【 အနုပညာ 】Music Video ထဲ အနုအရွလေးတွေနဲ့ သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်း

【  အနုပညာ  】Music Video ထဲ အနုအရွလေးတွေနဲ့ သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်း

အနုပညာလုပ်ငန်းတွေ ပါးနေချိန်မှာ Music Video လေးအတွက် သရုပ်ဆောင်ခဲ့ရသလို သာမန်အားဖြင့် သရုပ်ဆောင်နေကျ ကြမ်းကြမ်းရမ်းရမ်းပုံစံမျိုးမဟုတ်ဘဲ အနုအရွလေးတွေနဲ့ သရုပ်ဆောင်ခဲ့ရတယ်လို့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်းက ပြောပါတယ်။

လွန်ခဲ့တဲ့လထဲမှာ နိုင်ငံခြားလူကြမ်းတွေလို စမတ်ကျကျနဲ့ ရိုက်ကူးထားတဲ့ ၎င်းရဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့သလို အဲ့ဒီနောက်မှာ Music Video လေးတွေမှာပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပါတယ်။

“ဟိုတလောက ဖေ့ဘွတ်မှာ ဓာတ်ပုံလေးတွေ တင်တာကနေ အခု ရိုက်လာရတာပါ၊ အဲ့ဒီမှာ ထူးခြားတာက ထိုးတာ ကြိတ်တာမျိုးမဟုတ်ဘဲနဲ့ အနုအရွလေးတွေ ရိုက်လာရတယ်၊ ကိုယ်ကထင်ထားတာ တစ်သက်လုံး ဒီလို ထိုးတာကြိတ်တာပဲ သရုပ်ဆောင်ခဲ့ရတော့ ဒီလိုပဲလုပ်ရမယ်ထင်တာ တကယ်တော့ အဲ့လိုမဟုတ်ဘူး၊ ကျွန်တော် အခု အဆိုတော် ရှုမငြီးရဲ့ Music Video မှာသရုပ်ဆောင်ပြီးသွားပြီ၊ အခုနောက်ပိုင်းတော့ အလုပ် ကလေးတွေ နည်းနည်းပါးပါးနဲ့ ဆက်တိုက်ဖြစ်လာတယ်”လို့ သူက ရှင်းပြပါတယ်။

လူကြမ်းသရုပ်ဆောင်တွေအနေနဲ့ ဇာတ်လမ်းထဲမှာ ပီပြင်အောင်ကြမ်းကြမ်းရမ်းရမ်းနဲ့ ဆိုးသွမ်းသူတွေအဖြစ် သရုပ်ဆောင်ခဲ့ ရပေမယ့် ပြင်ပမှာတော့ ဆန့်ကျင်ဘက် အခြေအနေမျိုးဖြစ်ကြပါတယ်။ အရင်က နယ်တွေမှာ သွားရောက်ရိုက်ကူးတဲ့အခါ ဒေသခံအချို့က မောင်းထုတ်တာမျိုးတွေ၊ ကြိမ်းမောင်းပြောဆိုတာမျိုးတွေကို ခံစား ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာ ပြောင်းလဲ လာတဲ့ လူနေမှုတွေနဲ့အတူ အနုပညာကို အနုပညာအဖြစ်သာ မြင်လေ့ ရှိတယ်လို့ သိရပါတယ်။

“အရင်က တော်တော်ဆိုးတာဗျာ၊ ကျွန်တော်တို့ နယ်ရှုတင်သွားတော့ ဒီလူတွေရွာထဲ လာရင် ဝိုင်းရိုက်မယ်၊ ဘာညာနဲ့တောင် ကြိမ်းမောင်းခံရတာပါ၊ အခုတော့ ပြောင်းလဲလာပြီ၊ အနုပညာလို့ပဲ မြင်တတ်လာတယ်၊ ကျွန်တော် တက္ကစီမောင်းတုန်းက ဆိုရင်လည်း အဆင်မပြေပြန်ဘူး၊ တစ်ချို့ဆိုရင် ကားငှားစီးပြီးမှ ကားကိုရပ်ခိုင်းပြီးတော့ မစီးတော့ဘူးလုပ်တယ်၊ သူတို့ထင်တာက သူတို့ကို လုမယ်ယက်မယ် ရိုက်မယ်နှက်မယ်လို့ ထင်လားမသိဘူး။ အခုက မျက်လုံးကလည်းမကောင်းတော့ မမောင်းဖြစ်တာပါ၊ ဆံပင်တို့ ဘာတို့ ပုံစံကို ဒီလိုမျိုးပြင်ထားတာက ဇာတ်ကားရိုက်ဖို့လာငှားတဲ့သူရှိရင် အဆင်သင့်လိုက်ပြီး ရိုက်ပေးနိုင်ဖို့ ဖြစ်ပါတယ်၊ ရုပ်ရှင်ထဲမှာ ဆိုးသွမ်းပေမယ့် အပြင်မှာ ချစ်စရာကောင်းပါလားလို့ မြင်စေချင်တယ်၊ အခုတော့ သားသမီးတွေက ထောက်ပံ့တာလေးနဲ့ စားနေတယ်”လို့ သူက ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ဦးအရိုင်းမင်း)
ရန်ကုန်၊ စက်တင်ဘာ ၈

 

(   Zawgyi   )

 

