【 JOKE 】 နိုင်ငံရေးပြက်လုံး

【 JOKE 】 နိုင်ငံရေးပြက်လုံး

အလုပ်မရလုပ်ရတဲ့နေရာ
--------------------------------

အစိုးရဝန်ထမ်းတစ်ယောက် သူ့ရုံးထဲတွင် ထိုင်ရင်း ငိုက်လာသောကြောင့် စာဖိုင်ဗီရိုအဟောင်းကြီးကို စိတ်ဝင်စားဖွယ် တစ်ခုခုတွေ့နိုး မွှေနှောက်နေမိသည်။

စာရွက်စာတန်းတွေကို ဟိုဖွဒီဖွရင်းနှင့်မှ ကြေးမီးခွက်ဟောင်းတစ်ခုကို သွားတွေ့သည်။မီးလင်းဖိုမှာတော့ အသုံးတည့်ကောင်းရဲ့ဆိုပြီး အိမ်ယူသွားသည်။အိမ်ရောက်တော့ မီးခွက်ကို ပွတ်တိုက်နေတုန်း မီးခွက်စောင့်နတ်သား ပေါ်လာပြီး ထုံးစံအတိုင်း လိုရာဆု သုံးခုတောင်းခိုင်းသည်။

ရေခဲလိုအေးတဲ့ ကုတ်တစ်ဗူး အခုချက်ချင်းသောက်ချင်တယ်လို့ ပြောတော့ ကုတ်တစ်ဗူး ချက်ချင်းရောက်လာလို့ ဖောက်သောက်လိုက်သည်။သောက်လိုက်တော့ ခေါင်းကြည်သွားပြီး ဒုတိယဆုကို အသေအချာ စဉ်းစားနိုင်လာသည်။ကျွန်းတစ်ကျွန်းပေါ်မှာ ကျွန်တော့်ကိုလည်း အငန်းမရဖြစ်နေတဲ့ မိန်းမလှလေးနဲ့ အတူရှိနေချင်တယ်လို့ ဆုတောင်းလိုက်သည်။ချက်ချင်းပင် ကျွန်းတစ်ကျွန်းပေါ် ရောက်သွားပြီး လှပချောမောသည့် မိန်းမတစ်ယောက်ကလည်း သူ့ကို တပ်မက်စွာ စိုက်ကြည့်နေသည်။နောက်တော့ သူ့ရဲ့ တတိယနဲ့ နောက်ဆုံးဆုကို မီခွက်စောင့်နတ်သားကို ပြောလိုက်သည်။

“နောက်ထပ် ဘယ်တော့မှ အလုပ်မလုပ်ရပါစေနဲ့တော့”။ချက်ချင်းပင် သူ့လုပ်ငန်းခွင် အစိုးရရုံးထဲသို့ ပြန်ရောက်သွားသည်။
( Zawgyi )
အလုပ္မရလုပ္ရတဲ့ေနရာ
--------------------------------

အစိုးရဝန္ထမ္းတစ္ေယာက္ သူ႔႐ုံးထဲတြင္ ထိုင္ရင္း ငိုက္လာေသာေၾကာင့္ စာဖိုင္ဗီ႐ိုအေဟာင္းႀကီးကို စိတ္ဝင္စားဖြယ္ တစ္ခုခုေတြ႕ႏိုး ေမႊေႏွာက္ေနမိသည္။

စာ႐ြက္စာတန္းေတြကို ဟိုဖြဒီဖြရင္းႏွင့္မွ ေၾကးမီးခြက္ေဟာင္းတစ္ခုကို သြားေတြ႕သည္။မီးလင္းဖိုမွာေတာ့ အသုံးတည့္ေကာင္းရဲ႕ဆိုၿပီး အိမ္ယူသြားသည္။အိမ္ေရာက္ေတာ့ မီးခြက္ကို ပြတ္တိုက္ေနတုန္း မီးခြက္ေစာင့္နတ္သား ေပၚလာၿပီး ထုံးစံအတိုင္း လိုရာဆု သုံးခုေတာင္းခိုင္းသည္။

ေရခဲလိုေအးတဲ့ ကုတ္တစ္ဗူး အခုခ်က္ခ်င္းေသာက္ခ်င္တယ္လို႔ ေျပာေတာ့ ကုတ္တစ္ဗူး ခ်က္ခ်င္းေရာက္လာလို႔ ေဖာက္ေသာက္လိုက္သည္။ေသာက္လိုက္ေတာ့ ေခါင္းၾကည္သြားၿပီး ဒုတိယဆုကို အေသအခ်ာ စဥ္းစားႏိုင္လာသည္။ကြၽန္းတစ္ကြၽန္းေပၚမွာ ကြၽန္ေတာ့္ကိုလည္း အငန္းမရျဖစ္ေနတဲ့ မိန္းမလွေလးနဲ႔ အတူရွိေနခ်င္တယ္လို႔ ဆုေတာင္းလိုက္သည္။ခ်က္ခ်င္းပင္ ကြၽန္းတစ္ကြၽန္းေပၚ ေရာက္သြားၿပီး လွပေခ်ာေမာသည့္ မိန္းမတစ္ေယာက္ကလည္း သူ႔ကို တပ္မက္စြာ စိုက္ၾကည့္ေနသည္။ေနာက္ေတာ့ သူ႔ရဲ႕ တတိယနဲ႔ ေနာက္ဆုံးဆုကို မီခြက္ေစာင့္နတ္သားကို ေျပာလိုက္သည္။

“ေနာက္ထပ္ ဘယ္ေတာ့မွ အလုပ္မလုပ္ရပါေစနဲ႔ေတာ့”။ခ်က္ခ်င္းပင္ သူ႔လုပ္ငန္းခြင္ အစိုးရ႐ုံးထဲသို႔ ျပန္ေရာက္သြားသည္။