【 အနုပညာ 】အရင်က သတိမမူမိတဲ့အရာတွေကို အလေးထားနေမိတယ်ဆိုတဲ့ သရုပ်ဆောင် လိုင်လာခန်း

【  အနုပညာ  】အရင်က သတိမမူမိတဲ့အရာတွေကို အလေးထားနေမိတယ်ဆိုတဲ့ သရုပ်ဆောင် လိုင်လာခန်း

သရုပ်ဆောင် လိုင်လာခန်းဟာ အခုလို COVID 19 ရောဂါကြောင့် အရင်ကသတိမမူမိခဲ့တဲ့အရာတွေကို အလေးထား ဖြစ်သလို ဖြစ်လာခဲ့ပြီး အရင်အခြေအနေလေးကို ပြန်လည်တမ်းတနေမိတယ်လို့ ဆိုပါတယ်။

“လိုင်လာတို့ကိုယ်တိုင်လည်း ဒီလိုပဲလေ၊ လူတိုင်းလည်း ဒီလိုဖြစ်မယ်လို့ ထင်ပါတယ်နော်၊ ဘုရားပေးတဲ့ အသေး အမွှားလေးတွေက လူ့ဘဝကို ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာတွေ မိုးကောင်းကင်ကြီးရဲ့ လှပမှေတွေ၊ လေကောင်း လေသန့်ရဲ့ အရေးကြီးပုံတွေ၊ အာဟာရပြည့်ဝစွာ စားသောက်ဖို့ ဘယ်လောက်အထိ အရေးကြီးပုံတွေက အခုလို ၂၀၂၀ မှာ COVID နဲ့အတူ အရေးပါကြောင်း သိလာတယ်၊ အရင်က သတိမမူတဲ့အရာတွေ သဘာဝပတ်ဝန်းကျင်ကို ခံစားရင်း ပတ်ဝန်းကျင်ကို မယိုယွင်းအောင် စောင့်ရှောက်ဖို့ အသိတွေလည်း တိုးလာတယ်၊ အခုဆိုရင် သိတယ်မှတ်လား၊ လိုင်လာတို့ ကိုယ်တိုင်ကတောင် မွန်းကြပ်နေပြီး လူတိုင်းလူတိုင်းဟာ ခရီးထွက်ချင်ကြပြီ၊ တစ်ချို့ဆိုလည်း ဟိုနား ဒီနား ခရီးတိုလေးတွေနဲ့ သွားရင်း စိတ်ပြေလက်ပျောက်နဲ့ သဘာဝတရားရဲ့ တန်ဖိုးကို အကျိုးရှိရှိခံစားလာကြပြီ”လို့ သူမက ရှင်းပြပါတယ်။