 အႏုပညာလုပ္ငန္းေတြ ပါးေနခ်ိန္မွာ Music Video ေလးအတြက္ သ႐ုပ္ေဆာင္ခဲ့ရသလို သာမန္အားျဖင့္ သ႐ုပ္ေဆာင္ေနက် ၾကမ္းၾကမ္းရမ္းရမ္းပုံစံမ်ိဳးမဟုတ္ဘဲ အႏုအ႐ြေလးေတြနဲ႔ သ႐ုပ္ေဆာင္ခဲ့ရတယ္လို႔ လူၾကမ္းသ႐ုပ္ေဆာင္ အ႐ိုင္းမင္းက ေျပာပါတယ္။

လြန္ခဲ့တဲ့လထဲမွာ ႏိုင္ငံျခားလူၾကမ္းေတြလို စမတ္က်က်နဲ႔ ႐ိုက္ကူးထားတဲ့ ၎ရဲ႕ဓာတ္ပုံေတြ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့သလို အဲ့ဒီေနာက္မွာ Music Video ေလးေတြမွာပါဝင္႐ိုက္ကူးဖို႔ ကမ္းလွမ္းခံခဲ့ရတာျဖစ္ပါတယ္။

“ဟိုတေလာက ေဖ့ဘြတ္မွာ ဓာတ္ပုံေလးေတြ တင္တာကေန အခု ႐ိုက္လာရတာပါ၊ အဲ့ဒီမွာ ထူးျခားတာက ထိုးတာ ႀကိတ္တာမ်ိဳးမဟုတ္ဘဲနဲ႔ အႏုအ႐ြေလးေတြ ႐ိုက္လာရတယ္၊ ကိုယ္ကထင္ထားတာ တစ္သက္လုံး ဒီလို ထိုးတာႀကိတ္တာပဲ သ႐ုပ္ေဆာင္ခဲ့ရေတာ့ ဒီလိုပဲလုပ္ရမယ္ထင္တာ တကယ္ေတာ့ အဲ့လိုမဟုတ္ဘူး၊ ကြၽန္ေတာ္ အခု အဆိုေတာ္ ရႈမၿငီးရဲ႕ Music Video မွာသ႐ုပ္ေဆာင္ၿပီးသြားၿပီ၊ အခုေနာက္ပိုင္းေတာ့ အလုပ္ ကေလးေတြ နည္းနည္းပါးပါးနဲ႔ ဆက္တိုက္ျဖစ္လာတယ္”လို႔ သူက ရွင္းျပပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ေတြအေနနဲ႔ ဇာတ္လမ္းထဲမွာ ပီျပင္ေအာင္ၾကမ္းၾကမ္းရမ္းရမ္းနဲ႔ ဆိုးသြမ္းသူေတြအျဖစ္ သ႐ုပ္ေဆာင္ခဲ့ ရေပမယ့္ ျပင္ပမွာေတာ့ ဆန႔္က်င္ဘက္ အေျခအေနမ်ိဳးျဖစ္ၾကပါတယ္။ အရင္က နယ္ေတြမွာ သြားေရာက္႐ိုက္ကူးတဲ့အခါ ေဒသခံအခ်ိဳ႕က ေမာင္းထုတ္တာမ်ိဳးေတြ၊ ႀကိမ္းေမာင္းေျပာဆိုတာမ်ိဳးေတြကို ခံစား ခဲ့ရေပမယ့္ အခုေနာက္ပိုင္းမွာ ေျပာင္းလဲ လာတဲ့ လူေနမႈေတြနဲ႔အတူ အႏုပညာကို အႏုပညာအျဖစ္သာ ျမင္ေလ့ ရွိတယ္လို႔ သိရပါတယ္။

“အရင္က ေတာ္ေတာ္ဆိုးတာဗ်ာ၊ ကြၽန္ေတာ္တို႔ နယ္ရႈတင္သြားေတာ့ ဒီလူေတြ႐ြာထဲ လာရင္ ဝိုင္း႐ိုက္မယ္၊ ဘာညာနဲ႔ေတာင္ ႀကိမ္းေမာင္းခံရတာပါ၊ အခုေတာ့ ေျပာင္းလဲလာၿပီ၊ အႏုပညာလို႔ပဲ ျမင္တတ္လာတယ္၊ ကြၽန္ေတာ္ တကၠစီေမာင္းတုန္းက ဆိုရင္လည္း အဆင္မေျပျပန္ဘူး၊ တစ္ခ်ိဳ႕ဆိုရင္ ကားငွားစီးၿပီးမွ ကားကိုရပ္ခိုင္းၿပီးေတာ့ မစီးေတာ့ဘူးလုပ္တယ္၊ သူတို႔ထင္တာက သူတို႔ကို လုမယ္ယက္မယ္ ႐ိုက္မယ္ႏွက္မယ္လို႔ ထင္လားမသိဘူး။ အခုက မ်က္လုံးကလည္းမေကာင္းေတာ့ မေမာင္းျဖစ္တာပါ၊ ဆံပင္တို႔ ဘာတို႔ ပုံစံကို ဒီလိုမ်ိဳးျပင္ထားတာက ဇာတ္ကား႐ိုက္ဖို႔လာငွားတဲ့သူရွိရင္ အဆင္သင့္လိုက္ၿပီး ႐ိုက္ေပးႏိုင္ဖို႔ ျဖစ္ပါတယ္၊ ႐ုပ္ရွင္ထဲမွာ ဆိုးသြမ္းေပမယ့္ အျပင္မွာ ခ်စ္စရာေကာင္းပါလားလို႔ ျမင္ေစခ်င္တယ္၊ အခုေတာ့ သားသမီးေတြက ေထာက္ပံ့တာေလးနဲ႔ စားေနတယ္”လို႔ သူက ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ဦးအ႐ိုင္းမင္း)
ရန္ကုန္၊ စက္တင္ဘာ ၈