【 အနုပညာ 】COVID ကြောင့် မိဘနားရှိနေဖို့ အချိန်ပိုရခဲ့တယ်လို့ဆိုလာတဲ့ သရုပ်ဆောင် ပိုင်တံခွန်

【  အနုပညာ  】COVID ကြောင့် မိဘနားရှိနေဖို့ အချိန်ပိုရခဲ့တယ်လို့ဆိုလာတဲ့ သရုပ်ဆောင် ပိုင်တံခွန်

COVID ကြောင့် အနုပညာအလုပ်တွေရပ်နားသလိုဖြစ်နေရချိန်မှာ တခြားသော သရုပ်ဆောင်တွေ အနေနဲ့ စိတ်ညစ်တာမျိုးဖြစ်ပေမယ့် မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကတော့ မိဘအနားမှာ နေရတဲ့ အချိန်တွေ ပိုရစေခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

“အရာရာမှာ အကောင်းအဆိုးဒွန်တွဲနေတာပါပဲ၊ ဒီဟာကြီးကို စိတ်ပျက်နေစရာမလိုဘူးလေ၊ ဒါကြီးအပေါ် လိုက်ပြီး စိတ်ညစ်နေရင် ကိုယ်ပဲဒုက္ခဖြစ်မှာပေါ့၊ ကျွန်တော်ဆိုရင် အရင်ကတည်း က မိဘနားမှာ အချိန်ပေးပြီး နေချင်ခဲ့တာပါပဲ၊ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အလုပ်တွေ လုပ်ရင်းနဲ့ အနီးကပ်နေရတဲ့အချိန်ဆိုတာ နည်းခဲ့တယ်၊ အခုလိုကာလက မိဘနားနေပြီး ပြုစု စောင့်ရှောက်မှုတွေ လုပ်ပေးလို့ရတာပေါ့၊ အရင်တုန်းကတော့ ငါ့မိဘကို ပိုက်ဆံ ဘယ်လောက် ပေးလိုက်ရမှ ဆိုတာတွေရှိခဲ့ဖူးတယ်၊ သေခြင်းတရားဆိုတာ တစ်နေ့ လူတိုင်း ကြုံတွေ့ရမှာပါပဲ၊ နောက်ဘဝကို ပါမှာက ကုသိုလ်ကောင်းမှုပဲလေ၊ ဒါ့ကြောင့်လည်း ကျွန်တော့်မိဘတွေ အနေနဲ့ လည်း ကုသိုလ်စိတ်ဖြစ်အောင် နှိုးဆွရင်း လုပ်ကိုင်ပေးလိုပါတယ်၊ လောကမှာ မိဘကို လုပ်ပေး တယ် ဆိုတာ ပစ္စည်းရဲ့ တန်ကြေးမဟုတ်ဘူး၊ ငွေကြေးတွေရဲ့ တန်ကြေးလည်း မဟုတ်ဘူး။ ဘာပဲပြောပြော ကိုယ့်မိဘတွေက ဘာလိုအပ်တယ်ဆိုတာ ကိုယ်သာအသိဆုံးလေ”လို့ သရုပ်ဆောင် ပိုင်တံခွန်က ရှင်းပြပါတယ်။

သူဟာ မျိုးဆက်သစ်အနုပညာရှင်တွေထဲမှာ ပရိသတ်အားပေးမှုရပြီး အောင်မြင်မှု အတိုင်း အတာ တစ်ခုကို ရောက်ရှိနေတဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်သလို မိဘအပေါ်သိတတ်ပြီး လိမ္မာရေးခြားရှိတဲ့ သားတစ်ယောက်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်က တေးအယ်လ်ဘမ်တစ်ခု ထွက်ရှိထားသူ ဖြစ်သလို ကြော်ငြာတွေ၊ MTV တွေသာမကဘဲ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလာရသူ ဖြစ်ပါတယ်။

 ဒါ့အပြင်ပြည်တွင်းရုပ်သံလိုင်းတစ်ခုရဲ့ တေးသီချင်းပြိုင်ပွဲအစီအစဉ်တွေမှာလည်းကောင်း၊ Program အစီအစဉ် တွေမှာလည်း ပါဝင်လာရသူဖြစ်သလို COVID မဖြစ်ခင် အချိန်အထိ အနုပညာအလုပ်တွေနဲ့ လက်မလည်အောင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့အနုပညာလုပ်အားခတွေနဲ့ မိဘတွေနေထိုင်ဖို့ တိုက်အိမ်တစ်လုံးရယ်၊ ဖခင်အတွက် မော်တော်ကား တစ်စီးရယ် ဝယ်ပေးခဲ့ပြီး လက်ရှိမှာလည်း မိဘတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်း ကာ လုပ်ကျွေးပြုစုနေသူ တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။   
                                               
 မင်းခေတ်လင်း (ဓာတ်ပုံ-ကိုနိုင် NG)

 

(  Zawgyi  )

 

