【 အနုပညာ 】အချစ်ဗျူဟာနဲ့ချစ်မယ်ဆိုတဲ့ တေးသံရှင် ပိုးအိစံ

【  အနုပညာ  】အချစ်ဗျူဟာနဲ့ချစ်မယ်ဆိုတဲ့ တေးသံရှင် ပိုးအိစံ

မြန်မာသံစဉ်တေးသီချင်းတွေထဲမှာ ပရိသတ်နှစ်သက်မှုအများအပြားရရှိထားတဲ့ တေးသံရှင် ပိုးအိစံဟာ “အချစ်ဗျူဟာနဲ့ ချစ်မယ်”လို့နာမည်ရတဲ့ တေးစီးရီးအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သူဟာတေးသီချင်းတွေသီဆိုတဲ့အခါ ခံစားချက်အပြည့်နဲ့သီဆိုတတ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့တာဖြစ်သလို ယခုလုပ်ဆောင်နေတဲ့ တေးစီးရီးဟာ စုံတွဲ သီဆိုရမယ့် တေးစီးရီးလည်း ဖြစ်ပြီး လက်ရှိအချိန်မှာ အသံသွင်းတာတွေနဲ့ အချောသပ် ပြင်ဆင်တဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ သိရပါတယ်။

“အစ်မအခုလက်ရှိလုပ်နေတဲ့ စီးရီးလေးက ကိုကြီး(ရန်အောင်)နဲ့  သီဆိုရမှာပါ၊ အခုလောလော ဆယ် အသံသွင်းပြီးသွားပြီ၊ Cover အတွက် ပုံရိုက်တာတွေ လုပ်ပြီးသွားပြီ၊ အခုကာလမှာက ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီးလုပ်ဆောင်နေရတာပေါ့၊ အစ်မကို ချစ်တဲ့သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်နော်၊ ဒီသီချင်းကိုလည်း Mode အပြည့်နဲ့ လုပ်ဆောင် ထားတာပါ၊ Mode ဆိုလို့လေ သီချင်းတိုင်းကိုတော့ Mode အပြည့်နဲ့ လုပ်ပါတယ်၊ သီချင်းတိုင်း ကို ခံစားမှုမရှိရင်မဆိုဘူး၊ ခံစားမှုရှိမှ ဆိုတယ်၊ သီချင်းဆိုတာမျိုးက ဆိုနိုင်တဲ့သူတွေအားလုံးက ဆိုတတ်တယ်၊ ကွာတာက ဘယ်နေရာမှာ ကွာသွားသလဲဆိုတော့ Mode မှာကွာတယ်၊ အစ်မ တို့လည်း လက်ရှိအချိန်မှာ ဂီတလောကမှာ ကြိုးစားနေရပါတယ်၊ အသက်ငယ်တဲ့ ကလေးတွေ ကလည်းသူတို့အလျောက် ကြိုးစားနေသလို အစ်မ တို့ကလည်း ကြိုးစားနေရပါတယ်”လို့ သူမက ရှင်းပြပါတယ်။

လက်ရှိကာလမှာလည်း သူမရဲ့ တေးသီချင်းတွေကို လူမှုကွန်ရက်ကနေ မကြာခဏ ထုတ်လွှင့်ပေး နေသလို “ဝါဆိုမိုးနဲ့ ပြန်ခဲ့ပါ”လို့နာမည်ရတဲ့ တေးစီးရီးခွေထဲက “အကြင်နာသခင်”ဆိုတဲ့ သီချင်းကလည်း အားပေးသူ ပရိသတ်များကာ သူမအတွက် အောင်မြင်တဲ့တေးသီချင်း ကောင်း လည်း ဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီးလည်း မြန်မာသံစဉ်ပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသီဆိုရင်း လုပ်ကိုင်နေသလို အခြားသော ဂီတအမျိုးအစားတွေကိုလည်း လေ့လာ လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

“မြန်မာသံစဉ်ပိုင်းကလည်း ခက်ပါတယ်၊ သတိထားပြီးတော့ အကောင်းဆုံးလည်းဖြစ်အောင် ကြိုးစားပြီး ဆိုပါတယ်၊ ကမ္ဘာ့ဂီတလည်း မျက်ခြေမပြတ်အောင် လေ့လာတယ်၊ ဘယ်ဂီတ အမျိုးအစားမဆို လေ့လာတယ်၊ ကိုယ်ကလည်း ဝမ်းစာ ဖြည့်ပါတယ်၊ လက်ရှိအချိန်အထိလည်း အစ်မတို့ ကြိုးစားနေပါတယ်၊ ဆက်ပြီးတော့လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်လက်ရှင်းပြခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ပိုးအိစံ)
ရန်ကုန်၊ စက်တင်ဘာ ၁၈

 

(  Zawgyi  )

 

