【 အနုပညာ 】သူငယ်ချင်းနည်းနည်းပဲထားပြီး လူတွေရွေးပေါင်းဖြစ်လာတယ်ဆိုတဲ့ သရုပ်ဆောင် ဆုထက်ကုဋေ

【  အနုပညာ  】သူငယ်ချင်းနည်းနည်းပဲထားပြီး လူတွေရွေးပေါင်းဖြစ်လာတယ်ဆိုတဲ့ သရုပ်ဆောင် ဆုထက်ကုဋေ

တစ်ယောက်တည်းနေရတာ ပိုမိုပျော်ရွှင်ဖွယ်ရာကောင်းစေတဲ့အပြင် အေးချမ်းစေတဲ့ အတွက်ကြောင့် လည်း သူငယ်ချင်းနည်းနည်းလောက်ပဲထားပြီး လူတွေရွေးကာ ပေါင်းဖြစ် လာတယ်လို့ သရုပ်ဆောင် ဆုထက်ကုဋေက ပြောပါတယ်။

“အခုလိုကာလမှာ စာဖတ်တာလည်းလုပ်တယ်၊ လူမှုကွန်ရက်မှာပညာရှင်တွေရဲ့ ဆွေးနွေးတာတွေကိုလည်း နားထောင်ရင်း ဖြတ်ကျော်နေတယ်၊ သရုပ်ဆောင်တာနဲ့ပတ်သက်လို့တော့ ပြောထားဆိုထားတာတွေ တော့ရှိပါတယ်၊ အခုရိုက်ကူးလို့ရပြီ ဆိုပေမယ့် သိပ်ပြီးတော့မစတင်ကြသေးတာများတယ်လေ၊ ဒါကြောင့်လည်း အေးဆေးနဲ့ အနားရနေတဲ့ကာလပေါ့၊ သူများတွေက သူငယ်ချင်းတွေနဲ့ခရီးတွေဘာတွေ သွားပေမယ့် ညီမကတော့ သိပ်ပြီးတော့ အဲ့လိုမသွားဖြစ်ဘူး၊ သူငယ်ချင်းလည်း နည်းနည်းပဲထားတယ်၊ လူတွေလည်း ရွေးပြီးတော့ ပေါင်းဖြစ်တယ်လေ၊ ရင့်ကျက်လာတာကြောင့်လည်း ပါမှာပေ့ါလေ၊ လောကကြီးမှာလူတွေဟာ ရလေ၊ လိုလေ အိုတစ္ဆေတွေများကြတယ်ဆိုတာ ပိုပိုပြီးသိလာရပါတယ်၊ ကိုယ်ချင်းစာစိတ်ရှိသူကလည်း အင်မတန်နည်းလာတယ်၊ အဲ့ဒါကြောင့် လူတွေကိုလည်းကြောက်လာတယ်လေ၊  ဒီဘဝကြီးမှာ တစ်ယောက်တည်း နေရတာကို ပိုပြီးပျော်ရွှင်နေပါပြီ”လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း တစ်ဖက်ကလည်း လူပီသတဲ့စိတ်နဲ့ ပတ်ဝန်းကျင်ကိုအကျိုးရှိစေမယ့် အခြေအနေမျိုးကို ကြိုးပမ်းနေကြောင်း၊ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ရဲ့Work from Home learning မှ Whole New Mind အကြောင်းကို နားထောင်ဖြစ်ခဲ့တဲ့အခါ လူတွေရဲ့စိတ်ကို ပိုပြီးစက်ဆုပ် လာကြောင်း၊ ပတ်ဝန်းကျင်ကိုအကျိုးပြုစေမယ့် အပြင် ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းလိုစိတ် တွေလည်း ဖြစ်မိကြောင်း ၎င်းက ဆိုပါတယ်။
“လူသား တွေမှာ left brain နဲ့ right brain နှစ်မျိုးရှိတယ်လို့ ဆရာကြီးကပြောတယ်၊ ဒီဘက်ခေတ် ကာလမှာ စာနာမှုကောင်း၊ ကိုယ်ချင်းစာတရားလည်းရှိ၊ မျှဝေခံစားတတ်တဲ့ Right brain သမားတွေများများရှိဖို့ လိုအပ်ပါတယ်တဲ့၊ ဆရာကြီးရဲ့စကားက အင်မတန်မှ တန်ဖိုးရှိတယ်၊ လူတိုင်းကိုလည်း နားထောင်ကြည့်ဖု့ိ တိုက်တွန်းချင်တယ်၊ အနုပညာအလုပ်တွေတော့ လုပ်ဖို့ရှိတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့အလုပ်မျိုးတွေနဲ့ ဖြတ်ကျော်တည်ဆောက်နေတယ်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ဆုထက်ကုဋေ)
ရန်ကုန်၊ သြဂုတ် ၁၆

