【 အနုပညာ 】Volunteer လုပ်နေတဲ့ သရုပ်ဆောင် တိုင်ရွန်

【  အနုပညာ  】Volunteer လုပ်နေတဲ့ သရုပ်ဆောင် တိုင်ရွန်

အခုလို  COVID 19 ဒုတိယလှိုင်းကာလမှာ သရုပ်ဆောင် တိုင်ရွန်ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ Volunteer အဖြစ် ပါဝင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“COVID ပထမအကြိမ်တုန်းကတော့ ခရီးလွန်နေတာတွေနဲ့ဘာနဲ့ဆိုတော့ အခုလို Volunteer လုပ်ချင်ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး၊ တကယ်တော့ လူဆိုတာ အသက်မသေဆုံးခင်မှာ ကောင်းတဲ့အလုပ်ကလေးတွေနဲ့ ဖြတ်သန်းသွားချင် တယ်၊ သေရင် ကုသိုလ်တွေပဲပါမှာလေ၊ ဒါကြောင့်လည်း ကိုယ့်တတ်နိုင်တဲ့ဘက်က အခုလိုကုသိုလ်ရမယ့်အလုပ်ကလေး တွေကို လုပ်ကိုင်ရင်းဖြတ်သန်းနေတာပါ၊ အခုကလည်း နေ့စဉ်လည်း ပိုးတွေ့လူနာက များလာသလို Volunteer လိုအပ်ချက် တွေကလည်းများလာတယ်လေ၊ ကျွန်တော်တို့အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပြီး အများအကျိုး လည်း ဆောင်ရွက်ခွင့်ရ ကုသိုလ်လည်း ရတဲ့အတွက် ကျေနပ်မိပါတယ်”လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာ သူဟာ Positive လူနာတွေရှိရာ နေရာတွေမှာ လူနာတွေကို သက်ဆိုင်တဲ့ ဆေးရုံသို့ခေါ်သွားပြီးနောက် ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်း၊ Lockdown ချတဲ့လုပ်ငန်းတွေမှာ ပါဝင်ကူညီကာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သူဟာ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာအလုပ်တွေကို ရှေ့ဆက်လုပ်ကိုင်ရာမှာ တစ်ဖက်ကလည်း ပရဟိတအလုပ်တွေကို လုပ်ဆောင်သွားဖို့ရှိနေကြောင်း၊ ပရိသတ်တွေအတွက် စံပြုရလောက်သူတစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစား နေတယ်လို့ သိရပါတယ်။

 “အခုလို ပါဝင်လုပ်ဆောင်ရတာနဲ့ ပတ်သက်လို့ ကြောက်တဲ့ စိတ်တော့ မရှိပေမယ့် ဂရုတစိုက်နဲ့နေထိုင်ပါတယ်၊ စည်းကမ်းရှိရှိသွားလာပါတယ်၊ လုပ်ချင်တဲ့စိတ် ဇောကပ်နေတော့ ရောဂါ ကူးမှာတွေ မကူးမှာတွေကို တစ်ခါတလေ မသိတော့ဘူး၊ အန္တရာယ်များတာတော့ သိတယ်၊ PPE တော့ မချွတ်ဘူးပေါ့၊ ပူလည်းဝတ်ရ အသက်ရှူကြပ်လည်း ဝတ်ထားရတာလေ၊ ကိုယ်က ကူညီချင်တာကိုး”လို့ သူက ဆက်လက် ရှင်းပြပါတယ်။

အခုလိုပါဝင်လုပ်ဆောင်ရတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဘဝကို ကိုယ်ချင်းစာမိသလို အခုလို ကူညီလုပ်ဆောင်တာတွေကို ဆက်လက်ပြီးတော့လည်း တတ်နိုင်တဲ့ ဘက်ကနေ လုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
သူဟာ Model တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့သူလည်းဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး အနုပညာလုပ်ငန်းကနေ ရရှိတဲ့ကြေးငွေတွေနဲ့ မိဘတွေရဲ့လိုအပ်ချက်ကို ပံ့ပိုးဖြည့်ဆည်းပေးကာ လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

မင်းခေတ်လင်း

(ဓာတ်ပုံ- တိုင်ရွန်)

ရန်ကုန်၊ အောက်တိုဘာ ၄

 

(  Zawgyi  )

 

