COVID ကာလ ပရဟိတအလုပ်တွေလုပ်ကိုင်ရတာ ပိုမိုသတိထားနေရတဲ့ သရုပ်ဆောင် ဦးကျော်သူ

COVID ကာလ ပရဟိတအလုပ်တွေလုပ်ကိုင်ရတာ ပိုမိုသတိထားနေရတဲ့ သရုပ်ဆောင် ဦးကျော်သူ

အခုလို COVID ကာလမှာ ပရဟိတအလုပ်တွေကိုလုပ်ကိုင်တဲ့အခါ အရင်ကထက် ပိုမိုသတိထားရနေရ တယ်လို့ သရုပ်ဆောင် ဦးကျော်သူ ကပြောပါတယ်။

သူဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့အသည်းစွဲသရုပ်ဆောင်တစ်ဦးလည်းဖြစ်ခဲ့သလို နာရေးကူညီမှု အသင်းရဲ့ ဦးဆောင်သူ ပဲ့ကိုင်ရှင်တစ်ဦးအဖြစ်လုပ်ကိုင်ရင်း ပရဟိတလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေသူ ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ရုပ်ရှင် ဇာတ်ကားကြီး တွေ ပြန်လည်ရိုက်ကူးတာတွေလုပ်ဆောင်ခဲ့ပြီး အသက် ၇၀ နဲ့အထက် ကွယ်လွန်သူ တွေရဲ့ ဈာပနအတွက် နိဗ္ဗာန်ယာဉ် ကုသိုလ်ပြုမောင်းနှင်ရင်း နာရေးကိစ္စတွေမှာ အကူအညီပေးတာတွေ ကိုလုပ်ကိုင်နေလျက်ရှိပါတယ်။

 “ဒီလိုကာလမှာက ဈာပနတစ်ခုအတွက် Body သယ်ဖို့ သွားတိုင်းမှာ Volunteer တွေအကုန်လုံးက PPE တွေ ဝတ်ပြီး သွားလာ ရတာမျိုးတွေရှိပါတယ်၊ ကိုယ်တွေက နေရာတကာသွားနေတာဆိုတော့ ကိုယ့်ကြောင့်ကူးစက်မှုမျိုးမဖြစ်အောင်လည်း ကြိုတင်ပြီးတော့ ကာကွယ်ရေး အစီအစဉ်တွေနဲ့ သတိထားပြီးလုပ်ကိုင်နေရပါတယ်၊ အဲ့ဒီတော့ ဘယ်လိုခေါ်မလဲ အရင်လိုအခြေအနေထက် ကုန်ကျ စရိတ်တွေပိုလာတာရှိသလို ပိုပြီးတော့လည်း လုပ်ရကိုင်ရတာ အလုပ်ရှုပ်တာမျိုးရှိတာပေါ့၊ ဟိုတလောကဆိုရင် တအားပူတာ PPE တွေနဲ့ ဝတ်ပြီးသွားရတာ ဘယ်လောက်ပူလဲ စဉ်းစားသာကြည့်ပါဦး၊ အနုပညာ အလုပ်တွေတော့ နည်းနည်းပါးပါးပြန်လုပ်နေပါပြီ”လို့ သရုပ်ဆောင် ကျော်သူက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ COVID ကာလထဲ အနုပညာလောက နယ်ပယ်အသီးသီးမှ အခက်အခဲ ဖြစ်နေသူတွေအတွက် ဆန်ဆီနဲ့အခြေခံစားသောက်ကုန်တွေ လှူဒါန်းပွဲမှာတွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း COVID မတိုင်ခင်က ရိုက်ကူးထားတဲ့ဇာတ်ကားတွေလည်းရှိသလို မြန်မာ့ရုပ်ရှင်လောက တိုးတက်မြင့်မားရေး အတွက်လည်း ကြိုးပမ်းဖို့စိတ်ဆန္ဒပြင်းပြနေကြောင်း၊ အနုပညာအလုပ်တွေကိုလည်း တတ်အားသရွေ့ လုပ်ကိုင်သွားကာ ရုပ်ရှင် လောကတိုးတက်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးသွားဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူတွေ ရဲ့အခက်အခဲဖြစ်တဲ့ နာရေးကိစ္စတွေမှာ အကူအညီ ပေးနိုင်ဖို့ ကောင်းမွန်တဲ့အခြေအနေတစ်ရပ်အဖြစ် လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် ကျန်းမာရေးမကောင်းသူတွေ အတွက် ကုသပေးနိုင်သော အခမဲ့ဆေးခန်းဖွင့်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ မီးဘေး၊ ရေဘေး အပါအဝင် သဘာဝဘေးအန္တရာယ်အတွက် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နိုင်ဖို့ သီးသန့်မီးသတ်တပ်ဖွဲ့ တို့ကို ဖွဲ့စည်းကာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်း တွေမှာလည်းလုပ်ဆောင်နေကြောင်း၊ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ကာလ လူ့စွမ်းအား အရင်းအမြစ် မြင့်မားတိုးတက်စေရန်အတွက် ဘာသာစကားသင်တန်းများ၊ အသက်မွေးမှုဆိုင်ရာ သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်နေပြီး COVID အလွန်ကာလမှာ ယခုထက် ပိုမို ကောင်းမွန်တဲ့ ကြိုးပမ်းကူညီမှုတွေနဲ့ လုပ်ဆောင်သွားနိုင်ဖို့ အစီအစဉ်တွေရေးဆွဲတိုင်ပင်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 အခုလို COVID ကာလမွာ ပရဟိတအလုပ္ေတြကိုလုပ္ကိုင္တဲ့အခါ အရင္ကထက္ ပိုမိုသတိထားရေနရ တယ္လို႔ သ႐ုပ္ေဆာင္ ဦးေက်ာ္သူ ကေျပာပါတယ္။

