【 အနုပညာ 】၀န်းရံအားပေးသူ များလာတဲ့ ဂျွန်လွင်

【  အနုပညာ  】၀န်းရံအားပေးသူ များလာတဲ့ ဂျွန်လွင်

အခုနောက်ပိုင်းမှာ ဝန်းရံအားပေးသူ ပရိသတ်တွေများလာတာကြောင့် ဝမ်းသာစရာအခြေအနေမျိုးဖြစ်တဲ့အပြင် မှားယွင်းတဲ့လုပ်ရပ်အပေါ် ဝန်းရံတာမျိုးကို မလိုလားဘူးလို့ ဂျွန်လွင် (Star & Model Agency)က ပြောပါတယ်။
သူဟာ ပုဂ္ဂိုလ်ရေး လွတ်လွတ်လပ်လပ်ဖြင့် ဖေ့ဘွတ်မှာ Post တွေတင်လေ့ရှိသလို ဝေဖန်သူတွေနဲ့ အချေတင် စကား များတာတွေလည်း ဖြစ်ခဲ့သလို Chat Box ကနေ အကြံပေးလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

 “ဝန်းရံတဲ့သူတွေများလာတာက ကျွန်တော်မှန်လို့ ဝန်းရံကြတာပါ၊ ကျွန်တော်မှားရင် မဝန်းရံကြပါနဲ့၊ ကျွန်တော် မှားတဲ့ အပေါ်မှာ ဝန်းရံတာက ကျွန်တော့်ကို အနောက်ကနေ တွန်းချတာနဲ့အတူတူပဲလေ၊ ကျွန်တော်မှား နေရင်လည်း ကျွန်တော့်ကို ပြောကြပါ။ ကျွန်တော့်ရဲ့စိတ်ဓာတ်တစ်ခုက ဘာလဲဆိုတော့ မူရင်းကိုက မိုက်ရိုင်း တတ်တယ်လေ၊ ကျွန်တော် တရားတွေ ထိုင်တယ်၊ အဲ့လိုနေလိုက်တယ် ဆိုရင် လူတွေက ဘာလဲဆိုတော့ ရောင့်တက်တတ်တယ်ဆိုတဲ့အကျင့်ရှိတဲ့အတွက်ကြောင့် ဂျွန်လွင်ဆိုတာ ပြုပြင်နေတာပဲရှိတယ်၊ မပြောင်းလဲ သွားသေးဘူးဆိုတာ ပြချင်လို့ ကျွန်တော်ပြန်လုပ်လိုက်တာတွေရှိတယ်၊ ဘယ်တော့မှ ပြောင်းလဲမှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ကြိုးစားပြီးတော့ ပြုပြင်နေတယ်”လို့ ၎င်းက အလှူငွေပေးအပ်တဲ့ အခမ်းအနား တစ်ခုမှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖေ့ဘွတ်လူမှုကွန်ရက်ကို စီးပွားဖြစ်သုံးနေတာမဟုတ်တာကြောင့် Post တွေတင်တဲ့အခါ အဆင်ပြေသလို ရေးခဲ့တာတွေ ရှိသလို ဝေဖန်တိုက်ခိုက်သူတွေလည်း အများအပြားရှိနေကြောင်း၊ အဲ့ဒီလို ဝေဖန်ပုတ်ခတ် သူတွေကြောင့် အိတ်ထဲက ပိုက်ဆံလည်း လျော့မသွားသလို ဘဝလည်းပျက်မှာမဟုတ်ကြောင်း၊ ဘာထိခိုက်မှုမှ မရှိတဲ့အတွက် ဘယ်သူမှလည်း ဂရုမစိုက်ဘဲ ပွင့်ပွင့်လင်းလင်းရေးလေ့ရှိတယ်လို့ သိရပါတယ်။
 “လူတိုင်းက ဟန်ဆောင်မှုကို မကြိုက်ကြဘူးလေ၊ လူတိုင်းအရှိကို အရှိအတိုင်းပြောချင်ကြတယ်လေ၊ ကျွန်တော်က အမှန် အတိုင်း ပြောရရင် ဒီအချိန်မှာ ဘယ်သူ့ကိုမှ အကြွေးပေးစရာမရှိဘူး၊ ကျွန်တော်ကပဲ ရစရာရှိတယ်၊ ဘယ်သူ့ကိုမှလည်း ကြောက်စရာမလိုဘူး၊ ဒီအချိန်မှာ ကျွန်တော့်ခြေထောက်ပေါ် ကျွန်တော် ရပ်တည်နေတဲ့ အချိန်မှာ ကျွန်တော့်ရဲ့အပေါ်မှာ ဘယ်အရိပ်မှမရှိဘူး၊ အဲ့ဒီအတွက် ကျွန်တော် ဘယ်သူ့ကိုမှလည်း ဂရုစိုက်စရာမလိုဘူး”လို့ ၎င်းက ဆက်လက်ပြောကြား ခဲ့ပါတယ်။

ဘဝကို အေးအေးချမ်းချမ်းနဲ့ အကောင်းဆုံး ဖြစ်အောင် ပုံဖော်ရင်း သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ၊ ဖက်ရှင်နဲ့ ဒီဇိုင်းဆိုင်ရာကိစ္စတွေကိုသာ အာရုံထား လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
 (ဓာတ်ပုံ- ဂျွန်လွင်)
ရန်ကုန်၊ ဇန်နဝါရီ ၂၂

 

(  Zawgyi  )

 

