【 အနုပညာ 】Q ဝင်ရင်း ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်ဆိုတဲ့ သရုပ်ဆောင် မြတ်နိုးအေး

【  အနုပညာ  】Q ဝင်ရင်း ကျန်းမာရေးကို ပိုဂရုစိုက်နေရတယ်ဆိုတဲ့ သရုပ်ဆောင် မြတ်နိုးအေး

မိသားစုဝင်တွေမှာ COVID 19 ပိုးတွေ့ရှိခဲ့တဲ့ အခြေအနေကြောင့် Quarantine ဝင်ရင်း ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ကာ နေထိုင်လျက်ရှိတယ်လို့ သရုပ်ဆောင် မြတ်နိုးအေးက ပြောပါတယ်။

သူမဟာ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး “ည”လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ ပိုမိုသတိထားခံခဲ့ရသူဖြစ်သလို “သူစိမ်းအိမ်”လို့နာမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အားပေးသူ ပိုများလာခဲ့ကာ ပရိသတ်အခိုင်အမာရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

 လက်ရှိမှာ သူမရဲ့မိသားစုဝင်တွေမှာ Positive အဖြေထွက်ခဲ့တာကြောင့် သူမကိုယ်တိုင်လည်း Hotel Quarantine ရင်း ကျန်းမာရေးကိုပိုပြီးဂရုစိုက်နေရတာကြောင့် ပရိသတ်တွေနဲ့ အရင်လို လူမှုကွန်ရက်ပေါ်ကနေ ဆက်သွယ်တာမျိုးမရှိတော့ဘဲ အဆက်အသွယ်ပြတ်တောက်တဲ့ အဖြစ်မျိုးကြုံနေရတာဖြစ်တယ်လို့ သိရပါတယ်။

 “အဖိုးက oxygen ကျလို့ ဆေးရုံတက်ဖို့ ဆေးစစ်တဲ့ အချိန်မှာ Positive ဖြစ်သွားတာပါ၊ နောက်ပြီး မိသားစုဝင်တွေထဲမှာလည်း စစ်တော့ Positve တွေဖြစ်လာတယ်၊ မြတ်နိုးက အခုတော့ မစစ်ရသေးဘူး၊ မကြာခင်မှာ မြတ်နိုးစစ်ရမယ့် အလှည့် ရောက်တော့မယ်၊ ကျန်းမာရေးကို ပိုပြီးဂရုစိုက်နေထိုင်ရပါတယ်။ Stay Home လုပ်နေတာ တစ်လကျော်လောက်ရှိပြီ အခုထိ ဘယ်ကဘယ်လို ကူးတယ်ဆိုတာ စဉ်းစားလို့မရနိုင်သေးဘူး။ ဗိုင်းရပ်စ်က ကိုယ်နဲ့ အနီးဆုံးကိုရောက်လာခဲ့ပြီ။ စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အားလုံးလည်း ကျန်းမာရေးကိုဂရုစိုက်ကြပါနော်၊ ဒီရောဂါပိုးက ကိုယ်ခံအားနဲ့တိုက်ထုတ်ရမှာဖြစ်လို့ ကိုယ်ခံအားကောင်းအောင်လည်း ကြိုးစားနေထိုင်ကြပါ၊ မြတ်နိုးလည်း Strong ဖြစ်အောင်လို့ ကြိုးစားနေတယ်”လို့ သူမက ရှင်းပြပါတယ်။

သူမအနေနဲ့ လက်ခံထားတဲ့အလုပ်ကလေးတွေကိုလည်း မဖျက်ပစ်ချင်တာကြောင့် Stay Home နေထိုင်စဉ် ကတည်းက လုပ်ဆောင်ခဲ့တာတွေရှိသလို Hotel Quarantine ဝင်တဲ့အခါမှာလည်း လုပ်ဆောင်နေတာ အနည်းအကျဉ်းရှိခဲ့တယ်လို့ သိရပါတယ်။

 ပြည်တွင်းရုပ်သံလိုင်းတစ်ခုကနေ ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “လိပ်ပြာ (Season-2)”ဇာတ်လမ်းတွဲထဲမျာ မှုခင်းဆရာဝန်မလေးတစ်ယောက် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားသလို အဆိုပါဇာတ်လမ်းတွဲမှာ ရိုက်ကူးလက်စ အခြေအနေမျိုးဖြစ်တယ်လို့ သိရပါတယ်။

 

မင်းခေတ်လင်း
(ဓာတ်ပုံ- မြတ်နိုး)
ရန်ကုန်၊ အောက်တိုဘာ ၂၅

 

(  Zawgyi  )

 

