COVID ကြောင့် စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးနေတယ်ဆိုတဲ့ သရုပ်ဆောင် လွင်မိုး

COVID ကြောင့် စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးနေတယ်ဆိုတဲ့ သရုပ်ဆောင် လွင်မိုး

တစ်ချိန်က အောင်မြင်မှုတွေနဲ့ နာမည်ကျော်ကြားခဲ့သော သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် လွင်မိုးဟာ အခုဆိုရင် အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေပေမယ့် အခုဖြစ်ပွားနေတဲ့ COVID ကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေကြုံနေရတယ်လို့ သိရပါတယ်။

သူဟာ လီလီပန်းအပါအဝင် အလှပန်းတွေကို စိုက်ပျိုးထားပြီး အကြီးအကျယ်လုပ်ကိုင်နေပေမယ့် မျှော်မှန်းသလိုဖြစ်မလာဘဲ ဆုံးရှုံးမှုတွေကြုံခဲ့ရတာဖြစ်ပါတယ်။

“ဒီလိုပန်းတွေဆိုတာက ပွဲလမ်းသဘင်ကို ကျွန်တော်တို့မျှော်ပြီးတော့ စိုက်ရတာပါ၊ အခုက ပွဲလမ်းသဘင်တွေရှိတဲ့ ဧပြီမှာလည်း Lock down တွေနဲ့ ဘာနဲ့ဆိုတော့ အလုပ်မဖြစ်ဘူး၊ အလျင်မီအောင်လည်းမသယ်နိုင်၊ ပန်းတွေက အကုန်လုံးပွင့်ကုန်ရင် ပါကင်ထုပ်ပိုးလို့လည်း မရတော့သလို ဝယ်သူတွေကလည်း သိပ်မကြိုက်တော့ဘူး၊ ပွင့်ခါနီးအဖူးလေးတွေမှ ကြိုက်တဲ့သူကများတယ်” လို့ သူက အလှူတစ်ခုမှာ ခေတ္တတွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

သူဟာ အနုပညာသက်တမ်း နှစ် ၄၀ ကျော်ရှိခဲ့သလို အောင်မြင်မှုတွေရခဲ့ပေမယ့် လက်ရှိအချိန်မှာ မိသားစုအတွက် ကိုယ်ပိုင်စီးပွားရေးကို အဓိကထားလုပ်ကိုင်နေပြီး အားလပ်ချိန်တွေလောက်မှသာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“ကိုယ်တွေက ဆုံးရှုံးတယ်ဆိုပေမယ့်လည်း အများနည်းတူ အကုန်ဖြစ်တာဆိုတဲ့စိတ်နဲ့ ဖြေသိမ့်နေရတာပေါ့၊ တလောကတော့ COVID ပြန်ကျသွားပြီဆိုပြီး လာမယ့် သီတင်းကျွတ် ပွဲလမ်းသဘင်တွေရှိမယ်လို့ မျှော်လင့်ချက်နဲ့ ထပ်စိုက်ထားတဲ့ပန်းတွေလည်းရှိသေးတယ်၊ အခုတော့ ဘာမှကိုမမျှော်မှန်းနိုင်တော့ဘူး၊ အားလုံးလည်း ကျန်းမာအောင်နေကြပါလို့ပြောချင်တယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

သူဟာ ၂၀၂၀ နှစ်ဆန်းပိုင်းလောက်က ရုပ်ရှင်ဇာတ်ကားကြီးတစ်ချို့ကို ရိုက်ကူးထားပေမယ့် လတ်တလော ရောဂါအခြေအနေအရ ရုံတင်ဖို့ဆိုတာ အလှမ်းဝေးနေတဲ့အခြေအနေမျိုးဖြစ်နေကြောင်း၊ လက်ထဲမှာရှိနေတဲ့ ပန်းတွေကို ပုံမှန်ဝယ်နေကျဖောက်သည်တွေဆီကို အိမ်တိုင်ရာရောက်ပို့တဲ့ အလုပ်ကလေးလုပ်ရင်း မိသားစုကိုလည်းစောင့်ရှောက်ကာ နေထိုင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ စက်တင်ဘာ - ၃

( Zawgyi )

