ဘာမွသိပ္မလုပ္ျဖစ္ဘူး” လို႔ သူက ရွင္းျပပါတယ္။

သူဟာ ကေလးဘဝကတည္းက အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ခဲ့သူတစ္ဦးလည္းျဖစ္သလို ပရိသတ္ေတြရဲ႕အခ်စ္ကိုလည္း ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက အျပည့္အဝရရွိထားသူျဖစ္ပါတယ္၊ လက္ရွိမွာ ပညာေရးကို ဦးစားေပးေနတာေၾကာင့္ အႏုပညာအလုပ္ေတြကို အရင္လိုတစိုက္မတ္မတ္မလုပ္ႏိုင္ေသးေပမယ့္ တခ်ိဳ႕ေသာ ႐ုပ္ရွင္ကားႀကီးေတြမွာ ေခါင္းေဆာင္မင္းသားေနရာကေန ႐ိုက္ကူးတာေတြလုပ္ေဆာင္ေနၿပီး မျမင္ႏိုင္တဲ့ ေရာဂါပိုးျဖစ္တာေၾကာင့္ ကူးစက္ခံရတာမ်ိဳးမျဖစ္ေအာင္ သတိျပဳေနထိုင္ေနရတယ္လို႔ သိရပါတယ္။

“အဓိက ကေတာ့ ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္ဖို႔ကလည္း အေရးႀကီးပါတယ္၊ ကိုယ့္ရဲ႕ ကိုယ္ခံအားေကာင္းမွ ေရာဂါပိုးေတြ မဝင္ႏိုင္မွာေလ၊ အဲဒါေၾကာင့္ အစားမ်ားမ်ားစား၊ အိပ္ေရးဝဝအိပ္၊ ရည္းစားကိစၥ၊ ဘာကိစၥညာကိစၥေတြေတြးၿပီး အိပ္ေရးေတြမပ်က္ေစနဲ႔ ကိုယ့္ပတ္ဝန္းက်င္ ကိုယ္နဲ႔ထိေတြ႕လိုက္တဲ့ လူတိုင္းက ကူးႏိုင္တယ္ဆိုေတာ့ ပိုၿပီးေတာ့ဂ႐ုစိုက္ေစခ်င္တယ္၊ ဒီေရာဂါက ျမင္လည္းမျမင္ႏိုင္ပဲနဲ႔ ကူးေနတာဆိုေတာ့ ေတာ္ေတာ္စိတ္ညစ္ဖို႔ေကာင္းပါတယ္” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၃၀