【 အနုပညာ 】အွန်လိုင်းကနေ တေးသီချင်းတွေကို တင်ဆက်နေတဲ့ တေးသံရှင် ဖြိုးမြတ်အောင်

【  အနုပညာ  】အွန်လိုင်းကနေ တေးသီချင်းတွေကို တင်ဆက်နေတဲ့ တေးသံရှင် ဖြိုးမြတ်အောင်

Myanmar Idol Season 3 ရဲ့ Winner ဖြစ်သူ ဖြိုးမြတ်အောင်ဟာ သူ့ကိုအားပေးတဲ့ပရိသတ်တွေအတွက် အွန်လိုင်းကနေ တေးသီချင်း သစ်တွေကို သီဆိုကာတင်ဆက်နေသလို မကြာခင်မှာလည်း တေးသီချင်းသစ် တစ်ပုဒ်ကို တင်ဆက်နိုင်ဖို့ Music Video ရိုက်ကူးထား ပြီးဖြစ်တယ်လို့ သိရပါတယ်။

သူဟာ Myanmar Idol Season 3 ကနေ လူသိများလာသူတစ်ဦးလည်းဖြစ်သလို အခိုင်အမာ အားပေးတဲ့ ပရိသတ်တွေ အင်မတန် များပြားခဲ့ပြီး ဇူလိုင် ၉ ရက်မှာကျရောက်တဲ့သူ့ရဲ့ ၂၈ နှစ်မြောက်မွေးနေ့ကိုလည်း မိသားစုဝင်တွေ၊ အမာခံအားပေးသူတွေနဲ့အတူ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းက ပစ္ဆိမာရုံပါဠိတက္ကသိုလ် စာသင်တိုက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
 “မွေးနေ့မှာ အရမ်းလည်း ပျော်မိ ပါတယ်၊ မွေးနေ့ဆုတောင်းပေးကြတဲ့ မိသားစုတွေရော အမျိုးတွေရော ကျွန်တော့်ကို အားပေးတဲ့သူတွေကို အရမ်းချစ်တယ်၊ အရမ်းလည်းကျေးဇူးတင်တယ်၊ မွေးနေ့လက်ဆောင် လာပေးတာက ပုံးတွေကအများကြီးပဲ အခုအထိ ဘာလဲဆိုတာ သိချင်ပေမယ့် မဖောက်ရသေးဘူး၊ အထဲမှာ အကောင်ပလောင်လေးတွေ ထည့်ထားမှာ ကြောက်လို့၊ ကျွန်တော်က မြွေတို့၊ ကြွက်တို့ဆိုရင် သိပ်ကြောက်တတ်တာပါ၊ ပရိသတ်တွေ အတွက်လည်း “ပိုက်ကွန်ငယ်” လို့နာမည်ပေးထားတဲ့ သီချင်း Youtube မှာ မကြာခင် တင်ပေးသွားဖို့ရှိပါတယ်၊ အဲ့ဒီသီချင်းက တေးရေး ကိုထုံကြီး ရေးသားထားတာ ဖြစ်ပါတယ်၊ အခုတော့ဗီဒီယိုလေး ရိုက်ထားပြီးသွားပြီ၊ မကြာခင်တင်ပေးဖို့ ပြင်နေပါတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ အရင်က ပေါင်းသင်းဆက်ဆံမှု အားနည်းခဲ့သူတစ်ဦးလည်း ဖြစ်သလို အခုနောက်ပိုင်းမှာ နေထိုင် ပြောဆိုမှု တွေကအစ ပြုပြင် ကာ လုပ်ဆောင်လာခဲ့ပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို လိမ္မာပါးနပ်စွာနဲ့ ဖြေဆိုတတ်လာတာကြောင့်လည်း သူ့ကိုဝါရင့် တေးသံရှင်တွေက ချီးကျူးစကားဆိုလေ့ရှိသူ ဖြစ်ပါတယ်။

ထိုကဲ့သို့ မွေးနေ့အလှူကို နှစ်စဉ်လုပ်လေ့ရှိသော်လည်း သာမန်အားဖြင့် ဝါဆိုလတွင်မွေးဖွားခဲ့ခြင်းကြောင့် ဝါဆိုသင်္ကန်းကပ်လှူရင်း ကုသိုလ်ပြုမှုကို နှစ်စဉ်လိုလိုလုပ်ဆောင်ခဲ့ကြောင်း၊ ယခုကဲ့သို့ အခမ်းအနားမျိုးဖြင့် အလှူပွဲကြီးအဖြစ်လှူဒါန်းမှုကို နှစ်ကြိမ်ခန့်သာ လုပ်ဆောင်ခဲ့သော်လည်း အင်မတန်ကြည်နူးဝမ်းသာဖြစ်မိတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားနိုင်ဖို့ ဆက်လက်ပြီးလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ ဇူလိုင် ၁၀ 

(  Zawgyi  )

