【 အနုပညာ 】COVID ကာလ စားဝတ်နေရေးမပူရပေမယ့် အနုပညာအလုပ်မလုပ်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ ဂွမ်းပုံကြီး

【  အနုပညာ  】COVID ကာလ စားဝတ်နေရေးမပူရပေမယ့် အနုပညာအလုပ်မလုပ်ရတဲ့အတွက် စိတ်မကောင်းဖြစ်နေ တယ်ဆိုတဲ့  ဂွမ်းပုံကြီး

မြန်မာဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများအပြားထဲ ပါဝင်သရုပ်ဆောင်ခဲ့သော ဝါရင့်သရုပ်ဆောင်တစ်ဦးလည်း ဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင် ဂွမ်းပုံကြီးဟာ အခုလို COVID ကာလမှာ စားဝတ်နေရေးမပူရပေမယ့် အနုပညာအလုပ်တွေကို အရင်လိုမလုပ်ကိုင်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

“သင်္ကြန်တည်းက မရိုက်ဖြစ်တာ အခုအချိန်အထိလည်းမရိုက်ဖြစ်သေးဘူး၊ တိုင်းပြည်မှာ ကြုံနေရတဲ့ ကျန်းမာရေးအခြေအနေ ကြောင့်ပေ့ါနော်၊ ဒါကိုလည်းအားလုံးလည်း နားထောင်စေချင်တယ်၊ ဒီရောဂါက အကောင်အထည် မြင်ရတာ မဟုတ်ဘူး၊ အန်တီဂွမ်း တို့အမေတို့ပြောဖူးတာ ဟိုတုန်းက ပလိပ်ရောဂါတုန်းက ရွာလုံးကျွတ်ပျောက်သွားတယ်၊ အဲ့ဒါကြောင့်လည်း အခုတော့ အန်တီဂွမ်းတို့ အပြင်တောင်သိပ်မထွက်ရဲဘူး၊ စားဖို့က မပူရပေမယ့် ကိုယ်လုပ်နေကျ ဒီအလုပ်ကလေးတွေမလုပ်ရတော့ ဘယ်လိုခေါ်မလဲ စိတ်မကောင်းဘူး ပေါ့နော်”လို့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂွမ်းပုံကြီးက ရှင်းပြပါတယ်။

မကြာခင်မှာ အနုပညာအလုပ်တွေကို ပြန်လည်ရိုက်ကူးခွင့်ရဖို့ သက်ဆိုင်ရာက ဆောင်ရွက်နေသလို ကွာရန်တင်းဝင်ရမယ်ဆိုတဲ့ သတင်းတွေလည်းကြားနေတာကြောင့် အခြေအနေကို စောင့်ကြည့်သွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ အခုဆိုရင် ရပ်ကွက်ထဲမှာ Mask မတပ်ဘဲသွားလာနေတာတွေ၊ လူစုလူဝေးနဲ့ သွားနေကြတာတွေကို တွေ့ရတာကြောင့် ရောဂါပိုးကူးစက်မှုအတွက် စိုးရိမ်စိတ်ဖြစ်မိ တယ်လို့ ဆိုပါတယ်။

“သူတို့က မကြောက်တတ်ဘူး၊ သူတို့ကနေ ကူးလာမှာတော့ အန်တီဂွမ်းတို့က ကြောက်တယ်၊ အန်တီဂွမ်းတို့ အခု ကားရိုက်ရင် Q ဝင်ရမယ်လို့ကြားတယ်၊ နှစ်ရက်လောက် ရိုက်ပြီးတော့ ဝင်ရင် အလုပ်က ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျန်းမာရေး အရ သတ်မှတ်ချက်ကလိုက်နာရပေမယ့် ရိုက်ဖို့မရိုက်ဖို့ကတော့ စောင့်ကြည့်ရဦးမှာပေါ့နော်”လို့ သူကရှင်းပြပါတယ်။   
 