သူမဟာ ပြည်ပနိုင်ငံမှာရောက်ရှိနေရာမှ အခြားနိုင်ငံတွေမှာ COVID ရောဂါဆိုးရွားတာကြောင့် မိဘတွေက စိုးရိမ်စိတ်တွေနဲ့ ပြန်ခေါ်ခဲ့ပြီး သူမပြန်ရောက်ပြီးချိန်တွင် လေကြောင်းလိုင်းတွေပိတ်ခဲ့တာကြောင့် ပြည်တွင်းကိုအချိန်မီ ပြန်လည်ရောက်ရှိလာနိုင်ခဲ့တယ်လို့ သိရပါတယ်။ “မိဘတွေက လိုင်လာ့ကို အမြန်ပြန်လာခိုင်းလို့  ပြန်လာပြီးတော့ လေကြောင်းလိုင်းတွေပိတ်တယ်လေ၊ ဒီကိုရောက်ပေ မယ့်လည်း မိသားစုအတွက် စိုးရိမ်တာကြောင့် ကိုယ့်အခန်းထဲမှာပဲ နှစ်ပတ်တိတိနေခဲ့တယ်၊ အခုတော့ သွားလာလှုပ်ရှားတာတွေကိုတော့ လုပ်ပေမယ့် ကိစ္စမရှိရင် အပြင်သိပ်မထွက်ဘူး၊ ဒီကာလထဲမှာ ထူးခြားတာတစ်ခုက ဘာသာရေးလည်း ပိုလုပ်လာဖြစ်တယ်၊ လိုင်လာဆိုရင် အရင်က ထမင်းမချက် တတ်သေးဘူး၊ သင်လိုက်တာ အခုတော့ အောင်မြင်သွားတယ်၊ အခု Life Style က လိုင်လာ တို့အဖို့တော့ နေသားမကျသေးဘူး၊ Mask က ခဏခဏမေ့ကျန်လို့ ပြန်ယူနေရတယ်၊ ဒီလိုရောဂါဆိုးကြီးနဲ့အတူ ကာလအကြာပြီး နေသွားရမယ် ဆိုတဲ့ စိတ်ကြီးက ညစ်နေတုန်းပဲ၊ ဆိုးတာတွေရှိသလို ကောင်းတာတွေလည်း ရှိပါတယ်၊ ကိုယ့်နိုင်ငံမှာရော တခြား နိုင်ငံမှာရော သန့်သန့်ရှင်းရှင်း နေတတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရသွားတယ်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

သူမဟာ ကြော်ငြာတွေ၊ MTV တွေ၊ Photo အစီအစဉ်အတွက် သရုပ်ဆောင်ဖို့လက်ခံထားတာတွေရှိပေမယ့် လတ်တလောမှာတော့ COVID ကာလနဲ့အတူ အစိုးရသတ်မှတ်ချက်တွေအတိုင်း ခေတ္တစောင့်ဆိုင်းကာ နေထိုင် နေတယ်လို့ သိရပါတယ်။

                                                      
 မင်းခေတ်လင်း
 (ဓာတ်ပုံ- လိုင်လာခန်း)

(  Zawgyi  )

 သ႐ုပ္ေဆာင္ လိုင္လာခန္းဟာ အခုလို COVID 19 ေရာဂါေၾကာင့္ အရင္ကသတိမမူမိခဲ့တဲ့အရာေတြကို အေလးထား ျဖစ္သလို ျဖစ္လာခဲ့ၿပီး အရင္အေျခအေနေလးကို ျပန္လည္တမ္းတေနမိတယ္လို႔ ဆိုပါတယ္။

“လိုင္လာတို႔ကိုယ္တိုင္လည္း ဒီလိုပဲေလ၊ လူတိုင္းလည္း ဒီလိုျဖစ္မယ္လို႔ ထင္ပါတယ္ေနာ္၊ ဘုရားေပးတဲ့ အေသး အမႊားေလးေတြက လူ႔ဘဝကို ဘယ္ေလာက္တန္ဖိုးရွိသလဲဆိုတာေတြ မိုးေကာင္းကင္ႀကီးရဲ႕ လွပေမွေတြ၊ ေလေကာင္း ေလသန႔္ရဲ႕ အေရးႀကီးပုံေတြ၊ အာဟာရျပည့္ဝစြာ စားေသာက္ဖို႔ ဘယ္ေလာက္အထိ အေရးႀကီးပုံေတြက အခုလို ၂၀၂၀ မွာ COVID နဲ႔အတူ အေရးပါေၾကာင္း သိလာတယ္၊ အရင္က သတိမမူတဲ့အရာေတြ သဘာဝပတ္ဝန္းက်င္ကို ခံစားရင္း ပတ္ဝန္းက်င္ကို မယိုယြင္းေအာင္ ေစာင့္ေရွာက္ဖို႔ အသိေတြလည္း တိုးလာတယ္၊ အခုဆိုရင္ သိတယ္မွတ္လား၊ လိုင္လာတို႔ ကိုယ္တိုင္ကေတာင္ မြန္းၾကပ္ေနၿပီး လူတိုင္းလူတိုင္းဟာ ခရီးထြက္ခ်င္ၾကၿပီ၊ တစ္ခ်ိဳ႕ဆိုလည္း ဟိုနား ဒီနား ခရီးတိုေလးေတြနဲ႔ သြားရင္း စိတ္ေျပလက္ေပ်ာက္နဲ႔ သဘာဝတရားရဲ႕ တန္ဖိုးကို အက်ိဳးရွိရွိခံစားလာၾကၿပီ”လို႔ သူမက ရွင္းျပပါတယ္။

