Covid ကြောင့် မရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေအတွက် ပြင်ဆင်ရင်းလေ့ကျင့်နေတဲ့ သရုပ်ဆောင် မြတ်နိုးအေး

Covid ကြောင့် မရိုက်ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေအတွက် ပြင်ဆင်ရင်းလေ့ကျင့်နေတဲ့ သရုပ်ဆောင် မြတ်နိုးအေး

အခုလို COVID-19 ရောဂါကြောင့် မရိုက်ဖြစ်ဘဲရပ်နားထားရတဲ့ဇာတ်ကားတွေအတွက် Stay Home ကာလမှာ ပြင်ဆင်လေ့ကျင့်နေတယ် လို့ သရုပ်ဆောင် မြတ်နိုးအေးက ပြောပါတယ်။

သူမဟာ မြိတ်သူဖြစ်ကာ စကားဝဲတာကြောင့်လည်း သရုပ်ဆောင်တဲ့အပိုင်းမှာ အခက်အခဲတွေမကြုံစေဖို့ လေ့ကျင့် နေတာဖြစ်ပါတယ်။ “ကိုယ်အနုပညာအလုပ်တွေ လုပ်တဲ့အချိန်မှာ အခက်အခဲ အများကြီးတော့ မရှိခဲ့ပါဘူး။ အိမ်ကလည်း Supporting အရမ်းလုပ်ပေးတယ်။ ကိုယ်နဲ့တွဲလုပ်တဲ့သူတွေကလည်း ဖေးမကူညီပြီးတော့ လက်တွဲ ခေါ်ပေးကြပါတယ်၊ dialogue တွေ ပြောရတဲ့အခါမှာတော့ ကိုယ်က မြိတ်သူ ဖြစ်နေတော့ တော်တော်လေး အခက်အခဲ ရှိတယ်”လို့ သူက ရှင်းပြပါတယ်။

သူမဟာ COVID-19 ကာလပြီးသွားပါက ပြန်လည်လုပ်ကိုင်ရမယ့် အနုပညာအလုပ်တွေ အတွက် ကြိုတင်ပြင်ဆင် နေပြီး ရိုက်လက်စ ဇာတ်ကားတွေလည်းရှိနေသလို ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားနဲ့ ဇာတ်လမ်းတွဲနှစ်ခုကို ယခု ၂၀၂၀ ထဲမှာ လုပ်ဆောင်သွားဖို့မှန်းထား တယ်လို့ သိရပါတယ်။

 “အခုရိုက်နေတဲ့ ‘Yangon In Love’ ဆိုရင် Covid ဖြစ်သွားတော့ မရိုက်ရတော့ဘူး။ ပြီးတော့ '‘လိပ်ပြာ"ဇာတ်လမ်းတွဲ မရိုက်လိုက်ရဘူး။ အခုတော့ အိမ်မှာပဲ ဇာတ်ညွှန်း တွေ ဖတ်တယ်၊ ကာရိုက်တာတွေ လေ့ကျင့်ဖြစ်တယ်၊ ‘ရင်ခုန်သံ ၇၄’ ဇာတ်လမ်းတွဲ ထွက်ရင် အားပေးကြ ပါနော်”လို့ သူကဆက်လက်ရှင်းပြပါတယ်။

သူမဟာ တက်သစ်စလူငယ်သရုပ်ဆောင်တွေထဲမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး “ည” ရုပ်ရှင်ဇာတ်ကား ကနေ ပရိသတ်တွေ စတင်သတိပြု အားပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမပါဝင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင် ဇာတ်ကား ရုံတင်ပြသပြီးတဲ့ နောက်မှာလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုမို ပိုင်ဆိုင်လာခဲ့သူဖြစ်ခဲ့ပါတယ်။ COVID မတိုင်ခင်က ရိုက်လက်စပျက်သွားခဲ့တဲ့ ‘Yangon In Love’ဇာတ်ကားနဲ့ '‘လိပ်ပြာ"ဇာတ်လမ်းတွဲကိုတော့ COVID ပြီးချိန်မှာ ပြန်လည်ရိုက်ကူးဖို့  ပြင်ဆင်တာတွေကိုလည်း လုပ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
 (ဓာတ်ပုံ-ကိုနိုင် NG)

(  Zawgyi  )