 ျမန္မာသံစဥ္ေတးသီခ်င္းေတြထဲမွာ ပရိသတ္ႏွစ္သက္မႈအမ်ားအျပားရရွိထားတဲ့ ေတးသံရွင္ ပိုးအိစံဟာ “အခ်စ္ဗ်ဴဟာနဲ႔ ခ်စ္မယ္”လို႔နာမည္ရတဲ့ ေတးစီးရီးအတြက္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

သူဟာေတးသီခ်င္းေတြသီဆိုတဲ့အခါ ခံစားခ်က္အျပည့္နဲ႔သီဆိုတတ္တာေၾကာင့္လည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို ရခဲ့တာျဖစ္သလို ယခုလုပ္ေဆာင္ေနတဲ့ ေတးစီးရီးဟာ စုံတြဲ သီဆိုရမယ့္ ေတးစီးရီးလည္း ျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အသံသြင္းတာေတြနဲ႔ အေခ်ာသပ္ ျပင္ဆင္တဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္လို႔ သိရပါတယ္။

“အစ္မအခုလက္ရွိလုပ္ေနတဲ့ စီးရီးေလးက ကိုႀကီး(ရန္ေအာင္)နဲ႔  သီဆိုရမွာပါ၊ အခုေလာေလာ ဆယ္ အသံသြင္းၿပီးသြားၿပီ၊ Cover အတြက္ ပုံ႐ိုက္တာေတြ လုပ္ၿပီးသြားၿပီ၊ အခုကာလမွာက က်န္းမာေရး အေျခအေနေပၚ မူတည္ၿပီးလုပ္ေဆာင္ေနရတာေပါ့၊ အစ္မကို ခ်စ္တဲ့သူမ်ား အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္ေနာ္၊ ဒီသီခ်င္းကိုလည္း Mode အျပည့္နဲ႔ လုပ္ေဆာင္ ထားတာပါ၊ Mode ဆိုလို႔ေလ သီခ်င္းတိုင္းကိုေတာ့ Mode အျပည့္နဲ႔ လုပ္ပါတယ္၊ သီခ်င္းတိုင္း ကို ခံစားမႈမရွိရင္မဆိုဘူး၊ ခံစားမႈရွိမွ ဆိုတယ္၊ သီခ်င္းဆိုတာမ်ိဳးက ဆိုႏိုင္တဲ့သူေတြအားလုံးက ဆိုတတ္တယ္၊ ကြာတာက ဘယ္ေနရာမွာ ကြာသြားသလဲဆိုေတာ့ Mode မွာကြာတယ္၊ အစ္မ တို႔လည္း လက္ရွိအခ်ိန္မွာ ဂီတေလာကမွာ ႀကိဳးစားေနရပါတယ္၊ အသက္ငယ္တဲ့ ကေလးေတြ ကလည္းသူတို႔အေလ်ာက္ ႀကိဳးစားေနသလို အစ္မ တို႔ကလည္း ႀကိဳးစားေနရပါတယ္”လို႔ သူမက ရွင္းျပပါတယ္။

လက္ရွိကာလမွာလည္း သူမရဲ႕ ေတးသီခ်င္းေတြကို လူမႈကြန္ရက္ကေန မၾကာခဏ ထုတ္လႊင့္ေပး ေနသလို “ဝါဆိုမိုးနဲ႔ ျပန္ခဲ့ပါ”လို႔နာမည္ရတဲ့ ေတးစီးရီးေခြထဲက “အၾကင္နာသခင္”ဆိုတဲ့ သီခ်င္းကလည္း အားေပးသူ ပရိသတ္မ်ားကာ သူမအတြက္ ေအာင္ျမင္တဲ့ေတးသီခ်င္း ေကာင္း လည္း ျဖစ္ခဲ့ပါတယ္။ ဆက္လက္ၿပီးလည္း ျမန္မာသံစဥ္ပိုင္းမွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသီဆိုရင္း လုပ္ကိုင္ေနသလို အျခားေသာ ဂီတအမ်ိဳးအစားေတြကိုလည္း ေလ့လာ လုပ္ကိုင္ ေနတယ္လို႔ သိရပါတယ္။

“ျမန္မာသံစဥ္ပိုင္းကလည္း ခက္ပါတယ္၊ သတိထားၿပီးေတာ့ အေကာင္းဆုံးလည္းျဖစ္ေအာင္ ႀကိဳးစားၿပီး ဆိုပါတယ္၊ ကမာၻ႔ဂီတလည္း မ်က္ေျခမျပတ္ေအာင္ ေလ့လာတယ္၊ ဘယ္ဂီတ အမ်ိဳးအစားမဆို ေလ့လာတယ္၊ ကိုယ္ကလည္း ဝမ္းစာ ျဖည့္ပါတယ္၊ လက္ရွိအခ်ိန္အထိလည္း အစ္မတို႔ ႀကိဳးစားေနပါတယ္၊ ဆက္ၿပီးေတာ့လည္း အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္”လို႔ သူမက ဆက္လက္ရွင္းျပခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ- ပိုးအိစံ)
ရန္ကုန္၊ စက္တင္ဘာ ၁၈