 COVID ေၾကာင့္ အႏုပညာအလုပ္ေတြရပ္နားသလိုျဖစ္ေနရခ်ိန္မွာ တျခားေသာ သ႐ုပ္ေဆာင္ေတြ အေနနဲ႔ စိတ္ညစ္တာမ်ိဳးျဖစ္ေပမယ့္ ေမာ္ဒယ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္ကေတာ့ မိဘအနားမွာ ေနရတဲ့ အခ်ိန္ေတြ ပိုရေစခဲ့တဲ့အတြက္ ေက်နပ္မိတယ္လို႔ ဆိုပါတယ္။

“အရာရာမွာ အေကာင္းအဆိုးဒြန္တြဲေနတာပါပဲ၊ ဒီဟာႀကီးကို စိတ္ပ်က္ေနစရာမလိုဘူးေလ၊ ဒါႀကီးအေပၚ လိုက္ၿပီး စိတ္ညစ္ေနရင္ ကိုယ္ပဲဒုကၡျဖစ္မွာေပါ့၊ ကြၽန္ေတာ္ဆိုရင္ အရင္ကတည္း က မိဘနားမွာ အခ်ိန္ေပးၿပီး ေနခ်င္ခဲ့တာပါပဲ၊ ဒါေပမဲ့ အေၾကာင္းေၾကာင္းေၾကာင့္ အလုပ္ေတြ လုပ္ရင္းနဲ႔ အနီးကပ္ေနရတဲ့အခ်ိန္ဆိုတာ နည္းခဲ့တယ္၊ အခုလိုကာလက မိဘနားေနၿပီး ျပဳစု ေစာင့္ေရွာက္မႈေတြ လုပ္ေပးလို႔ရတာေပါ့၊ အရင္တုန္းကေတာ့ ငါ့မိဘကို ပိုက္ဆံ ဘယ္ေလာက္ ေပးလိုက္ရမွ ဆိုတာေတြရွိခဲ့ဖူးတယ္၊ ေသျခင္းတရားဆိုတာ တစ္ေန႔ လူတိုင္း ႀကဳံေတြ႕ရမွာပါပဲ၊ ေနာက္ဘဝကို ပါမွာက ကုသိုလ္ေကာင္းမႈပဲေလ၊ ဒါ့ေၾကာင့္လည္း ကြၽန္ေတာ့္မိဘေတြ အေနနဲ႔ လည္း ကုသိုလ္စိတ္ျဖစ္ေအာင္ ႏႈိးဆြရင္း လုပ္ကိုင္ေပးလိုပါတယ္၊ ေလာကမွာ မိဘကို လုပ္ေပး တယ္ ဆိုတာ ပစၥည္းရဲ႕ တန္ေၾကးမဟုတ္ဘူး၊ ေငြေၾကးေတြရဲ႕ တန္ေၾကးလည္း မဟုတ္ဘူး။ ဘာပဲေျပာေျပာ ကိုယ့္မိဘေတြက ဘာလိုအပ္တယ္ဆိုတာ ကိုယ္သာအသိဆုံးေလ”လို႔ သ႐ုပ္ေဆာင္ ပိုင္တံခြန္က ရွင္းျပပါတယ္။

သူဟာ မ်ိဳးဆက္သစ္အႏုပညာရွင္ေတြထဲမွာ ပရိသတ္အားေပးမႈရၿပီး ေအာင္ျမင္မႈ အတိုင္း အတာ တစ္ခုကို ေရာက္ရွိေနတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္သလို မိဘအေပၚသိတတ္ၿပီး လိမၼာေရးျခားရွိတဲ့ သားတစ္ေယာက္လည္းျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ေလာက္က ေတးအယ္လ္ဘမ္တစ္ခု ထြက္ရွိထားသူ ျဖစ္သလို ေၾကာ္ျငာေတြ၊ MTV ေတြသာမကဘဲ ႐ုပ္ရွင္ ဇာတ္ကားႀကီးေတြလည္း ႐ိုက္ကူးလာရသူ ျဖစ္ပါတယ္။

 ဒါ့အျပင္ျပည္တြင္း႐ုပ္သံလိုင္းတစ္ခုရဲ႕ ေတးသီခ်င္းၿပိဳင္ပြဲအစီအစဥ္ေတြမွာလည္းေကာင္း၊ Program အစီအစဥ္ ေတြမွာလည္း ပါဝင္လာရသူျဖစ္သလို COVID မျဖစ္ခင္ အခ်ိန္အထိ အႏုပညာအလုပ္ေတြနဲ႔ လက္မလည္ေအာင္ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

သူ႔ရဲ႕အႏုပညာလုပ္အားခေတြနဲ႔ မိဘေတြေနထိုင္ဖို႔ တိုက္အိမ္တစ္လုံးရယ္၊ ဖခင္အတြက္ ေမာ္ေတာ္ကား တစ္စီးရယ္ ဝယ္ေပးခဲ့ၿပီး လက္ရွိမွာလည္း မိဘေတြရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္း ကာ လုပ္ေကြၽးျပဳစုေနသူ တစ္ဦးလည္း ျဖစ္တယ္လို႔ သိရပါတယ္။   
                                               
 မင္းေခတ္လင္း (ဓာတ္ပုံ-ကိုႏိုင္ NG)