သူမဟာ ျပည္ပႏိုင္ငံမွာေရာက္ရွိေနရာမွ အျခားႏိုင္ငံေတြမွာ COVID ေရာဂါဆိုး႐ြားတာေၾကာင့္ မိဘေတြက စိုးရိမ္စိတ္ေတြနဲ႔ ျပန္ေခၚခဲ့ၿပီး သူမျပန္ေရာက္ၿပီးခ်ိန္တြင္ ေလေၾကာင္းလိုင္းေတြပိတ္ခဲ့တာေၾကာင့္ ျပည္တြင္းကိုအခ်ိန္မီ ျပန္လည္ေရာက္ရွိလာႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ “မိဘေတြက လိုင္လာ့ကို အျမန္ျပန္လာခိုင္းလို႔  ျပန္လာၿပီးေတာ့ ေလေၾကာင္းလိုင္းေတြပိတ္တယ္ေလ၊ ဒီကိုေရာက္ေပ မယ့္လည္း မိသားစုအတြက္ စိုးရိမ္တာေၾကာင့္ ကိုယ့္အခန္းထဲမွာပဲ ႏွစ္ပတ္တိတိေနခဲ့တယ္၊ အခုေတာ့ သြားလာလႈပ္ရွားတာေတြကိုေတာ့ လုပ္ေပမယ့္ ကိစၥမရွိရင္ အျပင္သိပ္မထြက္ဘူး၊ ဒီကာလထဲမွာ ထူးျခားတာတစ္ခုက ဘာသာေရးလည္း ပိုလုပ္လာျဖစ္တယ္၊ လိုင္လာဆိုရင္ အရင္က ထမင္းမခ်က္ တတ္ေသးဘူး၊ သင္လိုက္တာ အခုေတာ့ ေအာင္ျမင္သြားတယ္၊ အခု Life Style က လိုင္လာ တို႔အဖို႔ေတာ့ ေနသားမက်ေသးဘူး၊ Mask က ခဏခဏေမ့က်န္လို႔ ျပန္ယူေနရတယ္၊ ဒီလိုေရာဂါဆိုးႀကီးနဲ႔အတူ ကာလအၾကာၿပီး ေနသြားရမယ္ ဆိုတဲ့ စိတ္ႀကီးက ညစ္ေနတုန္းပဲ၊ ဆိုးတာေတြရွိသလို ေကာင္းတာေတြလည္း ရွိပါတယ္၊ ကိုယ့္ႏိုင္ငံမွာေရာ တျခား ႏိုင္ငံမွာေရာ သန႔္သန႔္ရွင္းရွင္း ေနတတ္တဲ့ အေလ့အက်င့္ေကာင္းေတြ ရသြားတယ္”လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။

သူမဟာ ေၾကာ္ျငာေတြ၊ MTV ေတြ၊ Photo အစီအစဥ္အတြက္ သ႐ုပ္ေဆာင္ဖို႔လက္ခံထားတာေတြရွိေပမယ့္ လတ္တေလာမွာေတာ့ COVID ကာလနဲ႔အတူ အစိုးရသတ္မွတ္ခ်က္ေတြအတိုင္း ေခတၱေစာင့္ဆိုင္းကာ ေနထိုင္ ေနတယ္လို႔ သိရပါတယ္။

                                                      
 မင္းေခတ္လင္း
 (ဓာတ္ပုံ- လိုင္လာခန္း)