【 အနုပညာ 】COVID ကာလထဲ သီချင်းသစ်များ ထပ်ထွက်ဖို့ပြင်ဆင်နေတဲ့ တေးသံရှင် အလင်းရောင်

【  အနုပညာ 】COVID ကာလထဲ သီချင်းသစ်များ ထပ်ထွက်ဖို့ပြင်ဆင်နေတဲ့ တေးသံရှင် အလင်းရောင်

အခုလို COVID ကာလထဲမှာ အွန်လိုင်းကနေ ပရိသတ်တွေအတွက် တေးသီချင်းတွေကို တင်ခဲ့ရာမှ ဆက်လက်ပြီး နောက်ထပ် သီချင်းနှစ်ပုဒ်လောက် ထွက်ဖို့ပြင်ဆင်နေတယ်လို့ တေးသံရှင် အလင်းရောင် က ပြောပါတယ်။

သူဟာ ဇာတ်လမ်းတွဲတွေထဲ ပါဝင်သရုပ်ဆောင်နေလျက်ရှိရာမှ သူဝါသနာပါတဲ့ ဂီတအလုပ်ကို အခုလိုကာလမှာ ပိုမို လုပ်ကိုင်ဖြစ်ရင်း လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ “မေ”လို့နာမည်ရတဲ့ တေးသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေ နားဆင်လို့ရအောင် အွန်လိုင်းကတစ်ဆင့် ဖြန့်ချိခဲ့ပါတယ်။

“အရင်ကတည်းက ကျွန်တော်က ဂီတပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော နှစ်ခုစလုံးကို ဝါသနာပါတယ်၊ ရိုက်ကွင်းက ဆက်တိုက်ဖြစ်ခဲ့ တာရယ်၊ သီချင်း သွင်းဖို့ အချိန်ပေးရတဲ့အတွက် အချိန်မပေးနိုင်တာတွေရှိတာကြောင့် ဂီတပိုင်းကို မလုပ်ဖြစ်ဘဲ အခုလို COVID ကာလမှာ အချိန်ပေးပြီးတော့ လုပ်ဖြစ်တာ ဖြစ်ပါတယ်။    
          
ဒီ “မေ”သီချင်းလေးက ထွက်ဖို့လုပ်ထားတာဟာ လွန်ခဲ့တဲ့ နှစ်လပိုင်း လောက်ကတည်းက ဖြစ်ပါတယ်၊ ဒါပေမဲ့လည်း အခုမှ သေသေချာချာ လေး အချိန်ပေးပြီးတော့ လုပ်ဖြစ်ခဲ့တာပါ”လို့ တေးသံရှင် အလင်းရောင် က ရှင်းပြပါတယ်။ နောက်ထပ်ထွက်ရှိဖို့ ပြင်ဆင်ထားတဲ့ တေးသီချင်းနှစ်ပုဒ်က “ချစ်ခဲ့သမျှ”လို့နာမည်ရတဲ့ တေးသီချင်းကို ဗားရှင်း ပြန်ပြောင်းပြီးတော့ ဆိုထားတာဖြစ်သလို နောက်တစ်ပုဒ်အနေနဲ့ “ကျွန်တော်အသည်းကွဲဖူးပြီ” လို့ နာမည်ရတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သီချင်းတွေကို လုပ်တဲ့ အခါ အရင်ထက်ပိုပြီး ပီပီပြင်ပြင်လုပ်ဆောင် နိုင်ခဲ့ တာတွေရှိသလို အရင်ကသီဆိုခဲ့ဖူးတဲ့အခြေအနေတွေထက် များစွာသာလွန် ကောင်းမွန်တဲ့ အခြေအနေဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။           
                            
 “နောက်ထွက်မယ့် သီချင်းက ကျွန်တော်ဆိုခဲ့ဖူးတာ သုံးနှစ်လောက်ရှိပါပြီ၊ အရင်က ဆိုခဲ့တဲ့ဟာတွေကို သိပ်မကြိုက်တော့ဘူး၊ အခုနောက်ပိုင်း သီချင်းဆိုရတာ ပိုပြီးဆင်ပြေလာတယ်၊ ကျွန်တော် ပြန်ယှဉ်ကြည့်ပြီး နားထောင်ကြည့်တယ်၊ အခုဆိုတာကို ပိုကြိုက်လာတယ်၊ ဆက်လက်ပြီးတော့လည်း ပရိသတ်အနေနဲ့ ကြိုက်လောက်မယ် ဆိုတဲ့ သီချင်းတွေကို စီစဉ်သွားမှာဖြစ်ပါတယ်၊ အယ်လ်ဘမ်အနေနဲ့ကတော့ ထွက်ဖို့ မဖြစ်နိုင်သေးဘူး၊ အရေးကြီးတာက အချိန်မပေးနိုင်တာလည်း ပါတာပေါ့နော်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။

သူဟာ ဂီတအပိုင်းထက် သရုပ်ဆောင်အပိုင်းမှာ ပရိသတ်အားပေးမှုများတယ်လို့ ယူဆထားတာကြောင့် သရုပ်ဆောင် အလုပ်ကို ပိုလုပ်ဖြစ်သလိုဖြစ်နေပေမယ့် သူ့ရဲ့ဝါသနာအရ ဂီတအပိုင်းကို အချိန်ပေးကာ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
 (ဓာတ်ပုံ- ကိုနိုင် NG)

(   Zawgyi  )

