【 အနုပညာ 】သူ့နာမည်အသုံးပြုကာ လိမ်လည်အလှူခံမှုများရှိနေဟု ကိုပေါက် သတိပေး

【  အနုပညာ  】သူ့နာမည်အသုံးပြုကာ လိမ်လည်အလှူခံမှုများရှိနေဟု ကိုပေါက် သတိပေး

သရုပ်ဆောင်/ ဒါရိုက်တာ ကိုပေါက် ဟာ အခုရက်ပိုင်းထဲ သူ့နာမည်အသုံးပြုလိမ်လည်ပြီး အလှူခံသူတွေရှိနေတာကြောင့် ပရိသက်တွေအနေနဲ့ အလိမ်မခံရအောင် သတိပြုဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် တော်တော်လေး အံ့သြမိတယ်၊ မိတ်ဆွေတစ်ချို့က ပြောလို့သိလိုက်ရတာ၊ တကယ့်ကို စိတ်မကောင်းလည်း ဖြစ်မိတယ်၊ ဒါမလုပ်သင့်ဘူးလေ၊ ကိုပေါက်နာမည်နဲ့ ဘာပရဟိတအသင်းမှလည်းထောင်မထားဘူး၊ ခေတ်အခြေအနေပေါ် မူတည်ပြီး လုပ်စားကြတဲ့ မသမာသူတွေရှိနေတာ သတိထားဖို့လိုပါတယ်”လို့ သူက ရှင်းပြပါတယ်။

သူဟာ ဇာတ်ပို့ ဇာတ်ရန် အဖြစ်လုပ်ဆောင်ရာကနေ ဒါရိုက်တာအဖြစ် လုပ်ကိုင်လာခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို တာဝန်ယူ ရိုက်ကူးခွင့်ရလာသူလည်းဖြစ်သလို အခုနောက်ပိုင်းမှာ “သော်ဝန်းကြာဖြူ”လို့နာမည်ရတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ ပိုင်ရှင်တစ်ယောက်အဖြစ် ရပ်တည်လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ထုတ်လုပ်ရေးကနေ ရိုက်ထားတဲ့ ကားကြီးတွေထဲက ဆယ်လီ ဇာတ်ကားကတော့ ရုံတင်ပြသခဲ့ပြီးပါပြီ၊ နောက်ထပ် ရုံတင်ဖို့ တစ်ကားကျန်သေးတယ်၊ အဲ့ဒီကားက အသည်းလေးတွေပေးပါ ဇာတ်ကားပါ၊ အဲ့ဒါကတော့ လောလောဆယ် ရုံတင်ဖို့ စောင့်ဆိုင်းတဲ့ အခြေအနေဖြစ်ပါတယ်၊ ဒီကာလမှာ ပရိသတ်တွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်ကြပါ၊ ကိုယ့်ကိုရောဂါမကူးစက်ခံရအောင် အိမ်ထဲမှာပဲနေကြပါလို့ပဲ ပြောချင်ပါတယ်”လို့ သူက ဆက်လက် ရှင်းပြပါတယ်။

အခုလိုကာလမှာ သူဟာ ပရဟိတအသင်းလိုမျိုး တည်ထောင်လုပ်ကိုင်တာမျိုးမရှိဘဲ အနုပညာ လောကထဲ ခင်မင်ရင်းနှီးသူတွေထဲက အခက်အခဲကြုံနေသူတွေ၊ ရိုက်ကူးရေးအဖွဲ့မှာပါဝင်တဲ့ စက်အဖွဲ့ကသူတွေကို တတ်နိုင်သလောက် လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် သူ့ပတ်ဝန်းကျင်က အခြေခံပြည်သူတွေအတွက် ထမင်း၊ ဟင်းတွေ၊ မုန့်ဟင်းခါးတွေ၊ စတုဒီသာကျွေးတာတွေကို လုပ်ဆောင်ခဲ့သလို ဆန်၊ ဆီ ပေးဝေတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလို ကာလမှာ လူမှုကွန်ရက်ကနေ ပျော်စရာဟာသလေးများနဲ့ ပရိသတ်တွေကို နိုင်သလောက် တင်ဆက် ဖျော်ဖြေနေပြီး သူ့နာမည်အသုံးပြုကာအလှူခံမှုများကြောင့် လိမ်လည်မခံရစေရန်လည်း ပရိသက်တွေအနေနဲ့ သတိပြုနိုင်ဖို့ လိုအပ်တယ်လို့လည်း သူက ထပ်လောင်းအသိပေးပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ အောက်တိုဘာ ၁၀ 

 

(  Zawgyi  )

 

