【 အနုပညာ 】အဆင်မပြေမှုတွေကြားမှာ ကြိုးစားရုန်းကန်နေရတဲ့ သရုပ်ဆောင် ဂန္ထဝင်

【  အနုပညာ  】အဆင်မပြေမှုတွေကြားမှာ ကြိုးစားရုန်းကန်နေရတဲ့ သရုပ်ဆောင် ဂန္ထဝင်

အခုလိုကာလမှာ အနုပညာလောကထဲ ကြိုးစားရုန်းကန်ရင်းနဲ့ ရပ်တည်နေရသလို မပြိုလဲသွားစေဖို့ ကြိုးပမ်းနေရ တယ်လို့ သရုပ်ဆောင် ဂန္ထဝင်က ပြောပါတယ်။

“အစ်မတို့နဲ့ အတူတူလုပ်ခဲ့သူတွေထဲ အနုပညာလောကထဲမှာ ဆက်ရှိနေတဲ့သူလည်းရှိသလို စီးပွားရေးလောကထဲကို ရောက်သွားတဲ့ သူလည်းရှိတယ်၊ အနုပညာအလုပ်လုပ်နေရင်း အပြင်စီးပွားရေးလည်းလုပ်ရင်း ရပ်တည်နေသူရှိတယ်၊ အစ်မတို့လည်း အဆင်ပြေတာ မဟုတ်ဘူး နောက်တစ်ခုက ဒီအချိန်မှာ အကုန်လုံးခက်ခဲနေကြချိန်လည်း ဖြစ်ပါတယ်၊ ဒါကြောင့်လည်း အနုပညာသမားတွေက စီးပွားရေးဘက်ကို ရောက်သွားတယ်၊ အခုအခြေအနေမှာ ဆိုရင် မမျှော်လင့်ထားတဲ့အရာကို ရင်ဆိုင်လိုက်ရတာလေ၊ အနုပညာဆိုတာမှာ သရုပ်ဆောင် တစ်ခုတည်းမဟုတ်ဘူး၊ တခြား အနုပညာသည်တွေ အကုန်လုံး ဒီလိုပဲ ရင်ဆိုင်နေရပါတယ်”လို့ သူမက ရှင်းပြပါတယ်။

အခုလိုအခက်အခဲတွေနဲ့ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုစိတ်ခွန်အားပေးကာ ရပ်တည်နိုင်ဖို့ကြိုးပမ်းနေပြီး မိမိကိုယ်တိုင် လဲကျပါက မှီခိုနေသူတွေအကုန်လုံး ဒုက္ခရောက်ကုန်မယ့်အဖြစ်ကို ကြိုးပမ်းရင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “သရုပ်ဆောင် အလုပ်ကို လုံးဝကို မလုပ်မကိုင်ချင်လောက်တဲ့အထိတောင် ဖြစ်သွားတယ်၊ အခက်အခဲဆုံးအချိန်ဖြစ်နေရင် ကိုယ့်စိတ်ကို ခွန်အားပေးတယ်၊ ကိုယ့်မိသားစုကနေ ဘေးကနေခွန်အားပေးပါတယ်၊ နောက်ရင်ဆိုင်ရမယ့်ဟာအတွက် ပြန်ရုန်းထရမယ်ဆိုတဲ့စိတ်နဲ့ အားမွေးကြိုးပမ်းရင်း ရုန်းထခဲ့ရတယ်၊ လက်ရှိအချိန်မှာလည်း မနည်းကို ရပ်တည် နိုင်အောင် ကြိုးစားနေရတယ်”လို့ သူမက ဆက်ပြောပါတယ်။

အနုပညာလုပ်ငန်းတွေအနက် ဇာတ်ကား ရိုက်ကူးတာတွေအပါအဝင် ရုပ်ရှင်ရုံစနစ်တွေကို ကျန်းမာရေးစနစ်နဲ့အညီ မကြာခင်မှာ ပြန်လည် ခွင့်ပြုနိုင်ဖို့ သတင်းတွေထွက်နေပေမယ့်လည်း သရုပ်ဆောင်တွေအတွက် အခွင့်အလမ်းနည်းနေတာတွေရှိကြောင်း၊ ပရိသတ် နှစ်သက် အားပေးမှုများပြားနေတဲ့ Top ဖြစ်နေသော သရုပ်ဆောင်တွေသာ ဈေးကွက်ဝေစုအများအပြားကို နေရာယူထားကြတယ်လို့လည်း သိရပါတယ်။

“တစ်ခုခုဆိုရင် အရင်က ငယ်စိတ်ဆိုတော့ မခံချင်စိတ်များတယ်၊ အခုတော့လည်း စိတ်ကိုအေးအောင်နေပါတယ်၊ ဘယ်တုန်းကလည်း အရမ်းအောင်မြင်မှုရတဲ့အချိန်မှာ ပျော်ရွှင်ခဲ့ရသလဲ၊ ပြိုင်ဆိုင်မှုတွေလည်း မရှိတော့ဘူး၊ ကိုယ့်ရဲ့အဆင်မပြေမှု၊ ကိုယ့်ရဲ့အောင်မြင်မှု အရာအားလုံးက ကိုယ်နဲ့ပဲဆိုင်တာပဲလေ”လို့ သူမက ဆက်လက်ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် ၉

(  Zawgyi   )