 အခုလို COVID ကာလထဲမွာ အြန္လိုင္းကေန ပရိသတ္ေတြအတြက္ ေတးသီခ်င္းေတြကို တင္ခဲ့ရာမွ ဆက္လက္ၿပီး ေနာက္ထပ္ သီခ်င္းႏွစ္ပုဒ္ေလာက္ ထြက္ဖို႔ျပင္ဆင္ေနတယ္လို႔ ေတးသံရွင္ အလင္းေရာင္ က ေျပာပါတယ္။

သူဟာ ဇာတ္လမ္းတြဲေတြထဲ ပါဝင္သ႐ုပ္ေဆာင္ေနလ်က္ရွိရာမွ သူဝါသနာပါတဲ့ ဂီတအလုပ္ကို အခုလိုကာလမွာ ပိုမို လုပ္ကိုင္ျဖစ္ရင္း လြန္ခဲ့တဲ့ရက္ပိုင္းအတြင္းမွာ “ေမ”လို႔နာမည္ရတဲ့ ေတးသီခ်င္းေလးတစ္ပုဒ္ကို ပရိသတ္ေတြ နားဆင္လို႔ရေအာင္ အြန္လိုင္းကတစ္ဆင့္ ျဖန႔္ခ်ိခဲ့ပါတယ္။

“အရင္ကတည္းက ကြၽန္ေတာ္က ဂီတပိုင္းေရာ၊ သ႐ုပ္ေဆာင္ပိုင္းေရာ ႏွစ္ခုစလုံးကို ဝါသနာပါတယ္၊ ႐ိုက္ကြင္းက ဆက္တိုက္ျဖစ္ခဲ့ တာရယ္၊ သီခ်င္း သြင္းဖို႔ အခ်ိန္ေပးရတဲ့အတြက္ အခ်ိန္မေပးႏိုင္တာေတြရွိတာေၾကာင့္ ဂီတပိုင္းကို မလုပ္ျဖစ္ဘဲ အခုလို COVID ကာလမွာ အခ်ိန္ေပးၿပီးေတာ့ လုပ္ျဖစ္တာ ျဖစ္ပါတယ္။    
          
ဒီ “ေမ”သီခ်င္းေလးက ထြက္ဖို႔လုပ္ထားတာဟာ လြန္ခဲ့တဲ့ ႏွစ္လပိုင္း ေလာက္ကတည္းက ျဖစ္ပါတယ္၊ ဒါေပမဲ့လည္း အခုမွ ေသေသခ်ာခ်ာ ေလး အခ်ိန္ေပးၿပီးေတာ့ လုပ္ျဖစ္ခဲ့တာပါ”လို႔ ေတးသံရွင္ အလင္းေရာင္ က ရွင္းျပပါတယ္။ ေနာက္ထပ္ထြက္ရွိဖို႔ ျပင္ဆင္ထားတဲ့ ေတးသီခ်င္းႏွစ္ပုဒ္က “ခ်စ္ခဲ့သမွ်”လို႔နာမည္ရတဲ့ ေတးသီခ်င္းကို ဗားရွင္း ျပန္ေျပာင္းၿပီးေတာ့ ဆိုထားတာျဖစ္သလို ေနာက္တစ္ပုဒ္အေနနဲ႔ “ကြၽန္ေတာ္အသည္းကြဲဖူးၿပီ” လို႔ နာမည္ရတဲ့ သီခ်င္းပဲ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ သီခ်င္းေတြကို လုပ္တဲ့ အခါ အရင္ထက္ပိုၿပီး ပီပီျပင္ျပင္လုပ္ေဆာင္ ႏိုင္ခဲ့ တာေတြရွိသလို အရင္ကသီဆိုခဲ့ဖူးတဲ့အေျခအေနေတြထက္ မ်ားစြာသာလြန္ ေကာင္းမြန္တဲ့ အေျခအေနျဖစ္ေအာင္ လုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။           
                            
 “ေနာက္ထြက္မယ့္ သီခ်င္းက ကြၽန္ေတာ္ဆိုခဲ့ဖူးတာ သုံးႏွစ္ေလာက္ရွိပါၿပီ၊ အရင္က ဆိုခဲ့တဲ့ဟာေတြကို သိပ္မႀကိဳက္ေတာ့ဘူး၊ အခုေနာက္ပိုင္း သီခ်င္းဆိုရတာ ပိုၿပီးဆင္ေျပလာတယ္၊ ကြၽန္ေတာ္ ျပန္ယွဥ္ၾကည့္ၿပီး နားေထာင္ၾကည့္တယ္၊ အခုဆိုတာကို ပိုႀကိဳက္လာတယ္၊ ဆက္လက္ၿပီးေတာ့လည္း ပရိသတ္အေနနဲ႔ ႀကိဳက္ေလာက္မယ္ ဆိုတဲ့ သီခ်င္းေတြကို စီစဥ္သြားမွာျဖစ္ပါတယ္၊ အယ္လ္ဘမ္အေနနဲ႔ကေတာ့ ထြက္ဖို႔ မျဖစ္ႏိုင္ေသးဘူး၊ အေရးႀကီးတာက အခ်ိန္မေပးႏိုင္တာလည္း ပါတာေပါ့ေနာ္”လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

သူဟာ ဂီတအပိုင္းထက္ သ႐ုပ္ေဆာင္အပိုင္းမွာ ပရိသတ္အားေပးမႈမ်ားတယ္လို႔ ယူဆထားတာေၾကာင့္ သ႐ုပ္ေဆာင္ အလုပ္ကို ပိုလုပ္ျဖစ္သလိုျဖစ္ေနေပမယ့္ သူ႔ရဲ႕ဝါသနာအရ ဂီတအပိုင္းကို အခ်ိန္ေပးကာ လုပ္ေဆာင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
 (ဓာတ္ပုံ- ကိုႏိုင္ NG)