 မိသားစုဝင္ေတြမွာ COVID 19 ပိုးေတြ႕ရွိခဲ့တဲ့ အေျခအေနေၾကာင့္ Quarantine ဝင္ရင္း က်န္းမာေရးကို ပိုၿပီး ဂ႐ုစိုက္ကာ ေနထိုင္လ်က္ရွိတယ္လို႔ သ႐ုပ္ေဆာင္ ျမတ္ႏိုးေအးက ေျပာပါတယ္။

သူမဟာ တက္သစ္စ လူငယ္အႏုပညာရွင္ေတြထဲမွာ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနတဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ၿပီး “ည”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကေန ပရိသတ္ေတြ ပိုမိုသတိထားခံခဲ့ရသူျဖစ္သလို “သူစိမ္းအိမ္”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ အားေပးသူ ပိုမ်ားလာခဲ့ကာ ပရိသတ္အခိုင္အမာရွိလာသူ တစ္ဦးလည္း ျဖစ္ပါတယ္။

 လက္ရွိမွာ သူမရဲ႕မိသားစုဝင္ေတြမွာ Positive အေျဖထြက္ခဲ့တာေၾကာင့္ သူမကိုယ္တိုင္လည္း Hotel Quarantine ရင္း က်န္းမာေရးကိုပိုၿပီးဂ႐ုစိုက္ေနရတာေၾကာင့္ ပရိသတ္ေတြနဲ႔ အရင္လို လူမႈကြန္ရက္ေပၚကေန ဆက္သြယ္တာမ်ိဳးမရွိေတာ့ဘဲ အဆက္အသြယ္ျပတ္ေတာက္တဲ့ အျဖစ္မ်ိဳးႀကဳံေနရတာျဖစ္တယ္လို႔ သိရပါတယ္။

 “အဖိုးက oxygen က်လို႔ ေဆး႐ုံတက္ဖို႔ ေဆးစစ္တဲ့ အခ်ိန္မွာ Positive ျဖစ္သြားတာပါ၊ ေနာက္ၿပီး မိသားစုဝင္ေတြထဲမွာလည္း စစ္ေတာ့ Positve ေတြျဖစ္လာတယ္၊ ျမတ္ႏိုးက အခုေတာ့ မစစ္ရေသးဘူး၊ မၾကာခင္မွာ ျမတ္ႏိုးစစ္ရမယ့္ အလွည့္ ေရာက္ေတာ့မယ္၊ က်န္းမာေရးကို ပိုၿပီးဂ႐ုစိုက္ေနထိုင္ရပါတယ္။ Stay Home လုပ္ေနတာ တစ္လေက်ာ္ေလာက္ရွိၿပီ အခုထိ ဘယ္ကဘယ္လို ကူးတယ္ဆိုတာ စဥ္းစားလို႔မရႏိုင္ေသးဘူး။ ဗိုင္းရပ္စ္က ကိုယ္နဲ႔ အနီးဆုံးကိုေရာက္လာခဲ့ၿပီ။ စိုးရိမ္ေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္၊ အားလုံးလည္း က်န္းမာေရးကိုဂ႐ုစိုက္ၾကပါေနာ္၊ ဒီေရာဂါပိုးက ကိုယ္ခံအားနဲ႔တိုက္ထုတ္ရမွာျဖစ္လို႔ ကိုယ္ခံအားေကာင္းေအာင္လည္း ႀကိဳးစားေနထိုင္ၾကပါ၊ ျမတ္ႏိုးလည္း Strong ျဖစ္ေအာင္လို႔ ႀကိဳးစားေနတယ္”လို႔ သူမက ရွင္းျပပါတယ္။

သူမအေနနဲ႔ လက္ခံထားတဲ့အလုပ္ကေလးေတြကိုလည္း မဖ်က္ပစ္ခ်င္တာေၾကာင့္ Stay Home ေနထိုင္စဥ္ ကတည္းက လုပ္ေဆာင္ခဲ့တာေတြရွိသလို Hotel Quarantine ဝင္တဲ့အခါမွာလည္း လုပ္ေဆာင္ေနတာ အနည္းအက်ဥ္းရွိခဲ့တယ္လို႔ သိရပါတယ္။

 ျပည္တြင္း႐ုပ္သံလိုင္းတစ္ခုကေန ထုတ္လႊင့္ျပသေနတဲ့ ႐ုပ္သံဇာတ္လမ္းတြဲျဖစ္တဲ့ “လိပ္ျပာ (Season-2)”ဇာတ္လမ္းတြဲထဲမ်ာ မႈခင္းဆရာဝန္မေလးတစ္ေယာက္ ကာ႐ိုက္တာျဖင့္ သ႐ုပ္ေဆာင္ထားသလို အဆိုပါဇာတ္လမ္းတြဲမွာ ႐ိုက္ကူးလက္စ အေျခအေနမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ျမတ္ႏိုး)
ရန္ကုန္၊ ေအာက္တိုဘာ ၂၅