 အခုလို  COVID 19 ဒုတိယလႈိင္းကာလမွာ သ႐ုပ္ေဆာင္ တိုင္႐ြန္ဟာ သူ႔ရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ Volunteer အျဖစ္ ပါဝင္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“COVID ပထမအႀကိမ္တုန္းကေတာ့ ခရီးလြန္ေနတာေတြနဲ႔ဘာနဲ႔ဆိုေတာ့ အခုလို Volunteer လုပ္ခ်င္ေပမယ့္ မလုပ္ျဖစ္ခဲ့ဘူး၊ တကယ္ေတာ့ လူဆိုတာ အသက္မေသဆုံးခင္မွာ ေကာင္းတဲ့အလုပ္ကေလးေတြနဲ႔ ျဖတ္သန္းသြားခ်င္ တယ္၊ ေသရင္ ကုသိုလ္ေတြပဲပါမွာေလ၊ ဒါေၾကာင့္လည္း ကိုယ့္တတ္ႏိုင္တဲ့ဘက္က အခုလိုကုသိုလ္ရမယ့္အလုပ္ကေလး ေတြကို လုပ္ကိုင္ရင္းျဖတ္သန္းေနတာပါ၊ အခုကလည္း ေန႔စဥ္လည္း ပိုးေတြ႕လူနာက မ်ားလာသလို Volunteer လိုအပ္ခ်က္ ေတြကလည္းမ်ားလာတယ္ေလ၊ ကြၽန္ေတာ္တို႔အေနနဲ႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ၿပီး အမ်ားအက်ိဳး လည္း ေဆာင္႐ြက္ခြင့္ရ ကုသိုလ္လည္း ရတဲ့အတြက္ ေက်နပ္မိပါတယ္”လို႔ သူက ရွင္းျပပါတယ္။

လက္ရွိမွာ သူဟာ Positive လူနာေတြရွိရာ ေနရာေတြမွာ လူနာေတြကို သက္ဆိုင္တဲ့ ေဆး႐ုံသို႔ေခၚသြားၿပီးေနာက္ ပိုးသတ္ေဆးျဖန္းတဲ့ လုပ္ငန္း၊ Lockdown ခ်တဲ့လုပ္ငန္းေတြမွာ ပါဝင္ကူညီကာ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
သူဟာ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ အႏုပညာအလုပ္ေတြကို ေရွ႕ဆက္လုပ္ကိုင္ရာမွာ တစ္ဖက္ကလည္း ပရဟိတအလုပ္ေတြကို လုပ္ေဆာင္သြားဖို႔ရွိေနေၾကာင္း၊ ပရိသတ္ေတြအတြက္ စံျပဳရေလာက္သူတစ္ေယာက္ျဖစ္ေအာင္ အေကာင္းဆုံး ႀကိဳးစား ေနတယ္လို႔ သိရပါတယ္။

 “အခုလို ပါဝင္လုပ္ေဆာင္ရတာနဲ႔ ပတ္သက္လို႔ ေၾကာက္တဲ့ စိတ္ေတာ့ မရွိေပမယ့္ ဂ႐ုတစိုက္နဲ႔ေနထိုင္ပါတယ္၊ စည္းကမ္းရွိရွိသြားလာပါတယ္၊ လုပ္ခ်င္တဲ့စိတ္ ေဇာကပ္ေနေတာ့ ေရာဂါ ကူးမွာေတြ မကူးမွာေတြကို တစ္ခါတေလ မသိေတာ့ဘူး၊ အႏၲရာယ္မ်ားတာေတာ့ သိတယ္၊ PPE ေတာ့ မခြၽတ္ဘူးေပါ့၊ ပူလည္းဝတ္ရ အသက္ရႉၾကပ္လည္း ဝတ္ထားရတာေလ၊ ကိုယ္က ကူညီခ်င္တာကိုး”လို႔ သူက ဆက္လက္ ရွင္းျပပါတယ္။

အခုလိုပါဝင္လုပ္ေဆာင္ရတာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြရဲ႕ ဘဝကို ကိုယ္ခ်င္းစာမိသလို အခုလို ကူညီလုပ္ေဆာင္တာေတြကို ဆက္လက္ၿပီးေတာ့လည္း တတ္ႏိုင္တဲ့ ဘက္ကေန လုပ္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။
သူဟာ Model တစ္ေယာက္အျဖစ္နဲ႔ အႏုပညာေလာကထဲ စတင္ဝင္ေရာက္လာခဲ့သူလည္းျဖစ္သလို လက္ရွိမွာ ေအာင္ျမင္တဲ့ လူငယ္ အႏုပညာရွင္တစ္ေယာက္ျဖစ္လာခဲ့ၿပီး အႏုပညာလုပ္ငန္းကေန ရရွိတဲ့ေၾကးေငြေတြနဲ႔ မိဘေတြရဲ႕လိုအပ္ခ်က္ကို ပံ့ပိုးျဖည့္ဆည္းေပးကာ လုပ္ေဆာင္ေနသူတစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

မင္းေခတ္လင္း

(ဓာတ္ပုံ- တိုင္႐ြန္)

ရန္ကုန္၊ ေအာက္တိုဘာ ၄