 အခုလိုကာလမွာ အႏုပညာေလာကထဲ ႀကိဳးစား႐ုန္းကန္ရင္းနဲ႔ ရပ္တည္ေနရသလို မၿပိဳလဲသြားေစဖို႔ ႀကိဳးပမ္းေနရ တယ္လို႔ သ႐ုပ္ေဆာင္ ဂႏၴဝင္က ေျပာပါတယ္။

“အစ္မတို႔နဲ႔ အတူတူလုပ္ခဲ့သူေတြထဲ အႏုပညာေလာကထဲမွာ ဆက္ရွိေနတဲ့သူလည္းရွိသလို စီးပြားေရးေလာကထဲကို ေရာက္သြားတဲ့ သူလည္းရွိတယ္၊ အႏုပညာအလုပ္လုပ္ေနရင္း အျပင္စီးပြားေရးလည္းလုပ္ရင္း ရပ္တည္ေနသူရွိတယ္၊ အစ္မတို႔လည္း အဆင္ေျပတာ မဟုတ္ဘူး ေနာက္တစ္ခုက ဒီအခ်ိန္မွာ အကုန္လုံးခက္ခဲေနၾကခ်ိန္လည္း ျဖစ္ပါတယ္၊ ဒါေၾကာင့္လည္း အႏုပညာသမားေတြက စီးပြားေရးဘက္ကို ေရာက္သြားတယ္၊ အခုအေျခအေနမွာ ဆိုရင္ မေမွ်ာ္လင့္ထားတဲ့အရာကို ရင္ဆိုင္လိုက္ရတာေလ၊ အႏုပညာဆိုတာမွာ သ႐ုပ္ေဆာင္ တစ္ခုတည္းမဟုတ္ဘူး၊ တျခား အႏုပညာသည္ေတြ အကုန္လုံး ဒီလိုပဲ ရင္ဆိုင္ေနရပါတယ္”လို႔ သူမက ရွင္းျပပါတယ္။

အခုလိုအခက္အခဲေတြနဲ႔ႀကဳံလာတဲ့အခါ ကိုယ့္ကိုယ္ကိုစိတ္ခြန္အားေပးကာ ရပ္တည္ႏိုင္ဖို႔ႀကိဳးပမ္းေနၿပီး မိမိကိုယ္တိုင္ လဲက်ပါက မွီခိုေနသူေတြအကုန္လုံး ဒုကၡေရာက္ကုန္မယ့္အျဖစ္ကို ႀကိဳးပမ္းရင္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ “သ႐ုပ္ေဆာင္ အလုပ္ကို လုံးဝကို မလုပ္မကိုင္ခ်င္ေလာက္တဲ့အထိေတာင္ ျဖစ္သြားတယ္၊ အခက္အခဲဆုံးအခ်ိန္ျဖစ္ေနရင္ ကိုယ့္စိတ္ကို ခြန္အားေပးတယ္၊ ကိုယ့္မိသားစုကေန ေဘးကေနခြန္အားေပးပါတယ္၊ ေနာက္ရင္ဆိုင္ရမယ့္ဟာအတြက္ ျပန္႐ုန္းထရမယ္ဆိုတဲ့စိတ္နဲ႔ အားေမြးႀကိဳးပမ္းရင္း ႐ုန္းထခဲ့ရတယ္၊ လက္ရွိအခ်ိန္မွာလည္း မနည္းကို ရပ္တည္ ႏိုင္ေအာင္ ႀကိဳးစားေနရတယ္”လို႔ သူမက ဆက္ေျပာပါတယ္။

အႏုပညာလုပ္ငန္းေတြအနက္ ဇာတ္ကား ႐ိုက္ကူးတာေတြအပါအဝင္ ႐ုပ္ရွင္႐ုံစနစ္ေတြကို က်န္းမာေရးစနစ္နဲ႔အညီ မၾကာခင္မွာ ျပန္လည္ ခြင့္ျပဳႏိုင္ဖို႔ သတင္းေတြထြက္ေနေပမယ့္လည္း သ႐ုပ္ေဆာင္ေတြအတြက္ အခြင့္အလမ္းနည္းေနတာေတြရွိေၾကာင္း၊ ပရိသတ္ ႏွစ္သက္ အားေပးမႈမ်ားျပားေနတဲ့ Top ျဖစ္ေနေသာ သ႐ုပ္ေဆာင္ေတြသာ ေဈးကြက္ေဝစုအမ်ားအျပားကို ေနရာယူထားၾကတယ္လို႔လည္း သိရပါတယ္။

“တစ္ခုခုဆိုရင္ အရင္က ငယ္စိတ္ဆိုေတာ့ မခံခ်င္စိတ္မ်ားတယ္၊ အခုေတာ့လည္း စိတ္ကိုေအးေအာင္ေနပါတယ္၊ ဘယ္တုန္းကလည္း အရမ္းေအာင္ျမင္မႈရတဲ့အခ်ိန္မွာ ေပ်ာ္႐ႊင္ခဲ့ရသလဲ၊ ၿပိဳင္ဆိုင္မႈေတြလည္း မရွိေတာ့ဘူး၊ ကိုယ့္ရဲ႕အဆင္မေျပမႈ၊ ကိုယ့္ရဲ႕ေအာင္ျမင္မႈ အရာအားလုံးက ကိုယ္နဲ႔ပဲဆိုင္တာပဲေလ”လို႔ သူမက ဆက္လက္ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ ၉