 သ႐ုပ္ေဆာင္/ ဒါ႐ိုက္တာ ကိုေပါက္ ဟာ အခုရက္ပိုင္းထဲ သူ႔နာမည္အသုံးျပဳလိမ္လည္ၿပီး အလႉခံသူေတြရွိေနတာေၾကာင့္ ပရိသက္ေတြအေနနဲ႔ အလိမ္မခံရေအာင္ သတိျပဳဖို႔လိုတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ေတာ္ေတာ္ေလး အံ့ၾသမိတယ္၊ မိတ္ေဆြတစ္ခ်ိဳ႕က ေျပာလို႔သိလိုက္ရတာ၊ တကယ့္ကို စိတ္မေကာင္းလည္း ျဖစ္မိတယ္၊ ဒါမလုပ္သင့္ဘူးေလ၊ ကိုေပါက္နာမည္နဲ႔ ဘာပရဟိတအသင္းမွလည္းေထာင္မထားဘူး၊ ေခတ္အေျခအေနေပၚ မူတည္ၿပီး လုပ္စားၾကတဲ့ မသမာသူေတြရွိေနတာ သတိထားဖို႔လိုပါတယ္”လို႔ သူက ရွင္းျပပါတယ္။

သူဟာ ဇာတ္ပို႔ ဇာတ္ရန္ အျဖစ္လုပ္ေဆာင္ရာကေန ဒါ႐ိုက္တာအျဖစ္ လုပ္ကိုင္လာခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို တာဝန္ယူ ႐ိုက္ကူးခြင့္ရလာသူလည္းျဖစ္သလို အခုေနာက္ပိုင္းမွာ “ေသာ္ဝန္းၾကာျဖဴ”လို႔နာမည္ရတဲ့ ႐ုပ္ရွင္ထုတ္လုပ္ေရးလုပ္ငန္းရဲ႕ ပိုင္ရွင္တစ္ေယာက္အျဖစ္ ရပ္တည္လုပ္ကိုင္ လာသူလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ထုတ္လုပ္ေရးကေန ႐ိုက္ထားတဲ့ ကားႀကီးေတြထဲက ဆယ္လီ ဇာတ္ကားကေတာ့ ႐ုံတင္ျပသခဲ့ၿပီးပါၿပီ၊ ေနာက္ထပ္ ႐ုံတင္ဖို႔ တစ္ကားက်န္ေသးတယ္၊ အဲ့ဒီကားက အသည္းေလးေတြေပးပါ ဇာတ္ကားပါ၊ အဲ့ဒါကေတာ့ ေလာေလာဆယ္ ႐ုံတင္ဖို႔ ေစာင့္ဆိုင္းတဲ့ အေျခအေနျဖစ္ပါတယ္၊ ဒီကာလမွာ ပရိသတ္ေတြအေနနဲ႔ က်န္းမာေရးကို ဂ႐ုစိုက္ၿပီး ေနထိုင္ၾကပါ၊ ကိုယ့္ကိုေရာဂါမကူးစက္ခံရေအာင္ အိမ္ထဲမွာပဲေနၾကပါလို႔ပဲ ေျပာခ်င္ပါတယ္”လို႔ သူက ဆက္လက္ ရွင္းျပပါတယ္။

အခုလိုကာလမွာ သူဟာ ပရဟိတအသင္းလိုမ်ိဳး တည္ေထာင္လုပ္ကိုင္တာမ်ိဳးမရွိဘဲ အႏုပညာ ေလာကထဲ ခင္မင္ရင္းႏွီးသူေတြထဲက အခက္အခဲႀကဳံေနသူေတြ၊ ႐ိုက္ကူးေရးအဖြဲ႕မွာပါဝင္တဲ့ စက္အဖြဲ႕ကသူေတြကို တတ္ႏိုင္သေလာက္ လႉဒါန္းတာေတြ လုပ္ေဆာင္ခဲ့တဲ့အျပင္ သူ႔ပတ္ဝန္းက်င္က အေျခခံျပည္သူေတြအတြက္ ထမင္း၊ ဟင္းေတြ၊ မုန႔္ဟင္းခါးေတြ၊ စတုဒီသာေကြၽးတာေတြကို လုပ္ေဆာင္ခဲ့သလို ဆန္၊ ဆီ ေပးေဝတာေတြကိုလည္း လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အခုလို ကာလမွာ လူမႈကြန္ရက္ကေန ေပ်ာ္စရာဟာသေလးမ်ားနဲ႔ ပရိသတ္ေတြကို ႏိုင္သေလာက္ တင္ဆက္ ေဖ်ာ္ေျဖေနၿပီး သူ႔နာမည္အသုံးျပဳကာအလႉခံမႈမ်ားေၾကာင့္ လိမ္လည္မခံရေစရန္လည္း ပရိသက္ေတြအေနနဲ႔ သတိျပဳႏိုင္ဖို႔ လိုအပ္တယ္လို႔လည္း သူက ထပ္ေလာင္းအသိေပးေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ေအာက္တိုဘာ ၁၀