(  Zawgyi  )


“အခုလိုကာလမှာ စာဖတ်တာလည်းလုပ်တယ်၊ လူမှုကွန်ရက်မှာပညာရှင်တွေရဲ့ ဆွေးနွေးတာတွေကိုလည်း နားထောင်ရင်း ဖြတ်ကျော်နေတယ်၊ သရုပ်ဆောင်တာနဲ့ပတ်သက်လို့တော့ ပြောထားဆိုထားတာတွေ တော့ရှိပါတယ်၊ အခုရိုက်ကူးလို့ရပြီ ဆိုပေမယ့် သိပ်ပြီးတော့မစတင်ကြသေးတာများတယ်လေ၊ ဒါကြောင့်လည်း အေးဆေးနဲ့ အနားရနေတဲ့ကာလပေါ့၊ သူများတွေက သူငယ်ချင်းတွေနဲ့ခရီးတွေဘာတွေ သွားပေမယ့် ညီမကတော့ သိပ်ပြီးတော့ အဲ့လိုမသွားဖြစ်ဘူး၊ သူငယ်ချင်းလည်း နည်းနည်းပဲထားတယ်၊ လူတွေလည်း ရွေးပြီးတော့ ပေါင်းဖြစ်တယ်လေ၊ ရင့်ကျက်လာတာကြောင့်လည်း ပါမှာပေါ့လေ၊ လောကကြီးမှာလူတွေဟာ ရလေ၊ လိုလေ အိုတစ္ဆေတွေများကြတယ်ဆိုတာ ပိုပိုပြီးသိလာရပါတယ်၊ ကိုယ်ချင်းစာစိတ်ရှိသူကလည်း အင်မတန်နည်းလာတယ်၊ အဲ့ဒါကြောင့် လူတွေကိုလည်းကြောက်လာတယ်လေ၊  ဒီဘဝကြီးမှာ တစ်ယောက်တည်း နေရတာကို ပိုပြီးပျော်ရွှင်နေပါပြီ”လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

“လူသား တွေမှာ left brain နဲ့ right brain နှစ်မျိုးရှိတယ်လို့ ဆရာကြီးကပြောတယ်၊ ဒီဘက်ခေတ် ကာလမှာ စာနာမှုကောင်း၊ ကိုယ်ချင်းစာတရားလည်းရှိ၊ မျှဝေခံစားတတ်တဲ့ Right brain သမားတွေများများရှိဖို့ လိုအပ်ပါတယ်တဲ့၊ ဆရာကြီးရဲ့စကားက အင်မတန်မှ တန်ဖိုးရှိတယ်၊ လူတိုင်းကိုလည်း နားထောင်ကြည့်ဖို့ တိုက်တွန်းချင်တယ်၊ အနုပညာအလုပ်တွေတော့ လုပ်ဖို့ရှိတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိတဲ့အလုပ်မျိုးတွေနဲ့ ဖြတ်ကျော်တည်ဆောက်နေတယ်”လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ- ဆုထက်ကုဋေ)
ရန်ကုန်၊ သြဂုတ် ၁၆