လက်ရှိမှာ သူ့ရဲ့ သားသမီးနှစ်ယောက်က စင်ကာပူမှာ နေထိုင်လုပ်ကိုင်နေပြီး သင်္ကြန်ကာလပြန်လာဖို့ပြင်ဆင်ပေမယ့် COVID ကြောင့် မလာဖြစ်သေးတဲ့ အခြေအနေမျိုးကြုံရတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ျမန္မာဗီဒီယိုနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြအမ်ားအျပားထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့ေသာ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးလည္း ျဖစ္တဲ့ ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ ဂြမ္းပုံႀကီးဟာ အခုလို COVID ကာလမွာ စားဝတ္ေနေရးမပူရေပမယ့္ အႏုပညာအလုပ္ေတြကို အရင္လိုမလုပ္ကိုင္ရတဲ့အတြက္ စိတ္မေကာင္းျဖစ္ရတယ္လို႔ ေျပာပါတယ္။

“သၾကၤန္တည္းက မ႐ိုက္ျဖစ္တာ အခုအခ်ိန္အထိလည္းမ႐ိုက္ျဖစ္ေသးဘူး၊ တိုင္းျပည္မွာ ႀကဳံေနရတဲ့ က်န္းမာေရးအေျခအေန ေၾကာင့္ေပ့ါေနာ္၊ ဒါကိုလည္းအားလုံးလည္း နားေထာင္ေစခ်င္တယ္၊ ဒီေရာဂါက အေကာင္အထည္ ျမင္ရတာ မဟုတ္ဘူး၊ အန္တီဂြမ္း တို႔အေမတို႔ေျပာဖူးတာ ဟိုတုန္းက ပလိပ္ေရာဂါတုန္းက ႐ြာလုံးကြၽတ္ေပ်ာက္သြားတယ္၊ အဲ့ဒါေၾကာင့္လည္း အခုေတာ့ အန္တီဂြမ္းတို႔ အျပင္ေတာင္သိပ္မထြက္ရဲဘူး၊ စားဖို႔က မပူရေပမယ့္ ကိုယ္လုပ္ေနက် ဒီအလုပ္ကေလးေတြမလုပ္ရေတာ့ ဘယ္လိုေခၚမလဲ စိတ္မေကာင္းဘူး ေပါ့ေနာ္”လို႔ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ဂြမ္းပုံႀကီးက ရွင္းျပပါတယ္။

မၾကာခင္မွာ အႏုပညာအလုပ္ေတြကို ျပန္လည္႐ိုက္ကူးခြင့္ရဖို႔ သက္ဆိုင္ရာက ေဆာင္႐ြက္ေနသလို ကြာရန္တင္းဝင္ရမယ္ဆိုတဲ့ သတင္းေတြလည္းၾကားေနတာေၾကာင့္ အေျခအေနကို ေစာင့္ၾကည့္သြားဖို႔လည္း ရွိေနတယ္လို႔ သိရပါတယ္။ အခုဆိုရင္ ရပ္ကြက္ထဲမွာ Mask မတပ္ဘဲသြားလာေနတာေတြ၊ လူစုလူေဝးနဲ႔ သြားေနၾကတာေတြကို ေတြ႕ရတာေၾကာင့္ ေရာဂါပိုးကူးစက္မႈအတြက္ စိုးရိမ္စိတ္ျဖစ္မိ တယ္လို႔ ဆိုပါတယ္။

“သူတို႔က မေၾကာက္တတ္ဘူး၊ သူတို႔ကေန ကူးလာမွာေတာ့ အန္တီဂြမ္းတို႔က ေၾကာက္တယ္၊ အန္တီဂြမ္းတို႔ အခု ကား႐ိုက္ရင္ Q ဝင္ရမယ္လို႔ၾကားတယ္၊ ႏွစ္ရက္ေလာက္ ႐ိုက္ၿပီးေတာ့ ဝင္ရင္ အလုပ္က ေကာင္းေကာင္း လုပ္ႏိုင္မွာ မဟုတ္ဘူး၊ ဒါေပမဲ့ က်န္းမာေရး အရ သတ္မွတ္ခ်က္ကလိုက္နာရေပမယ့္ ႐ိုက္ဖို႔မ႐ိုက္ဖို႔ကေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့ေနာ္”လို႔ သူကရွင္းျပပါတယ္။   
 
လက္ရွိမွာ သူ႔ရဲ႕ သားသမီးႏွစ္ေယာက္က စင္ကာပူမွာ ေနထိုင္လုပ္ကိုင္ေနၿပီး သၾကၤန္ကာလျပန္လာဖို႔ျပင္ဆင္ေပမယ့္ COVID ေၾကာင့္ မလာျဖစ္ေသးတဲ့ အေျခအေနမ်ိဳးႀကဳံရတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း