သူဟာ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕အသည္းစြဲသ႐ုပ္ေဆာင္တစ္ဦးလည္းျဖစ္ခဲ့သလို နာေရးကူညီမႈ အသင္းရဲ႕ ဦးေဆာင္သူ ပဲ့ကိုင္ရွင္တစ္ဦးအျဖစ္လုပ္ကိုင္ရင္း ပရဟိတလုပ္ငန္းေတြကို အဓိကလုပ္ကိုင္ေနသူ ျဖစ္ခဲ့ပါတယ္။ အခုေနာက္ပိုင္းမွာ ႐ုပ္ရွင္ ဇာတ္ကားႀကီး ေတြ ျပန္လည္႐ိုက္ကူးတာေတြလုပ္ေဆာင္ခဲ့ၿပီး အသက္ ၇၀ နဲ႔အထက္ ကြယ္လြန္သူ ေတြရဲ႕ ဈာပနအတြက္ နိဗၺာန္ယာဥ္ ကုသိုလ္ျပဳေမာင္းႏွင္ရင္း နာေရးကိစၥေတြမွာ အကူအညီေပးတာေတြ ကိုလုပ္ကိုင္ေနလ်က္ရွိပါတယ္။

 “ဒီလိုကာလမွာက ဈာပနတစ္ခုအတြက္ Body သယ္ဖို႔ သြားတိုင္းမွာ Volunteer ေတြအကုန္လုံးက PPE ေတြ ဝတ္ၿပီး သြားလာ ရတာမ်ိဳးေတြရွိပါတယ္၊ ကိုယ္ေတြက ေနရာတကာသြားေနတာဆိုေတာ့ ကိုယ့္ေၾကာင့္ကူးစက္မႈမ်ိဳးမျဖစ္ေအာင္လည္း ႀကိဳတင္ၿပီးေတာ့ ကာကြယ္ေရး အစီအစဥ္ေတြနဲ႔ သတိထားၿပီးလုပ္ကိုင္ေနရပါတယ္၊ အဲ့ဒီေတာ့ ဘယ္လိုေခၚမလဲ အရင္လိုအေျခအေနထက္ ကုန္က် စရိတ္ေတြပိုလာတာရွိသလို ပိုၿပီးေတာ့လည္း လုပ္ရကိုင္ရတာ အလုပ္ရႈပ္တာမ်ိဳးရွိတာေပါ့၊ ဟိုတေလာကဆိုရင္ တအားပူတာ PPE ေတြနဲ႔ ဝတ္ၿပီးသြားရတာ ဘယ္ေလာက္ပူလဲ စဥ္းစားသာၾကည့္ပါဦး၊ အႏုပညာ အလုပ္ေတြေတာ့ နည္းနည္းပါးပါးျပန္လုပ္ေနပါၿပီ”လို႔ သ႐ုပ္ေဆာင္ ေက်ာ္သူက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ COVID ကာလထဲ အႏုပညာေလာက နယ္ပယ္အသီးသီးမွ အခက္အခဲ ျဖစ္ေနသူေတြအတြက္ ဆန္ဆီနဲ႔အေျခခံစားေသာက္ကုန္ေတြ လႉဒါန္းပြဲမွာေတြ႕ဆုံစဥ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာလည္း COVID မတိုင္ခင္က ႐ိုက္ကူးထားတဲ့ဇာတ္ကားေတြလည္းရွိသလို ျမန္မာ့႐ုပ္ရွင္ေလာက တိုးတက္ျမင့္မားေရး အတြက္လည္း ႀကိဳးပမ္းဖို႔စိတ္ဆႏၵျပင္းျပေနေၾကာင္း၊ အႏုပညာအလုပ္ေတြကိုလည္း တတ္အားသေ႐ြ႕ လုပ္ကိုင္သြားကာ ႐ုပ္ရွင္ ေလာကတိုးတက္ဖို႔ တတ္ႏိုင္တဲ့ဘက္က ကူညီပံ့ပိုးသြားဖို႔လည္း ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ျပည္သူေတြ ရဲ႕အခက္အခဲျဖစ္တဲ့ နာေရးကိစၥေတြမွာ အကူအညီ ေပးႏိုင္ဖို႔ ေကာင္းမြန္တဲ့အေျခအေနတစ္ရပ္အျဖစ္ လုပ္ေဆာင္ႏိုင္ခဲ့တဲ့အျပင္ က်န္းမာေရးမေကာင္းသူေတြ အတြက္ ကုသေပးႏိုင္ေသာ အခမဲ့ေဆးခန္းဖြင့္ကာ က်န္းမာေရးေစာင့္ေရွာက္မႈေတြ၊ မီးေဘး၊ ေရေဘး အပါအဝင္ သဘာဝေဘးအႏၲရာယ္အတြက္ ကူညီကယ္ဆယ္ေရးလုပ္ကိုင္ႏိုင္ဖို႔ သီးသန႔္မီးသတ္တပ္ဖြဲ႕ တို႔ကို ဖြဲ႕စည္းကာ ကူညီ ကယ္ဆယ္ေရးလုပ္ငန္း ေတြမွာလည္းလုပ္ေဆာင္ေနေၾကာင္း၊ မ်ိဳးဆက္သစ္လူငယ္ေတြရဲ႕ အနာဂတ္ကာလ လူ႔စြမ္းအား အရင္းအျမစ္ ျမင့္မားတိုးတက္ေစရန္အတြက္ ဘာသာစကားသင္တန္းမ်ား၊ အသက္ေမြးမႈဆိုင္ရာ သင္တန္းမ်ားကိုလည္း စီစဥ္ဖြင့္လွစ္ေနၿပီး COVID အလြန္ကာလမွာ ယခုထက္ ပိုမို ေကာင္းမြန္တဲ့ ႀကိဳးပမ္းကူညီမႈေတြနဲ႔ လုပ္ေဆာင္သြားႏိုင္ဖို႔ အစီအစဥ္ေတြေရးဆြဲတိုင္ပင္ေနတာေတြ ရွိတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း