 အခုေနာက္ပိုင္းမွာ ဝန္းရံအားေပးသူ ပရိသတ္ေတြမ်ားလာတာေၾကာင့္ ဝမ္းသာစရာအေျခအေနမ်ိဳးျဖစ္တဲ့အျပင္ မွားယြင္းတဲ့လုပ္ရပ္အေပၚ ဝန္းရံတာမ်ိဳးကို မလိုလားဘူးလို႔ ဂြၽန္လြင္ (Star & Model Agency)က ေျပာပါတယ္။
သူဟာ ပုဂၢိဳလ္ေရး လြတ္လြတ္လပ္လပ္ျဖင့္ ေဖ့ဘြတ္မွာ Post ေတြတင္ေလ့ရွိသလို ေဝဖန္သူေတြနဲ႔ အေခ်တင္ စကား မ်ားတာေတြလည္း ျဖစ္ခဲ့သလို Chat Box ကေန အႀကံေပးလာသူေတြလည္း ရွိတယ္လို႔ သိရပါတယ္။

 “ဝန္းရံတဲ့သူေတြမ်ားလာတာက ကြၽန္ေတာ္မွန္လို႔ ဝန္းရံၾကတာပါ၊ ကြၽန္ေတာ္မွားရင္ မဝန္းရံၾကပါနဲ႔၊ ကြၽန္ေတာ္ မွားတဲ့ အေပၚမွာ ဝန္းရံတာက ကြၽန္ေတာ့္ကို အေနာက္ကေန တြန္းခ်တာနဲ႔အတူတူပဲေလ၊ ကြၽန္ေတာ္မွား ေနရင္လည္း ကြၽန္ေတာ့္ကို ေျပာၾကပါ။ ကြၽန္ေတာ့္ရဲ႕စိတ္ဓာတ္တစ္ခုက ဘာလဲဆိုေတာ့ မူရင္းကိုက မိုက္႐ိုင္း တတ္တယ္ေလ၊ ကြၽန္ေတာ္ တရားေတြ ထိုင္တယ္၊ အဲ့လိုေနလိုက္တယ္ ဆိုရင္ လူေတြက ဘာလဲဆိုေတာ့ ေရာင့္တက္တတ္တယ္ဆိုတဲ့အက်င့္ရွိတဲ့အတြက္ေၾကာင့္ ဂြၽန္လြင္ဆိုတာ ျပဳျပင္ေနတာပဲရွိတယ္၊ မေျပာင္းလဲ သြားေသးဘူးဆိုတာ ျပခ်င္လို႔ ကြၽန္ေတာ္ျပန္လုပ္လိုက္တာေတြရွိတယ္၊ ဘယ္ေတာ့မွ ေျပာင္းလဲမွာလည္း မဟုတ္ဘူး၊ ဒါေပမဲ့ ႀကိဳးစားၿပီးေတာ့ ျပဳျပင္ေနတယ္”လို႔ ၎က အလႉေငြေပးအပ္တဲ့ အခမ္းအနား တစ္ခုမွာ ေတြ႕ဆုံစဥ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဖ့ဘြတ္လူမႈကြန္ရက္ကို စီးပြားျဖစ္သုံးေနတာမဟုတ္တာေၾကာင့္ Post ေတြတင္တဲ့အခါ အဆင္ေျပသလို ေရးခဲ့တာေတြ ရွိသလို ေဝဖန္တိုက္ခိုက္သူေတြလည္း အမ်ားအျပားရွိေနေၾကာင္း၊ အဲ့ဒီလို ေဝဖန္ပုတ္ခတ္ သူေတြေၾကာင့္ အိတ္ထဲက ပိုက္ဆံလည္း ေလ်ာ့မသြားသလို ဘဝလည္းပ်က္မွာမဟုတ္ေၾကာင္း၊ ဘာထိခိုက္မႈမွ မရွိတဲ့အတြက္ ဘယ္သူမွလည္း ဂ႐ုမစိုက္ဘဲ ပြင့္ပြင့္လင္းလင္းေရးေလ့ရွိတယ္လို႔ သိရပါတယ္။
 “လူတိုင္းက ဟန္ေဆာင္မႈကို မႀကိဳက္ၾကဘူးေလ၊ လူတိုင္းအရွိကို အရွိအတိုင္းေျပာခ်င္ၾကတယ္ေလ၊ ကြၽန္ေတာ္က အမွန္ အတိုင္း ေျပာရရင္ ဒီအခ်ိန္မွာ ဘယ္သူ႔ကိုမွ အေႂကြးေပးစရာမရွိဘူး၊ ကြၽန္ေတာ္ကပဲ ရစရာရွိတယ္၊ ဘယ္သူ႔ကိုမွလည္း ေၾကာက္စရာမလိုဘူး၊ ဒီအခ်ိန္မွာ ကြၽန္ေတာ့္ေျခေထာက္ေပၚ ကြၽန္ေတာ္ ရပ္တည္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕အေပၚမွာ ဘယ္အရိပ္မွမရွိဘူး၊ အဲ့ဒီအတြက္ ကြၽန္ေတာ္ ဘယ္သူ႔ကိုမွလည္း ဂ႐ုစိုက္စရာမလိုဘူး”လို႔ ၎က ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

ဘဝကို ေအးေအးခ်မ္းခ်မ္းနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ပုံေဖာ္ရင္း သူဝါသနာပါတဲ့ အႏုပညာအလုပ္ေတြ၊ ဖက္ရွင္နဲ႔ ဒီဇိုင္းဆိုင္ရာကိစၥေတြကိုသာ အာ႐ုံထား လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
 (ဓာတ္ပုံ- ဂြၽန္လြင္)
ရန္ကုန္၊ ဇန္နဝါရီ ၂၂