တစ္ခ်ိန္က ေအာင္ျမင္မႈေတြနဲ႔ နာမည္ေက်ာ္ၾကားခဲ့ေသာ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ လြင္မိုးဟာ အခုဆိုရင္ အႏုပညာအလုပ္ေတြကို အနည္းငယ္သာလုပ္ကိုင္ေနၿပီး ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြကိုသာ လုပ္ကိုင္ေနေပမယ့္ အခုျဖစ္ပြားေနတဲ့ COVID ေၾကာင့္ စီးပြားေရးလုပ္ငန္းေတြမွာ ဆုံးရႈံးမႈေတြႀကဳံေနရတယ္လို႔ သိရပါတယ္။

သူဟာ လီလီပန္းအပါအဝင္ အလွပန္းေတြကို စိုက္ပ်ိဳးထားၿပီး အႀကီးအက်ယ္လုပ္ကိုင္ေနေပမယ့္ ေမွ်ာ္မွန္းသလိုျဖစ္မလာဘဲ ဆုံးရႈံးမႈေတြႀကဳံခဲ့ရတာျဖစ္ပါတယ္။

“ဒီလိုပန္းေတြဆိုတာက ပြဲလမ္းသဘင္ကို ကြၽန္ေတာ္တို႔ေမွ်ာ္ၿပီးေတာ့ စိုက္ရတာပါ၊ အခုက ပြဲလမ္းသဘင္ေတြရွိတဲ့ ဧၿပီမွာလည္း Lock down ေတြနဲ႔ ဘာနဲ႔ဆိုေတာ့ အလုပ္မျဖစ္ဘူး၊ အလ်င္မီေအာင္လည္းမသယ္ႏိုင္၊ ပန္းေတြက အကုန္လုံးပြင့္ကုန္ရင္ ပါကင္ထုပ္ပိုးလို႔လည္း မရေတာ့သလို ဝယ္သူေတြကလည္း သိပ္မႀကိဳက္ေတာ့ဘူး၊ ပြင့္ခါနီးအဖူးေလးေတြမွ ႀကိဳက္တဲ့သူကမ်ားတယ္” လို႔ သူက အလႉတစ္ခုမွာ ေခတၱေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ပါတယ္။

သူဟာ အႏုပညာသက္တမ္း ႏွစ္ ၄၀ ေက်ာ္ရွိခဲ့သလို ေအာင္ျမင္မႈေတြရခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ မိသားစုအတြက္ ကိုယ္ပိုင္စီးပြားေရးကို အဓိကထားလုပ္ကိုင္ေနၿပီး အားလပ္ခ်ိန္ေတြေလာက္မွသာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“ကိုယ္ေတြက ဆုံးရႈံးတယ္ဆိုေပမယ့္လည္း အမ်ားနည္းတူ အကုန္ျဖစ္တာဆိုတဲ့စိတ္နဲ႔ ေျဖသိမ့္ေနရတာေပါ့၊ တေလာကေတာ့ COVID ျပန္က်သြားၿပီဆိုၿပီး လာမယ့္ သီတင္းကြၽတ္ ပြဲလမ္းသဘင္ေတြရွိမယ္လို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ထပ္စိုက္ထားတဲ့ပန္းေတြလည္းရွိေသးတယ္၊ အခုေတာ့ ဘာမွကိုမေမွ်ာ္မွန္းႏိုင္ေတာ့ဘူး၊ အားလုံးလည္း က်န္းမာေအာင္ေနၾကပါလို႔ေျပာခ်င္တယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

သူဟာ ၂၀၂၀ ႏွစ္ဆန္းပိုင္းေလာက္က ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ခ်ိဳ႕ကို ႐ိုက္ကူးထားေပမယ့္ လတ္တေလာ ေရာဂါအေျခအေနအရ ႐ုံတင္ဖို႔ဆိုတာ အလွမ္းေဝးေနတဲ့အေျခအေနမ်ိဳးျဖစ္ေနေၾကာင္း၊ လက္ထဲမွာရွိေနတဲ့ ပန္းေတြကို ပုံမွန္ဝယ္ေနက်ေဖာက္သည္ေတြဆီကို အိမ္တိုင္ရာေရာက္ပို႔တဲ့ အလုပ္ကေလးလုပ္ရင္း မိသားစုကိုလည္းေစာင့္ေရွာက္ကာ ေနထိုင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ စက္တင္ဘာ - ၃