 အခုလို COVID-19 ေရာဂါေၾကာင့္ မ႐ိုက္ျဖစ္ဘဲရပ္နားထားရတဲ့ဇာတ္ကားေတြအတြက္ Stay Home ကာလမွာ ျပင္ဆင္ေလ့က်င့္ေနတယ္ လို႔ သ႐ုပ္ေဆာင္ ျမတ္ႏိုးေအးက ေျပာပါတယ္။

သူမဟာ ၿမိတ္သူျဖစ္ကာ စကားဝဲတာေၾကာင့္လည္း သ႐ုပ္ေဆာင္တဲ့အပိုင္းမွာ အခက္အခဲေတြမႀကဳံေစဖို႔ ေလ့က်င့္ ေနတာျဖစ္ပါတယ္။ “ကိုယ္အႏုပညာအလုပ္ေတြ လုပ္တဲ့အခ်ိန္မွာ အခက္အခဲ အမ်ားႀကီးေတာ့ မရွိခဲ့ပါဘူး။ အိမ္ကလည္း Supporting အရမ္းလုပ္ေပးတယ္။ ကိုယ္နဲ႔တြဲလုပ္တဲ့သူေတြကလည္း ေဖးမကူညီၿပီးေတာ့ လက္တြဲ ေခၚေပးၾကပါတယ္၊ dialogue ေတြ ေျပာရတဲ့အခါမွာေတာ့ ကိုယ္က ၿမိတ္သူ ျဖစ္ေနေတာ့ ေတာ္ေတာ္ေလး အခက္အခဲ ရွိတယ္”လို႔ သူက ရွင္းျပပါတယ္။

သူမဟာ COVID-19 ကာလၿပီးသြားပါက ျပန္လည္လုပ္ကိုင္ရမယ့္ အႏုပညာအလုပ္ေတြ အတြက္ ႀကိဳတင္ျပင္ဆင္ ေနၿပီး ႐ိုက္လက္စ ဇာတ္ကားေတြလည္းရွိေနသလို ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားနဲ႔ ဇာတ္လမ္းတြဲႏွစ္ခုကို ယခု ၂၀၂၀ ထဲမွာ လုပ္ေဆာင္သြားဖို႔မွန္းထား တယ္လို႔ သိရပါတယ္။

 “အခု႐ိုက္ေနတဲ့ ‘Yangon In Love’ ဆိုရင္ Covid ျဖစ္သြားေတာ့ မ႐ိုက္ရေတာ့ဘူး။ ၿပီးေတာ့ '‘လိပ္ျပာ"ဇာတ္လမ္းတြဲ မ႐ိုက္လိုက္ရဘူး။ အခုေတာ့ အိမ္မွာပဲ ဇာတ္ၫႊန္း ေတြ ဖတ္တယ္၊ ကာ႐ိုက္တာေတြ ေလ့က်င့္ျဖစ္တယ္၊ ‘ရင္ခုန္သံ ၇၄’ ဇာတ္လမ္းတြဲ ထြက္ရင္ အားေပးၾက ပါေနာ္”လို႔ သူကဆက္လက္ရွင္းျပပါတယ္။

သူမဟာ တက္သစ္စလူငယ္သ႐ုပ္ေဆာင္ေတြထဲမွာ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္လာတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး “ည” ႐ုပ္ရွင္ဇာတ္ကား ကေန ပရိသတ္ေတြ စတင္သတိျပဳ အားေပးခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ သူမပါဝင္ထားတဲ့ “သူစိမ္းအိမ္” ႐ုပ္ရွင္ ဇာတ္ကား ႐ုံတင္ျပသၿပီးတဲ့ ေနာက္မွာလည္း ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုမို ပိုင္ဆိုင္လာခဲ့သူျဖစ္ခဲ့ပါတယ္။ COVID မတိုင္ခင္က ႐ိုက္လက္စပ်က္သြားခဲ့တဲ့ ‘Yangon In Love’ဇာတ္ကားနဲ႔ '‘လိပ္ျပာ"ဇာတ္လမ္းတြဲကိုေတာ့ COVID ၿပီးခ်ိန္မွာ ျပန္လည္႐ိုက္ကူးဖို႔  ျပင္ဆင္တာေတြကိုလည္း လုပ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
 (ဓာတ္ပုံ-ကိုႏိုင္ NG)