 Myanmar Idol Season 3 ရဲ႕ Winner ျဖစ္သူ ၿဖိဳးျမတ္ေအာင္ဟာ သူ႔ကိုအားေပးတဲ့ပရိသတ္ေတြအတြက္ အြန္လိုင္းကေန ေတးသီခ်င္း သစ္ေတြကို သီဆိုကာတင္ဆက္ေနသလို မၾကာခင္မွာလည္း ေတးသီခ်င္းသစ္ တစ္ပုဒ္ကို တင္ဆက္ႏိုင္ဖို႔ Music Video ႐ိုက္ကူးထား ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

သူဟာ Myanmar Idol Season 3 ကေန လူသိမ်ားလာသူတစ္ဦးလည္းျဖစ္သလို အခိုင္အမာ အားေပးတဲ့ ပရိသတ္ေတြ အင္မတန္ မ်ားျပားခဲ့ၿပီး ဇူလိုင္ ၉ ရက္မွာက်ေရာက္တဲ့သူ႔ရဲ႕ ၂၈ ႏွစ္ေျမာက္ေမြးေန႔ကိုလည္း မိသားစုဝင္ေတြ၊ အမာခံအားေပးသူေတြနဲ႔အတူ ရန္ကုန္ၿမိဳ႕၊ မရမ္းကုန္းၿမိဳ႕နယ္၊ က်ိဳက္ဝိုင္းဘုရားလမ္းက ပစၦိမာ႐ုံပါဠိတကၠသိုလ္ စာသင္တိုက္မွာ က်င္းပခဲ့တယ္လို႔ သိရပါတယ္။
 “ေမြးေန႔မွာ အရမ္းလည္း ေပ်ာ္မိ ပါတယ္၊ ေမြးေန႔ဆုေတာင္းေပးၾကတဲ့ မိသားစုေတြေရာ အမ်ိဳးေတြေရာ ကြၽန္ေတာ့္ကို အားေပးတဲ့သူေတြကို အရမ္းခ်စ္တယ္၊ အရမ္းလည္းေက်းဇူးတင္တယ္၊ ေမြးေန႔လက္ေဆာင္ လာေပးတာက ပုံးေတြကအမ်ားႀကီးပဲ အခုအထိ ဘာလဲဆိုတာ သိခ်င္ေပမယ့္ မေဖာက္ရေသးဘူး၊ အထဲမွာ အေကာင္ပေလာင္ေလးေတြ ထည့္ထားမွာ ေၾကာက္လို႔၊ ကြၽန္ေတာ္က ေႁမြတို႔၊ ႂကြက္တို႔ဆိုရင္ သိပ္ေၾကာက္တတ္တာပါ၊ ပရိသတ္ေတြ အတြက္လည္း “ပိုက္ကြန္ငယ္” လို႔နာမည္ေပးထားတဲ့ သီခ်င္း Youtube မွာ မၾကာခင္ တင္ေပးသြားဖို႔ရွိပါတယ္၊ အဲ့ဒီသီခ်င္းက ေတးေရး ကိုထုံႀကီး ေရးသားထားတာ ျဖစ္ပါတယ္၊ အခုေတာ့ဗီဒီယိုေလး ႐ိုက္ထားၿပီးသြားၿပီ၊ မၾကာခင္တင္ေပးဖို႔ ျပင္ေနပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ အရင္က ေပါင္းသင္းဆက္ဆံမႈ အားနည္းခဲ့သူတစ္ဦးလည္း ျဖစ္သလို အခုေနာက္ပိုင္းမွာ ေနထိုင္ ေျပာဆိုမႈ ေတြကအစ ျပဳျပင္ ကာ လုပ္ေဆာင္လာခဲ့ၿပီး မီဒီယာေတြရဲ႕ ေမးျမန္းမႈကို လိမၼာပါးနပ္စြာနဲ႔ ေျဖဆိုတတ္လာတာေၾကာင့္လည္း သူ႔ကိုဝါရင့္ ေတးသံရွင္ေတြက ခ်ီးက်ဴးစကားဆိုေလ့ရွိသူ ျဖစ္ပါတယ္။

ထိုကဲ့သို႔ ေမြးေန႔အလႉကို ႏွစ္စဥ္လုပ္ေလ့ရွိေသာ္လည္း သာမန္အားျဖင့္ ဝါဆိုလတြင္ေမြးဖြားခဲ့ျခင္းေၾကာင့္ ဝါဆိုသကၤန္းကပ္လႉရင္း ကုသိုလ္ျပဳမႈကို ႏွစ္စဥ္လိုလိုလုပ္ေဆာင္ခဲ့ေၾကာင္း၊ ယခုကဲ့သို႔ အခမ္းအနားမ်ိဳးျဖင့္ အလႉပြဲႀကီးအျဖစ္လႉဒါန္းမႈကို ႏွစ္ႀကိမ္ခန႔္သာ လုပ္ေဆာင္ခဲ့ေသာ္လည္း အင္မတန္ၾကည္ႏူးဝမ္းသာျဖစ္မိတယ္လို႔ ဆိုပါတယ္။ ပရိသတ္ေတြအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးပမ္းသြားႏိုင္ဖို႔ ဆက္လက္ၿပီးလည္း ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ဇူလိုင္ ၁၀